အခန်း ၁၄၁၁
Vol. 95 Ch. 1411
အဓိပတိအင်မော်တယ်သခင် စာစဉ် (၉၅)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၄၁၁) နောက်ကွယ်မှ ပုန်းအောင်းနေသော အန္တရာယ်ကြီးများ။
ကျိုးယွမ်၏စကားများသည် ချင်ယွင်၏နှလုံးသားကို ခံစားချက်များဖြင့် ပြည့်နှက်စေသည်။
ကျိုးယွမ်သည် ထိုစကားများကို ပြောဆိုနိုင်ရခြင်းမှာ ကျိုးယွမ်သည် သူ့ယောက်ဖအဖြစ် အမှန်တကယ် သဘောတူကြောင်း သက်သေပြခြင်းဖြစ်ကြောင်း သူ သိပါသည်။
ချင်ယွင်နှင့် ကျိုးလင်တို့သည် အတူတူရှိနေသဖြင့် သူသည် မည်သူ၏ ထင်မြင် ယူဆချက် ကိုမျှ ဂရုစိုက်ရန် မလိုသော်လည်း၊ နောက်ဆုံးတွင် ကျိုးလင်၏ခံစားချက်ကို ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါသည်။
ရှရှန်းယုနှင့် ကျိုးလင်တို့၏ နတ်ဘုရား စိတ်ဝိညာဉ်များသည် ပေါင်းစည်းသွားခဲ့ပြီး၊ နတ်ဘုရား စိတ်ဝိညာဉ် အသစ်စက်စက်တစ်ခု ဖြစ်ပေါ်လာသည်။ ရှရှန်းယု၏ အတွေးများ သို့မဟုတ် ကျိုးလင်၏ အတွေးများပင် ဖြစ်ပါစေ ချင်ယွင်သည် ၎င်းတို့ကို ဂရုစိုက်ရမည် ဖြစ်သည်။
ကျိုးယွမ်သည် ကျိုးလင်၏မိသားစုဝင် ဖြစ်သောကြောင့် ချင်ယွင်နှင့် ကျိုးလင်တို့အပေါ် ကျိုးယွမ်၏ထောက်ခံမှုနှင့် အသိအမှတ်ပြုမှုကို ကျိုးလင်က မြင်တွေ့လိုကြောင်းကို သူ သိရှိထားသောကြောင့်၊ ချင်ယွင်သည် ၎င်းကို သဘာဝအတိုင်း မျှော်လင့်မိသည်။
သေချာပါသည်၊ ကျိုးလင်၏ လှပသော မျက်နှာလေးသည် ကျိုးယွမ်၏ စကားကိုကြားပြီး ဝမ်းသာအားရဖြစ်သည့် အမူအရာကို ဖော်ပြလိုက်ပြီး၊ သူမ၏ မျက်လုံးကြီးထဲမှာ စိတ်လှုပ်ရှားမူ မျက်ရည်များပင် စီးကျလာသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူက ကျိုးလင်၏ နံဘေးကို လျှောက်သွားပြီး မျက်ရည်တွေကို သုတ်ပေးလိုက်သည်။
သူ့ရှေ့မှ ကျိုးလင်ဖြစ်စေ, သူ့အမျိုးသမီး လေးယောက်ဖြစ်စေ, သူမတို့အားလုံးသည် သူအသက်နှင့်ထပ်တူ ချစ်မြတ်နိုးရသည့် ချင်ယွင်၏ စိတ်ဝိညာဉ်နှင့် နှလုံးသားများ ဖြစ်ကြပါသည်။
သူပိုင်ဆိုင်ဖူးသည့် နောက်ထပ် အမျိုးသမီး နှစ်ယောက်ကတော့ တစ်ယောက်က ရီယွန်နှင့်၊ နောက်တစ်ယောက်ကတော့ ယွမ်ရှီရှီတို့ ဖြစ်ပါသည်။ ချင်ယွင်သည် သူမတို့နှစ်ဦးအပေါ် နားမလည်နိုင်သော ခံစားချက်တစ်ခု ရှိသည်။ သူမတို့နှင့်ပတ်သက်ပြီး အနာဂတ်တွင် အခွင့်အလမ်းပေါ်မှာဘဲ မူတည်ပါသည်။
"အခု ကောင်းကင်ဘုံနန်းတော်ရဲ့ တတိယအဆင့်ကို မသွားသင့်ဘူးလား" ကျိုးဟုန်ရွှဲ့က ပတ်ဝန်းကျင်မှာ အဆင်မပြေသည့် အငွေ့အသက်တွေကို တွေ့လိုက်ချိန်မှာ ပြောလိုက် ပါသည်။
“အင်း၊ ငါတို့ စောစောစီးစီး လုပ်ရှားတာ ပိုကောင်းလိမ့်မယ်။ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းအကြောင်း ငါတို့ သိပြီးပြီဆိုကတည်းက၊ ငါတို့အနေနဲ့ ဒီကိစ္စကို ကြာကြာ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ နတ်ဘုရားနန်းတော်ကြီး လေးခုက လူတွေလည်း အနှေးနဲ့အမြန် ဒီနေရာကို တွေ့သွားကြလိမ့်မယ်။ ဒီလိုဆို, ငါတို့အနေနဲ့ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းရဲ့ အမွေနှစ်ကို ရယူလိုတယ်ဆိုရင်, မဖြစ်နိုင်တော့ ဘူး။ ငါတို့ရဲ့အသက်ကို စောင့်ရှောက်နိုင်စွမ်း ရှိမရှိတောင် ပြောဖို့ခက်မယ်” ကျိုးယွမ်က လည်း လမ်းလျှောက်လာပြီး ပြောသည်။
'"ဖြစ်ကောင်းဖြစ်နိုင်တယ်။ ငါလည်း ရှာတွေ့ထားပြီးသား။ အရင်ဆုံး, ဒီကို လာရာ လမ်းတစ်လျှောက်မှာ ဝေဝေဝါးဝါး အငွေ့အသက်တွေ ရောက်ရှိလာတာကို ခံစားလိုက် ရတယ်။ အစတုန်းကတော့ ဒါက ထင်ယောင်ထင်မှား ဖြစ်နေတယ်လို့ ထင်မိပေမယ့်၊ အဖြစ်ပျက်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီကမ္ဘာငယ်လေးရဲ့ ဝင်ပေါက်မှာ စုံစမ်း စစ်ဆေးခြင်း အမှတ်အသားတစ်ခုကို ထားခဲ့ဖို့အတွက် လျှို့ဝှက်နည်းပညာကို အသုံးပြုခဲ့ တယ်။ သိပ်မကြာခင်ကပဲ ဒီကမ္ဘာငယ်လေးထဲကို လူငါးယောက်ထက်မနည်း ၀င်ရောက် လာခဲ့တယ်။” ကျိုးလင်က လေးနက်စွာ ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်ခုံးတွေက ချက်ချင်း တွန့်သွားခဲ့ပြီး၊ သူ့မျက်လုံးထဲ မှာ လေးနက်သည့် အမူအရာ ပေါ်လာပါသည်။
ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ သတင်းသည် ပျံ့နှံ့သွားမည်ဟု သူသည် ကြာမြင့်စွာကတည်းက မှန်းဆထားပြီး ဖြစ်သော်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားပေ။
"ဒါဆို သူတို့ ဘာလို့ ပေါ်မလာသေးတာလဲ" နေသာဧကရာဇ်က ဝေခွဲမရဖြစ်ပြီး မေးသည်။
“သူတို့က ဘေးကနေ ထိုင်ကြည့်နေပြီး တံငါသည်တွေရဲ့ အကျိုးကျေးဇူးတွေကို ရိတ်သိမ်းဖို့အတွက် ငါတို့ မထွက်ခင်အထိ စောင့်ဆိုင်းဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ်။" ကျိုးလင်က ပြန်ပြောသည်။
သူမသည် အလွန်ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ သူမ၏ စီရင်ဆုံးဖြတ်ပုံသည် မည်သည့်ယောက်ျားအောက်မဆို မနိမ့်ကျပေ။ ကျိုးယွမ်တောင်မှ တခါတရံ သူ့စိတ်ထဲ မကျေမလည်ဖြစ်နေသော ကိစ္စများကို ဆွေးနွေးရန် သူမထံ သွားရသည်။
"ဒါဆို အခု ငါတို့ ဘာလုပ်သင့်လဲ၊ ငါတို့ ဆက်ပြီး စောင့်သင့်သလား။ ဒါမှမဟုတ် အခု ထွက်ခွာသင့်လား" ကျိုးဟုန်ရွှဲ့က မျက်ခုံးပင့်ကာ မေးသည်။
ကျိုးဟုန်ရွှဲ့လည်း ချင်ယွင်ကို လှည့်ကြည့်လိုက်ပြီး သူ့ထင်မြင်ချက်ကို တောင်းဆိုနေ သည်။
"အင်း၊ သူတို့က ထိုင်စောင့်ပြီး တံငါသည်တစ်ယောက်ရဲ့ ရိတ်သိမ်းမူကို သိမ်းဆည်းချင်နေ မှတော့, ငါတို့ ကောင်းကင်ဘုံနန်းတော်ရဲ့ ကိုးထပ်ကို မရောက်ခင်အထိ သူတို့အနေနဲ့ ပေါ်လာမှာ မဟုတ်ဘူး။ ဆိုလိုတာက ငါတို့ အတော်လေး လုံခြုံပါတယ်။ ဒါပေမယ့် အခု အပြင်ထွက်ရင် သူတို့က ချက်ချင်း ကြားဖြတ်တိုက်ခိုက်ပြီး သတ်ပစ်မှာကို ကြောက်ရ တယ်။ ဒီလူတွေက သေချာပေါက် အဖွဲ့စည်းတစ်ခုထဲက မဟုတ်နိုင်ဘူး။ အဲဒီအချိန် ရောက်ရင်, ငါတို့အနေနဲ့ သူတို့ရဲ့တိုက်ခိုက်ခြင်းကို သေချာပေါက် ခံရနိုင်တယ်။ တကယ်လို့, ငါတို့က ထောင်ထိပ်ပေါ် ရောက်သွားခဲ့ရင်, သူတို့အနေနဲ့ နောက်တကြိမ် ထွက်ပေါ်လာလိမ့်မယ်။ အဲဒီအချိန်မှာ ငါတို့က အနည်းငယ် အားနည်းနေပြီး၊ အမွေဆက်ခံ ရန်အတွက် သေတဲ့အထိ တိုက်ပွဲဝင်ကြရလိမ့်မယ်။ နောက်ဆုံးမှာတော့ ငါတို့ဟာ အမှန်တကယ် အဝါရောင်ငှက်တွေ ဖြစ်လာလိမ့်မယ်။" ချင်ယွင်က ပြောသည်။
"ကောင်းပြီ၊ ဒီနည်းလမ်းက ကောင်းတယ်။" ကျိုးယွမ်က မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။
ပတ်ဝန်းကျင်က လူတွေအားလုံးလည်း ခေါင်းညိတ်ကြပြီး ချင်ယွင်၏ စကားကို သိသာစွာ သဘောတူကြပါသည်။
အခုချိန်မှာ ထွက်ခွာခြင်းသည် ဉာဏ်ရှိသော ရွေးချယ်မှုတစ်ခု မဟုတ်ပေ။ သူတို့သည် အမွေဆက်ခံရန် မဖြစ်နိုင်ရုံသာမ ထိုအုပ်စုကြီးတစ်ခု၏ တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။ ယခုအခါ သူတို့အတွက် အကောင်းဆုံးအရာက ရှေ့သို့ ဆက်သွားရန် ဖြစ်သည်။
“ကောင်းပြီ၊ ဒါဆို ငါ ဒီအတားအဆီးကို အခု ဖွင့်လိုက်မယ်။" ကျိုးဟုန်ရွှဲ့က ပြောသည်။
သူမပြောပြီးသည်နှင့် သူမသည် သူမ၏လက်နှစ်ဖက်နှင့် လျှို့ဝှက်ဆန်းကြယ်သည့် တံဆိပ် တော်များကို တစ်ခုပြီးတစ်ခု ဖန်တီးကာ တံဆိပ်ပုံစံတွေကို ဖန်တီးလိုက်ပါသည်။ ထိုအရာအားလုံးသည် သူမအား စစ်မှန်သော အဓိပ္ပါယ်ကို သင်ကြားပြသပေးခဲ့သည့် ဘိုးဘေးနတ်ဘုရားမ ချင်းယောင်၏ စိမ်းပြာနှင်းရေခဲ တံဆိပ်တော်များ ဖြစ်သည်။ ဤလက်ဟန်တံဆိပ်တော်များသည် ဤအတားအဆီးကို ဖွင့်ရန် အသုံးပြုသည့် နည်းလမ်း ဖြစ်သည်။
ဘန်း....။
ကျိုးဟုန်ရွှဲ့၏လက်ထဲမှာ တံဆိပ်တော်များ ဖြစ်ပေါ်လာပြီးနောက်, သူမသည် အဖြူရောင် ကျောက်စိမ်းတံဆိပ်တော်ကို ပစ်လွှတ်လိုက်သည်။ ထို့နောက်တွင်၊ တံဆိပ်တော်သည် အနိုင်းမဲ့ တောက်ပသော နတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ်သည်။
ထိုနတ်ဘုရားအလင်းတန်းများသည် ကောင်းကင်သို့ ပစ်လွှတ်ပြီး အတားအဆီးနံရံကို တိုက်ရိုက် ထိမှန်သွားသည်။ ထို့နောက် အတားအဆီးနံရံသည် နှင်းရေခဲများ အရည်ပျော် သွားသကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
နေမင်းကြီးက ပြန်လည်တောက်ပလာပြီး အပြာရောင် ကောင်းကင်ကြီးက တဖန် ထွက်ပေါ်ပြန်သည်။
ချင်ယွင်နှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူတို့၏ မျက်နှာများ တွင် တုနှိုင်းမရအောင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာကြသည်။
ချင်ယွင်သည် အဝေးမှ လင်းချင်ရှန်းကို လှည့်ကြည့်လိုက်ပြီး လင်းချင်ရှန်း၏ ဦးတည်ရာသို့ လျှောက်သွားသည်။
ချင်ယွင်က သူ့ဆီ လျှောက်လှမ်းလာနေသည်ကို မြင်လိုက်ရလျှင်, လင်းချင်ရှန်းသည် မသိစိတ်က အလိုလို ခြေနှစ်လှမ်း နောက်ပြန်ဆုတ်သွားသည်။
ချင်ယွင်နှင့် ကျိုးယွမ်တို့၏ ယခင်တိုက်ပွဲများက သူ့မျက်လုံးထဲတွင် ရှိနေခဲ့သည်။ အကယ်၍, ချင်ယွင်သာ သူ့ကို သတ်ချင်သည်ဆိုလျှင်, အသေးဖွဲ့ကိစ္စဟု ပြော၍ ရပါသည်။ သူ့မှာ လွတ်မြောက်ဖို့ မျှော်လင့်ချက်တောင် မရှိပါဘူး။
"မစိုးရိမ်ပါနဲ့၊ မင်းအစ်ကိုကို ငါကတိပေးထားမှတော့ ငါ မင်းကို မသတ်ဘူး။ မင်းအစ်ကိုက တော့ စမ်းသပ်မျှော်စင်ထဲမှာ အမှောင်ညမန်တီရဲ့ ဝါးမျိုခြင်း ခံလိုက်ရပြီ။ ငါ သူ့အတွက် လက်စားချေပြီးခဲ့ပြီ။ ဒါက သူ့ရဲ့ သိုလှောင်လက်စွပ်ပဲ။" ချင်ယွင်က လင်းချင်ရှန်းကို ပြောသည်။ ထိုသို့ပြော ပြီးနောက် သူ့လက်ထဲမှ သိုလှောင်လက်စွပ် တစ်ကွင်းကို ပစ်ပေးလိုက်သည်။
လင်းချင်ရှန်းသည် လက်စွပ်ကို ဖမ်းယူပြီးနောက် ဝမ်းနည်းသော အမူအရာ ပေါ်လာသည်။ သူက ချင်ယွင်ကို ကြည့်ကာ ပြောသည် "မူလက ငါ မြို့သခင်တံဆိပ်ကို မင်းကို မပေးဘူး ဘဲ သတ်သေဖို့ စီစဉ်ထားခဲ့တယ်။ ဒါပေမယ့်, မင်းက ငါ့အစ်ကိုအတွက် လက်စားချေပေးခဲ့ တယ်ဆိုတော့, မင်းကို ငါ ယုံကြယ်ပါတယ်။ ဒါက မြို့သခင်တံဆိပ်" ယူလိုက်ပါ။"
လင်းချင်ရှန်းသည် မြို့သခင်တံဆိပ်ကို ချင်ယွင်အား ပေးအပ်ရင်း ကျေးဇူးတင်သည့် အမူအရာ ရှိနေသည်။
ချင်ယွင်က ခေါင်းညိတ်ပြပြီး လင်းချင်ရှန်း၏ လက်ထဲမှ မြို့သခင်တံဆိပ်ကို ယူလိုက်ပါ သည်။ "မင်း အခုထွက်သွားလို့ ရပေမယ့် အပြင်မှာ အခြားလူတွေရှိနေပြီဆိုတာ သတိပေး ပါရစေ။ အခုထွက်သွားရင် ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"
လင်းချင်ရှန်းက ပြုံးပြီး "ကိစ္စမရှိတော့ပါဘူး" ဟု ပြောလိုက်သည်။
သူပြောပြီးသည်နှင့် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ် နေသော နတ်ဘုရားကျွန်း အဝင်ပေါက်ဆီသို့ ပြေးသွားပြီးနောက် ချင်ယွင်၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်မိသည်။
လင်းချင်ရှန်းသည် သတင်းတစ်စုံတစ်ရာ ပေါက်ကြားသွားမည်ကို သူ မစိုးရိမ်ပါ။ ထို့အပြင် လင်းချင်ရှန်း၏ အသွင်အပြင်ကို ကြည့်ရင်း၊ သူသည် သေခြင်းတရားကို စိတ်နှလုံး အကြွင်းမဲ့ တောင်းခံနေပုံရသည်။ လောဘကြီးပြီး သေမှာကြောက်သည့် လူတစ်ယောက် ကဲ့သို့ ဘာမဆိုလုပ်ရန် အမှန်တကယ် မဖြစ်နိုင်တော့ပါဘူး။
ချင်ယွင်က သက်ပြင်းချပြီးနောက် လှည့်၍ ကျိုးယွမ်နှင့် အခြားသူများထံ ပြန်သွားခဲ့သည်။ သူသည် သူ့လက်ထဲမှ မြို့သခင်တံဆိပ်ကို ကျိုးယွမ်ထံသို့ ပေးအပ်ပြီး "ယောက်ဖ၊ ဒီမြို့သခင်တံဆိပ်က ငါ့အတွက် အသုံးမဝင်ဘူး။ ဘာဖြစ်လို့ ငါ မင်းအတွက် မထားရမှာ လဲ။"
"မြို့သခင်တံဆိပ်လား?" ကျိုးယွမ်သည် ချင်ယွင် ပေးအပ်သော မြို့သခင်တံဆိပ်ကို ကြည့်ကာ အံ့အားသင့်သော အမူအရာတစ်ခုကို ထုတ်ပြလိုက်သည်။
ချင်ယွင်က ပြုံးပြီး သူနှင့် လင်းထန်ဘတို့ကြားက သဘောတူညီချက်ကို ရှင်းပြသည်.
ကျိုးယွမ်သည် ထိုအကြောင်းကို ချက်ခြင်းဆိုသလို သဘောပေါက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ပြက်ရယ်ပြုဟန်ရှိနေသည်။ လင်းထန်ဘသည် အဆုံးတွင် သူ့ညီငယ်အတွက် အမှန်တကယ် ထိုသို့ပြုလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"ကောင်းပြီ၊ ငါ ဒီတံဆိပ်ကို လက်ခံလိုက်မယ်။" ချင်ယွင်၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျိုးယွမ်သည် မြို့သခင်တံဆိပ်ကို သိမ်းဆည်းလိုက်သည်။
ဤတံဆိပ်သည် သူတို့၏ လွင့်မျောနှင်းမြို့တော်အတွက် အရမ်းကို အရေးကြီးပါသည်။ သူယုံကြည်ရသည့် လူတစ်ယောက်ကို ဒီတံဆိပ်ကို အပ်နှင်းနိုင်ပြီး နှင်းအကာကွယ် မြို့တော်၏ မြို့တော်သခင်အသစ် ဖြစ်လာစေနိုင်သည်။ ထို့နောက် သူ့ လွင့်မျော နှင်းမြို့တော်၏ စွမ်းအားသည် ပို၍ပင် စုစည်းလာလိမ့်မည်။