← Chapters

အခန်း ၁၄၀၁

Vol. 94 Ch. 1401

အခန်း ၁၄၀၁

Vol. 94 Ch. 1401

အခန်း (၁၄၀၁) ကြောက်မက်ဖွယ်ကောင်းသော ခွန်အား

ချင်ယွင်၏ဦးခေါင်းသည် မြေပြင်ပေါ်သို့ လိမ့်ကျသွားကာ သူ့မျက်နှာသည် အံ့သြသည့် အမူအရာဖြင့် ဆက်လက်တည်ရှိနေပြီး၊ သူ့ခန္ဓာကိုယ်သည် ထိုနေရာမှာပင် ရပ်နေဆဲ ဖြစ်ကာ၊ သူ့လည်ပင်းမှ သွေးပန်းထွက်ခြင်းက ရပ်တန့်သွားခဲ့သည်။

ချင်ယွင်၏ စိတ်ဝိညာဉ်သည် သူ့ခေါင်းထဲမှာ မရှိခဲ့ပါဘူး။ သူ့ဦးခေါင်းကို ဖြတ်လိုက်သော် လည်း သူ့စိတ်ဝိညာဉ်သည် နဂိုအတိုင်းရှိနေဆဲဖြစ်သဖြင့် သူ့ခန္ဓာကိုယ်သည် အသက်ရှင် နေသေးသည်။

သို့သော် ချင်ယွင်သည် အလွန်မင်း ထိတ်လန့်နေဆဲ ဖြစ်သည်။ ဤအမှောင်ညမန်တီ ဧကရာဇ်၏ အမြန်နှုန်းသည် တကယ်ကို အလွန်ကြောက်စရာကောင်းသည်။

အမှောင်ညမန်တီ ဧကရာဇ်က မည်ကဲ့သို့ တိုက်ခိုက်လိုက်သည်ကို သူ မမြင်နိုင်ခင်မှာ သူ့ခေါင်းတစ်ခုလုံး ဖြတ်တောက်ခံလိုက်ရသည်။ အမှောင်ညမန်တီ ဧကရာဇ်သည် မည်မျှ မြန်ဆန်သည်ကို တွေးကြည့်နိုင်ပါသည်။

ခပ်ဝေးဝေးတွင် ကျိုးဟုန်ရွှဲ့လည်း မှင်သက်သွားခဲ့သည်။ သူမသည် ချင်ယွင်၏ ခေါင်းကို စိုက်ကြည့်ပြီးနောက် ချင်ယွင်၏ ဖြောင့်မတ်စွာ မတ်တပ်ရပ်နေသော ခန္ဓာကိုယ်ကို ကြည့်ပြီး စကားမပြောနိုင်ဘဲ ပါးစပ်ကို အုပ်ထားလိုက်မိသည်။

အမှောင်ညမန်တီ ဧကရာဇ်ကိုမူ ကျိုးဟုန်ရွှဲ့အနေဖြင့် လုံးဝ ရှာမတွေ့ခဲ့ပါဘူး။ သူမသည် အဝေးမှ ရွှေရောင်အလင်းတန်း တစ်ကြိမ်နှစ်ကြိမ်ခန့် လင်းလက်သွားသည်ကိုသာ မြင်နိုင်ပါသည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းသည် သူမ၏ မှတ်သားနိုင်စွမ်းကို ကျော်လွန်နေပြီ ဖြစ်သည်။ သူမ၏ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုခဲ့လျှင်ပင်၊ အမှောင်ညမန်တီ ဧကရာဇ်၏ ရုပ်ပုံကို ဖမ်းယူရန် သူမအတွက် အလွန်ခက်ခဲပေလိမ့်မည်။

ဘန်း….။

ဤအခိုက်အတန့်တွင် မတ်တပ်ရပ်ဆဲဖြစ်သော ချင်ယွင်၏ ခန္ဓာကိုယ်အား ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက ရုတ်တရက် တိုက်ခိုက်လာသည်။

ကျိုးဟုန်ရွှဲ့သည် မြန်ဆန်ပြီး ရှည်လျားသော ရွှေရောင်အလင်းတန်း တစ်ခုကိုသာ တွေ့လိုက်ရသည်။ ထိုရွှေရောင်အလင်းတန်းသည် မြန်လွန်းသောကြောင့် ရွှေရောင် အလင်းတန်း တစ်ခုလုံးကိုပင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါဘူး။

"ဦးလေး သတိထား" ကျိုးဟုန်ရွှဲ့က ချင်ယွင်ကို သတိပေးလိုရင်း ကမန်းကတန်း ပြောလိုက်သည်။

ချွင်…၊

သို့သော် သူမအသံ မဆုံးခင်မှာ သံမဏိအချင်းချင်း ထိခိုက်မိသည့် စူးစူးရှရှ အသံတစ်ချက် အဝေးမှ ကြားလိုက်ရသည်။

ဦးခေါင်းမရှိတော့သည့် ချင်ယွင်သည် သူ့လက်ထဲတွင် နတ်ဘုရားဆေဘာဖြင့် တဟုန်ထိုး ပြေးဝင်လာသော အမှောင်ညမန်တီ ဧကရာဇ်၏ ရွှေဓားကို ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်း ဖြစ်သည်။

နှစ်ယောက်စလုံး အချင်းချင်း အပြင်းထန် တိုက်မိပြီး ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအားများကြောင့် တုန်ခါသွားကြသည်။

သို့သော်လည်း အမှောင်ညမန်တီ ဧကရာဇ်၏ ခွန်အားသည် သိသိသာသာ အားကောင်းနေ သည်။ ချင်ယွင်နှင့် သူ့ဆေဘာသည် မရပ်တန့်နိုင်ခင် ပေသုံးထောင်အကွာအထိ လျှောတိုက်ရွေ့သွားခဲ့သည်။

အမှောင်ညမန်တီ ဧကရာဇ်သည် ထိုနေရာမှာပင် မလှုပ်မယှက် ရပ်နေ၏။

"လူသား၊ မင်းရဲ့ ခွန်အားက မဆိုးပါဘူး။ မင်းက ငါ့ဆီက တိုက်ခိုက်မူ နှစ်ချက်ကို ခံရတာတောင်, မသေခဲ့ဘူး။ မင်းက ကောင်းကင်နတ်ဘုရားနယ်ပယ် အောက်မှာ ရှားပါးတဲ့ ဖြစ်တည်မှု တစ်ခုပဲ။" အမှောင်ညမန်တီ ဧကရာဇ်က အဝေးမှာ ခေါင်းပြတ်နေသော ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။ သူ့အသံက အေးစက်ပြီး မောက်မာကာ၊ သဘာဝ အတိုင်း ကြီးကျယ်ခမ်းနားသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

"မင်းရဲ့ တိုက်ခိုက်မှု နှစ်ချက်ကိုတောင် ငါ မတားဆီးနိုင်ဘူးဆိုရင်, ငါ ဒီနေရာကိုတောင် ရောက်လာနိုင်မှာ မဟုတ်ဘူး။" ချင်ယွင်၏ အသံက ထွက်ပေါ်လာသည်။

သို့သော် ထိုစကားပြောသူမှာ ဦးခေါင်းမဲ့နေသည့် ချင်ယွင်ထံမှ မဟုတ်ဘဲ၊ အမှောင်ည မန်တီဧကရာဇ်ကြောင့် ပြတ်သွားခဲ့ပြီး ဘေးသို့ လိမ့်ထွက်သွားသော ဦးခေါင်းထံမှ ဖြစ်နေ သည်။

ကျိုးဟုန်ရွှဲ့၏ ပါးစပ်ထောင့်သည် အနည်းငယ် လှုပ်ယမ်းသွားသည်။ သူမသည် ခေါင်းဖြတ် အသတ်ခံရပြီးနောက် သေဆုံးရန် မဖြစ်နိုင်သော်လည်း, ချင်ယွင်ကဲ့သို့ သူမသည် တည်ငြိမ်နိုင်မည် မဟုတ်ပေ။ သူသည် ခေါင်းမပါသော်လည်း ဘာမှမဖြစ်ခဲ့သလိုပါပင်။

ထို့အပြင် ဘေးတစ်ဖက်မှ လှုပ်နေသော ဦးခေါင်းသည် မည်သို့ပင် ဖြစ်စေကာမူ လူများကို အလွန်ကြောက်စရာကောင်းသည့် ခံစားချက်ကို ပေးစွမ်းသည်။

အမှောင်ညမန်တီ ဧကရာဇ်လည်း အနည်းငယ် အံ့သြသွားပုံရသည်။ သေချာသည်မှာ၊ ချင်ယွင်၏ ဦးခေါင်း ပြုတ်ကျသွားပြီးနောက် အနည်းငယ်မျှ သက်ရောက်မှုမရှိမည်ကို သူ မမျှော်လင့်ခဲ့မိသည်မှာ ထင်ရှားသည်။

"မင်းက အရမ်းထူးခြားတယ်။ မင်းက ငါမြင်ဖူးသမျှထဲမှာ အထူးခြားဆုံး လူသားပဲ။" အမှောင်ညမန်တီ ဧကရာဇ်သည် ချင်ယွင်၏ ဦးခေါင်းမပါသော ခန္ဓာကိုယ်ကို ကြည့်ပြီး ဆက်လက်ပြောသည်။

ချင်ယွင်၏ ပြုတ်ကျသွားသော ဦးခေါင်းက ရယ်မောသွားပြီး၊ သူ့ပါးစပ်ထောင့်မှာ ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်သည် "ငါ ဦးခေါင်းပြတ်ကို အရင် ကောက်လို့ရမလား"။

အမှောင်ညမန်တီ ဧကရာဇ်က စကားမပြောပေ။ ယင်းအစား သူက ဖိတ်မန်ဟန် ပြသည်။

ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်လျှင်, ခေါင်းမပါသည့် သူ့ခန္ဓာကိုယ်က လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ဦးခေါင်းပြတ်ကို စုပ်ယူလိုက်သည်။ တစ်ဖက်ကို ပြုတ်ကျသွားသည့် ဦးခေါင်းကို သူ့လက်ထဲသို့ ပြန်စုပ်ယူလိုက်သည်။

ထို့နောက် ချင်ယွင်က သူ့ခေါင်းကို ကိုင်လိုက်ပြီး လည်ပင်းပေါ်ကို ဖိလိုက်သည်။ ထို့နောက် သူ့ဦးခေါင်းကို နောက်တစ်ကြိမ် ဖိလိုက်ရာ မူလက ပြတ်တောက်မှုသည်လည်း တစ်ဖန် ပြန်ပေါက်လာခဲ့သည်။

"ဟူး...၊ ငါက ကောင်းကောင်း ခေါင်းစားနေတုန်းပဲ။" ချင်ယွင်က အသက်ရှုထုတ်ပြီး သူ့မျက်နှာကို ပြုံးပြလိုက်သည်။

ကျိုးဟုန်ရွှဲ့၏ ပါးစပ်ထောင့်မှာ တုန်လှုပ်သွားပြီး သူမ၏ အမူအရာက မှုန်ဝါးသွားသည်။

အခု ဖြစ်ပျက်နေသည်ကို သူမ မမြင်နိုင်တော့ပါဘူး။ အမှောင်ညမန်တီ ဧကရာဇ်က ချင်ယွင်ကို ခေါင်းပြန်ယူဖို့ အဘယ့်ကြောင့် ခွင့်ပြုရသနည်း?။ ထိုကဲ့သို့သော အခြေအနေ မျိုးတွင် ချင်ယွင်သည် ဟာသလုပ်ရန် စိတ်အားထက်သန်နေသေးသည်။

ချင်ယွင်သည် ကျိုးဟုန်ရွှဲ့ကို ကြည့်ကာ အဝေးသို့ ဆုတ်ခွာသွားရန် အချက်ပြလိုက်သည်။

ကျိုးဟုန်ရွှဲ့ကို သတ်ဖြတ်ဖို့ ဂရုစိုက်ခြင်း မရှိကြောင်း အမှောင်ညမန်တီ ဧကရာဇ်၏ စိတ်သဘောထားအရ သူ ပြောပြနိုင်သော်လည်း ချင်ယွင်သည် ၎င်းတို့၏ နောက်ပိုင်း တိုက်ပွဲတွင် ကျိုးဟုန်ရွှဲ့ ဒဏ်ရာရမည်ကို စိုးရိမ်နေဆဲ ဖြစ်သည်။

ကျိုးဟုန်ရွှဲ့သည် ချင်ယွင်ကဲ့သို့ မသေမျိုး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း မရှိပေ။ အကယ်၍ သူမသည် ခေါင်းဖြတ်ခံရပြီး မသေလျှင်ပင်, သူမသည် ဤကဲ့သို့ တိုက်ပွဲမျိုးတွင် ဝင်ရောက်ပါဝင်ရန် မဖြစ်နိုင်ပေ။ သူသည် ခေါင်းမရှိလျှင်ပင် တိုက်ခိုက်နိုင်နေတုန်းပင်။ ထို့ကြောင့် ချင်ယွင်သည် ကျိုးဟုန်ရွှဲ့ကို သူတို့၏ နောက်ထပ်တိုက်ပွဲများတွင် ထိခိုက်စေလို ခြင်း မရှိပေ။

အမှောင်ညမန်တီ ဧကရာဇ်သည် ချင်ယွင်ကို အဘယ့်ကြောင့် သူ့ခေါင်းကို ပြန်ယူခွင့် ပြုရသနည်း?။

အကြောင်းမှာ ချင်ယွင်သည် အမှောင်ညမန်တီ ဧကရာဇ်၏ တိုက်ခိုက်ခြင်းကို ယခုလေးပင် တားဆီးထားနိုင်ခဲ့သောကြောင့် ဖြစ်ပြီး၊ သူ၏အစွမ်းက အမှောင်ညမန်တီ ဧကရာဇ်၏ အသိအမှတ်ပြုမှုကို ရရှိသွားသောကြောင့် ဖြစ်သည်။ အမှောင်ညမန်တီ ဧကရာဇ်၏ ရည်မှန်းချက်မှာ အလွန်ရိုးရှင်းပြီး ချင်ယွင်နှင့် သေသည်အထိ တိုက်ခိုက်ရန် ဖြစ်သည်။

"အခု မင်း အဆင်ပြေရဲ့လား?" အမှောင်ညမန်တီ ဧကရာဇ်သည် ချင်ယွင်ကို ကြည့်ကာ မေးသည်။

"ငါတို့ အချိန်မရွေး တိုက်နိုင်တယ်။" သူက တဟားဟား ရယ်မောရင်း ချင်ယွင်၏ နှုတ်ခမ်းထောင့်မှာ လှုပ်ခါသွားသည်။

သို့သော် သူပြောပြီးသည်နှင့် သူ့အမူအရာ ပြောင်းသွားခဲ့သည်။ သူ့လက်ထဲက နတ်ဘုရား ဆေဘာသည် မဆိုင်းမတွပင် သူ့မျက်လုံးတွေဆီ တိုက်ရိုက် ဖြတ်ကာလိုက်သည်။

ချွင်….။

သူ့ဆေဘာကို ဖြတ်ကာပြီး တစ်ဝက်လောက်မှာ ချင်ယွင်သည် သူ့ဆေဘာနှင့် ပြင်းပြင်း ထန်ထန် တိုက်မိသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး နောက်ပြန် ဆုတ်သွားကာ အဝေးက နံရံကို ရိုက်ချိုးပစ်လိုက်သည်။ သူ့နောက်က တံတိုင်းကြီးသည် ကြောက်စရာကောင်းသည့် သက်ရောက်မှုကြောင့် ထိမှန်ပြီး တိုက်ရိုက် ကွဲထွက်သွားပါ သည်။

"ဘယ်လောက် မြန်လိုက်လဲ။ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ခွန်အားလဲ" ချင်ယွင်သည် စိတ်ထဲမှာ မထိန်းနိုင်ဘဲ သက်ပြင်းချမိပြန်သည်။

ဘန်း..။

သို့သော်လည်း ထိုအချိန်မှာပင် ချင်ယွင်၏ ဦးရေပြား ပေါက်ကွဲသွားလောက်သည့် စူးရှသော အလင်းရောင်တစ်ခုက သူ့ဆီသို့ ပြေးလာခဲ့သည်။

နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် သူ့ခေါင်းကို အမြန်လှည့်လိုက်သည်။

"ဘုန်း”။

ရွှေရောင်အလင်းတန်းတစ်ခုက ချင်ယွင်၏ မျက်လုံးတွေကို တိုက်ရိုက် ဖြတ်သန်းသွားပြီး ချင်ယွင်ဘေးမှ နံရံကို ထိမှန်သွားခဲ့သည်။

အမှောင်ညမန်တီ ဧကရာဇ်၏ ရွှေရောင်ဓားသည် ချင်ယွင်၏ နောက်မှ နံရံသို့ တိုက်ရိုက် ကျရောက်သွားသည်။ ရွှေဓားသည် ချင်ယွင်၏ပါးပြင်နှင့် တစ်လက်မမျှသာ ကွာဝေးသော် လည်း ချွန်ထက်သော ဓားစွမ်းအင်သည် ချင်ယွင်၏ ပါးပြင်ပေါ်တွင် သွေးထွက်သံယို အမှတ်အသားတစ်ခု ချန်ထားရစ်ခဲ့သေးသည်။

ချင်ယွင်သည် သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှု တသီကြီး ခံစားလိုက်ရသည်။ အကယ်၍ သူသာ တုံ့ပြန်မှု နှေးကွေးခဲ့လျှင် ရွှေဓားသည် နံရံကို ထိုးဖြတ်သွားရုံသာမက သူ့ခေါင်း တစ်ခုလုံးကိုပါ ထိုးဖောက်သွားလိမ့်မည်။

ချင်ယွင်သည် သူ့ခေါင်းမပါဘဲ မသေနိုင်သော်လည်း, သူ့ခေါင်းတစ်ခုလုံးကို ထိုးဖောက်ခံရ ပါက အလွန်မင်း ပြင်းထန်သော နာကျင်မူကို ခံစားရဆဲပင်။

"မင်းရဲ့အမြန်နှုန်းက အရမ်း နှေးလွန်းတယ်။ မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ဘူး!"

သို့သော် ထိုအချိန်တွင်၊ အမှောင်ညမန်တီ ဧကရာဇ်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက် သည်။ ထို့နောက်တွင်၊ အလွန်ထက်ရှသော ရွှေဓားတစ်ချောင်းသည် လျင်မြန်သော နောက်ဆက်တွဲ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ ဝမ်းဗိုက်ဆီသို့ ထိုးစိုက်လိုက် သည်။ ဤတစ်ကြိမ်တွင် သူသည် ချင်ယွင်၏ ဒန်တန်ကို ချိန်ရွယ်ထားသည်။

ချင်ယွင်၏ အကြည့်သည် ရုတ်တရက် ထူးထူးခြားခြား စူးရှလာသည်။ အကယ်၍, သူ့ဒန်တန်သာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားမည်ဆိုပါက ချင်ယွင်၏ ကနဦး စကြာဝဠာကို ထိခိုက်လာမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် တော်တော်လေး ဒုက္ခများ လိမ့်မည်။

All Chapters