အခန်း ၁၄၀၉
Vol. 94 Ch. 1409
အခန်း (၁၄၀၉) ကျိုးယွမ်နှင့် တိုက်ခိုက်ခြင်း။
ချင်ယွင်သည် ကျိုးယွမ်နှင့် ယှဉ်ပြိုင်ရန် အမှန်တကယ် သဘောတူခဲ့သည်ကို တွေ့မြင်ရ လျှင်, ကျိုးလင်က အလောတကြီး ပြောသည် “ယောင်္ကျား...၊ အစ်ကို...”
သူမအမြင်အရဆို, ချင်ယွင်သည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားတစ်ပါး၏ အစွမ်းရှိလျှင် ပင်, သူမအစ်ကိုဖြစ်သူ ကျိုးယွမ်သည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။ အကယ်၍, သူ အမှန်တကယ် လှုပ်ရှားချင်သည်ဆိုလျှင်, သူ့အသက်က အန္တရာယ် မဖြစ်နိုင်သော်လည်း သေချာပေါက် ကြီးကြီးမားမား ခံစားရလိမ့်မည်။
သို့သော် သူမ၏စကားတစ်ဝက်တွင် ကျိုးဟုန်ရွှဲ့က သူမကို တားဆီးလိုက်သည်။
"အဒေါ်, စိတ်မပူပါနဲ့၊ ဦးလေးက အဖေ့ကို သေချာပေါက် ရှုံးနိမ့်မှာ မဟုတ်ဘူး။ စိတ်မပူပါနဲ့" ကျိုးဟုန်ရွှဲ့က ကျိုးလင်ကို တိုးတိုး ပြောသည်။
"တကယ်လား?" ကျိုးလင်သည် ကျိုးဟုန်ရွှဲ့၏ စကားကို ကြားသောအခါ သံသယစိတ်ဖြင့် မေးလိုက်သည်။
ကျိုးဟုန်ရွှဲ့က ကျိုးလင်ကို ကြည့်ပြီး ပြဿနာမရှိဟု သူမကို အာမခံလိုက်သည်။ ထိုမှသာ ကျိုးလင်လည်း စိတ်သက်သာရာရသွားပါသည်။
သူမနှင့် ချင်ယွင် လမ်းခွဲခဲ့သည်မှာ တစ်နှစ်ခန့်သာ ရှိသေးသည်။ ချင်ယွင်သည် ကြီးကြီး မားမား တိုးတက်မှုရှိလာသော်လည်း၊ သူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ နှောင်းပိုင်း အဆင့်တွင်သာ ရှိနေသည်ဟု သူမ ခံစားခဲ့ရသည်။ မြေကမ္ဘာနတ်ဘုရားအဆင့်၏ အထွတ်အထိပ်မှာရှိနေသော ကျိုးယွမ်ကို အနိုင်ရဖို့ အခွင့်အလမ်း လုံးဝ မရှိပါဘူး။ သို့သော် ကျိုးဟုန်ရွှဲ့သည် ချင်ယွင်အတွက် အာမခံချက်ပေးခဲ့ပြီး၊ ယင်းက ကျိုးလင်ကို အလွန် ဝေခွဲမရ ဖြစ်စေခဲ့သည်။
"ဖြစ်နိုင်တာက, ချင်ယွင်က မြေကမ္ဘာနတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်ကို တကယ်ပဲ ရောက်နေတာများလား?။ ကျိုးလင်က သူမကိုယ်သူမ ရေရွတ်လိုက်သည်။ တခဏတွင်းမှာ သူမသည် ချင်ယွင်နှင့် ကျိုးယွမ်တို့၏ တိုက်ပွဲအကြောင်းကို သိချင်လာခဲ့သည်။
လူတိုင်းသည် ဤတိုက်ပွဲကို သူတို့၏စိတ်နှလုံးထဲတွင် စောင့်မျှော်လျက် ဘေးတဘက်သို့ ဆုတ်သွားကြသည်။
လင်းချင်ရှန်းလည်း ထိုမြင်ကွင်းကို လှမ်းကြည့်လိုက်တယ်။ သူသည် ကျိုးယွမ်၏ ကိုယ်ရေးအချက်လက်ကို သဘာဝအတိုင်း သိသည်။ တစ်ချိန်တည်းမှာပင် ကျိုးယွမ်၏ စွမ်းအားသည် လင်းထန်ဘထက် အားမနည်းကြောင်းကိုလည်း သူ သိသည်။ ထို့ကြောင့် ချင်ယွင်သည် ကျိုးယွမ်နှင့် တိုက်ခိုက်လိုသည်ကို မြင်သောအခါ သူ၏ ပထမဆုံး တုံ့ပြန်မှု သည် ချင်ယွင်သည် ကျိုးယွမ်အတွက် လုံးဝ ပြိုင်ဘက်မဟုတ်နိုင်ပေ။
ဟုတ်ပါသည်၊ သူသည် အရင်က ချင်ယွင်၏ ထူးဆန်းသော အပြုအမူများကို မျက်မြင် ကိုယ်တွေ့ မြင်ခဲ့ဖူးပါသည်။ သာမန် လူတစ်ယောက်၏ မျက်လုံးအမြင်ဖြင့်, ဒီလူကို သေချာပေါက် မမြင်နိုင်ဘူးဆိုတာ သူ သိထားသည်။ ထို့ကြောင့် ထိုတိုက်ပွဲ၏ နောက်ဆုံးရလာဒ်က မည်သို့ဖြစ်လာမည်ကို သူ အရမ်းသိချင်နေခဲ့သည်။
လူတိုင်း လူစုခွဲလိုက်ကြပြီး စစ်မြေပြင်အတွက် နေရာအမြောက်အမြား ချန်ထားလိုက် သည်။ ထို့ကြောင့် ကျိုးယွမ်နှင့် ချင်ယွင်တို့သာ ရင်ပြင်အလယ်တွင် ကျန်ခဲ့သည်။
ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးသည် တစ်ဖက်နှင့်တစ်ဖက် မတ်တပ်ရပ်ကာ မျက်လုံးချင်း အကြည့်ချင်း အကဲခတ်နေပြီး၊ သူတို့မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"ငါ အရမ်းသိချင်မိတယ်။ မင်းရဲ့ ကျင့်ကြံမှုက အစောပိုင်း ကြယ်နတ်ဘုရားအဆင့်မှာပဲ ရှိသေးတယ်။ မင်း ငါ့ကို ဘယ်လိုလုပ် တိုက်ခိုက်ရဲတာလဲ။" ကျိုးယွမ်သည် ချင်ယွင်ကို ကြည့်ကာ သံသယ မျက်လုံးများဖြင့် ပြောလိုက်သည်။
"တကယ်တော့ ငါက ချီသန့်စင့်ခြင်း ကျင့်ကြံသူ တစ်ယောက်ဖြစ်သလို, ငါ့မှာ ဖင်းဂေါ့ဂ် ခန္ဓာကိုယ် သန့်စင်မူကိုလည်း ကျင့်ကြံထားသေးတယ်။ ငါ့ရဲ့ ဖင်းဂေါ့ဂ် ခန္ဓာကိုယ် သန့်စင်မှု က ကြယ်နတ်ဆိုးနတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
ကျိုးယွမ်သည် သူ့အပေါ် ရန်ရန်စိတ်မရှိဟု သူ ခံစားနိုင်ပါသည်။ သူ့ကို စိန်ခေါ်ရသည့် အကြောင်းရင်းက စုံစမ်းစစ်ဆေးဖို့ သက်သက်ဖြစ်ပါသည်။ နောက်ဆုံးတွင်၊ သူသည် ဝိညာဉ်နတ်ဘုရားမ၏ အစ်ကိုဖြစ်သည်။ ချင်ယွင်သည် နောင်တွင် သူနှင့် မကြာခဏ ဆက်ဆံရဦးမည်ဖြစ်သောကြောင့် ကျိုးယွမ်ကို မည်သည့်အရာကိုမျှ ဖုံးကွယ်မထားချေ။
ကျိုးယွမ်သည် ချင်ယွင်၏ စကားကို ကြားပြီး၊ သူက ပြုံးကာ ဆက်ပြောသည်" အထွတ်အထိပ် ကြယ်နတ်ဆိုးနတ်ဘုရားရဲ့ ခွန်အားက မလုံလောက်ဘူးထင်တယ်။ မင်းက အရမ်းသန်မာတယ်လို့ ရွှဲ့အာက ပြောခဲ့တယ်။ ဒါကြောင့် ငါ အရမ်း သိချင်မိတယ်။ ဒီလိုနယ်ပယ်မျိုးနဲ့ မင်း ဘယ်လောက် သန်မာနိုင်မလဲဆိုတာကိုပေါ့”။
"ယောက်ဖ, မင်း ကြိုးစားကြည့်ရင် သိပါလိမ့်မယ်။" ချင်ယွင်သည် သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ဆက်လက် တည်ရှိနေခဲ့သည်။
ကျိုးယွမ်၏ အမူအရာမှာ လေးနက်လာသည်။ သူက အေးစက်စွာ ပြောသည် "အခု မင်း ငါ့ကို ယောက်ဖခေါ်ဖို့က အရမ်းကို စောလွန်းပါသေးတယ်။ ငါ အရင်က ပြောခဲ့သလိုပဲ။ မင်းမှာ ငါ့အသိမှတ်ပြုမူကို ရရှိဖို့ ခွန်အားရှိရမယ်လို့။ မဟုတ်ရင် ငါ့ညီမကို မင်းနဲ့အတူ နေခွင့် မပြုနိုင်ဘူး။ ငါလည်း ငါ့ယောက်ဖ တစ်ယောက်တစ်ယောက် ဖြစ်လာမယ့်သူအပေါ် ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်”။
"ငါ နားလည်ပါတယ်" ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးပြီး ခေါင်းညိတ်သည်။
"မင်း စလိုက်ပါ။ မင်းရဲ့ ခွန်အားကို ငါ မြင်ပါရစေ။" ကျိုးယွမ်က ချင်ယွင်ကို ပြောသည်။ သူပြောပြီးသည်နှင့် လက်မဝက်လောက် အနည်းငယ် လှုပ်သွားသည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်၊
ချင်ယွင်၏ အကြည့်များသည်လည်း ပြင်းထန်လာပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော တိုက်ပွဲစိတ်ဆန္ဒတစ်ခု ထွက်လာခဲ့သည်။
ကျိုးယွမ်၏ ခွန်အားသည် အလွန်သန်မာသည်။ ယခုလေးတင် ကျိုးယွမ်ထံမှ ထုတ်လွှတ် သော အငွေအသက်မှတဆင့် သူသည် လင်းထန်ဘထက် အားကောင်းသည်ဟု ချင်ယွင်က ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
"ဦးလေး၊ ဦးလေး စိတ်တိုင်းကျ တိုက်ခိုက်ပါ။ ဘာကြင်နာမူမှ မပြနဲ့။ အဖေ့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်စမ်း” ကျိုးဟုန်ရွှဲ့က ချင်ယွင် အနိုင်ဟု သတ်မှတ်ထားသည့် အလား ကျယ်လောင်စွာ အော်လိုက်သည်။
ထိုစကားကို ကြားတော့ ကျိုးယွမ်သည် ချက်ချင်း စိတ်ဓာတ်ကျသွားသည်။ သူ့သမီးက အပြင်လူတွေကို အမှန်တကယ် ကူညီနေမည်ဟု သူ မမျှော်လင့်ထားပေ။ ယင်းက သူ၏စိတ်နှလုံးအတွင်းမှ တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်မှုကို လှုံ့ဆော်ပေးခဲ့သည်။
ချင်ယွင်သည် ပြုံးပြီး ကျိုးဟုန်ရွှဲ့ကို လေးစားသည့်အမူအရာဖြင့် အကြည့်တစ်ချက် ပေးလိုက်သည်။ ထိုနောက်, သူက အပြုံးနှင့် တုန့်ပြန်လိုက်သည်။
"ဘုန်း”
ဤအချိန်တွင် ကျိုးယွမ်သည် နောက်ဆုံးတွင် သူ၏ လှုပ်ရှားမှုကို စတင်ခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် သူ့ခန္ဓာကိုယ်မှ ကြားနိုင်ပြီး၊ ထို့နောက် သူ့တစ်ကိုယ်လုံးသည် ချက်ချင်း ပျံထွက်သွားခဲ့သည်။
ချင်ယွင်၏ အမူအရာသည်လည်း ချက်ချင်းပင် လေးနက်လာသည်။ သူ၏ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးနှင့် နတ်ဆိုးနတ်ဘုရားတန်ခိုးကို တစ်ပြိုင်နက် ထည့်သွင်းလိုက်သည်။
ချင်ယွင်သည် ချက်ချင်းပင် လက်သီးတစ်ချက် ထိုးထုတ်လိုက်ပြီး၊ သူ့လက်သီးက တောင်ကုန်းများနှင့် ပင်လယ်ပြင်များ ပေါက်ကွဲသွားကဲ့သို့ ကျိုးယွမ်၏လက်သီးနှင့် တိုက်ရိုက်ပင် အပြင်းအထန် ထိသွားခဲ့သည်။
"ဘုန်း…"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူတို့၏ လက်သီးများသည် အချင်းချင်း ထိမိသွား ကာ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးကြားက အပြင်းအထန် ထိပ်တိုက်တွေ့မှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် ရိုက်ခတ်မှုများ နှင့်အတူ ပတ်ဝန်းကျင်သည် တုန်လှုပ်ချောက်ချားနေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး လှိုင်းလုံးများသည် မုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားသည်။ ချင်ယွင်နှင့် ကျိုးယွမ်တို့ နှစ်ယောက်စလုံး နောက်ပြန် ဆုတ်သွားကြသည်။
ကျိုးယွမ်၏ မျက်လုံးများတွင် အံ့သြသည့် အမူအရာ ပေါ်လာသည်။ ထိုလက်သီးချက်တွင် သူ့ခွန်အား၏ ၇၀ ရာခိုင်နှုန်းကို အသုံးပြုထားပြီးသား ဖြစ်သော်လည်း, သူသည် နည်းနည်းလေးမှ အသာစီးမရဟု မမျှော်လင့်ထားပေ။ တခဏအတွင်းမှာ ချင်ယွင်အပေါ် သူ၏ အထင်သေးမူက တဖြည်းဖြည်း လျော့ပါးလာပါသည်။
ချင်ယွင်သည် ပြင်းထန်သော လေထုအောက်တွင် ဝင့်ကြွားစွာ ရပ်နေ၏။
ချင်ယွင်သည် သူ့ခွန်အားကို အပြည့်အ၀ အသုံးမပြုသည့်အပြင် လျှပ်စီးပြိုလဲခြင်း နတ်ဘုရားစွမ်းရည်ကိုလည်း အသုံးမပြုခဲ့ပေ။ ဤလက်သီးချက်သည် သူတို့နှစ်ဦးကြားရှိ ယှဉ်ပြိုင်မူကို စမ်းသပ်ရန် မလုံလောက်ပေ။
"နောက်တကြိမ်" ချင်ယွင်၏ခွန်အားက မပျော့ညံ့သည်ကို တွေ့လိုက်ရသဖြင့် ကျိုးယွမ် သည် ချက်ချင်းဆိုသလို သူ့လက်ကို လွှတ်ချလိုက်ပြီး အစွမ်းကုန်တိုက်ခိုက်ရန် ပြင်ဆင် လိုက်သည်။ သူက မာန်သွင်းပြီး ချင်ယွင်ဆီသို့ ထပ်ပြီး ပြေးဝင်သွားသည်။
"ကောင်းပြီ" ချင်ယွင်ကလည်း တူညီစွာဖြင့် သူရဲကောင်းဆန်ဆန် ပြောလိုက်ပြီး၊ သူ့ရုပ်အသွင်က လင်းလက်သွားကာ သူလည်း ပျံထွက်သွားသည်။
"ဘုန်း”။
သူတို့နှစ်ဦးသည် အချင်းချင်း အပြင်းအထန် တိုက်ခိုက်ကြပြီး၊ တခဏအတွင်းမှာ တိုက်ကွက်ပေါင်း ရာနှင့်ချီ တိုက်ခိုက်ပြီးသွားပြီ။ အပြင်းအထန် ထိပ်တိုက်တွေ့ဆုံမှု ကြောင့် ထွက်ပေါ်လာသော ပေါက်ကွဲအသံများသည် ရင်ပြင်တစ်ခုလုံး တုန်ခါသွားကာ လူတိုင်အား ခေတ္တခဏ နားမကြားသည်အထိ ဖြစ်ပေါ်စေသည်။
ထိုအခိုက်တန့်တွင်, သူတို့နှစ်ယောက် အမှန်တကယ်ပင် လက်ရည်တူဖြစ်နေခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် မည်သည့်အားသာချက်မှ မရှိခဲ့ပါဘူး။
ကျိုးလင်သည် ခပ်ဝေးဝေးတွင် ရပ်လိုက်ပြီး ကျိုးယွမ်နှင့် ရောယှက်တိုက်ခိုက်နေသော ချင်ယွင်ကို ကြည့်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများက အံ့သြသည့် အမူအရာ ပေါ်လာသည်။
ချင်ယွင်သည် ကြီးမားသော တိုးတက်မှုကို ရရှိလိမ့်မည်ကို သူမသည် ကြာမြင့်စွာ ကတည်း က သိထားပြီး ဖြစ်သော်လည်း ချင်ယွင်၏တိုးတက်မှုသည် သူမမျှော်လင့်ချက်ထက် ကျော်လွန်နေဦးမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
“အဒေါ်, ကျွန်မပြောတာ မှန်တယ် မဟုတ်လား။ ဦးလေးက အရမ်း သန်မာပါတယ်လို့။ အဒေါ် ဘာမှစိတ်ပူစရာ မလိုဘူး။ နောက်ပြီး အခု အဒေါ် မြင်နေရတာက ဦးလေးရဲ့ ခွန်အားအစစ်မှန် မဟုတ်သေးဘူး။ တကယ်လို့, သူသာ တကယ် လှုပ်ရှားချင်ရင်, အဖေက သေချာပေါက် ဦးလေးရဲ့ပြိုင်ဘက် မဟုတ်တော့ဘူး” ကျိုးဟုန်ရွှဲ့သည် ကျိုးလင်၏ နားအနားကပ်ကာ တိုးတိုးလေး ပြောသည်။
ကျိုးလင်က ပြုံးပြီး ပြောသည်။ "မင်းက ချင်ယွင်ကို အမြဲတမ်း သဘောမကျဘူး မဟုတ်လား။ အခု မင်းမှာ ဘယ်လိုလုပ် ဦးလေးတစ်ယောက် ရှိလာတာလဲ။"
ကျိုးလင်၏ စကားကိုကြားတော့ ကျိုးဟုန်ရွှဲ့က ခြောက်ကပ်စွာ ပြုံးပြီး တုန့်ပြန်သည် "ဒါက အရင်ကဖြစ်ပေမဲ့ အခု ကျွန်မက ဦးလေးကို လေးစားပါတယ်"
ကျိုးလင်သည် သူမခေါင်းကို ခိုကိုးရာမဲ့ ခါလိုက်သော်လည်း သူမ၏ စိတ်နှလုံးထဲတွင် ရွှင်လန်းမှု အပြည့်ရှိသည်။ ချင်ယွင်သည် သူမမိသားစု၏ အသိအမှတ်ပြုမူ ခံရခြင်းမှာ သဘာဝအတိုင်းပင် အလွန် ပျော်ရွှင်စရာကောင်းသည်။
ကျိုးဟုန်ရွှဲ့လည်း ပြုံးလိုက်သည်။ သူမသည် အဝေးမှာ တိုက်ခိုက်နေသည့် ပုံရိပ်ကို လှမ်းကြည့်သော်လည်း တိတ်ဆိတ်မှုအရိပ်မြွက်က သူမ၏ မျက်လုံးများ၏ နက်ရှိုင်းသော နေရာတွင် ဖျတ်ခနဲ ပေါ်လာသည်။