← Chapters

အခန်း ၁၄၀၇

Vol. 94 Ch. 1407

အခန်း ၁၄၀၇

Vol. 94 Ch. 1407

အခန်း (၁၄၀၇) ကျိုးဟုန်ရွှဲ့အသစ်စစ်စစ်။

ထို့နောက် ချင်ယွင်သည် လေးနက်သည့် အတွေးတစ်ခုထဲ ကျရောက်သွားခဲ့သည်။

ဘိုးဘေးနတ်ဘုရားမ ချင်းယောင်က သူ့အား ပြောခဲ့သော စကားများသည် အမှားမဟုတ် ပေ။ သူ့အတွက် အချက်ပေး ခေါင်းလောင်းသံလည်း ထွက်ပေါ်လာခဲ့သည်။

ထိုမေးခွန်းကို သူ တစ်ခါမှ မစဉ်းစားဖူးပါဘူး။ သူ၏ကနဦး စကြာဝဠာသည် လုံးဝ လုံခြုံသည်ဟု သူ အမြဲတမ်း တွေးထားခဲ့ပြီး၊ ဘိုးဘေးနတ်ဘုရားအဆင့်ရှိ ကျွမ်းကျင်သူများ ပင် ၎င်းကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ဟု သူ ခံစားခဲ့ရသည်။

သို့သော်လည်း ဘိုးဘေးနတ်ဘုရားမ ချင်းယောင်၏ နှုတ်ထွက်စကားများက ချင်ယွင်ကို အမှန်တရားတစ်ခုကို နားလည်စေခဲ့သည်။ ကနဦးစကြာဝဠာထဲတွင် သူ အသုံးမပြုသည့် မည်သည့်အရာကိုမဆို ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူများအတွက်ပင် ရှာဖွေ တွေ့ရှိရန် လွယ်ကူမည် မဟုတ်ပေ။ သို့သော်, အကယ်၍, သူသည် ဘိုးဘေးနတ်ဘုရားများ ရှေ့တွင် ကနဦးစကြဝဠာထဲသို့ ဖြတ်သန်းသွားလာမိပါက, သူသည် ဖော်ထုတ်ခံရနိုင်ပါ သည်။

ထိုအချိန်တွင်၊ သူ၏ကနဦး စကြာဝဠာသည် ဘိုးဘေးနတ်ဘုရားများ၏ လိုချင် တပ်မက်မှု ကို သေချာပေါက် ဆွဲဆောင်နိုင်ပါလိမ့်မည်။ အကြောင်းမှာ၊ ဤအရာသည် ဘိုးဘေး နတ်ဘုရားများထက် လုံးလုံးလျားလျား သာလွန်နေသော ကောင်းကင်ဘုံ တန်ခိုးစွမ်းအင် လမ်းကြောင့် ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ သူတို့ကို မည်သို့ သွေးမဆောင်နိုင်ဘဲ နေမည်နည်း?။

"ကြည့်ရတာ, ငါ အနာဂတ်မှာ ကနဦးစကြဝဠာရဲ့ စွမ်းအားကို လျှော့သုံးသင့်ပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

'"ဟမ့်၊ ကောင်စုတ်လေး၊ အခု မင်း ကြောက်လန့်ရကောင်းမှန်း သိသွားပြီပေါ့။ ဟိုးအရင်က တည်းက ငါ မင်းကို ပြောဖူးပါတယ်။ မင်းအနေနဲ့ ကနဦးစကြဝဠာရဲ့ ကျင့်ကြံမူ အခြေခံ တိုးတက်လာအောင် အာရုံစိုက်သင့်တယ်ဆိုတာကို။ မင်း ထိုက်ကျိနယ်ပယ်ကို ဖြတ်ကျော် ပြီး ယင်ယန်နယ်ပယ်ထဲကို ဝင်ရောက်နိုင်တာနဲ့ ဒီလောက်အများကြီး စိုးရိမ်နေစရာ မလိုတော့ဘူး။ ဘိုးဘေးနတ်ဘုရားတွေတောင် အဲဒါကို ဖော်ထုတ်ချင်တယ်ဆိုရင်, အဲဒါကို ရှာဖွေတွေ့ရှိဖို့ မဖြစ်နိုင်တော့ဘူး” လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ် လာသည်။

ချင်ယွင်သည် ထိုစကားကို ကြားသောအခါတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

တကယ်တော့ လျှိုဘို ပြောသည်မှာ မှန်ပါတယ်။ သူသည် ကနဦးစကြဝဠာကို ကျင့်ကြံရန် အတွက် စွမ်းအင် အနည်းငယ်သာ သုံးစွဲခဲ့သည်။ သူသည် ကနဦးစကြဝဠာနယ်ပယ်ကို မြှင့်တင်ရန် လိုအပ်နေသေးပုံရသည်။ နောက်ဆုံးတွင်၊ ကနဦးစကြဝဠာ၏ နယ်ပယ်သည် အနာဂတ်တွင် သူ၏စစ်မှန်သော အခြေခံအုတ်မြစ် ဖြစ်သည်။

သို့ရာတွင်၊ ချင်ယွင်သည် ဘိုးဘေးနတ်ဘုရားစစ်မှန်သော စိတ်ဆန္ဒသည် သူ၏ကနဦး စကြာဝဠာ ကျင့်ကြံမူအတွက် အလွန်အထောက်အကူဖြစ်မည်ဟု ခံစားမိသေးသည်။ သို့သော်လည်း သူ၏ လက်ရှိ ကျင့်ကြံမှုဖြင့် ၎င်းသည် မည်သို့သော အကူအညီဖြစ်သည်ကို သူ လုံးလုံး နားမလည်နိုင်သေးပေ။

သူ၏ကျင့်ကြံမှုလမ်းကြောင်းကို မည်သူမျှ မဖြတ်ကျော်ခဲ့ဖူးသောကြောင့်, အရာအားလုံး ကို စူးစမ်းလေ့လာရန် သူ့ကိုယ်သူသာ အားကိုးနိုင်ခဲ့သည်။

ချင်ယွင်သည် လေးလေးနက်နက် တွေးတောနေသည်ကို မြင်လိုက်ရသောအခါ ဘိုးဘေး နတ်ဘုရားမ ချင်းယောင်သည် ချင်ယွင်ကို မနှောင့်ယှက်တော့ပေ။ သို့သော်, သူမသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း ပို၍ပင် သိချင်လာမိသည်။

သူမသည် ဘိုးဘေးနတ်ဘုရား၏ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်တော့သော်လည်း၊ သူမသည် ဘိုးဘေးနတ်ဘုရား၏ စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုအဖြစ် ရှိနေဆဲပင်။ သူမကို ထူးထူးခြားခြား ခံစားစေနိုင်သည့် လူများသည် နတ်ဘုရားကမ္ဘာတစ်ခုလုံးမှာပင် ရှားပါးလှသည်။

“ငါတို့ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အမွေနှစ်ကို ရယူခြင်းက မင်းအတွက် မကောင်းတဲ့ အရာ မဟုတ်ပါဘူး။ အဲဒါက လျှို့ဝှက်နတ်ဘုရားဂိုဏ်း လုံးဝ မြင့်တက်လာဖို့ မျှော်လင့်ချက် တောင် ဖြစ်နိုင်တယ်။ မေ့လိုက်ပါ။ ငါ မင်းကို ကူညီပေးလိုက်မယ်" ဘိုးဘေးနတ်ဘုရားမ ချင်းယောင်က အဝေးမှာ အတွေးကမ္ဘာနက်မြုပ်နေသော ချင်ယွင်ကို ကြည့်လိုက်သည်။ သူမ၏ မူလကတည်းက ဝေဝေဝါးဝါးဖြစ်နေသော ရုပ်အသွင်ထံမှ အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။ နောက်ဆုံးတွင်၊ ၎င်းအလင်းတန်းသည် ချင်ယွင်၏ညာဘက် လက်မောင်းတွင် ပြန့်ကျဲသွားကာ အစိမ်းရောင် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ချင်ယွင်၏ညာလက်မောင်းပေါ်တွင် အစိမ်းရောင် အမှတ်အသားတစ်ခု ဖြစ်ပေါ်လာသည်။

ချင်ယွင်သည် သူ့လက်မောင်းပေါ်ရှိ အစိမ်းရောင် အမှတ်အသားကို ကြည့်ပြီး အလွန်မင်း အံ့သြသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

ဘိုးဘေးနတ်ဘုရားမ ချင်းယောင်က လုပ်ဆောင်လိုသည့်အရာကို သူ နားမလည်ပါဘူး။ ထိုအစိမ်းရောင် အမှတ်အသားကရော အတိအကျ ဘာလဲ။

"ဘိုးဘေးနတ်ဘုရားမ ချင်းယောင်လား?" ချင်ယွင်သည် အစိမ်းရောင် အမှတ်အသားကို အော်ခေါ်ရန် ကြိုးစားသည်။

သို့သော်လည်း အစိမ်းရောင် အမှတ်အသားသည် မည်သည့်တုံ့ပြန်မှုမှ မပေးခဲ့ပါ။ အားကိုးရာမဲ့စွာဖြင့်၊ ချင်ယွင်သည် စွန့်လွှတ်ရန်မှတပါး ရွေးချယ်စရာ မရှိပေ။

သို့သော်၊ ဤဘိုးဘေးနတ်ဘုရားမ ချင်းယောင်၏ သာမာန် လုပ်ရပ်များသည် မကောင်းသော အရာမဟုတ်ဟု သူ ယုံကြည်ထားသည်။ အကယ်၍, ဘိုးဘေးနတ်ဘုရားမ ချင်းယောင်သာ သူ့ကို သတ်ချင်သည်ဆိုလျှင်, သူ့ကို တိုက်ရိုက် တိုက်ခိုက်လိမ့်မည်။ ချင်ယွင်အနေဖြင့် ခုခံချင်လျှင်ပင်, သူ ခုခံနိုင်မှာ မဟုတ်ပါဘူး။

သူ့လက်မောင်းပေါ်ရှိ အစိမ်းရောင် အမှတ်အသားများကို ခဏလောက် လေ့လာပြီးနောက် ချင်ယွင်သည် သူ့စိတ်နှင့် ကနဦး စကြဝဠာထဲသို့ ဝင်ရောက်လာခဲ့သည်။

သူ၏ခန္ဓာကိုယ်သည် ကနဦးစကြဝဠာထဲသို့ မ၀င်ရောက်နိုင်သော်လည်း သူ၏စိတ်သည် ခန္ဓာကိုယ်အသစ်တစ်ခုကို ဖန်တီးနိုင်သည်။

ဘန်း…။

ချင်ယွင်၏ ရုပ်အသွင်သည် ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား တည်ရှိရာ သေမျိုး ဂြိုဟ်ကမ္ဘာပေါ်တွင် ပေါ်လာခဲ့သည်။

ထိုအချိန်တွင်၊ ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ဤသေမျိုးဂြိုလ်ကမ္ဘာပေါ်ရှိ တောင်ထွတ်တစ်ခုပေါ်တွင် စကြဝဠာလည်ပတ်မှုကို စောင့်ကြည့်နေပါသည်။ သူသည် တစ်ခုခုကို သူနားလည်ဆင်ခြင်နေသလိုပင်။ သူ့နောက်မှ ထွက်ပေါ်လာသည့် စွမ်းအင် အတက်အကျလှိုင်းတွေကို သူ ခံစားရသည်။ သူသည် လှည့်တောင် မကြည့်ခဲပါဘူး။ ယင်းအစား, သူက မြေပြင်ပေါ် တိုက်ရိုက် ဒူးထောက်ပြီး လေးစားစွာ ခေါ်လိုက်သည် "သခင်ကြီး”

သူ့သခင် ချင်ယွင်သာလျှင် ဤစကြဝဠာသို့ ရောက်ရှိလာနိုင်သည်ကို သူ သိသည်။

"အင်း၊ ထပါ။" ချင်ယွင်က ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားကို ပြောလိုက်သည်။

ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား ချင်ယွင်၏စကားကို ကြားသောအခါ၊ သူသည် ဖြည်းညှင်းစွာ ထရပ်ပြီး ချင်ယွင်ကို ကြည့်ကာ ပြောသည် "သခင်ကြီးက ကျွန်တော့် အတွက် ဘာများ အမိန့်ရှိတယ်ဆိုတာ သိနိုင်မလား။"

ချင်ယွင်က ပြုံးပြီး ပြောသည် "မင်းက ရုပ်ခန္ဓာကိုယ်တစ်ခုကို အမြဲတမ်း လိုချင်နေတာ မဟုတ်ဘူးလား။ အခု ငါ မင်းအတွက် အရမ်း အစွမ်းထက်တဲ့ အသွေးအသား ခန္ဓာကိုယ် တစ်ခု ရှာတွေ့ခဲ့တယ်။ ဒါပေမယ့် အဲဒါက လူသား ရုပ်ခန္ဓာကိုယ်တော့ မဟုတ်ဘူး။ မင်း လိုချင်မလိုချင် ငါ သိချင်တယ်”။

"ဟုတ်ကဲ့၊ ကျွန်တော် လိုချင်ပါတယ်" ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ကမန်းကတန်း စိတ်လှုပ်ရှားစွာ ပြောသည်.

သူသည် သူ၏ စိတ်ဝိညာဉ်အသွင်ဖြင့် မှင်သက်သွားခဲ့သည်။ သူသည် သွေးသား ခန္ဓာကိုယ် ကို လိုချင်နေသည်မှာ ကြာလှပြီ။ ၎င်းသည် လူသား ခန္ဓာကိုယ် ဖြစ်ခြင်း မဖြစ်ခြင်း မဆိုလိုပေ။ အကယ်၍, သေကမ္ဘာမှ ဝက်တစ်ကောင်ဖြစ်ပင်လျှင် ထိုသို့ပြုလုပ်ရန် ဆန္ဒရှိပါ သည်။

ထိုစကားကို ကြားတော့ ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး၊ သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။ အမှောင်ညမန်တီ ဧကရာဇ်၏ ရုပ်အလောင်းသည် ချင်ယွင်၏ရှေ့တွင် ပေါ်လာခဲ့သည်။

"အမှောင်ညမန်တီလား? ဒါမှမဟုတ် အမှောင်ညမန်တီ ဧကရာဇ်?" ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် အံ့အားသင့်သော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပြီး၊ သူ၏ မျက်လုံးများသည် တောက်ပစွာ လင်းလက်သွားခဲ့သည်။

"ဘယ်လိုလဲ။ ဒီခန္ဓာကိုယ်ကို ကျေနပ်ရဲ့လား" ချင်ယွင်က ပြုံးပြုံးလေး မေးသည်။

"ကျေနပ်ပါတယ်, အရမ်းကို ကျေနပ်ပါတယ်။ အမှောင်ညမန်တီ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်က သာမန် နတ်ဘုရားသားရဲရဲ့ ခန္ဓာကိုယ်ထက်တောင် အဖိုးတန်ပါတယ်။ နတ်ဘုရားနဂါး ဒါမှမဟုတ် နတ်ဘုရားဖီးနစ်နဲ့တောင် နှိုင်းယှဉ်လို့ ရတယ်။ ဒီလိုခန္ဓာကိုယ်မျိုးကိုမှ မကျေနပ်ဘူးဆိုရင်, ငါ့ကို ကျေနပ်စေတဲ့ ခန္ဓာကိုယ် ရှိမှာမဟုတ်တော့ဘူး။ ကြက်သွေး ရောင် မြေကမ္ဘာနတ်ဘုရားက စိတ်လှုပ်ရှားစွာ ပြောသည်။ သူပြောပြီးသည်နှင့်၊ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ချင်ယွင်က သူ့စကားကို ပြန်ရုတ်သိမ်းမည်ကို ကြောက်နေသည့်အလား အမှောင်ညမန်တီဧကရာဇ်၏ အမြုတေဆီသို့ ပြေးသွားလိုက် သည်။

ထိုမြင်ကွင်းကို ချင်ယွင် မြင်သောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ပီပြင်လာခဲ့ သည်။

ဘန်း…။

အမှောင်ညမန်တီ ဧကရာဇ်သည် သေဆုံးပြီးကတည်းက ကြက်သွေးရောင်မြေကမ္ဘာ နတ်ဘုရား၏ နတ်ဘုရားစိတ်ဝိညာဉ်သည် အမှောင်ညမန်တီ ဧကရာဇ်၏ခန္ဓာကိုယ်ကို အတားအဆီးမရှိဘဲ သိမ်းပိုက်နိုင်ခဲ့သည်။

ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် အမှောင်ညမန်တီ ဧကရာဇ်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်သည်။ သူ ပထမဆုံးလုပ်သည့်အရာက, သူသည် ပျက်စီးနေသည့် ခန္ဓာကိုယ်ကို ပြုပြင်ခြင်း ဖြစ်သည်။ သူ၏ နတ်ဘုရားတန်ခိုးများ ပျံ့နှံ့သွားသည်နှင့်အမျှ ချင်ယွင်ကြောင့် စုတ်ပြတ်နေသော အမှောင်ညမန်တီ ဧကရာဇ်၏ လက်နှစ်ဖက်သည် ပြန်လည် ကြီးထွားလာခဲ့သည်။

"ဝှီး...၊ ဝှီး...”

ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် သူ၏ ရုပ်ခန္ဓာကိုယ် ပြန်လည်ရရှိသည်နှင့် တပြိုင်နက်၊ သူ၏ ရုပ်ခန္ဓာကိုယ်ကို အသုံးပြုကြည့်ရန် မစောင့်နိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားတစ်ချက်က အဝေးမှ တောင်ထိပ်ကို ထက်ဝက်ကနေ ဖြတ်တောက်ပစ်လိုက်သည်။

"ဟား…၊ ဟား..၊ ဘယ်လောက်တောင် သန်မာလိုက်တဲ့ ရုပ်ခန္ဓာကိုယ်လဲ။ ဒီခန္ဓာကိုယ်နဲ့ဆို ငါက ကောင်းကင်နတ်ဘုရားအောက်မှာ ပြိုင်ဘက်ကင်း တည်ရှိမူဖြစ်မှာ သေချာသွားပြီ။" ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ရယ်မောသံသည် ကမ္ဘာမြေအနှံ့ ပဲ့တင်ထပ်သွားသည်။

ဝှီး….။

ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ချင်ယွင်အနားတွင် ပေါ်လာပြီး "ကျေးဇူးပါပဲ သခင်ကြီး, ကျွန်တော့်ကို ဒီသွေးသားရုပ်ခန္ဓာကိုယ်နဲ့အတူ ကြင်နာမှု ပေးတဲ့အတွက်" သူက ဒူးတစ်ဖက်ကို တိုက်ရိုက် ထောက်ကာ ပြောလိုက်သည်။

ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်ပြကာ "ထပါ၊ ငါ့အတွက် မင်း နောင်အနာဂတ်မှာ တိုက်ပွဲဝင်ဖို့ လိုအပ်တယ်"။

"ကောင်းပါပြီ။ သခင်ကြီးကို ရန်စရဲသူမှန်သမျှ ငါကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက သူတို့ အရိုးအားလုံးကို ရိုက်ချိုးပြီး အသေသတ်ပစ်မယ်" ကြက်သွေးရောင် မြေကမ္ဘာ နတ်ဘုရားက စိတ်လှုပ်ရှားစွာ ပြောသည်။ သူ့မျက်လုံးများသည် သွေးဆာခြင်းများဖြင့် ပြည့်နေခဲ့သည်။

သူသည် တိုက်ပွဲကို တောင့်တနေသည်မှာ ကြာမြင့်လှပြီ။ ယခု ချင်ယွင်၏ စကားကို ကြားလိုက်ရတော့ သူသည် သဘာဝအတိုင်း အလွန်ပင် စိတ်လှုပ်ရှားနေလေသည်။

"ကောင်းပြီ၊ ဒီမှာနေပြီးတော့ မင်းရဲ့ရုပ်ခန္ဓာကိုယ်နဲ့ ရင်းနှီးအောင် လုပ်လိုက်ပါဦး။ ငါ မင်းကို ခဏကြာ လွှတ်ပေးမယ်။ မင်းကို စိတ်ကျေနပ်အောင် သတ်ဖြတ်လို့ရတယ်" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

ကြက်သွေးရောင်မြေကမ္ဘာနတ်ဘုရားသည် အကြိမ်ကြိမ် ခေါင်းညိတ်သည်။

ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ့စိတ်အာရုံထဲတွင် မထင်မရှား ပုံရိပ်က ကနဦး စကြာဝဠာထဲမှ ပျောက်ကွယ်သွားသည်။ ကျိုးဟုန်ရွှဲ့သည် အသစ်အဆန်း လှုပ်ရှားမူတစ်ခု ပြုလုပ်ခဲ့သည်ဟု သူ ခံစားမိသောကြောင့် သူ၏စိတ်သည် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ကြည့်ရတာ, အမွေဆက်ခံမူ ပြီးလုနီးပါး ဖြစ်နေပုံရသည်။

All Chapters