← Chapters

အခန်း ၁၄၀၃

Vol. 94 Ch. 1403

အခန်း ၁၄၀၃

Vol. 94 Ch. 1403

အခန်း (၁၄၀၃) နှင်းရေခဲနတ်ဘုရားစွမ်းရည်။

ချင်ယွင်၏ မျက်လုံးများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ သူသည် သူ့ဆီသို့ ခုတ်ပိုင်းလာသော အေးစက်စက် ရွှေရောင်ဓားကို အလွန်မင်း လေးနက်သည့် အမူအရာ ဖြင့် ကြည့်လိုက်သည်။

သူ၏အမြန်နှုန်းသည် နဂိုကတည်းက အမှောင်ညမန်တီ ဧကရာဇ်ထက် နိမ့်ကျသည်။ ယခုအခါ၊ အမှောင်ညမန်တီ ဧကရာဇ်သည် သူ့ပတ်ဝန်းကျင်ရှိ အချိန်စီးဆင်းမှုကို ပြောင်းလဲရန် အချိန်၏စွမ်းအားကို အသုံးပြုခဲ့ပြီး၊ ၎င်းက သူ့အမြန်နှုန်းကို ပို၍ပင် နှေးကွေးသွားစေခဲ့သည်။

အမှောင်ညမန်တီ ဧကရာဇ်၏ ရွှေဓားသည် သူ့ပေါ်သို့ ဆင်းသက်တော့မည်ကို မြင်လိုက်ရ သဖြင့် ချင်ယွင်သည် အလွန်မင်း စိုးရိမ်သွားခဲ့သည်။

အကယ်၍, ထိုရွှေရောင်ဓားသာ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပါက၊ ၎င်းသည် သူ့ကို ချက်ချင်းပင် မရေမတွက်နိုင်သည့် အစိတ်ပိုင်းများဖြစ်အောင် ပိုင်းဖြတ်နိုင်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ ချင်ယွင်၏ စိတ်ဝိညာဉ် မပျက်စီးသေးလျှင်ပင်၊ သူသည် တိုက်ခိုက်ရန် ခွန်အားမရှိတော့ပေ။ သူသည် အသက်ရှင်သန်နိုင်သော်လည်း သူ့ဘေးမှာ ရပ်နေသည့် ကျိုးဟုန်ရွှဲ့ကတော့ သေချာပေါက် သေရမှာ ဖြစ်သည်။

"မေ့လိုက်ပါ၊ အရင် စမ်းကြည့်ရအောင်။" ချင်ယွင်သည် ချက်ချင်းပင် သူ့စိတ်နှလုံးထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး ပြင်းထန်သော ခရမ်းရောင်အလင်းတန်းတစ်ခုက သူ့မျက်လုံးများထဲသို့ ထိုးဖောက် ဝင်ရောက်လာသည်။

ဘန်း…။

ချင်ယွင်၏ မျက်လုံးများမှ ပြင်းထန်သော ခရမ်းရောင်ဆန္ဒက ပေါက်ကွဲထွက်လာခဲ့ပြီး လှိုင်းတွန့်များကဲ့သို့ ချက်ချင်း ထွက်ပေါ်လာသည်။

အချိန်တွေက ရပ်သွားခဲ့သည်။

ယခုအချိန်တွင် ချင်ယွင်သည် အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုနေပါ သည်။

သူ၏ အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်သည် အမှောင်ညမန်တီ ဧကရာဇ်အပေါ် အများကြီး သက်ရောက်မှုရှိမှာ မဟုတ်ဟု ယခင်က လျှိုဘိုသည် သူ့ကို ပြောပြထားပြီး ဖြစ်သော်လည်း, ချင်ယွင်အနေဖြင့် အခုချိန်မှာ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။

အမှောင်ညမန်တီ ဧကရာဇ်သည် အချိန်၏ စွမ်းအားကို အသုံးပြု၍ သူ့အမြန်နှုန်းကို အလွန်မင်း နှေးကွေးစေခဲ့သည်။ သူသည် သူ၏သွားများဖြင့်သာ လက်တုံ့ပြန်နိုင်ပြီး အမှောင်ညမန်တီ ဧကရာဇ်ကို ကိုင်တွယ်ရန် အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုခဲ့ရသည်။

ခရမ်းရောင်ဆန္ဒ ပေါက်ကွဲထွက်လာမူနှင့်အတူ, အမှောင်ညမန်တီ ဧကရာဇ်၏ အမြန်နှုန်း သည် ချက်ချင်း ရပ်တန့်သွားသည်။

ရွှေဓားသည် ချင်ယွင်၏ ခန္ဓာကိုယ်နှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည်။ အကယ်၍, ချင်ယွင်သာ အနည်းငယ် နှေးကွေးသွားခဲ့လျှင်, ရွှေဓားသည် သူ့ကို ထက်ခြမ်း ခွဲသွားလိမ့်မည်။

ပတ်​ဝန်းကျင်​ရှိ အရာအားလုံး ရပ်တန့်သွားသည်​။ အမှောင်ညမန်တီ ဧကရာဇ်၏ မျက်လုံးများသည် အချိန်မရွေး ပေါက်ထွက်တော့သည့် အရိပ်အယောင်များ ရှိနေသကဲ့သို့ တဖျပ်ဖျပ် ခတ်နေသည်။

လျှိုဘိုပြောသည်မှာ မှန်ပါသည်။ ချင်ယွင်၏ အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်သည် အမှောင်ညမန်တီ ဧကရာဇ်အပေါ် အနည်းငယ်သာ သက်ရောက်မှုရှိခဲ့သည်။ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံ မပြည့်ခင်မှာ အမှောင်ညမန်တီ ဧကရာဇ်သည် သူ့ အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်ကနေ လွတ်မြောက်သွားနိုင်သည်။

ထိုကဲ့သို့ အချိန်တိုလေးအတွင်းမှာ ချင်ယွင်သည် သူ့ကို သတ်ဖြတ်ချင်နေရင်တောင် ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန် သူ့အတွက် အလွန်အခွင့်အရေး နည်းပါးပါသည်။

ဟုတ်ပါသည်၊ ချင်ယွင်၏ အချိန်ခဏတာ ရပ်တန့်ခြင်းက လုံးဝ အသုံးမဝင်မျိုးတော့ မဟုတ်ပါဘူး။ အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်၏ စွမ်းအားသည် ချင်ယွင်ကို အမှောင်ည မန်တီဧကရာဇ်၏ ချုပ်နှောင်မှုထဲမှ တိုက်ရိုက် လွတ်မြောက်စေခဲ့သည်။ သူသည် ခြေလှမ်း အနည်းငယ် ဆုတ်ကာ အမှောင်ညမန်တီ ဧကရာဇ်၏ ဓားတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့သည်။

ဘန်း….။

အမှောင်ညမန်တီ ဧကရာဇ်၏ ရွှေရောင်ဓားထိပ်ဖျားသည် ချင်ယွင်၏ ရင်ဘတ် တစ်လျှောက် ထိုးဖောက်လုမတတ်ပင်။ ကြောက်စရာကောင်းသော ဓားစွမ်းအားသည် ချင်ယွင်၏ ရင်ဘတ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအမှတ်အသားအဖြစ် စုတ်ဖြဲသွားဆဲ ဖြစ်သည်။

ချွင်….။

ချင်ယွင်၏လက်ထဲရှိ နတ်ဘုရားဆေဘာသည် အမှောင်ညမန်တီ ဧကရာဇ်၏ အခြား ရွှေဓားတစ်ချောင်းနှင့်လည်း အပြင်းအထန် ထိတွေ့သွားခဲ့သည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားသည် ချက်ချင်း ပျံ့နှံ့သွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်မုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်လာခဲ့သည်။

ဤအရာအားလုံးသည် အရေးကြီးသော အခိုက်အတန့်တွင် ပြီးစီးသွားခြင်း ဖြစ်သည်။ ချင်ယွင်သည် ဤအချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည် အသုံးပြုထားသည်ကို မဆိုထား နှင့်၊ ကျွမ်းကျင်ပညာရှင်များအတွက် တခဏအတွင်း လှုပ်ရှားမူများကို ဖလှယ်ပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်နိုင်ခြင်း ပုံမှန်ပင် ဖြစ်သည်။

"ဘုန်း”။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင် မုန်တိုင်းတစ်ခုသည် မျှော်စင်၏ နဝမထပ် တစ်ခုလုံးကို ချက်ချင်း ဝင်ရောက် တိုက်ခတ်သွားသည်။ အဝေးမှ ကျိုးဟုန်ရွှဲ့ပင်လျှင် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်လှိုင်းကြောင့် လွင့်ပျံသွားခဲ့ပြီး သူမပါးစပ်မှ သွေးများ စီးထွက်လာခဲ့သည်။

ချင်ယွင်သည် ထိုမုန်တိုင်းအလယ်ဗဟိုတွင် ရှိနေခဲ့သည်။ ထို့ကြောင့် သူသည်လည်း ဤကြောက်မက်ဖွယ်ကောင်းသော အပြင်းအထန် တိုက်ခိုက်မှုကြောင့် သဘာဝအတိုင်း လွင့်ထွက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် အဝေးက နံရံကို အပြင်းအထန် ပစ်တိုက် သွားပြီး၊ လေဟာနယ် နံရံတစ်ခုလုံး တုန်လှုပ်သွားသည့် အသံများ အဆက်မပြတ် ထွက်လာခဲ့သည်။

အမှောင်ညမန်တီ ဧကရာဇ်သည်လည်း ချင်ယွင်၏ ဆေဘာတိုက်ခိုက်မူတွင် ပါဝင်သည့် စွမ်းအားကြီးမားသော တန်ခိုးကြောင့် ပေ ၁၀,၀၀၀ အထိ နောက်ပြန် ဆုတ်သွားရသည်။ ရွှေဓားသည် မြေပြင်ပေါ်တွင် ရှည်လျားသော ဓားအမှတ်အသားတစ်ခု အဖြစ် ဆွဲခြစ် သွားခဲ့သည်။

အဆုံးတွင်၊ ချင်ယွင်သည် ဝူဝမ်ဓားသိုင်း၏ တတိယမြောက်ဓားကွက်ကို အသုံးပြုခဲ့သည်။ ထိုဓားကွက်၏ စွမ်းအားက ကြီးမားလွန်းသည်။ ချင်ယွင်သည် ၎င်းစွမ်းအား၏ ၃၀ ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သော်လည်း ဤ ၃၀ ရာခိုင်နှုန်းသည် ဒုတိယမြောက် ပျက်သုဉ်းခြင်း ဓားကွက် စွမ်းအားထက် ဆယ်ဆ ပိုမို အားကောင်းသည်။

"အချိန်ရပ်တန့်ခြင်းလား၊ အချိန်ရဲ့စွမ်းအားကို မင်း နားလည်ထားတာလား" အမှောင်ည မန်တီ ဧကရာဇ်သည် မတ်တပ်ထရပ်ကာ ချင်ယွင်ကို မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"မင်းတစ်ယောက်ပဲ အချိန်ရဲ့ စွမ်းအားကို သုံးခွင့်ရှိပြီး၊ ငါက အဲဒီစွမ်းအားကို သုံးခွင့်မရှိဘူး လား" ချင်ယွင်လည်း သူ့ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်တန်းတန်း ရပ်ကာ အထင်သေးဟန် ဖြင့် ပြောလိုက်သည်။

သူသည် အခုလေးတင် အောင်မြင်လုနီးပါး ဖြစ်ခဲ့သော်လည်း နောက်ဆုံး အခိုက်အတန့်မှာ အမှောင်ညမန်တီ ဧကရာဇ်က နိုးထလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ အကယ်၍ အမှောင်ညမန်တီ ဧကရာဇ်သာ နောက်ထပ် တစ်စက္ကန့်လောက်သာ တွေဝေ မိန်းမောနေပါက, သူသည် အမှောင်ညမန်တီ ဧကရာဇ်ကို ယခုအချိန်တွင် သတ်ဖြတ်ပြီး ဖြစ်ပေလိမ့်မည်။

ယခုအခါ, တဖက်လူသည် သေချာပြင်ဆင်ထားပြီး ဖြစ်သောကြောင့်, သူသည် အမှောင်ည မန်တီ ဧကရာဇ်ကို ထိခိုက်အောင် တိုက်ခိုက်ရန် အလွန်ခက်ခဲပါတော့မည်။

'"ငါ မမှားရင်, မင်းအသုံးပြုခဲ့တဲ့ အချိန်ရဲ့ စွမ်းအားက မင်းကိုယ်တိုင် ကျင့်ကြံခဲ့တာ မဟုတ်ဘဲ မင်းရရှိခဲ့တဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည် ဖြစ်လိမ့်မယ်။ မင်းအနေနဲ့ အချိန်အကြာကြီး အသုံးပြုနိုင်ဖို့ အရမ်းကို ခက်ခဲ့လိမ့်မယ်။" အမှောင်ညမန်တီ ဧကရာဇ်က ထပ်ပြောပြန်သည်။

"မင်းလည်း အတူတူပဲ မဟုတ်လား။ မင်းရဲ့အချိန်စွမ်းအားကို အကြာကြီး အသုံးမချနိုင်မှာ ငါ စိုးရိမ်မိတယ်။" ချင်ယွင်က အေးစက်စွာ ပြန်ပြောသည်။

အမှောင်ညမန်တီ ဧကရာဇ်သည် အချိန်စွမ်းအားသည်လည်း သူ၏အသိဉာဏ်များ နိုးထလာပြီးနောက်မှ ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သူကိုယ်တိုင် ကျင့်ကြံခြင်းမှ အမှန်တကယ် ရရှိထားသောအရာ မဟုတ်ပေ။ ထို့ကြောင့်, သူတို့နှစ်ဦးစလုံးသည် အစစ်အမှန် အချိန်ထိန်းချုပ်သူများ မဟုတ်ကြပေ။

နတ်ဘုရားကမ္ဘာတွင်၊ လေဟာနယ်နှင့် အချိန်စွမ်းအားကို ကျင့်ကြံသူများအတွက် အထူး အသုံးအနှုန်းတစ်ခု ရှိပြီး ၎င်းမှာ ထိန်းချုပ်သူ ဖြစ်သည်။

လေဟာနယ်စွမ်းရည် ကျွမ်းကျင်သူများဖြစ်စေ သို့မဟုတ် အချိန်စွမ်းရည် ကျွမ်းကျင်သူများ ဖြစ်စေ, ၎င်းတို့၏ စွမ်းအားသည် အဆင့်တူ ကျွမ်းကျင်သူများထက် အဆပေါင်းများစွာ အားကောင်းသည်။ ဖြစ်နိုင်သည်မှာ အဆပေါင်း ဆယ်ဆထက်မက အားကောင်းသည်။

ကျွမ်းကျင်သူများအတွက်၊ အဆင့်ကျော်လွှား၍ တိုက်ခိုက်နိုင်ခြင်းသည် ဖြစ်ရိုးဖြစ်စဉ် တစ်ခု ဖြစ်သောကြောင့် ထိုကျွမ်းကျင်သူများသည် ယေဘုယျအားဖြင့် နတ်ဘုရားကမ္ဘာမှာ ပင် အလွန် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသည်။

သေချာသည်မှာ အချိန်နှင့် လေဟာနယ် စွမ်းအားကို နားလည်နိုင်သူ အလွန့်လွန် နည်းပါး ပါသည်။ ယခုအချိန်အထိ ချင်ယွင်သည် လေဟာနယ်ထိန်းချုပ်သူ တစ်ဦးကိုသာ ကြုံတွေ့ ခဲ့ဖူးပြီး ထိုလူကို သတ်ပစ်လိုက်ပြီး ဖြစ်သည်။ အချိန်ထိန်းချုပ်သူကိုတော့ တစ်ယောက် တစ်လေတောင်မှ သူ မတွေ့ဖူးသေးပါဘူး။

“ငါက မင်းတို့ လူသားတွေပြောနေတဲ့ အချိန်ထိန်းချုပ်သူ မဟုတ်ရင်တောင် မင်းကို သတ်ဖို့က လွယ်နေတုန်းပဲ။ လူသား၊ ဘိုးဘေးနတ်ဘုရားသုံးပါးက ဒီမှာ မရှိတော့ဘူးလို့ မင်း ပြောထားပြီးသားဆိုတော့, မင်းက ငါဂရုစိုက်လောက်အောင် တန်ဖိုးမရှိတော့ဘူး။ မင်း သေသင့်ပြီ။" အမှောင်ညမန်တီ ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။ သူပြောပြီး သည်နှင့် ပြင်းထန်သော အေးစက်ဓာတ် အငွေ့အသက်များက သူ့လက်ထဲမှ ဓားများထံမှ ထွက်ပေါ်လာသည်။

ဘန်း….။

ပြင်းထန်သော အေးဓာတ်တစ်ခုသည် မျှော်စင်၏ နဝမထပ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံ သွားသည်။ မျှော်စင်၏ ကြမ်းပြင်နှင့် နံရံများသည် ရုတ်တရက် နှင်းခဲအလွှာနှင့် ဖုံးလွှမ်း သွားသည်။ ရွှေရောင်ဓားမှ အေးစိမ့်သည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။

"နှင်းရေခဲစွမ်းအားလား?" ချင်ယွင်၏ မျက်လုံးများသည် အနည်းငယ် အံ့သြသွားသည်။ အမှောင်ညမန်တီ ဧကရာဇ်သည် နတ်ဘုရား စွမ်းရည်ကို အသုံးပြုလိမ့်မည်ကို အချိန်ကြာ ကတည်းက သူ မျှော်လင့်ထားသော်လည်း ၎င်းသည် နှင်းရေခဲနတ်ဘုရားစွမ်းရည် ဖြစ်နေ မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

၎င်း၏ရွှေဓားနှင့် ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းနှင့် ပေါင်းစပ်ထားသော နှင်းရေခဲသည် ကြောက်မက်ဖွယ်ကောင်းမည်မှာ သေချာပါသည်။

"လူသား၊ သေလိုက်တော့" အမှောင်ညမန်တီ ဧကရာဇ်သည် ပေါက်ကွဲသံဖြင့် အော်ဟစ် လိုက်ပြီး သူ့ရုပ်အသွင်သည် နောက်ကွယ်မှ ပုံရိပ်များအဖြစ်သို့ ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ချင်ယွင်၏ သူငယ်အိမ်များသည် ရုတ်တရက် ကျုံ့သွားကာ သူ့မျက်လုံးများတွင် သတိထား နေသည့် အမူအရာများ ပေါ်လာသည်။ ရှေးဟောင်း အဖြူရောင်ကျောက်စိမ်းနတ်ဘုရား လျှပ်စီးက သူ့ဆေဘာကို တစ်ဖန် ဖုံးလွှမ်းသွားပြန်သည်။

ဤအခိုက်အတန့်တွင် အေးစက်နေသော လေထုထဲမှ အေးခဲနေသော ဓါးတစ်ချောင်းသည် လေဟာနယ်ကို ဆုတ်ဖြဲလိုက်ပြီး ချင်ယွင်၏ခေါင်းကို တိုက်ရိုက် ထိုးစိုက်လိုက်သည်။

ချင်ယွင်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ့လက်ထဲက နတ်ဘုရားဆေဘာသည် အလွန် ကြောက်စရာကောင်းသည့် ရေခဲအေးစွမ်းအင်များ ပါရှိသော ဓားကို ချက်ချင်း ရင်ဆိုင် လိုက်သည်။

ချွင်…!

ပြတ်သားသော အသံနှင့်အတူ၊ ချင်ယွင်၏ နတ်ဘုရားဆေဘာပေါ်ရှိ ရှေးဟောင်း အဖြူရောင်ကျောက်စိမ်းနတ်ဘုရားလျှပ်စီးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့နောက်တွင်၊ ကြောက်စရာကောင်းသော နှင်းရေခဲအလွှာသည် ချင်ယွင်၏ နတ်ဘုရား ဆေဘာတစ်ခုလုံးအပေါ်၌ စိမ့်ဝင်သွားသည်။

All Chapters