အခန်း ၁၄၀၈
Vol. 94 Ch. 1408
အခန်း (၁၄၀၈) အလွန်မကျေမနပ်ဖြစ်ခြင်း။
ချင်ယွင်၏ စိတ်သည် သူ့မူလခန္ဓာကိုယ်သို့ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ့ဘေးနားရှိ ကျိုးဟုန်ရွှဲ့သည် နိုးထနေပြီဖြစ်သည်ကို သူ တွေ့ရှိခဲ့သည်။
ကျိုးဟုန်ရွှဲ့၏ အစိမ်းရောင် အလင်းတန်းများ ပျောက်ကွယ်သွားပြီး၊ ယခင် အမွေဆက်ခံမူမှ သူမအတွက် အကျိုးတစ်စုံတစ်ရာ မရရှိခဲ့သည့်အလား သူမ၏ ကျင့်ကြံမှုအခြေခံသည် လုံးဝ မပြောင်းလဲခဲ့ပေ။
သို့သော်၊ ကျိုးဟုန်ရွှဲ့၏ အကြည့်များသည် ပို၍ပင် လေးနက်လာသည်နှင့် သူမခန္ဓာကိုယ် ပေါ်တွင် မထင်မရှား အစိမ်းရောင် အေးစက်မှုအလင်းများ ရှိနေသည်ကို ချင်ယွင်က တွေ့ရှိခဲ့သေးသည်။ ဤအရာသည် ပြင်ပမှ ပေါက်ဖွားလာခြင်း မဟုတ်ဘဲ အတွင်းပိုင်းမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။
"စစ်မှန်တဲ့ အနှစ်သာရကို အမွေဆက်ခံရတာ ဘယ်လို ခံစားရလဲ။" ချင်ယွင် ပြုံးပြီး ကျိုးဟုန်ရွှဲ့ကို မေးလိုက်သည်။
"ဘိုးဘေးနတ်ဘုရားမ ချင်းယောင် ချန်ထားရစ်တဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်က တကယ့်ကို တုနှိုင်းမရအောင် လေးနက်လွန်းတယ်။ စိမ်းပြာနှင်းရေခဲရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ကျွန်မ အမွေရခဲ့ပေမယ့် စိမ်းပြာနှင်းရေခဲရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ကျွန်မ နားမလည် နိုင်သေးဘူး။" ကျိုးဟုန်ရွှဲ့ ခေါင်းခါလိုက်သည်။
ယခုဆိုလျှင် သူမသည် ကြီးမားသော ရွှေတောင်ကြီးကို ပွေ့ဖက်ထားသလိုပင်။ သို့သော် သူမသည် ရွှေတောင်ပေါ်မှ ရွှေတစ်စကိုပင် မဖြိုချနိုင်ခဲ့ပေ။
"ကောင်းပါတယ်၊ မင်းရဲ့ လက်ရှိ ကျင့်ကြံမှုက အားနည်းနေသေးတယ်။ မင်းရဲ့ ကျင့်ကြံမှုက အနာဂတ်မှာ ကောင်းကင်နတ်ဘုရား နယ်ပယ်ကို ဖြတ်ကျော်သွားတဲ့အခါ မင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို အနှေးနဲ့အမြန် နားလည်လာလိမ့်မယ်။ ဒါကြောင့်, မင်း အခု လုပ်ရမယ့် အရေးကြီးဆုံးအရာ၊ မင်းရဲ့ ကျင့်ကြံမူကို တိုးမြင့်အောင်လုပ်ဖို့ပဲ။" ချင်ယွင်က ပြုံးပြီး နှစ်သိမ့်လိုက်သည်။
ကျိုးဟုန်ရွှဲ့က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ သူမသည် ချင်ယွင်ကို လုံးဝ လေးစားနေပြီ ဖြစ်သည်။ ချင်ယွင်သည် သူမထက် များစွာငယ်သော်လည်း၊ သူမသည် သူ့ကို ဦးလေးအဖြစ် သူမနှလုံးသားအောက်ခြေမှ အသိအမှတ် ပြုပြီးသွားပြီ။ ဒီဆက်ဆံရေးကြောင့်သာ မဟုတ်ပါက, သူမသည် သူမရှေ့မှ ဤလူကို သေချာပေါက် ချစ်မိသွားလိမ့်မည်ဟု ခံစားမိသည်။
"ကျေးဇူးတင်ပါတယ် ဦးလေး!" ကျိုးဟုန်ရွှဲ့က ချင်ယွင်အား အလွန်လေးနက်သော အမူအရာဖြင့် ပြောခဲ့ပြီး သူမ၏ မျက်လုံးများသည် ကျေးဇူးတင်စကားများဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်က ဘာမှ မထူးခြားသလို ပြုံးပြီး "သွားကြစို့၊ ငါတို့ အပြင်ထွက်ရမယ့် အချိန်ရောက်ပြီ" လို့ ပြောလိုက်သည်။
ကျိုးဟုန်ရွှဲ့က ခေါင်းညိတ်လိုက်သည်။ အတွေးတစ်ချက်ဖြင့် သူတို့နှစ်ဦး ရှေ့တွင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ပေါ်လာသည်။
သူတို့သည် စမ်းသပ်မူမျှော်စင်၏ စမ်းသပ်မှုများကို ပြီးမြောက်ပြီး ဖြစ်သောကြောင့် သူတို့သည် စမ်းသပ်မူမျှော်စင်မှ ထွက်ခွာရန် သဘာဝအတိုင်း အရည်အချင်း ရှိသွားခဲ့ပြီ။
ချင်ယွင်သည် သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်ဖြင့် လေဟာနယ် ဝဲဂယက်ကို ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူသည် ဘိုးဘေးနတ်ဘုရားမ ချင်းယောင်၏ စစ်မှန်သော ရည်ရွယ်ချက် အမွေနှစ်ကို စွန့်လွှတ်လိုက်သော်လည်း စမ်းသပ်မူမျှော်စင်တွင် သူ၏ ကျင့်ကြံမှုသည် ကြီးစွာသော ရိတ်သိမ်းမူများကို ပေးနေဆဲဖြစ်သည်။ လျှိဘို ရိတ်သိမ်းသွားသော အမှောင်ညမန်တီများအပြင် လျှိုဘို၏စကားအရဆို, သူသည် ချင်ယွင်အတွက် အမှောင်ည မန်တီ တပ်ဖွဲ့ကို ပြုစုပျိုးထောင်ပေးမည် ဖြစ်သည်။
ဘန်း..။
ထိုနောက်မှာတော့ ကျိုးဟုန်ရွှဲ့နှင့် ချင်ယွင်တို့သည် လေဟာနယ် ဝဲဂယက်ထဲကို ဝင်ပြီး စင်မြင့်ပေါ်မှာ ပြန်ပေါ်လာခဲ့ပါသည်။
"ချင်ယွင်!"
သို့သော် ချင်ယွင်၏ ရုပ်အသွင်သည် ရင်ပြင်ပေါ်တွင် ပေါ်လာစဉ်မှာ, လှပသော ပုံရိပ်တစ်ခု သည် သူ့ရင်ခွင်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် သူ့ရင်ခွင်ထဲသို့ ဝင်ရောက်လာသောအခါ ချင်ယွင် မှင်သက် အံ့ဩသွားခဲ့သည်။ သို့သော် ချင်ယွင်သည် သူ့ရင်ခွင်ထဲတွင် ဝင်ရောက်လာသည့် သိမ်မွေ့သော ခန္ဓာကိုယ်၏ ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရသောအခါ, သူ့မျက်နှာတွင် ရွှင်လန်းသော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် သူ့လက်များကို ဆန့်တန်းကာ ကျိုးလင်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။ သူသည် ကျိုးလင်၏ ခန္ဓာကိုယ်မှ ထွက်လာသော ရနံ့ကို ရှူရှိုက်လိုက်ရာ သူ့နှလုံးမှာ မငြိမ်မသက် ဖြစ်နေသည်။
ကျိုးလင်၏ ဘေးတဖက်သို့ တွန့်ပို့ခြင်းခံလိုက်ရသော ကျိုးယွမ်သည် အံသြသွားပြီး သူ့အမူအရာမှာ မှင်သေသေ ဖြစ်နေခဲ့သည်။
နေသာဧကရာဇ်နှင့် လိပ်နက်တို့သည် အကြည့်ချင်း ဖလှယ်ကာ ခါးသီးသော အပြုံးများကို ကိုယ်စီ ထုတ်ဖော်ကြသည်။
ကျိုးလင်၏ စိတ်နေစိတ်ထား၊ ရုပ်ရည်အသွင်အပြင်နှင့် ခွန်အား အားလုံးတို့သည် ထိပ်တန်း ဖြစ်တည်မှုများ ဖြစ်သည်။ ယခင်က သူတို့သည် ဤအမျိုးသမီး၏ ခွန်အားကို အဝေးမှပင် ဆွေးနွေးနေခဲ့ကြသော်လည်း, ယခုအခါ, သူမသည် ချင်ယွင်၏မိန်းမ ဖြစ်နေမည်ဟု မမျှော်လင့်ခဲ့ကြပေ။ သူတို့၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ချက်ချင်း ပျောက်ကွယ်သွားခဲ့ သည်။
"ဖေဖေ၊ အဖေ ဒီမှာလား။" ကျိုးဟုန်ရွှဲ့သည် ကျိုးယွမ်ကိုမြင်သောအခါ ချက်ချင်း ပြုံးပြကာ ပြေးသွားခဲ့သည်။
"နင်, နောက်တစ်ခါ ငါ့ကို သတိမပေးပဲ ဒီလိုအန္တရာယ်များတဲ့ နေရာကို ထွက်ပြေးသွားရင် ငါ သေချာပေါက် နင့်ကို ချမ်းသားမပေးဘူး။ ဒီပျောက်ကွယ်နေသော နတ်ဘုရားကျွန်းက ဘယ်လောက် အန္တရာယ်ကြီးလဲ နင် သိရဲ့လား" ကျိုးယွမ်က သူမကို အပြစ်မတင်ဘဲ မနေနိုင်ခဲ့ပေ။
ကျိုးဟုန်ရွှဲ့က တခစ်ခစ်ရယ်ပြီး ကျိုးယွမ်၏ လက်ကို ဆွဲလိုက်သည်။ "ကြည့်ပါဦး သမီး အဆင်ပြေနေတယ်လေ။ အပြင်မှာ ဦးလေးလည်း ရှိသေးတယ်"
ကျိုးဟုန်ရွှဲ့သည် အပြင်လူများရှေ့တွင် အေးစက်ပုံပေါက်နေသော်လည်း၊ အထူးသဖြင့် သူမ၏မိသားစုရှေ့တွင် သူမသည် တက်ကြွပြီး ချစ်ဖို့ကောင်းနေသေးသည်။
"ဦးလေးလား?" ကျိုးယွမ်က ထပ်ခါတလဲလဲ ရေရွတ်သည်။ ချင်ယွင်နှင့် ကျိုးလင်တို့သည် အဝေးမှ ပွေ့ဖက်နေကြဆဲ ဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူသည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိသည်။
ကျိုးယွမ်သည် သူ့ညီမအတွက် အမြဲတမ်း အပြစ်ရှိသလို ခံစားခဲ့ရသည်။ ထိုအချိန်တုန်းက ကျိုးလင်သည် သူ့မိဘတွေအတွက် လက်စားချေနိုင်ရန် အများကြီး ခံစားခဲ့ရပါသည်။ နောက်ဆုံးတွင် သူမသည် ပြန်လည်ဝင်စားရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။ သူမသည် နှစ်သန်းပေါင်းများစွာ အိပ်စက်နေခဲ့ရသည်။ ထို့ကြောင့် ကျိုးလင် ပြန်လာပြီးနောက်၊ ကျိုးယွမ်သည် သူ့ညီမကို နောက်ထပ် ဘယ်တော့မှ နာကျင်ခံစားခွင့် မပြုတော့ဟု ကျိန်ဆိုခဲ့သည်။
အခု သူ့ညီမလေးသည် ယောက်ျားတစ်ယောက်နှင့် တွေ့နေခဲ့ပြီး၊ သူ့ကိုပင် လုံးဝ သတိမထားမိဘဲ ဖြစ်နေသည်။ သူသည် သူ့နှလုံးသားထဲတွင် လက်ခံရန် ငြင်းဆန်လိုသည့် အရိပ်အယောင်ကို သဘာဝအတိုင်း ခံစားလိုက်ရပါသည်။
"သူက ဘယ်သူလဲ၊ သူက နင့်အဒေါ်နဲ့ ဘယ်လိုလုပ် သိနေတာလဲ" ကျိုးယွမ်သည် ကျိုးဟုန်ရွှဲ့ကို လေးနက်စွာ ကြည့်ကာ မေးလိုက်သည်။
ကျိုးဟုန်ရွှဲ့က သူ့အဖေ အရမ်းစိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရတော့ ပြုံးလိုက်သည်။ သူမက ပြောသည် "သူ့နာမည်က ချင်ယွင်ပါ။ သူက အဒေါ်နဲ့ အင်မော်တယ်ကမ္ဘာမှာ တွေ့ကြတယ်လို့ ပြောလို့ရတယ်။ သူက နောက်ဆုံးအကြိမ် အဒေါ်ကို ကောင်းကင်ဘုံထွဋ် မြို့တော်, တင်းချန်ရဲ့ လိုက်ခံဖမ်းဆီးမူ ခံခဲ့ရတုန်းက ကယ်တင်ခဲ့တဲ့လူလည်း ဖြစ်တယ်။ ပြီးတော့ သမီးကို ကယ်တင်ခဲ့တဲ့ ဦးလေးလည်း ဖြစ်တယ်။ သူတို့နှစ်ယောက်က ခံစားချက် အမှန်တွေကို နားလည်နိုင်ဖို့ ဒုက္ခအများကြီး ရင်ဆိုင်ခဲ့ရတာ”။
ကျိုးယွမ်သည် ထိုစကားကိုကြားသော အခါတွင် သူ့မျက်နှာတွင် မည်သည့် ခံစားချက် အမူအရာမျှ မဖော်ပြပေ။ “ဒါဆို နင် သူ့ကို ဘယ်လိုသိတာလဲ” ဟု သူက ထပ်မေးသည်။
“သမီး ဦးလေးနဲ့တွေ့တဲ့အကြောင်းက အတော်လေး ရှည်တယ်” ခဏလောက်နဲ့ ရှင်းပြလို့ မရဘူး။ ဒါပေမယ့်, ဒီတစ်ကြိမ် သမီးတို့က ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းမှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ကြတာ။ ဦးလေးက သမီးရဲ့အသက်ကို အကြိမ်အနည်းငယ် ကယ်တင်ခဲ့ပြီး၊ ဒီသေကြောင်းကြံစည်၍စမ်းသပ်မူကို ပြီးမြောက်အောင် ကူညီပေးခဲ့တယ်။ နောက်ဆုံးမှာ, သူက ဘိုးဘွားနတ်ဘုရားမရဲ့ စစ်မှန်သော အဓိပ္ပာယ်ကိုတောင် စွန့်လွှတ်ပြီး သမီးကို ပေးခဲ့တယ်။ အဖေ သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲရင်, သမီး သူ့ဘက်က သေချာပေါက် ရပ်တည်မှာနော်" ကျိုးဟုန်ရွှဲ့က ရွှတ်နောက်နောက် ပြောလိုက်သည်။
"ဘိုးဘေးနတ်ဘုရားမရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်လား?။ သူက နင့်ကို ဘိုးဘေးနတ်ဘုရားမရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ကိုတောင် ပေးခဲ့တာလား။" ကျိုးယွမ်က မထိန်းနိုင်ဘဲ အံ့သြစွာ မေးလိုက်သည်။
"ဟုတ်တယ်။ ဉီးလေးက သမီးကို ဘိုးဘေးနတ်ဘုရားမရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ကို ပေးရုံတင်မကဘူး၊ သူက ထိပ်တန်းအဆင့် နတ်ဘုရားဓား တစ်လက်ကိုလည်း ပေးသေး တယ်။” ကျိုးဟုန်ရွှဲ့က ဂုဏ်ယူစွာ ပြောလိုက်သည်။
ကျိုးယွမ်ဟာ အနှိုင်းမဲ့ အထိတ်တလန့် ဖြစ်သွားခဲ့ပါသည်။ ချင်ယွင်သည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်မှာ ရှိနေသည်ကို မြင်လိုက်ရချိန်မှာ၊ သူ၏ ပထမဆုံး တုံ့ပြန်မှုက သူ့ကို ငြင်းပယ်ရန်ဖြစ်သည်။ သို့သော် ကျိုးဟုန်ရွှဲ့၏ စကားကိုကြားလိုက်ရတော့ သူသည် ချင်ယွင်၏အကြောင်းကို သိချင်လာခဲ့သည်။
“ကြည့်ရတာ, ငါ့ယောက်ဖက သာမန်ထက် ထူးခြားပုံရတယ်။ ဒါပေမယ့် မင်း ငါ့ညီမနဲ့ အတူနေချင်တယ်ဆိုရင် ငါ့ကို ကျော်ဖြတ်ရလိမ့်မယ်။" ကျိုးယွမ်သည် ချင်ယွင်ရှိရာဆီသို့ ကြည့်ပြီး သူ့ကိုယ်သူ တွေးလိုက်သည်။
ထို့နောက်, ကျိုးယွမ်သည် ချင်ယွင်နှင့် ကျိုးလင်တို့ ဦးတည်ရာဆီကို လျှောက်သွားခဲ့သည်။ ထိုမှသာ, ချင်ယွင်နှင့် ကျိုးလင်တို့သည် တစ်ယောက်နှင့်တစ်ယောက် မခွဲချင်သေးဘဲ ခွဲခွာလိုက်ရသည်။
"အစ်ကို၊ မိတ်ဆက်ပေးပါရစေ။ ဒါက ညီမခင်ပွန်း ချင်ယွင်ပါ။" ကျိုးလင်က ပြုံးပြီး ကျိုးယွမ်ကို ပြောလိုက်ပါသည်။
ကျိုးလင်၏ စကားကိုကြားတော့ ကျိုးယွမ်က အနည်းငယ် ခေါင်းညိတ်ပြပြီး ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည် " ချင်ယွင်၊ မင်းက ငါ့ယောက်ဖ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ငါ့လက်ထဲက လှံကို အရင်ဆုံး မေးကြည့်ရမယ်။ ငါ့နှမကို အရည်အချင်းမရှိတဲ့လူကို ငါ မပေးနိုင်ဘူး။ မင်း ငါ့ကိုအနိုင်ယူနိုင်တာနဲ့ ငါ မင်းတို့ကို အတူတူနေခွင့် ပေးမယ်။”
“အစ်ကို၊ အစ်ကို တိုက်ခိုက်ချင်တယ်ဆိုရင် ညီမ အစ်ကိုနဲ့ တိုက်မယ်။ ချင်ယွင်က အခုမှ အသက်တစ်ရာပဲ ရှိသေးတယ်" ကျိုးယွမ်၏စကားကို ကြားတော့ ကျိုးလင်သည် ဒေါသတကြီးဖြစ်ကာ ချက်ချင်းဆိုသလို ကျိုးယွမ်ကို စိုက်ကြည့်လိုက်သည်။ ကျိုးယွမ်၏ လုပ်ရပ်ကို အရမ်းမကျေနပ်ဖြစ်နေသည်မှာ သိသာထင်ရှားပါသည်။
သို့သော်, သူမ စကားမဆုံးခင်မှာ ချင်ယွင်က သူမလက်ကို ညင်သာစွာ ဆုပ်ထားပြီး သူမစကားကို ကြားဖြတ်ပြောလိုက်သည်။
ထို့နောက် သူမသည် ချင်ယွင်က ပြုံးနေပြီး ကျိုးယွမ်ကို ပြောလိုက်သည်ကို မြင်လိုက်ရ သည် “ယောက်ဖက ငါ့ခွန်အားကို စမ်းကြည့်ချင်နေမှတော့ ငါကလည်း ယောက်ဖနဲ့အတူ နှစ်ကွက်လောက် လိုက်ပါ အဖော်ပြုပေးပါ့မယ်”။
ချင်ယွင်၏ စကားကိုကြားတော့ ချင်ယွင်ကိုကြည့်နေသည့် ကျိုးယွမ်၏ အကြည့်များတွင် ချီးမွမ်းသည့်အမူအရာ ဖြစ်ပေါ်လာသည်။ သူက သူရဲကောင်းဆန်ဆန် ပြောလိုက်သည် “ကောင်းပြီလေ၊ မင်းက နည်းနည်းတော့ ယောကျာ်းဆန်တယ်လို့ ယူဆလို့ရတယ်။ မင်း ခွန်အားက ဒီထက် ပိုကြမ်းသလားဆိုတာ ငါ မြင်ချင်မိတယ်။"
ချင်ယွင်က မထင်မရှား ပြုံးပြီး ပြောသည် "ငါ့ခွန်အားက ဘယ်လောက် သန်မာလဲဆိုတာ ယောက်ဖကို မြင်တွေ့ခွင့် ပြုပါ့မယ်”။