အခန်း ၁၄၁၀
Vol. 94 Ch. 1410
အခန်း (၁၄၁၀) အနည်းငယ် ကြမ်းတမ်းမိခြင်း။
"ဘုန်း”။
ကောင်းကင်မှ နောက်ထပ် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ပုံရိပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တိုက်မိပြီး လျင်မြန်စွာ လူစုကွဲသွားကြသည်။
ပြင်းထန်သော နတ်ဘုရားတန်ခိုး လှိုင်းလုံးကြီးသည် ကောင်းကင်မှ မြင့်တက်လာပြီး အရပ်ရပ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ မြေပြင်တစ်ခုလုံး တုန်လှုပ်သွားစေသည်။
ကံကောင်းထောက်မစွာ၊ ဤစင်မြင့်သည် တန်ခိုးကြီးသော နတ်ဘုရားမှော်သင်္ကေတ မျာဖြင့် ကောင်းချီးပေးထားခဲ့သည်။ သူတို့နှစ်ယောက်ကြား ထိပ်တိုက် တွေ့ဆုံပြီး၊ နောက်ဆက်တွဲ ရိုက်ခတ်မူက စင်မြင့်ကြီးကို ဖြိုခွဲပစ်ရန် လုံလောက်သည်။
ချင်ယွင်နှင့် ကျိုးယွမ်၏ ရုပ်အသွင်များသည် အဝေးသို့ ပြန်ကျသွားသည်။ နှစ်ယောက် စလုံး၏ ခန္ဓာကိုယ်သည် ပြင်းထန်သော အပူလှိုင်းများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့၏ မျက်လုံးများသည် အနှိုင်းမဲ့ တယူသန်စိတ်များဖြင့် ပြည့်နှက်နေသည်။
"မင်းရဲ့ခွန်အားက ငါ့မျှော်လင့်ချက်တွေထက် တကယ်ကို ကျော်လွန်သွားပြီ။ ငါ့ကို တိုက်ခိုက်နိုင်တဲ့ အစောပိုင်း ကြယ်နတ်ဘုရားကျင့်ကြံမူရှိ တစ်စုံတစ်ယောက်ကို ငါ ပထမဆုံး တွေ့ဖူးတာပဲ။ နတ်ဘုရားကမ္ဘာမှာတောင် ဒုတိယတစ်ယောက်ကို ရှာမတွေ့မှာ ငါ ကြောက်မိတယ်” ကျိုးယွမ်က ပြောသည်။
"ဒါဆို ယောက်ဖက ငါ့ကို ယောက်ဖတစ်ယောက်အဖြစ် ကျေနပ်ပြီပေါ့။ ယောက်ဖရဲရဲ့ ခွင့်ပြုချက် ပေးလို့ရမလား" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
တကယ်တော့ သူလည်း ကျိုးယွမ်၏ ပင်ကိုယ်စိတ်ဓာတ်ကို သဘောကျသည်။ ကျိုးယွမ်က သူ့ကို ယခုလို ပစ်မှတ်ထားနေသည့်အတွက် သူ့ကို အပြစ်မတင်ပါဘူး။ အကယ်၍, သူဆိုလျှင်လည်း သူ့ညီမကို တခြားယောက်ျားတစ်ယောက်နှင့် တွေ့သောအခါ စမ်းသပ်မိ ပါလိမ့်မည်။ ဤနည်းဖြင့်သာ သူသည် စိတ်ချလက်ချဖြင့် သူ့ညီမကို ထိုလူအား ပေးပါလိမ့်မည်။
"ဟား..၊ ဟား၊ မင်း ကျေနပ်ပြီလား၊ ဟုတ်လား?။ ဘယ်လိုလုပ် ကျေနပ်ပါဦးမလဲ" ကျိုးယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထိုစကားကိုကြားတော့ ချင်ယွင်၏မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပင် ပို၍ပင် ပြင်းထန်လာသည်။ သူက အဝေးမှ ကျိုးလင်ကို လှည့်ကြည့်လိုက်သည်။ ချောမောလှပ သော မျက်နှာသည် တုနှိုင်းမရအောင် သိပ်သည်းသည့် အပြုံးကို ပေါ်လွင်စေသည်။ ချင်ယွင်က သူမကို ကြည့်နေသည်ကို မြင်လိုက်ရတော့ ကျိုးလင်သည် ချင်ယွင်ကို ချစ်စဖွယ်အကြည့်တစ်ချက် ပစ်ပေးရင်း မြတ်နိုးသည့်အမူအရာ ဖော်ပြလိုက်ပါသည်။
ကျိုးလင်၏ စွဲမက်ဖွယ် မျက်လုံးများကို မြင်လိုက်ရလျှင်, ချင်ယွင်၏ နှလုံးသားသည် ဆိုးရွားသော မီးလျှံများဖြင့် ပြည့်နှက်လာခဲ့သည်။
ရှရှန်းယုနှင့် သူ၏ဆက်ဆံရေးကို အတည်ပြုထားပြီးဖြစ်သော်လည်း, သူသည် သူမကို မပိုင်ဆိုင်သေးပါဘူး။ အခု ကျိုးလင်က သူ့ကို ပရောပရီလုပ်သည့် အကြည့်တွေကို မြင်လိုက်ရသောအခါ, သူ မည်သို့ ခံစားနိုင်တော့မည်နည်း?။
သို့သော် ယခုအခါတွင် လူတိုင်းက သူ့ကိုကြည့်နေကြပြီး၊ သူသည် သူ့ကိုယ်တွင်းရှိ မကောင်းဆိုးဝါး မီးလျှံများကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားရုံသာ တတ်နိုင်ပါတော့သည်။
"ယောက်ဖ, အခု ဆက်တိုက်သင့်လား" ချင်ယွင်က ကျိုးယွမ်ကို ဆက်ကြည့်ကာ ပြောသည်။
"တိုက်ခိုက်မှာပေါ့။ ဘာလို့ မတိုက်ခိုက်မှာလဲ။ ငါက အခု ကောင်းကောင်း တိုက်ခိုက်ရုံပဲ ရှိသေးတယ်။ နောက်ပိုင်း မင်းလည်း မင်းရဲ့လက်နက်ကို အသုံးပြုပါ။ ငါလည်း ငါ့လက်နက်ကို အသုံးပြုမယ်။ ကောင်းကောင်း တိုက်ခိုက်ကြရအောင်။" ကျိုးယွမ်က ချက်ချင်း ပြောလိုက်ပြီး သူ့မျက်လုံးများတွင် စိတ်အားတက်ကြွမူများ ပြည့်နှက်နေသည်။ သူပြောပြီးသည်နှင့် သူ့လက်ထဲတွင် လှံတစ်ချောင်း ပေါ်လာသည်။
ကျိုးယွမ်သည် မတိုက်ခိုက်သည့်အချိန်မှာ, အလွန်ဂုဏ်သိက္ခာရှိသော်လည်း, သူသည် အရိုးထဲမှပင် အရူးအမူး တိုက်ခိုက်လိုသူ တစ်ဦးလည်း ဖြစ်သည်။ အခုလေးတင် ချင်ယွင်နှင့် တိုက်ပွဲက သူ့နှလုံးသားထဲမှ တိုက်ခိုက်ချင်စိတ်ကို ပြင်းပြစွာ ဖြစ်ပေါ်စေခဲ့သည်။ ဤမျှ ကောင်းမွန်သည့် တိုက်ခိုက်သူတစ်ဦးကို သူ မည်သို့ စွန့်လွှတ်နိုင်မည်နည်း?။
ချင်ယွင်ကလည်း ထက်မြက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။ သူ၏မျက်လုံးများသည် ရူးသွပ်မူများနှင့် ပြည့်နေ၏။
ယခုလေးတင် ကျိုးလင်း၏ ချစ်စဖွယ်အကြည့်များက သူ့နှလုံးသားအတွင်းမှ မကောင်းဆိုး ဝါး မီးလျှံကို နှိုးဆွလိုက်ပြီး ဖြစ်သည်။ အခု ထိုမကောင်းဆိုးဝါးမီးလျှံကို ဘယ်နေရာမှာမှ မဖွင့်ထုတ်နိုင်ခဲ့ပါဘူး။ ယခု, ထိုဆိုးညစ်သောမီးလျှံကို တိုက်ပွဲဖြင့် ငြိမ်းသတ်ရန် အချိန်ရောက်လာပြီ။ ထို့ကြောင့် ကျိုးယွမ်၏စကားများက သူလိုချင်သည့်အတိုင်း အတိအကျ ဖြစ်သည်။
"ဒါဆို ယောက်ဖ အဆင်သင့် ဖြစ်ပြီလား" ချင်ယွင်၏ ပါးစပ်ထောင့်က ကောက်ကျစ် စဉ်းလဲသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ့လက်ထဲတွင် နတ်ဘုရားဆေဘာ ပေါ်လာသည်။
"လာ..၊ လား..၊ မင်းမှာရှိသမျှ စွမ်းရည်အားလုံးကို အသုံးချလိုက်ပါ။ ငါကျိုးယွမ်က အကုန်ခံယူမယ်။" ကျိုးယွမ် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထိုစကားကိုကြားတော့ ချင်ယွင်၏ နှုတ်ခမ်းတွေက ပြုံးရင်း ကွေးသွားခဲ့သည် ။
ဝှီး…။
ချင်ယွင်၏ပုံရိပ်သည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ ထိုနောက်တွင်, ကျိုးယွမ် သည် စင်မြင့်ပေါ်မှာ ထောင်နှင့်ချီသော ပုံရိပ်များကို တစ်ချိန်တည်းမှာ မြင်တွေ့လိုက်ရ သည်။။ နောက်ဆုံးတွင်, ၎င်းပုံရိပ်အားလုံးသည် လမ်းကြောင်းပေါင်းများစွာကနေ တပြိုင်နက် သူ့ဆီကို ဦးတည်သွားကြသည်။
"အယ်, မြန်လိုက်တာ။" ကျိုးယွမ်သည် အံ့သြသွားသည်။ ချင်ယွင်သည် ထိုကဲ့သို့ အရှိန်အဟုန်မျိုးကို ဝှက်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းတန်းသည် ကျိုးယွမ်ဆီသို့ ဖြတ်သွားလာရာ ကျိုးယွမ်၏ ဦးရေပြားသည် ပြင်းထန်စွာ ထုံကျင်သွားသည်ကို ခံစားလိုက် ရသည်။
ကျိုးယွမ်သည် ချက်ခြင်း ထိတ်လန့်သွားပြီး၊ သူ့လက်ထဲမှ နတ်ဘုရားလှံက ချက်ချင်း ဖြတ်ကျော်သွားသည်။
ချွင်….။
ပြင်းထန်သော အဖြူရောင်လျှပ်စီးနှင့် လင်းလက်တောက်ပနေသော ကြောက်မက်ဖွယ် ဆေဘာသည် ကျိုးယွမ်၏လှံနှင့် အပြင်းအထန် တိုက်မိသွားပြီး ပြင်းထန်တုန်လှုပ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ဤအခိုက်တွင် ကျိုးယွမ်သည် လှံမှတဆင့် လျှပ်စီးသဖွယ် တိုးဝင်လာသော ကြောက်မက် ဖွယ်စွမ်းအားတစ်ခုကိုသာ ခံစားနိုင်သည်။ ၎င်းစွမ်းအားသည် လှံကို ဖြတ်သန်းပြီး သူ့လက်မောင်းကိုပါ ဖြတ်သန်းသွားကာ သူ့လက်များကို ပြင်းထန်စွာ ထုံကျင်သွားစေ သည်။ သူ့လက်ထဲက လှံသည် သူ့လက်ထဲကနေ လွတ်ကျလုနီးပါးပင်။
"ဘယ်လောက် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ။" ကျိုးယွမ် အံ့သြသွားသည်။
သို့သော် ချင်ယွင်သည် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သူ့လက်ထဲမှ နတ်ဘုရား ဆေဘာသည် လေထဲမှာ ထောင်ပေါင်းများစွာသော ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြန် သည်။ ကြောက်စရာကောင်းသည့် ရှေးဟောင်း အဖြူရောင်ကျောက်စိမ်းနတ်ဘုရားလျှပ်စီး သည် နတ်ဘုရားဆေဘာကို တိုက်ရိုက် ဖုံးလွှမ်းသွားသည်။ လျှပ်စီးပြိုလဲခြင်း နတ်ဘုရား စွမ်းရည်သည် တစ်ဖန်ပျံ့နှံ့သွားပြီး သူ၏တစ်ကိုယ်လုံး လေထဲသို့ လွင့်ပျံသွားကာ နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်ပြန်သည်။
သူ၏အမြန်နှုန်းကြောင့်, ကျိုးယွမ်သည် ဖျတ်ခနဲ လင်းလက်သွားသည့် ဆေဘာပုံရိပ်များ ကိုသာ မြင်လိုက်ရသည် ။
ကျိုးယွမ်သည် တုံ့ပြန်ရန် အချိန်မရှိတော့ပေ။ ထိုကြောင့် သူသည် သူ့လှံနှင့် နောက်တစ်ကြိမ် ခုခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။
ဘန်း…၊
ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လူများ၏ နားများကို ပြင်းထန်စွာ အူသွားစေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား တန်ခိုးလှိုင်းလုံးကြီးသည် သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံမိသောအခါတွင် အလွန်တရာ လှပသော စွမ်းအင်ရောင်ခြည်အလင်းတန်းကို ဖြစ်ပေါ်စေခဲ့သည်။
"ဖူး.."
ကျိုးယွမ်သည် ချက်ချင်းပင် ပါးစပ်ထဲမှ သွေးများ ထွေးထုတ်လိုက်ရသည်။ သူသည် ချက်ချင်းပင် လှံနှင့်အတူ နောက်ပြန် လွင့်ပျံသွားကာ ပေထောင်ပေါင်းများစွာ အကွာအဝေး ထိ လျှောတိုက်သွားသည်။ ထိုမှသာ ကျိုးယွမ်သည် တုံ့ပြန်နိုင်ခဲ့သည်။ သူသည် သူ့ကိုယ်သူ ထောက်ပံ့ပြီး သူ့ကိုယ်သူ ရပ်တန့်နိုင်ရန် နတ်ဘုရားလှံကို အသုံးပြုခဲ့ရသည်။ လှံထိပ်သည် မြေပြင်ပေါ်တွင် ရှည်လျားသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။
ဤမြင်ကွင်းကို မြင်သောအခါ အနီးနားရှိလူတိုင်းသည် သူတို့ပါးစပ်ကို ကျယ်လောင်စွာ မဖွင့်ဘဲ မနေနိုင်ကြပေ။ အထူးသဖြင့် ကျိုးလင် ဖြစ်သည်။ သူမ၏ လှပသော မျက်နှာပေါ် တွင် မယုံနိုင်ဖွယ် အမူအရာတစ်ခု ပေါ်လာသည်။
ဝှီး….။
သို့သော် ချင်ယွင်သည် လုံးဝ လက်လျှော့လိုဟန် မတူပေ။ သူ့ခန္ဓာကိုယ်မှ မိုးကြိုးမုန်တိုင်း တစ်ခု ထွက်လာပြီးနောက် သူ့တစ်ကိုယ်လုံးသည် ပျောက်ကွယ်သွားသည်။ သူ့ရုပ်အသွင် သည် ပုံရိပ်တစ်ခုအလား ကျိုးယွမ်ဆီသို့ အပြေးအလွှား ပျံသန်းသွားသည်။
ချင်ယွင်သည် သူ့ဆီသို့ ပြေးလွှား ပျံသန်းလာပြန်သည်ကို မြင်သောအခါ ကျိုးယွမ်၏ သူငယ်အိမ်များသည် ကျဉ်းမြောင်းသွားသည်။ သူ့စိတ်ထဲတွင် အော်ဟစ်လိုက်သည် "သောက်ကောင်, လာပြန်ပြီလား”။
ဘန်း…။
ချင်ယွင်၏ဆေဘာအလင်းသည် ချက်ချင်း ရောက်လာသည်။ ကြောက်မက်ဖွယ်ကောင်း သော ချွန်ထက်မှုသည် ကျိုးယွမ်၏ဆံပင်ကို ထောင်မတ်သွားစေခဲ့သည်။
ကျိုးယွမ်က တုန်တုန်ယင်ယင်အသံဖြင့် အော်ပြောလိုက်သည် "မဟုတ်ဘူး"
ဘန်း..။
ချင်ယွင်၏ ဆေဘာသည် ချက်ချင်း ရပ်တန့်သွားသည်။ အားကောင်းသော ဆေဘာအစွန်းက ကျိုးယွမ်၏လည်ပင်းနှင့် သုံးလက်မသာ ကွာဝေးတော့သည်။
"ဘာလို့ မတိုက်တော့တာလဲ" ချင်ယွင်က သူ့လက်ထဲက နတ်ဘုရားဆေဘာကို ဖြည်းညှင်းစွာ ရုတ်လိုက်ပြီး အံ့သြဟန် အမူအရာဖြင့် မေးလိုက်သည်။
ထိုစကားကိုကြားတော့ ကျိုးယွမ်သည် အရမ်းစိတ်ဓာတ်ကျပြီး သွေးအန်ချင်မိသည်။ သူက ချင်ယွင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
"အဖေက ဦးလေးကို ကြောက်နေတာလား။" ကျိုးဟုန်ရွှဲ့က အဝေးကနေ လှမ်းအော်လိုက် သည်။
ထိုစကားကိုကြားတော့ ကျိုးယွမ်၏ မျက်နှာက ဖြူဖျော့ပြီး စိမ်းစိုသွားသည် ။
ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်က နောက်ဆုံးမှာ တုံ့ပြန်ခဲ့ပြီး တောင်းပန်တဲ့ အမူအရာ ပေါ်လာတယ်။
ခုနက ချင်ယွင်သည် သူ့ခန္ဓာကိုယ်ထဲမှာ မငြိမ်မသက်ဖြစ်နေသည့် မကောင်းဆိုးဝါး မီးလျှံကို ထုတ်ဖို့ရန် စိတ်အားထက်သန်နေတာကြောင့် သူတိုက်ခိုက်ချိန်မှာ လုံး၀ မထိန်းချုပ်ခဲ့ပါဘူး။ သူသည် ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်၊ ရှေးဟောင်း အဖြူရောင်ကျောက်စိမ်းနတ်ဘုရားလျှပ်စီးနှင့် လျှပ်စီးပြိုလဲခြင်းနတ်ဘုရား စွမ်းရည်များကို ချက်ချင်း အသုံးပြုခဲ့သည်။
ဤနည်းလမ်းသုံးမျိုးသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်လွန်းသည်။ ၎င်းတို့ကို ပေါင်းစပ်လိုက်ခြင်းက အလွန်မင်း ကြောက်စရာကောင်းသည်။ ကျိုးယွမ်သည် ရုတ်တရက် ဤမျှပြင်းထန်သော သက်ရောက်မှုကို ခံစားခဲ့ရသောကြောင့် သူသည် ခံနိုင်ရည် မရှိတော့ဘဲ ထိုအခိုက်တန်းတွင်, သူသည် သဘာဝအတိုင်း သတိထားနေရ သည်။
ချင်ယွင်သည် ကျိုးယွမ်ကိုကြည့်ပြီး တောင်းပန်စကား ပြောလိုက်သည် "တောင်းပန်ပါ တယ် ယောက်ဖ၊ အခုက ငါ နည်းနည်းလေး ရက်စက်လွန်းသွားတယ်"။
ချင်ယွင်၏စကားကို ကြားတော့ ကျိုးယွမ်၏ အုံ့မှိုင်းနေသော အမူအရာက ရုတ်တရက် ပို၍ပင် မှုန်ကုပ်ကုပ် ဖြစ်သွားသော်လည်း သူက ဒေါသတကြီး လေသံဖြင့် ပြောလိုက်သည် “တောင်းပန်ဖို့ မလိုပါဘူး။ မင်း ပိုသန်မာလေ ငါ ပိုပျော်ရလေပါပဲ။ ဟား..၊ ဟား…၊ နောက်ဆုံးတော့, မင်းက ငါ့အတွက် ဂုဏ်ယူစရာပဲလေ။ ပြီးတော့, မင်းက အစွမ်းထက်ပြီး ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ယောက်ဖတစ်ယောက်ပဲ"။
ထိုစကားကိုကြားတော့ ချင်ယွင်သည် ထက်ရှသည့် အပြုံးကို ထုတ်ဖော်လိုက်မိပါသည်။
စာစဉ် (၉၄) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။ (၂.၄.၂၀၂၅)။