← Chapters

အခန်း ၁၄၀၄

Vol. 94 Ch. 1404

အခန်း ၁၄၀၄

Vol. 94 Ch. 1404

အခန်း (၁၄၀၄) နဂါးတစ်ဝက် အခြေအနေ။

"ဇီ…”။

ပြင်းထန်သော အေးစက်ဓာတ် စွမ်းအင်တစ်ခုက နတ်ဘုရားဆေဘာ တစ်လျှောက် ချင်ယွင်၏ လက်များဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ချင်ယွင်၏လက်များကို လွှမ်းခြုံသွားခဲ့ သည်။

ပြင်းထန်သော အအေးဓာတ်က ချင်ယွင်သည် ချောက်နက်ကြီးထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး တောင့်တင်းလာသည်။

ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားသည်။ သူသည် သူ့လက်ထဲက နှင်းရေခဲများကို ဖြိုခွဲရန် သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုး စွမ်းအား အားလုံးကို အလျင်စလို စုစည်း လိုက်သည်။ သို့သော်၊ သူ၏လက်ထဲတွင်ရှိသော နတ်ဘုရားဆေဘာသည် နှင်းရေခဲ စွမ်းအင်ဖြင့် လွှမ်းခြုံသွားကာ နောက်ဆုံးတွင် လွင့်ထွက်သွားခဲ့သည်။

သို့သော်လည်း ချင်ယွင်သည် နှင်းရေခဲပြင်မှ လွတ်မြောက်ပြီး ဘေးတဘက်သို့ ရှောင်တိမ်း လိုက်ချိန်မှာ ရွှေရောင်အအေးဓာတ်တစ်ခုက လင်းလက်လာပြီး ချင်ယွင်၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားသည်။

"ဖူး”

ချင်ယွင်၏ နှလုံးတစ်ခုလုံးကို ဖောက်ထွင်း ဝင်ရောက်သွားပြီး ရွှေရောင်ဓားက သူ့နောက်ကျောကို တိုက်ရိုက် ထိုးဖောက်သွားသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး ပြင်းထန်သော အအေးဓာတ်က သူ့တစ်ကိုယ်လုံးကို ဖြတ်သန်းသွားကာ၊ အေးခဲနေသော သွေးများ စီးကျလာသည်။

တစ်ချိန်တည်းမှာပင် ထိုပြင်းထန်သော အအေးဓာတ်သည် သူ၏ ပင်မသွေးကြောများ အတိုင်း ပျံ့နှံ့လာပြီး၊ သူ့ခန္ဓာကိုယ်ရှိ သွေးများအားလုံးကို အေးခဲသွားစေခဲ့သည်။

အအေးဒဏ်ကြောင့် ချင်ယွင်၏ မျက်နှာသည် ဖြူဖျော့ပြီး အေးစက်သွားခဲ့သည်။ သူ့ပါးစပ်မှပင် လေအေးများပင် ထွက်လာသည်။

သို့သော် ချင်ယွင်၏ မျက်လုံးများသည် အနှိုင်းမဲ့ စူးရှနေဆဲပင်။ သူသည် အမှောင်ညမန်တီ ဧကရာဇ်၏ ရွှေဓားကို လက်တစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ပြီး၊ အမှောင်ညမန်တီ ဧကရာဇ်သည် ၎င်းကို ပြန်လည် ဆွဲထုတ်ရန် မဖြစ်နိုင်တော့ပေ။

"ဟမ့်၊ မင်းက သေချင်နေတာပဲ" အမှောင်ညမန်တီ ဧကရာဇ်သည် ချင်ယွင်က သူ့ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်ကို မြင်သောအခါ, သူ့မျက်လုံးများတွင် အမျက် ဒေါသက အဟုန်ပြင်းစွာ ပေါ်လာသည်။ သူသည် အခြားဓားတစ်ချောင်းကို ထုတ်ဖော်ပြီး ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ကို သယ်ဆောင်ထားရင်း ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။

ချင်ယွင်၏ ပါးစပ်ထောင့်မှ သွေးများ ဖြာကျနေသည်။ သူ့နှုတ်ခမ်းတွေက သေမင်းတမန် အလား ဖြူဖျော့နေသော်လည်း သူ့အကြည့်တွေက လင်းယုန်သိမ်းငှက်လို စူးရှ ထက်မြက် နေဆဲပင်။

"အောင်း..."

နဂါးဟိန်းဟောက်သံနှင့်အတူ ချင်ယွင်၏လက်များသည် နဂါးလက်သည်းနှစ်ချောင်း အဖြစ်သို့ ပြောင်းလဲသွားပြီး နဂါးတစ်ဝက်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

နတ်ဘုရားနဂါးသည် နဂါးတစ်ကောင်လုံး သို့မဟုတ် နဂါးတစ်ဝက်အဖြစ်သို့ လုံးဝ ပြောင်းလဲနိုင်သည်။ ယခင်က ချင်ယွင်သည် နဂါးတစ်ဝက် အသွင်ပြောင်းခြင်း၏ လျှို့ဝှက် ချက်များကို နားမလည်နိုင်ခဲ့ပေ။ ဤနဂါးတစ်ဝက် အသွင်ပြောင်းခြင်း အခြေအနေသည် ယခုမှ ဖမ်းဆုပ်မိသည့် အရာ ဖြစ်သည်။

ချွင်…။

ချင်ယွင်၏ နဂါးလက်သည်းများသည် ချက်ချင်း ဆန့်ထွက်လာပြီး အမှောင်ညမန်တီ ဧကရာဇ်၏ ချွန်ထက်သော ဓားကို ဖမ်းကိုင်လိုက်သည်။ ခရမ်းရောင် အကြေးခွံများနှင့် အမှောင်ညမန်တီ ဧကရာဇ်၏ဓားသည် အပြင်းအထန် ထိတွေ့ပြီး၊ တုနှိုင်း၍ပင် မရသည့် လှပသော မီးပန်းမီးပွားကို ဖန်တီးပေးသည်။ အဆုံးတွင်, ထိုဓားသည် ချင်ယွင်၏ မျက်ခုံးနှင့် တစ်လက်မအကွာမှာ ရပ်တန့်လိုက်နိုင်သည်။

အမှောင်ညမန်တီ ဧကရာဇ်၏ ဓားနှစ်ချောင်းလုံးကို ချင်ယွင်က ချုပ်ကိုင်ထားသည်။ အမှောင်ည မန်တီဧကရာဇ်သည် မည်မျှပင် ခက်ခက်ခဲခဲ ရုန်းကန်နေပါစေ၊ ချင်ယွင်၏ နဂါးလက်သည်းများထံမှ မလွတ်မြောက်နိုင်တော့ပေ။

ချင်ယွင်သည် နဂါးတစ်ဝက် အခြေအနေသို့ ဝင်ရောက်လာသောအခါတွင် သူ၏ ခွန်အား သည် အဆပေါင်းများစွာ တိုးလာခဲ့သည်။ ခွန်အားတစ်ခုတည်းအရဆိုလျှင်၊ သူသည် အမှောင်ည မန်တီ ဧကရာဇ်ထက် အားမနည်းတော့ပေ။ ထို့ကြောင့် အမှောင်ညမန်တီ ဧကရာဇ်သည် သူ၏ဓါးနှစ်ချောင်းကို ဆွဲထုတ်ရန် လွယ်ကူမည် မဟုတ်တော့ပေ။

"မင်းက အစစ်မှန်လူသား မဟုတ်ဘူး။ မင်းဟာ နတ်ဘုရားနဂါးလား" အမှောင်ညမန်တီ ဧကရာဇ်က တအံ့တသြ မေးသည်။

"ငါက လူလား နဂါးလား မင်း ဂရုစိုက်စရာမလိုဘူး။ ငါ သိသလောက်ဆို မင်း သေချာပေါက် ရှုံးနိမ့်တော့မယ်" ချင်ယွင်က သရော်သံဖြင့် ပြောသည်။

ခပ်လှမ်းလှမ်းတွင်၊ ကျိုးဟုန်ရွှဲ့သည် အံ့သြသော အမူအရာဖြင့် ဤအရာအားလုံးကို ကြည့်နေခဲ့သည်။ ချင်ယွင်၏ အသွင်အပြင်ကြောင့် သူမ အံ့အားသင့်သွားသည်မှာ ထင်ရှားသည်။

ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်ကို ခရမ်းရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ဖြစ်သည်။ သူ့မျက်နှာမှာပင် မျက်လုံးတစ်စုံသာ ပေါ်လွင်နေသည်။ သူ့ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသည် နဂါးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့နောက်ကျောတွင် နဂါးအမြီးတစ်ခု ပေါက်လာခဲ့သည်။ နဂါးအမြီးကို ဆူးများဖြင့် ဖုံးအုပ်ထားသောကြောင့် ချင်ယွင်ကို ရဲရင့်ပြီး အရိုင်းဆန်စေသည်။

"ဟမ့်၊ ငါ့ဓားနှစ်ချောင်းကို မင်း ဖမ်းကိုင်ထားနိုင်ရုံနဲ့ မင်း ငါ့ကို အနိုင်ယူနိုင်ပြီလို့ ထင်နေတာလား။ မင်းက နုံအလွန်းတယ်။" အမှောင်ညမန်တီ ဧကရာဇ်၏ နှုတ်ခမ်းထောင့်စွန်းများက အေးစက်သော အပြုံးတစ်ခုအဖြစ်သို့ တွန့်ကွေးသွားကာ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အေးဓာတ်က ထွက်ပေါ်လာသည်။

ချင်ယွင်သည် အနီးနားရှိ အပူချိန် ကျဆင်းသွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော နှင်းရေခဲများသည် သူ့အကြေးခွံများကို တိုက်ရိုက် ဖုံးလွှမ်းသွားကာ သူ့ခန္ဓာကိုယ်သည် ပြင်းထန်သော အေးခဲမှုကို ခံစားရစေသည်။ ချင်ယွင်ကို ရေခဲရုပ်တုအဖြစ် ပြောင်းလဲပစ်ချင်သည့်အလား နှင်းရေခဲများသည် ချင်ယွင်၏ ခန္ဓာကိုယ်ဆီသို့ ချက်ချင်း စီးဆင်းသွားသည်။

ချင်ယွင်၏ မျက်လုံးများသည် မီးလျှံအလင်းလုံး နှစ်လုံးနှင့်အတူ ရုတ်တရက် ပေါက်ကွဲ ထွက်လာကာ သူ့မျက်လုံးများသည် အလွန်မင်း ရိုင်းစိုင်းသွားခဲ့သည်။

သူ့ခါးသည် ချက်ခြင်းပင် ခွန်အားကို စိုက်ထုတ်လွှတ်လိုက်ပြီး သူ့ဒူးများက ကြောက်မက်ဖွယ် မိုးခြိမ်းသံနှင့်အတူ ပြိုဆင်းသွားပြီး အမှောင်ညမန်တီ ဧကရာဇ်၏ ဝမ်းဗိုက်ကို တိုက်ရိုက် တိုက်ချလိုက်သည်။

"ဘုန်း”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အမှောင်ညမန်တီ ဧကရာဇ်သည် ပါးစပ်ကို ဖွင့်ကာ ပုဇွန်ကဲ့သို့ ကွေးညွှတ်သွားသည်။

ချင်ယွင်က တဟားဟား ရယ်မောလိုက်ပြီး နဂါးလက်သည်းကို ဆန့်လိုက်သည်။ သူသည် အမှောင်ညမန်တီ ဧကရာဇ်၏ ဓားနှစ်ချောင်းကို ဆွဲကိုင်လိုက်ပြီး ပြင်းထန်စွာ ဆောင့်ဆွဲ ထုတ်လိုက်သည်။ သူသည် အမှောင်ညမန်တီ ဧကရာဇ်၏ လက်များကို တိုက်ရိုက် ဆွဲထုတ် လိုက်ပြီးနောက် သွေးများ ပန်းထွက်လာခဲ့သည်။

အမှောင်ညမန်တီ ဧကရာဇ်၏ ကြောက်စရာအကောင်းဆုံး အရာက သူ့အမြန်နှုန်း ဖြစ်သည်။ ယခင်က သူ့လက်များကို ချင်ယွင်က ဆုပ်ကိုင်ထားသောကြောင့် သူ့အမြန်နှုန်း မှာ အားသာချက် လုံးဝ မရှိတော့ပေ။ ချင်ယွင်၏ ရည်ရွယ်ချက်မှာ အမှောင်ညမန်တီ ဧကရာဇ်၏ အမြန်နှုန်း အားသာချက်ကို ပျက်ပြားစေရန် ဖြစ်သည်။

ချင်ယွင်သည် အမှောင်ညမန်တီ ဧကရာဇ်၏လက်များကို ဆွဲထုတ်လိုက်ပြီး ထိုနေရာတွင် ရပ်တန့်ခြင်း မရှိပေ။ ယင်းအစား သူသည် ဆုတ်ခွာသွားသည့် အမှောင်ညမန်တီ ဧကရာဇ် နောက်သို့ အနီးကပ် လိုက်ပါသွားခဲ့သည်။

“ပြိုင်ဘက် ဒဏ်ရာရနေချိန်ကို အခွင့်ကောင်းယူပြီး ပြိုင်ဘက်ရဲ့ အသက်ကို နှုတ်ယူမယ်”။ သူသည် အမှောင်ညမန်တီ ဧကရာဇ်ကို သူ့အသက်ရှူရန် မည်သည့် အခွင့်အရေးမှ မပေးတော့ပါဘူး။

"ဘုန်း”။

ချင်ယွင်သည် ခြေဆောင့်နင်းလိုက်ပြီး မြေပြင်တစ်ခုလုံး ချက်ချင်း ပြိုဆင်းသွားသည်။ ချင်ယွင်သည် ခုန်တက်သွားကာ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ပြီး အမှောင်ည မန်တီ ဧကရာဇ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

အမှောင်ညမန်တီ ဧကရာဇ်၏ လက်များကို ချင်ယွင်က ဆွဲဖြုတ်ထားပြီးဖြစ်ရာ, ယခုအခါ ၎င်းသည် အလွန်မင်း နာကျင်နေပါသည်။ သူက အပြေးအလွှား ပြေးဝင်လာနေသော ချင်ယွင်ကို ကြည့်လိုက်သော်လည်း ခုခံနိုင်စွမ်း မရှိတော့ပေ။ ချင်ယွင်၏လက်သီးက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ကို သူသည် ကူကယ်ရာမဲ့ စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါသည်။

"ဘုန်း”။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ချင်ယွင်၏ လက်သီးသည် အမှောင်ညမန်တီ ဧကရာဇ်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိမှန်သွားခဲ့သည်။

သူ့ရင်ဘတ်တစ်ခုလုံး ဖုံးလွှမ်းထားသည့် ရွှေရောင်ချပ်ဝတ်နှင့်တူသော ကြေးခွံသည် အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားသည်။

ချင်ယွင်၏လက်သီးမှ ကြောက်စရာကောင်းသော ရိုက်ခတ်မှုကြောင့် အမှောင်ညမန်တီ ဧကရာဇ်သည် မြှားတစ်စင်းကဲ့သို့ နောက်ပြန် လွင့်ပျံသွားခဲ့သည်။

"ဟမ့်၊ မင်း ငါ့ကို အရင်က အကြိမ်ပေါင်းများစွာ ဖြတ်တောက်ပစ်ခဲ့တယ်။ ဒါပေမယ့် ငါ မင်းကို လက်သီးတစ်ချက်တည်းနဲ့ ပြန်ပေးဆပ်မယ်။" ချင်ယွင်သည် အေးစက်သော နှာခေါင်းရှုံ့ပြီး၊ ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

ဝှီး….။

ချင်ယွင်၏ ရုပ်အသွင်သည် အမှောင်ညမန်တီ ဧကရာဇ်၏ နောက်ကွယ်မှာ ချက်ချင်း ပေါ်လာသည်။ နဂါးလက်သည်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး၊ ၎င်းလက်သီး တွင် ကြောက်မက်ဖွယ်ရာ ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီးများ ပါဝင်နေသည်။

"ဘုန်း”။

ထိတ်လန့်တုန်လှုပ်ဖွယ် အသံနှင့်အတူ ချင်ယွင်သည် သူ့လက်သီးကို အမှောင်ညမန်တီ ဧကရာဇ်၏ နောက်ကျောသို့ ထိုးချလိုက်ပြီး ရင်ဘတ်အထိ ထိုးဖောက်သွားသည်။

“အား…”

အမှောင်ညမန်တီ ဧကရာဇ်သည် သူ့ပါးစပ်မှ သွေးများ စီးကျလာစဉ်, သနားစဖွယ် အော်သံကို ထုတ်ဖော်လိုက်သည်။

သို့သော် ဤအရာသည် အဆုံးသတ် မဟုတ်ခဲ့ပေ။ ချင်ယွင်၏နောက်ကျောမှ နဂါးအမြီး သည် လျင်မြန်စွာ ဆန့်ထွက်ပြီး ရှည်လျားသော ကြာပွတ်ကဲ့သို့ အမှောင်ညမန်တီ ဧကရာဇ်၏ လည်ပင်းကို ရစ်ပတ်လိုက်သည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ် သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

နတ်ဘုရားအစီအရင် ဝင်္ကပါဖြင့် ပံ့ပိုးထားသည့် ထိုကြမ်းပြင်များသည် ပြင်းထန်သော တိုက်ခိုက်မှုကို ခံစားခဲ့ရပြီး ၎င်းတို့သည် တွင်းနက်ကြီးအဖြစ် ချက်ချင်း ချိုင့်ဝင်သွားကာ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အက်ကွဲကြောင်းများပင် ပေထောင်ချီပြီး ပြန့်ကျဲ နေခဲ့သည်။

အမှောင်ညမန်တီ ဧကရာဇ်သည် အနည်းငယ် စိတ်ရှုပ်ထွေးနေပြီ ဖြစ်သည်။ သူ မည်မျှပင် အစွမ်းထက်နေပါစေ ပြင်းထန်သော တိုက်ခိုက်မှုများကို ခံစားခဲ့ရပြီးနောက် သတိထား နိုးကြားနေဖို့ ခက်ခဲပါလိမ့်မည်။

ခပ်လှမ်းလှမ်းတွင်, ကျိုးဟုန်ရွှဲ့သည် အံ့ဩမှင်သက်နေမိသည်။ ယခုအချိန်တွင် ချင်ယွင် သည် သူမ၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်း ရက်စက်ကြမ်းကြုတ်သော ပြိုင်ဘက်ကင်း သားရဲတစ်ကောင် ဖြစ်နေခဲ့သည်။

"အဆုံးသတ်သွားပြီ" ချင်ယွင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သွေးများဖုံးနေကာ မလှုပ်ရှားနိုင်တော့သည့် အမှောင်ညမန်တီ ဧကရာဇ်ကို ကြည့်ရင်း သူ့မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင် ပေါ်လာသည်။ သူသည် သူ၏နဂါးလက်သည်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး အမှောင်ညမန်တီ ဧကရာဇ်၏ ဦးခေါင်းကို လုံးလုံး ထိုးနှက်ရန် ပြင်ဆင်လိုက်သည်။

"ခေါင်းကို မထိနဲ့၊ သူ့စိတ်ဝိညာဉ်ကို သုတ်သင်ပစ်လိုက်ပါ။ သူ့ခန္ဓာကိုယ်ကို မဖျက်ဆီးလိုက်နဲ့။" သို့သော် ထိုအချိန်တွင် လျှိုဘို၏အသံသည် ထွက်ပေါ်လာသည်။

လျှိုဘို၏ စကားကိုကြားတော့ ချင်ယွင်သည် နောက်ဆုံး သတိဝင်လာခဲ့သည်။ ကြက်သွေးရောင်ကမ္ဘာမြေကို အမှောင်ညမန်တီဧကရာဇ်၏ ခန္ဓာကိုယ်ကို သိမ်းပိုက် ခွင့်ပြုရန် သူတို့သည် ယခင်က သဘောတူထားခဲ့ကြသည်။

ဘန်း…။

ချင်ယွင်သည် သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး အမှောင်ညမန်တီ ဧကရာဇ် ခေါင်းကို ပုတ်လိုက်သည်။ ကနဦးစကြဝဠာ၏ အလိုဆန္ဒသည် အမှောင်ညမန်တီ ဧကရာဇ်၏ ခေါင်းထဲသို့ ရုတ်တရက် စိမ့်ဝင်လာပြီး သူ့စိတ်ဝိညာဉ်ကို တခဏချင်း လုံးလုံးလျားလျား ချေမှုန်းပစ်လိုက်သည်။

“မဟုတ်ဘူး…”

အမှောင်ညမန်တီ ဧကရာဇ်၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး နောက်ဆုံးတွင် သူ့မျက်လုံးများက တက်ကြွမှုအားလုံးကို ဆုံးရှုံးသွားခဲ့သည်။

အမှောင်ညမန်တီ ဧကရာဇ်သည် လုံးဝ သေဆုံးသွားသည်ကို တွေ့လိုက်ရသဖြင့် ချင်ယွင် သက်ပြင်းတစ်ချက်ချလိုက်သည်။

All Chapters