← Chapters

အခန်း ၁၄၀၆

Vol. 94 Ch. 1406

အခန်း ၁၄၀၆

Vol. 94 Ch. 1406

အခန်း (၁၄၀၆) လျှို့ဝှက်ချက်များကို ဖြတ်ကျော် မြင်ခြင်း။

ကျိုးဟုန်ရွှဲ့သည် သူမ၏ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။

သူမအသက်ကို ချင်ယွင်က ကယ်တင်ခဲ့သည်။ ချင်ယွင်၏ အပြင်းအထန် ရုန်းကန်မှုကြောင့် သူမသည် ဤနေရာသို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် စစ်မှန်သော အဓိပ္ပာယ် အမွေနှစ်ကို လက်ခံရန် တိုက်ရိုက် တောင်းဆိုခဲ့လျှင်ပင်၊ သူမသည် နားလည်ပေးနိုင်သေးသည်။ ယခုမူ ချင်ယွင်က သူသည် စစ်မှန်သော အဓိပ္ပာယ် အမွေနှစ်ကို သူမအား ပေးလိုကြောင်း အမှန်တကယ် ပြောလာခဲ့သည်။ ဤအရာက သူမကို မယုံနိုင်လောက်အောင် ဖြစ်စေခဲ့သည်။

ဘိုးဘေးနတ်ဘုရားမ ချင်းယောင်သည် ချင်ယွင်က အဘယ့်ကြောင့် ယခုလို ဆုံးဖြတ်ချက် ချခဲ့လဲဆိုသည်ကို သိလိုဟန်ဖြင့် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

စစ်မှန်သော အဓိပ္ပာယ် အမွေဆက်ခံမှုသည် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ များပင် အိပ်မက်မက်ရသော အရာ ဖြစ်သည်။ အခြားလူတိုင်းက ၎င်းကို လုယူချင်ကြ သော်လည်း ယခုမူ ချင်ယွင်က ၎င်းကို လွယ်လွယ်ကူကူ စွန့်လွှတ်လိုက်ကြသည်။ ယင်းက သဘာဝအတိုင်း သူမကို အရမ်းကို သိချင်စိတ်ဖြစ်ပေါ်စေခဲ့သည်။

"ဦးလေး၊ ဒီအမွေနှစ်ကို ကျွန်မ မယူနိုင်ဘူး။ ဦးလေး ယူသင့်တယ်" ကျိုးဟုန်ရွှဲ့က ချင်ယွင်ကို အမြန်ပြောလိုက်သည်။

'"မဟုတ်ဘူး၊ ဒီအမွေနှစ်ကို ငါ မင်းကို ပေးမယ်။ ဒီအမွေနှစ်က အဖိုးတန်ပေမယ့် ငါ့အတွက် မသင့်တော်ဘူး။ တကယ်လို့, ငါ့ခန့်မှန်းချက် မမှားဘူးဆိုရင် ဘိုးဘေးနတ်ဘုရားမ ချင်းယောင်ရဲ့ စစ်မှန်သော အဓိပ္ပာယ်က ရေခဲနဲ့ဆင်တူတဲ့ ရေစွမ်းရည် ဖြစ်ရမယ်။ ပြီးတော့ မင်းကလည်း ရေခဲစွမ်းရည် နတ်ဘုရားတန်ခိုး စွမ်းအားကို ကျင့်ကြံထားတယ်။ ဒီတော့ စစ်မှန်သော အဓိပ္ပာယ်က မင်းအတွက် အသင့်တော်ဆုံးပဲ။” ချင်ယွင်က ပြတ်ပြတ် သားသား ပြောလိုက်သည်။

သူ ဘိုးဘေးနတ်ဘုရားမ ချင်းယောင်ကို မြင်လိုက်သည်နှင့် ချင်ယွင်သည် သူမခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အေးစက်စက် အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဘိုးဘေး နတ်ဘုရားမ ချင်းယောင်သည် သူမကိုယ်သူမ ကောင်းစွာ ထိန်းသိမ်းထားသော်လည်း၊ သူမသည် အစွမ်းထက်လွန်းပြီး၊ သူမ၏ အပြောအဆိုများနှင့် အပြုအမူများမှတဆင့် စစ်မှန်သောအလိုဆန္ဒကို ထုတ်လွှတ်နေခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် သူမကို မြင်ပြီး ဖြစ်သည်။

"ဒါပေမယ့်" ချင်ယွင်၏ စကားကိုကြားတော့ ကျိုးဟုန်ရွှဲ့က ချီတုံချတုံ အမူအရာ ပေါ်လာသည်။

"သူ ပြောတာမှန်တယ်။ ငါနားလည်ထားတဲ့ အရာက အေးဓာတ်စွမ်းရည် စစ်မှန်သော အဓိပ္ပာယ်ပဲ။ သူ့အတွက်က မသင့်တော်ဘူး။ အဲဒီအစား မင်းကိုယ်တိုင်က ရေခဲနတ်ဘုရား တန်ခိုး စွမ်းအားကို ကျင့်ကြံထားတာ ဖြစ်တဲ့အတွက် မင်းက သူ့ထက် ပိုပြီး သင့်တော် တယ်။" ဘိုးဘေးနတ်ဘုရားမ ချင်းယောင်က ကျိုးဟုန်ရွှဲ့ကို ကြည့်ပြီး ပြောပါသည်။

ဘိုးဘေးနတ်ဘုရားမ ချင်းယောင်၏ စကားကိုကြားတော့ ကျိုးဟုန်ရွှဲ့သည် အံကြိတ်ပြီး ခေါင်းညိတ်လိုက်သည်။

ချင်ယွင်သည် ကျိုးဟုန်ရွှဲ့က ခေါင်းညိတ်လိုက်သည်ကို မြင်ပြီး၊ သူ့မျက်နှာမှာ အပြုံးမပျက် ပေါ်လာသည်။

သူ ကျိုးဟုန်ရွှဲ့အား ဤအမွေနှစ်ကို ပေးအပ်ရခြင်း၏ အကြောင်းရင်းမှာ ကျိုးဟုန်ရွှဲ့သည် သူ့ထက် ဤအမွေနှစ်ကို လက်ခံယူရန် ပို၍ သင့်လျော်သည့်အပြင်, ကျိုးဟုန်ရွှဲ့၏ ပူလောင်သော အကြည့်များကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။

ယခုအခါ, သူသည် ကျိုးဟုန်ရွှဲ့ကို သူ့ဂျူနီယာတစ်ဦးအဖြစ် လုံးလုံးလျားလျား ဆက်ဆံခဲ့ ပြီး၊ သူသည် ဂျူနီယာတစ်ယောက် လိုချင်သည့်အရာကို လုယူရမှာ သဘာဝအတိုင်း ရှက်ရွံ့နေမိသည်။

ထို့အပြင် ချင်ယွင်၏အမြင်အရ ဤသည်မှာ လျှို့ဝှက်နတ်ဘုရားဂိုဏ်း, ကောင်းကင်ဘုံ နန်းတော်၏ ဒုတိယအဆင့် ဖြစ်သည်။ သူတို့သည် ရှေ့ဆက်ပြီး ထွက်ခွာရန် ကောင်းကင် ဘုံနန်းတော်၏ အဆင့်အနည်းငယ် ကျန်ရှိသေးသည်။ ပျောက်ကွယ်နေသော နတ်ဘုရား ကျွန်းတွင် ကြီးမြတ်သော ဘိုးဘေးနတ်ဘုရားနှစ်ပါးလည်း ရှိနေသေးပြီး၊ လျှို့ဝှက် ဆန်းကြယ်သောဘိုးဘေးနတ်ဘုရား၏ အစစ်မှန် အလိုဆန္ဒ အမွေဆက်ခံခြင်းက အဖိုးတန်ဆုံး ဖြစ်လိမ့်မည်။

ဘန်း…။

ထိုအချိန်တွင်၊ ဘိုးဘေးနတ်ဘုရားမ ချင်းယောင်သည် ကျိုးဟုန်ရွှဲ့ကို အမွေဆက်ခံရန် စတင်နေပြီ ဖြစ်သည်။ ဘိုးဘေးနတ်ဘုရားမ ချင်းယောင်မှ လက်ချောင်းတစ်ချောင်းက ကျိုးဟုန်ရွှဲ့၏ နဖူးပေါ် ထောက်ထားပြီး၊ အစိမ်းရောင် အေးစက်သော အလင်းတန်းတစ်ခု က ချက်ချင်းဆိုသလို ကျိုးဟုန်ရွှဲ့ကို ဖုံးလွှမ်းသွားသည်။

ကျိုးဟုန်ရွှဲ့၏ တစ်ကိုယ်လုံး အံ့သြဖွယ် အခြေအနေသို့ ကျရောက်သွားခဲ့သည်။ သူမခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောနေပြီး သူမခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်နေသော အစိမ်းရောင် အေးစက်သော အလင်းတန်းများကို အဆက်မပြတ် လက်ခံရယူနေသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်၊ ဘိုးဘေးနတ်ဘုရားမ ချင်းယောင်၏ ခန္ဓာကိုယ် သည်လည်း ဝေဝေဝါးဝါး ဖြစ်လာခဲ့သည်။ ၎င်းသည် မကြာမီ ပျောက်ကွယ်သွားပေလိမ့် မည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မှင်သက်စွာ စိုက်ကြည့်နေသည်။ သူသည် အစိမ်းရောင် အလင်းတန်းများဖြင့် ဖုံးအုပ်ထားသော ကျိုးဟုန်ရွှဲ့ကို စူးစူးစိုက်စိုက် ကြည့်နေရင်း သူ့မျက်နှာပေါ်တွင် သိလိုစိတ်ပြင်းပြသည့် မျက်နှာအမူအရာ ရှိနေသည်။

ချင်ယွင်သည်လည်း စစ်မှန်သော အနှစ်သာရ အမွေဆက်ခံမှုကို အလွန်သိချင်နေခဲ့သည်။

အဆုံးတွင်၊ သူသည် ဘိုးဘေးနတ်ဘုရားရဲ့ စစ်မှန်သော အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ ၎င်းသည် ကောင်းကင်တာအိုထက်ပင် ပို၍ ပုံရိပ်ယောင်ဆန်သည့်အရာ ဖြစ်သည်ဟုသာ သူ သိထားပါသည်။ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ပြီးမှသာ ဘိုးဘေးနတ်ဘုရား နယ်ပယ်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီနိုင်မည် ဖြစ်သည်။

"သူမရဲ့ စစ်မှန်သော အလိုဆန္ဒ အမွေနှစ်ဆက်ခံမူက သုံးနာရီခန့် ကြာလိမ့်မယ်" ချင်ယွင်သည် ရောင်စုံအလင်းတန်းများဖြင့် ဖုံးလွှမ်းနေသော ကျိုးဟုန်ရွှဲ့ကို တိတ်တဆိတ် စိုက်ကြည့်နေစဉ်၊ သူ့ဘေးနားရှိ ဘိုးဘေးနတ်ဘုရားမ ချင်းယောင်ထံမှ ရုတ်တရက် အသံထွက်လာသည်။

ချင်ယွင်သည် ဘိုးဘေးနတ်ဘုရားမ ချင်းယောင်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ နောက်မှ သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရတော့, သူသည် အနည်းငယ် အံ့ဩသွားပြီး ခေါင်းညိတ်လိုက်သည်။

"မင်းရဲ့ အမွေနှစ်ကို သူမကိုပေးဖို့ ဘာကြောင့် ရွေးချယ်ခဲ့တာလဲ ငါ သိချင်နေတယ်" ဒီစစ်မှန်တဲ့ အနှစ်သာရက မင်းအတွက် မသင့်တော်ပေမဲ့ မင်းရဲ့ အရည်အချင်းနဲ့ဆို, အအေးစွမ်းရည် နတ်ဘုရားတန်ခိုး စွမ်းအားကို တစ်ဖန် ကျင့်ကြံမယ်ဆိုရင်တောင်, မင်းအနေနဲ့ အဲဒါကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်လိမ့်မယ်။ မင်းရဲ့အရိုးအရ မင်းရဲ့ အသက်ကို အခုပဲ ငါ တွေ့လိုက်တယ်။ မင်းက ယခုမှ နှစ်ပေါင်းတစ်ရာထက်မနည်း ကျင့်ကြံရသေးတယ်။ အဲဒါက စိတ်ကူးကြည့်ဖို့တောင် ခက်ခဲတယ်။ မင်းရဲ့အရည်အချင်း တွေက နတ်ဘုရားကမ္ဘာမှာတောင် မကြုံစဖူးဘဲ။" ဘိုးဘေးနတ်ဘုရားမ ချင်းယောင်က ပြောသည်။ သူမလေသံမှာ အလွန် တည်ငြိမ်နေသော်လည်း ချင်ယွင်ကို ကြည့်နေစဉ် အံ့အားသင့်ဟန် အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

ချင်ယွင်သည် ဘိုးဘေးနတ်ဘုရားမ ချင်းယောင်၏ စကားကို ကြားသောအခါ ပြုံးပြီး ပြောသည် “ဘိုးဘေးနတ်ဘုရားမက ကျွန်တော့်ကို အရမ်း ချီးကျူးနေတာပါ။ ကျွန်တော့်ရဲ့ အရည်အချင်းက ကောင်းကင်ဘုံကို အံတုနိုင်ခြင်း မဟုတ်ဘူးလို့ ကျွန်တော် အမြဲတမ်း ခံစားခဲ့ရတယ်။ ဆန့်ကျင်ဘက်အနေနဲ့၊ ကျွန်တော့်ကံက အမြဲတမ်း ကောင်းတယ်လို့ ခံစားမိတယ်။ မဟုတ်ရင်, ကျွန်တော့်အတွက် ဒီအဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဟုန်ရွှဲ့အတွက် ကျွန်တော် ဘာလို့ အစစ်မှန် အလိုဆန္ဒကို စွန့်လွှတ်ခဲ့လဲဆိုတာကတော့၊ ဘိုးဘေးနတ်ဘုရားလည်း မှန်းဆလို့ရပါတယ်။"

"မင်း လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို လိုချင်နေတာလား?" ဘိုးဘေးနတ်ဘုရားမ ချင်းယောင်က ခန့်မှန်းလိုက်သည်။

"ဟုတ်ပါတယ်၊ ကျွန်တော် ဘိုးဘေးနတ်ဘုရားမထံမှ ဘာကိုမှ ဖုံးကွယ်မထားပါဘူး။ အမှန်တော့၊ ကျွန်တော် အစောကတည်းက မေးချင်နေခဲ့တာ။ ကောလာဟလတွေအရ ဒဏ္ဍာရီလာ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အစစ်မှန် အမွေအနှစ်က လျှို့ဝှက်ဆန်းကြယ် သော ဘိုးဘေးနတ်ဘိုးဘေးဘုရားရဲ့ အစစ်အမှန် အဓိပ္ပာယ်ပဲလား” ချင်ယွင်က ပြုံးလျက် ပြောသည်။

ဘိုးဘေးနတ်ဘုရား မချင်းယောင်သည် ချင်ယွင်၏ စကားကို ကြားလိုက်စဉ်, သူမ မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။ သူမက တုန့်ပြန်ပြောသည် “မှန်တယ်၊ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အမွေဆက်ခံမူလို့ခေါ်တဲ့အထဲမှ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားရဲ့ အစစ်မှန်အမွေနှစ်လည်း ပါ၀င်တယ်”။ နတ်ဘုရားကမ္ဘာ တစ်ခုလုံး မှာတောင် သူ့ စစ်မှန်သော အဓိပ္ပါယ်က ထိပ်တန်းသုံးခုထဲမှာ သေချာပေါက် ရပ်တည်နိုင် သည်။ ဒါပေမယ့်၊ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အမွေဆက်ခံမှုက လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အမွေနှစ် မဟုတ်သေးဘူး။ နဝမမြောက် ကောင်းကင်ဘုံ နန်းတော်ထဲမှာ အခြားအရေးကြီးတဲ့ အရာတွေ ရှိနေသေးတယ်။ တကယ်လို့ မင်းသာ အဲဒီအရာကို ရယူနိုင်ခဲ့ရင်, မင်းအနေနဲ့ နောင်အနာဂတ်မှာ နတ်ဘုရားကမ္ဘာထဲမှာ နေရာတစ်ခုကို သိမ်းပိုက်နိုင်လိမ့်မယ်"

"နတ်ဘုရားကမ္ဘာထဲမှာ နေရာတစ်ခုကို သိမ်းပိုက်နိုင်မှာလား" ချင်ယွင်က အံ့သြစွာဖြင့် မမေးဘဲ မနေနိုင်တော့ပေ။

နတ်ဘုရားကမ္ဘာကြီးတစ်ခုလုံး ဘယ်လောက်ကြီးမားသနည်း?။ အခုအချိန်ထိ ချင်ယွင် သည် မခန့်မှန်းနိုင်သေးပေ။ ဘိုးဘေးနတ်ဘုရားအကြောင်း မေ့ထားလိုက်ဦး။ မထင်မရှား ကောင်းကင်နတ်ဘုရားတစ်ပါး ထွက်ပေါ်လာလျှင်ပင်, ချင်ယွင်သည် အနည်းငယ်မျှပင် ပြန်လည်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်, ဘိုးဘေးနတ်ဘုရားမ ချင်းယောင် ပြောစကားအတိုင်း, အကယ်၍, သူသာ ကောင်းကင်ဘုံနန်းတော်၏ နဝမအထပ်ရှိ အမွေနှစ်ကို ဆက်ခံနိုင်မည် ဆိုခဲ့ပါက, သူသည် နောင်အနာဂတ်တွင် နတ်ဘုရားကမ္ဘာကြီး ထဲမှာ နေရာတစ်ခုကို သိမ်းပိုက်နိုင်စွမ်း ရှိလာလိမ့်မည်။ သူသည် မည်သို့လျင် မအံ့ဩဘဲ နေမည်နည်း?။

မူလက သူသည် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏အမွေနှစ်သည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အစစ်အမှန် အမွေနှစ်သာ ဖြစ်မည်ဟု တွေးထားခဲ့သည်။ ယခု သူတွေးသလို ရိုးရှင်းပုံမပေါ်ချေ။ လျှို့ဝှက်နတ်ဘုရားဂိုဏ်းသည် ထိုကဲ့သို့သော အစွမ်းထက်သော စွမ်းအားကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းမှာ သူတို့အား ပံ့ပိုးပေးမည့် အခြားအရာ တစ်ခု ရှိနေသောကြောင့် ဖြစ်ရပေမည်။ ထိုအရာသည် နတ်ဘုရားကမ္ဘာရှိ ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင် လိုချင်မက်မောသည့်အရာ ဖြစ်ပေလိမ့်မည်။

ချင်ယွင်၏ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ရလျှင်, ဘိုးဘေးနတ်ဘုရားမ ချင်းယောင်သည် သူမ၏ လှပသော မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။ . သူမက ဆက်ပြောသည် "တကယ်တော့ မင်းခန္ဓာကိုယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတာကို ငါ အမြဲတမ်း ခံစားမိတယ်။ ​​ဒီလျှို့ဝှက်ချက်က ငါတို့ရဲ့ လျှို့ဝှက်နတ်ဘုရား ဂိုဏ်း အမွေနှစ်အောက် နိမ့်ကျမှာ မဟုတ်ဘူး၊ ငါတို့လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အမွေနှစ် ထက်တောင် သာလွန်နေလောက်တယ်"။

ထိုစကားကိုကြားတော့ ချင်ယွင်၏ ခန္ဓာကိုယ်သည် မထိန်းနိုင်ဘဲ တုန်လှုပ်သွားပါသည်။ သူက နိုးကြားသတိထားသည့် အမူအရာဖြင့် ဘိုးဘေးနတ်ဘုရားမ ချင်းယောင်ကို ကြည့်လိုက်ပါသည်။

ယခုအချိန်တွင်၊ ဘိုးဘေးနတ်ဘုရားမ ချင်းယောင်သည် ကနဦးစကြာဝဠာ တည်ရှိမှုကို ထိုးထွင်းမြင်နေပြီဟု သူ အမှန်တကယ် သံသယဖြစ်မိသည်။ သူမသည် ကနဦးစကြဝဠာဟု အမှန်တကယ် မမှန်းဆနိုင်ဘူးဆိုရင်တောင်, ၎င်းသည် အတူတူပင် ဖြစ်နေပါသေးသည်။

"ငါက မင်း ငါ့ကို ကြောက်လန့်အောင် ခြိမ်းခြောက်ဖို့ ဒီစကားကို ပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် ငါ မင်းကို ပြောပြဦးမယ်။ အဲဒါကို ငါမြင်နိုင်တယ်ဆိုမှတော့, မင်းရဲ့ အဲဒီလျှို့ဝှက်ချက်ကို တခြားဘိုး ဘေးနတ်ဘုရားတွေလည်း မြင်နိုင်တယ်။ ဒါကြောင့် မင်း သတိထားရမယ်။" ဘိုးဘေးနတ်ဘုရားမ ချင်းယောင်က ပြောပြသည်။

ထိုစကးကို ကြားတော့ ချင်ယွင်သည် လေးလေးနက်နက် ခေါင်းညိတ်ပြပြီး ခဏလောက် စဉ်းစားလိုက်သည်။ ဘိုးဘေးနတ်ဘုရားမ ချင်းယောင်ကို ငေးကြည့်ရင်း, သူ့အကြည့်များ တွင် ကျေးဇူးတင်လာမိသည်။

All Chapters