အခန်း ၁၄၀၂
Vol. 94 Ch. 1402
အခန်း (၁၄၀၂) အချိန်၏စွမ်းအား
"ငါ့ကိုသတ်ဖို့ ဒီလောက် မလွယ်ဘူး" ချင်ယွင်သည် လျင်မြန်ပြီး ပြင်းထန်သော ရွှေရောင် ဓားအလင်းကို ကြည့်ကာ သူ့မျက်လုံးများတွင် ပြင်းထန်သော အေးစက်မှု အရိပ်အယောင် များ လင်းလက်သွားသည်။
ပြင်းထန်သော ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီးသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏နတ်ဘုရားဆေဘာကို ဖုံးလွှမ်းသွားသည်။
ချွင်….။
ချင်ယွင်သည် ရွှေရောင်ဓားအလင်းကို ထိပ်တိုက် တွေ့ဆုံရန် သူ့ဆေဘာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
အစွမ်းထက်သော ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီးများ ပါဝင်နေ သည့် နတ်ဘုရားဆေဘာသည် ရွှေရောင်ဓားအလင်းနှင့် ပြင်းထန်စွာ တိုက်မိသွားပြီး အလွန်မင်း တုန်လှုပ်သည့်အသံ ထွက်ပေါ်လာသည်။
"ဖျန်း..."
ရွှေရောင်ဓားအလင်းသည် ၎င်း၏မူလလမ်းကြောင်းကနေ သွေဖယ်သွားခဲ့သည်။ ၎င်းသည် ချင်ယွင်၏ ဘယ်ဘက်ခါးကို ထိုးဖောက်ပြီး သွေးတွေက ချက်ချင်းပင် လွင့်စင်သွားကာ ချင်ယွင်၏ အဝတ်အစားများကို အနီရောင်ပြောင်းသွားစေသည်။
ချင်ယွင်၏မျက်နှာသည် နာကျင်မူ အရိပ်အယောင်ကို ထုတ်ဖော်လိုက်သော်လည်း သူ့မျက်လုံးများကမူ အနှိုင်းမဲ့ ခိုင်မာသည့် အမူအရာ ရှိနေဆဲဖြစ်သည်။
သူသည် ဘယ်ဘက်ခါးမှ ဒဏ်ရာကို လျစ်လျူရှုပြီး ဒူးကို မြှောက်ကာ၊ အမှောင်ညမန်တီ ဧကရာဇ်ဆီကို ပစ်သွင်းလိုက်သည်။
အမှောင်ညမန်တီ ဧကရာဇ်သည် ချင်ယွင်၏ ဒူးတိုက်ချက်ကို ပိတ်ဆို့ရန်အတွက် ၎င်း၏ ရွှေဓားကို ဆုတ်ခွာရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
"ဘုန်း…"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ဒူးသည် အမှောင်ညမန်တီ ဧကရာဇ်၏ ရွှေရောင်ဓားကို ပြင်းထန်စွာ တိုက်ချမိသည်။ အဖြူရောင် နဂါးကြေးခွံ ချပ်ဝတ်ဖြင့် ဖုံးအုပ်ထားသော ဒူးခေါင်းသည် ပေါက်ကွဲသွားပြီး နက်ရှိုင်းသော သွေးစွန်းဒဏ်ရာနှစ်ခုကို ပေါ်လွင်စေသည်။
သို့သော်၊ သူ့ဒူးပေါ်တွင် ကြောက်မက်ဖွယ် လျှပ်စီးစွမ်းအင်များ ပါဝင်နေခဲ့ပြီး၊ ချင်ယွင်၏ “လျှပ်စီးပြိုလဲခြင်း” နတ်ဘုရားစွမ်းရည်ကို လွန်ကဲစွာ အသုံးပြုမှုနှင့်အတူ၊ သူ့ဒူးပေါ်ရှိ ကြောက်မက်ဖွယ် စွမ်းအားသည် အမှောင်ညမန်တီ ဧကရာဇ်ကို နောက်သို့ တွန်းပို့နိုင်ခဲ့ပြီး၊ ၎င်းသည် ထိုစွမ်းအားကို မဖယ်ရှားနိုင်မီ ချင်ယွင်၏တိုက်ခိုက်မှုကြောင့် ပေ ၅၀၀၀ အထိ နောက်သို့ ဆုတ်သွားခဲ့ရသည်။
သို့သော် ချင်ယွင်သည်လည်း ပိုမိုကောင်းမွန်ခြင်း မရှိပေ။ ခါးနှင့် ဒူးများတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သူ့နတ်ဘုရားတန်ခိုး၏ ကောင်းချီးပေးမူနှင့်အတူ သူသည် တဖြည်း ဖြည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။
အကယ်၍, ချင်ယွင်သည် အစောပိုင်းက အစွမ်းကုန် မတိုက်ခိုက်ခဲ့ပါက၊ သူသည် ဒဏ်ရာ နှစ်ခုလောက်ဖြင့် ရိုးရှင်းမည် မဟုတ်ပေ။
ချင်ယွင်သည် သူ့ဒဏ်ရာများကို ပြန်လည်ကုစားနေရင်း, သူသည် သူ့ရှေ့ရှိ အမှောင်ည မန်တီ ဧကရာဇ် စိုက်ကြည့်နေသည်။
အမှောင်ညမန်တီ ဧကရာဇ်၏ ခွန်အားသည် သူထင်ထားသည်ထက်ပင် ပို၍ အားကောင်း နေသည်။ အထူးသဖြင့် သူ၏အမြန်နှုန်း ဖြစ်သည်။ ချင်ယွင်၏ ၉၀ ရာခိုင်နှုန်း နားလည်ထားသော ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ဖြင့်ပင်၊ သူသည် အမှောင်ညမန်တီ ဧကရာဇ်၏ အရှိန်အဟုန်ကို လိုက်မမီနိုင်သေးပေ။
"ကြည့်ရတာ သူ့ရဲ့အမြန်နှုန်းကို အမီလိုက်နိုင်ဖို့ဆို ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ဟာ ပြီးပြည့်စုံခြင်းနယ်ပယ်ကို ဖြတ်ကျော်ဖို့ လိုအပ်လိမ့်မယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
အမြန်နှုန်းအပြင် အမှောင်ညမန်တီ ဧကရာဇ်၏ ခွန်အားမှာလည်း အလွန်ပြင်းထန်သည်။ ယခုလေးတင်၊ ချင်ယွင်သည် အမှောင်ညမန်တီ ဧကရာဇ်၏ ခွန်အားကို တွန်းလှန်ရန် ရှေးဟောင်း အဖြူရောင်ကျောက်စိမ်းနတ်ဘုရားလျှပ်စီးကို အသုံးပြုခဲ့ရသည်။ အမှောင်ည မန်တီ ဧကရာဇ်၏အစွမ်းသည် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင်ပါသည်။
သို့သော်၊ ဤအရာအားလုံးသည် ချင်ယွင်အတွက် အမှန်တကယ် စိုးရိမ်နေသည့်အရာ မဟုတ်ပေ။ ချင်ယွင် အမှန်တကယ် စိုးရိမ်နေသည့်အချက်မှာ, အကယ်၍, အမှောင်ည မန်တီဧကရာဇ်သာ အစွမ်းထက်သော နတ်ဘုရားစွမ်းရည်တစ်ခုခုကို ပိုင်ဆိုင်ထားပါက၊ သူ အမှန်တကယ် စိတ်ဆင်းရဲစရာအခြေအနေ ဖြစ်သွားလိမ့်မည်။
အဆုံးတွင်၊ အမှောင်ညမန်တီ ဧကရာဇ်သည် ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထားသည်။ ဆိုလိုသည်မှာ, သူသည် အခြားသူများ၏ နတ်ဘုရား စိတ်ဝိညာဉ်များကို စုပ်ယူထားသည်။ ထို့ကြောင့် သူသည် အခြားသူများ၏ နတ်ဘုရားစွမ်းရည်များကို ကျွမ်းကျင်ရမည်။ ယခုအခါတွင် အမှောင်ညမန်တီ ဧကရာဇ်သည် မည်သည့် နတ်ဘုရားစွမ်းရည်ကိုမျှ အသုံးမပြုရသေးပေ။ သို့တိုင် သူသည် ၎င်း၏တိုက်ခိုက်မူများကို ခုခံနိုင်စွမ်း မရှိသေးပေ။ ၎င်းသည် နတ်ဘုရားစွမ်းရည်များကို အသုံးပြုလာခဲ့လျှင်, ပို၍ပင် ကြောက်စရာ ကောင်းလာမည် မဟုတ်ပါလော။
ချင်ယွင်၏ အကြည့်များသည် တုနှိုင်းမရအောင် လေးနက်နေခဲ့ပြီး၊ သူ့စိတ်က သူ့ရှေ့မှ အမှောင်ညမန်တီ ဧကရာဇ်ကို အဆက်မပြတ် သတိထားလျှက်ရှိကာ၊ နောက်ထပ် တိုက်ခိုက်မှုများကို ကြိုတင်ကာကွယ်ထားသည်။
ခပ်လှမ်းလှမ်းတွင်, ကျိုးဟုန်ရွှဲ့၏ လှပသော မျက်နှာသည် စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။ သူမ၏ ကျင့်ကြံမှုသည် အားနည်းသည့်အတွက် သူမ၏ အမြင်အာရုံက အားနည်းခြင်း မရှိခဲ့ပေ။ သူမသည် အစောပိုင်းက တိုက်ပွဲကို ယောင်ဝါးဝါး မြင်လိုက်ရသော်လည်း ချင်ယွင်သည် အခွင့်အရေးမရှိဟု သူမ ပြောနိုင်ပါသေးသည်။ ထိုအမှောင်ညမန်တီ ဧကရာဇ်သည် တကယ်ကို အစွမ်းထက်လွန်းလှသည်။
"ဦးလေး၊ မသေရဘူးနော်။ အဒေါ် ရောက်လာတော့မယ်။ တကယ်လို့, ဦးလေး သေသွားရင် အဒေါ် တစ်ယောက်တည်း အသက်ရှင် နေနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဦးလေး တောင်ခံပြီး၊ အမှောင်ညမန်တီ ဧကရာဇ်ကို အနိုင်ယူရမယ်။" ကျိုးဟုန်ရွှဲ့က ချင်ယွင် အတွက် ဆုတောင်းပေးရင်း ရေရွတ်လိုက်သည်။
အဝေးမှ အမှောင်ညမန်တီ ဧကရာဇ်သည် ယခုတစ်ကြိမ် ထပ်မံ တိုက်ခိုက်ရန် အလျင်စလို မလုပ်ခဲ့ပေ။ ယင်းအစား သူက ချင်ယွင်ကို မျက်လုံးတွေနှင့် ကြည့်နေခဲ့သည်။
"လူသား၊ မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး။ မင်းကို ငါ အသက်ရှင်ဖို့ အခွင့်ရေးတစ်ခု ပေးမယ်။ မင်း ငါ့လက်အောက်ခံပြီး ငါ့ကျွန်အဖြစ် ခံယူဖို့ ရွေးချယ်သရွေ့, မင်းအသက်ကို ငါ ချမ်းသာပေးမယ်။ မင်း ငါ့လက်အောက်ခံအဖြစ် ရွေးချယ်လိုက်တာနဲ့ ငါ ဒီမှောင်မည်း နေတဲ့နေရာကနေ ထွက်သွားတော့မယ်။ အဲဒီအချိန်ရောက်ရင် ငါ မင်းကို မသတ်ဘူး။ ဒါ့အပြင်, တကယ်လို့ မင်းသာ ကောင်းကောင်း ပြုမူခဲ့ရင်, ငါ မင်းရဲ့ လွတ်လပ်မှုကို သေချာပေါက် ပြန်ပေးမယ်။ အမှောင်ညမန်တီ ဧကရာဇ်က အဆိုပြုသည်။
ထိုစကားကိုကြားတော့ ချင်ယွင်က သရော်ဟန် ပြုလိုက်သည်။ သူက အမှောင်ညမန်တီ ဧကရာဇ်ကို ကြည့်ပြီး ပြောသည် "မင်းကို ငါ ယုံမယ်လို့ ထင်နေလား?။ မင်း ငါ့ကို မသတ်ဘဲ လွတ်မြောက်ခွင့်ပေးမယ်ဆိုတာ မင်းစိတ်ထဲမှာတောင် မင်းမယုံမှာကို ငါ ကြောက်မိတယ် ဟုတ်တယ် မဟုတ်လား"။
"အမှောင်ညမန်တီ ဧကရာဇ်မျိုးနွယ်ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ငါ ဘယ်တော့မှ မလိမ်ဘူး။" အမှောင်ညမန်တီ ဧကရာဇ်သည် အေးစက်စွာ ပြောလိုက်သည်။
"ဒါဆို ဘာလို့ ငါ မင်းဆီ ကျွန်ခံမှ မင်းက ဒီကမ္ဘာထဲကနေ ထွက်သွားနိုင်ရတာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“အဲဒီတုန်းက ဘိုးဘေးနတ်ဘုရားနဲ့ ငါလုပ်ခဲ့တဲ့ သဘောတူညီချက်ကြောင့်ပဲ။ ငါက လူသား တစ်ယောက်ကို လက်အောက်ခံအဖြစ် လုပ်ဆောင်နိုင်သရွေ့, သူက ငါ့ကို လွတ်လပ်ခွင့် ပေးလိမ့်မယ်။ ဖြစ်နိုင်တာက မင်းတို့ ဘိုးဘေးနတ်ဘုရားက လိမ်ညာနေတာလား။” အမှောင်ညမန်တီ ဧကရာဇ်က ဆိုသည်။
ထိုစကားကိုကြားတော့ ချင်ယွင်သည် ချက်ချင်း ရယ်မောလိုက်သည်။
တစ်ဖက်တွင်မူ အမှောင်ညမန်တီ ဧကရာဇ်သည် အလွန်တရာ စိတ်ရှုပ်ထွေးဟန် အမူအရာ တစ်ခုကို ထုတ်ဖော်လာသည်။ ချင်ယွင်သည် အဘယ်ကြောင့် ရယ်မောနေသည်ကို နားမလည်သည်မှာ ထင်ရှားသည်။
"အမှန်တိုင်းပြောရရင်, ဟိုတချိန်တုန်းက မင်းကို ကတိပေးခဲ့တဲ့ ဘိုးဘေးနတ်ဘုရားက ဒီမှာ မရှိတော့ဘူး။ မင်း ငါ့ကို တကယ် ကျွန်ပြုနိုင်ရင်တောင် မင်းတို့ကတိကို ဘယ်သူမှ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်တော့ဘူး” ချင်ယွင်က ပြန်ဖြေသည်။
"ဘာ..?" အမှောင်ညမန်တီ ဧကရာဇ်သည် ဤစကားကို ကြားသောအခါတွင် သူသည် အချိန်အတော်ကြာအောင် စွဲမြဲစွာယုံကြည်ခဲ့သော ယုံကြည်ချက်သည် ပျက်သုဉ်းသွား သကဲ့သို့ သူ၏မျက်လုံးများသည် ချက်ချင်းပင် ထိတ်လန့်သွားကာ၊ မျက်နှာသည် ရှုပ်ယှက်ခတ်လျက်ရှိသည်။
ထိုမြင်ကွင်းကို ချင်ယွင် မြင်သည့်အခါ သူ့မျက်လုံးထဲမှာ အပြုံးရိပ်တစ်ခု ပေါ်လာသည်။ ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီးသည် အမှောင်ညမန်တီ ဧကရာဇ် ကို ပြင်းထန်စွာ ထိုးနှက်ရန် ပြင်ဆင်နေသည့် သူ့ခန္ဓာကိုယ်ထဲမှ ချက်ချင်း ထွက်ပေါ် လာသည်။
ချင်ယွင်သည် ထိုစကားများကို အမှောင်ညမန်တီ ဧကရာဇ်ကို တွေဝေသွားစေရန် ရည်ရွယ်ချက်ဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ ထိုမှသာ သူသည် အခွင့်ကောင်းယူနိုင်မည် ဖြစ်သည်။
ဟုတ်ပါသည်။ ထိုစကားများသည် အမှန်တရားလည်း ဖြစ်ပါသည်။ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ ဘိုးဘေးနတ်ဘုရား သုံးပါးသည် ဤနေရာတွင် မရှိတော့ပေ။ ထိုကြောင့် အမှောင်ညမန်တီ ဧကရာဇ်၏ ကတိသည် သဘာဝအတိုင်း ပြည့်စုံနိုင်ခြင်း မရှိတော့ပေ။
အမှောင်ညမန်တီ ဧကရာဇ်သည် ဘိုးဘေးနတ်ဘုရားနှင့် သဘောတူညီမှု ရရှိထားသည့် ကိစ္စအတွက်မူ ချင်ယွင်က ဂရုမစိုက်ချင်ပေ။ ယခုအချိန်တွင် သူသည် အမှောင်ညမန်တီ ဧကရာဇ်ကိုသာ သတ်ပစ်ချင်သည်။
ဘန်း…။
ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွားသည်။ သူ့လက်ထဲတွင် နတ်ဘုရားဆေဘာက ထွက်ပေါ်လာကာ၊ သူသည် အလွန်လျင်မြန်သော အဖြူရောင် လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲပြီး အမှောင်ညမန်တီ ဧကရာဇ်ဆီသို့ ပျံသန်းသွားခဲ့သည်။ သူ့လက်ထဲမှ နတ်ဘုရားဆေဘာတွင် ပြင်းထန်သော ရှေးဟောင်း အဖြူရောင် ကျောက်စိမ်း နတ်ဘုရားလျှပ်စီးများ ပါဝင်နေသည်။
ဝှီး…။
ချင်ယွင်၏ရုပ်အသွင်သည် အမှောင်ညမန်တီ ဧကရာဇ်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာ သည်။ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သော သူ၏လက်ထဲမှ နတ်ဘုရားဆေဘာ သည် ချက်ချင်းပင် ခုတ်ပိုင်းသွားခဲ့သည်။ တဟုန်ထိုး ပေါက်ကွဲထွက်လာသော နတ်ဘုရား တန်ခိုးသည် ကျယ်ပြောလှသော ပင်လယ်ကြီးကဲ့သို့ ရုတ်တရက် လွှမ်းမိုးသွားသည်။
ဓားအမှတ်အသား။
လေဟာနယ်တစ်ခုလုံးကို ခွဲထုတ်ပစ်ရန် လုံလောက်သည့် ဆေဘာတစ်ချောင်သည် အမှောင်ညမန်တီ ဧကရာဇ်သို့ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းသွားသည်။
ဤအရာအားလုံးသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပြီးဆုံးခဲ့သည်။ သူ့ရည်ရွယ်ချက် က သူသည် အမှောင်ညမန်တီ ဧကရာဇ်ကို တုံ့ပြန်ဖို့ အချိန်မပေးမိရန် ဖြစ်သည်။
ဘန်း…။
သို့သော်၊ ချင်ယွင်၏ ဆေဘာအလင်းရောင်သည် အမှောင်ညမန်တီ ဧကရာဇ်ထံ ကျရောက် ခါနီးတွင် တွေဝေမှင်သက်နေသော အမှောင်ညမန်တီ ဧကရာဇ်သည် ရုတ်တရက် ခေါင်းကို မော့လိုက်ကာ သူ၏ခုနစ်ရောင်ခြယ် သူငယ်အိမ်များထံမှ ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။
အမှောင်ညမန်တီ ဧကရာဇ်၏ မျက်လုံးများမှ ထူးခြားသော စွမ်းအားတစ်ခု ရုတ်တရက် ပျံ့နှံ့သွားသည်။ ထို့နောက် ချင်ယွင်သည် သူ၏ လှုပ်ရှားမှုများသည် အနှိုင်းမဲ့ နှေးကွေးလာ သည်ကို တွေ့ရှိခဲ့သည်။
"အချိန်...အချိန်ရဲ့စွမ်းအား" ချင်ယွင်သည် အနှိုင်းမဲ့ ထိတ်လန့်သွားသည်။ တခြားလူများ သည် ဤစွမ်းအားအကြောင်းကို မသိကြသော်လည်း ချင်ယွင်သည် ဤထူးဆန်းသည့် စွမ်းအားက အချိန်၏စွမ်းအားဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိရှိထားပါသည်။
အမှောင်ညမန်တီ ဧကရာဇ်သည် လေဟာနယ်တစ်ခုလုံးရှိ အချိန်စီးဆင်းမှုကို ပြောင်းလဲ စေပြီး ချင်ယွင်၏လှုပ်ရှားမှုများကို ရုတ်တရက် နှေးကွေးသွားစေသည်။
"မင်းတို့ လူသားတွေအားလုံးက လူလိမ်တွေပဲ။ ငါ့အတွက် သေလိုက်တော့" အမှောင်ည မန်တီ ဧကရာဇ်သည် ဒေါသတကြီး ဟိန်းဟောက်နေသော ခြင်္သေ့အရူးတစ်ကောင်နှင့် တူသည်။ သူ့လက်ထဲမှ ရွှေရောင်ဓားရှည်သည် ချင်ယွင်ဘက်သို့ အညှာအတာမဲ့စွာ ခုတ်ပိုင်းလိုက်လေသည်။