အခန်း ၁၄၁၃
Vol. 95 Ch. 1413
အခန်း (၁၄၁၃) ခွေးက လူတွေကို အထင်သေးခြင်း။
ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ အပြင်ဘက်တွင် လုပ်ကြံသတ်ဖြတ်သူများ စုဝေးနေကြစဉ်၊ ချင်ယွင်နှင့် သူ၏အဖွဲ့သည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း ကောင်းကင်ဘုံနန်းတော်၏ တတိယထပ်သို့ တက်နေပြီ ဖြစ်သည်။
ကောင်းကင်ဘုံနန်းတော်၏ တတိယထပ်တွင် ထူးခြားသော အဆောက် အအုံများ မရှိပေ။ ကြီးမားသော ကျောက်ပြားကြီးတစ်ချပ်သာ ရှိပါသည်။
ကျောက်ပြားကြီးသည် ပေတစ်ရာမြင့်ပြီး မှင်ကဲ့သို့ လုံးဝ နက်မှောင်နေသည်။ ၎င်းပေါ်တွင် ထွင်းထုထားသည့် တန်ခိုးကြီးသော နတ်ဘုရားမှော်သင်္ကေတများ ရှိနေခဲ့ပြီး၊ သိပ်သည်း သည့် ဆိုးရွားသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ အလွန်အလှမ်းဝေးလှသော အကွာအဝေးမှပင် ကျောက်ပြားကြီးထံမှ အလွန်မင်း ကြောက်စရာကောင်းသော အရာ တစ်ခု ပြေးထွက်လာသကဲ့သို့ ထိတ်လန့်စရာ ခံစားချက်တစ်ခု ရှိနေခဲ့ပါသည်။
ကျောက်ပြားကြီးကိုလည်း သံကြိုးကွင်းများဖြင့် ရစ်ပတ်ထားသည်။ ထိုသံကြိုးကွင်းများကို လည်း အနီရောင် နတ်ဘုရား မှော်သင်္ကေတများဖြင့် ရေးထွင်းထားသည်။
ချင်ယွင်သည် ကျောက်ပြားကြီးအတွင်း၌ အလွန်ဆိုးရွားသော သတ္တဝါတစ်ကောင်ရှိ ကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သိရှိထားပြီး၊ ကျောက်ပြားကြီးပေါ်ရှိ သံကြိုးကွင်းများ ကို ထိုကျောက်ပြားကြီးအတွင်းမှ မကောင်းဆိုးဝါးများကို ဖိနှိပ်ရန်အတွက် အသုံးပြုထား ပုံရသည်။
သို့သော် ချင်ယွင်နှင့် အခြားသူများသည် ထိုကျောက်ပြားကြီးအပေါ်မှာ ရပ်တန့် မသွားခဲ့ ပေ။ ယင်းအစား၊ သူတို့၏အကြည့်များသည် ကျောက်ပြားကြီးအောက်ရှိ အဝါရောင် အရာဝတ္ထုပေါ်သို့ ကျရောက်သွားကြသည်။
ထိုအဝါရောင် အရာဝတ္ထုသည် သက်ရှိသတ္တဝါတစ်ကောင်မှလွဲ၍, အခြားမဟုတ်ပေ။
အဝါရောင်ခွေကြီး။
ထိုအဝါရောင် ခွေးကြီးသည် အသက်ရှင်နေသေးရုံသာမကဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပြီး ဟောက်နေပါသေးသည်။ ၎င်းသည် အရသာရှိသော အစားစာကို အိပ်မက် မက်နေသကဲ့သို့ သူ့ပါးစပ်ထောင့်မှာ သွားရည်များ တွဲလောင်းကျနေသည်။
ချင်ယွင်၊ ကျိုးလင်နှင့် အခြားသူများမှာ အံ့သြတကြီး မျက်နှာထားဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
ဤပျောက်ကွယ်နေသော နတ်ဘုရားကျွန်းမှာ သက်ရှိသတ္တဝါတစ်ကောင် အမှန်တကယ် ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့သလို ၎င်းသက်ရှိသည်လည်း ခွေးတစ်ကောင် ဖြစ်နေခဲ့ပါသည်။
ဤခွေးသည် သေမျိုးကမ္ဘာရှိ အဝါရောင် မြေလူးခွေးများနှင့် ထူးမခြားနား ဖြစ်ပြီး၊ နတ်ဘုရားသားရဲတစ်ကောင်၏ အငွေ့အသက်များ အနည်းငယ်မျှပင် မရှိပေ။ ပထမဆုံး အကြည့်တစ်ချက်မှာပင်၊ ၎င်းပုံစံက သာမန် မြေးလူးခွေးတစ်ကောင်ဖြစ်ပြီး ဒီထက် ဘာမှမပိုပေ။
သို့သော်၊ သာမန်ခွေးများသည် နတ်ဘုရားကမ္ဘာတွင် မည်သို့ ပေါ်လာနိုင်မည်နည်း။ ထို့အပြင်, ၎င်းသည် လျှို့ဝှက်နယ်မြေအဖြစ် သတ်မှတ်ခံထားရသော ပျောက်ကွယ်နေ သော နတ်ဘုရားကျွန်းအတွင်း၌ ရှိနေခဲ့သည်။ ဤအရာက ကျိုးကြောင်းဆီလျော်မှု မရှိသည့် လုပ်ရပ်တစ်ခုဆိုသည်မှာ ထင်ရှားပါသည်။
ချင်ယွင်သာမက ကျိုးယွမ်၊ ကျိုးလင်နှင့် အခြားသူတို့၏ မျက်နှာများတွင် ရှုပ်ထွေးသော အမူအရာများ ရှိနေကြသည်။
ချင်ယွင်သည်လည်း နတ်ဘုရားကမ္ဘာမှာ သေမျိုးကမ္ဘာမှ ခွေးတစ်ကောင်၏ ထွက်ပေါ်လာ ခြင်းသည် အလွန်ယုတ္တိမတန်သော အရာဖြစ်သည်ဟု ခံစားမိသည်။ အကယ်၍ ဤခွေးသည် ဤနေရာ၌ ပေါ်လာခဲ့ပါက ၎င်းနှင့်ပတ်သက်သော ထူးခြားမှု တစ်ခုခုရှိ နေသည်ဟုသာ ဆိုလိုနိုင်ပါသည်။
ထို့ကြောင့် ချင်ယွင်သည် ဤခွေးကြီးကို မတတ်တာဘဲ သေသေချာချာ စစ်ဆေးကြည့်ရူ လိုက်သည်။ ၎င်း၏ပုံစံသည် ချင်ယွင်ကို အမှန်တကယ် သဲလွန်စပေးခဲ့သည်။
ဤကျေးတောခွေး၏ အသွင်အပြင်သည် သေမျိုးကမ္ဘာမှ ကျေးတောခွေးများနှင့် မတူဘဲ၊ ၎င်း၏အဝါရောင် အမွေးများသည် ပိုးသားနှင့်တူသည်။ ၎င်းသည် အလွန်ချောမွေ့ပြီး ၎င်း၏ အဝါရောင် အမွေးတိုင်းသည် ရွှေကဲ့သို့ တောက်ပနေပါသည်။
ထို့အပြင်၊ ချင်ယွင်သည် အဓိကကျဆုံးအချက်မှာ ဤခွေး၏ အရိုးအရွယ်စား ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။
လူဖြစ်စေ, တိရစ္ဆာန်ဖြစ်စေ၊ သူ့အရိုးတွေမှတဆင့် သူ့တို့အသက်ကို ပြောပြနိုင်ပါသည်။ ချင်ယွင်သည် ဤခွေး၏အရိုးအသက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤခွေးသည် သူတို့ အားလုံး၏အသက် ပေါင်းစုထားသည်ထက် အသက်ကြီးကြောင်း တွေ့ရှိခဲ့ရသည်။
သူတို့အဖွဲ့တွင် အသက်အကြီးဆုံး ပုဂ္ဂိုလ်မှာ လိပ်နက်နတ်ဘုရားသားရဲ ဖြစ်သည်။ သူသည် နှစ်သန်းပေါင်းရာနှင့်ချီ၍ နေထိုင်ခဲ့ပြီး၊ လျှို့ဝှက်နတ်ဘုရားဂိုဏ်း ပေါ်ပေါက်လာသည့် အချိန်မှစ၍ မွေးဖွားလာခဲ့သည်။
နောက်တစ်ယောက်ကတော့ လွင့်မျောနှင်းမြို့တော်၏ အရှင်သခင် ဖြစ်သည်။ သူသည် နှစ်သန်းပေါင်း ၂၀ ရှင်သန်နေထိုင်ခဲ့ပြီး၊ ကျိုးလင်ပင်လျှင် နှစ်သန်းပေါင်းများစွာ ရှင်သန် နေထိုင်ခဲ့ပြီ။
သို့သော် သူတို့ထဲက တစ်ယောက်မှ သူတို့ရှေ့က ဤခွေးကြီးလောက် အသက်မကြီးကြပါ ဘူး။ ချင်ယွင်၏ ခန့်မှန်းချက်အရ ဤခွေးသည် နှစ်ပေါင်း တစ်ဘီလီယံကျော် သို့မဟုတ် နှစ်ဘီလီယံတိုင်တိုင် အသက်ရှင်နေနိုင်ဖွယ် ရှိသည်။
သေမျိုးကမ္ဘာမှ ခွေးတစ်ကောင်သည် ဆယ်နှစ်သာ သက်တမ်းရှိသောကြောင့် ၎င်းသည် ဤမျှ ကြာရှည်စွာ ရှင်သန်နေနိုင်မည် မဟုတ်သည်မှာ သေချာပါသည်။ ထို့ကြောင့်၊ ချင်ယွင်သည် သူ့ရှေ့ရှိ ဤခွေးသည် သေမျိုးခွေးတစ်ကောင် မဟုတ်ဘဲ၊ အလွန် ကြောက်စရာကောင်းသော မွန်းစကားတစ်ကောင် ဖြစ်ကြောင်း ဆုံးဖြတ်နိုင်သည်။
"ဘန်း”
သို့သော် ချင်ယွင်သည် နိဂုံးချုပ်ကောက်ချက်ချပြီး၍ သူစိတ်နှလုံးထဲတွင် သက်ပြင်းချ နေချိန်မှာ, သူ့ဘေးတွင်ရပ်နေသော လိပ်နက်သည် ရုတ်တရက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခွေးဝါကြီးကို သုံးကြိမ်တိုင်တိုင် ဂါရဝပြုလိုက်သည်။
"အယ်!" ချင်ယွင်၊ ကျိုးယွမ်နှင့် အခြားသူများသည် အံ့အားသင့်စွာဖြင့် ဘေးမှာ အရိုသေ ပေးနေသော လိပ်နက်နတ်ဘုရားသားရဲကို ကြည့်ပြီး၊ သူတို့မျက်နှာပေါ်တွင် အံ့သြခြင်း, စိတ်ရှုပ်ထွေးခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ယခုအချိန်တွင် လိပ်နက်၏ မျက်နှာပေါ်ရှိ အမူအရာသည် အလွန်ရိုသေလေးစားနေသည့် အမူအရာရှိသည်ဟု ဆိုနိုင်ပြီး၊ သူ၏အကြည့်များက ရိုသေလေးစားမှုကို ထင်ရှားစေသည်။ ဤအကြည့်သည် ဘိုးဘေးနတ်ဘုရားမ ချင်းယောင်၏ ရုပ်ထုကို ကြည့်စဉ်တုန်းက သူတို့ မြင်ခဲ့ဖူးသော အကြည့်နှင့် အတူတူပင်။ လိပ်နက်၏ပိုင်ရှင်ဖြစ်သည့် ချင်ယွင်ပင်လျှင် လိပ်နက်သည် သူ့အပေါ် ဤကဲ့သို့ တစ်ခါမျှ မပြသဖူးပေ။
လိပ်နက်သည် ဘိုးဘေးနတ်ဘုရားမ ချင်းယောင်အပေါ် ရိုကျိုးသည့် အမူအရာ ရှိခြင်းက အဆင်ပြေပါသည်။ ထင်ရှားသည်မှာ၊ သူသည် ခွေးတစ်ကောင်အပေါ် အလွန်ရိုသေသူ ဖြစ်နေသည်။ ဤအချက်က ချင်ယွင်နှင့် တခြားသူများ၏ စိတ်နှလုံးထဲမှာ ကြောက်လန့် တကြား ဖြစ်စေခဲ့ပါသည်။
"ဖြစ်နိုင်တာက ဒီခွေးကလည်း ဘိုးဘေးနတ်ဘုရားများ ဖြစ်နေမလား" ချင်ယွင်၏ နှလုံးသားထဲတွင် အဓိပ္ပါယ်မဲ့သော အတွေးတစ်ခု ပေါ်လာသည် ။
အကယ်၍, သူ့ရှေ့မှ ဤခွေးသည် ဘိုးဘေးနတ်ဘုရား ဖြစ်ခဲ့မည်ဆိုလျှင်, ချင်ယွင်၏ စိတ်နှလုံးထဲမှ ဘိုးဘေးနတ်ဘုရား၏ ပုံရိပ်သည် လုံးဝ ပြိုပျက်သွားလိမ့်မည်။
"လိပ်ကလေး၊ မင်း တံခါးကို စောင့်မနေဘဲ ဒီမှာ ဘာလုပ်နေတာလဲ။ ငါ့အိပ်စက်မှုကို နှောင့်ယှက်ပေးဖို့ လူတစ်စုကို မင်း ခေါ်လာခဲ့သေးတယ်"။
သို့သော်လည်း ဤအခိုက်အတန့်တွင် လူတိုင်း၏ နားထဲမှာ အနည်းငယ် ဒေါသသံ နှောသည့်အသံက ထွက်ပေါ်လာပါသည်။ ထို့နောက်တွင် အိပ်ပျော်နေသော အဝါရောင် ခွေးကြီးသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကာ လူတိုင်းကို အိပ်ငိုက်နေသော အမူအရာဖြင့် ကြည့်နေသည်ကို လူတိုင်း တွေ့လိုက်ရသည်။
အဝါရောင်ခွေးကြီး မျက်လုံးများ ဖွင့်လာသည်ကို မြင်လိုက်ရတော့ အားလုံး၏ စိတ်နှလုံး များသည် တင်းကျပ်လာခဲ့ကြသည်။ အကြောင်းတစ်ခုခုကြောင့် အဝါရောင်ခွေးကြီး မျက်လုံး ဖွင့်လိုက်သည်နှင့် သူတို့၏စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုတစ်ခုခု ရုတ်တရက် ပေါ်လာခဲ့သည်။ သို့သော် ဤအကြောက်တရားသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
"သခင်ဟွမ်, သူတို့က ကျွန်တော့်ကို အနိုင်ယူပြီးပြီ။ သူတို့မှာ လျှို့ဝှက်နတ်ဘုရားဂိုဏ်း စမ်းသပ်ပွဲမှာ ပါဝင်နိုင်တဲ့ အရည်အချင်းတွေ ရှိနေတယ်။ နောက်ပြီး သူက ကောင်းကင်ဘုံ နန်းတော်ရဲ့ ပထမထပ်နှစ်ထပ်ကို ဖောက်ထွက်ပြီး ကောင်းကင်ဘုံ အုပ်စိုးခြင်းခန်းမနဲ့ ဘိုးဘေးနတ်ဘုရားမ ချင်းယောင်ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ရယူနိုင်ကြတယ်။ သူတို့ ဒီလိုလာဖို့ပဲ ရှိတော့တယ်။ လိပ်နက်က ခွေးဝါကြီး ပြောစကားကို ကြားသောအခါ၊ လေးစားစွာဖြင့် အလျင်မြန် ပြောလိုက်သည်။
"သခင်ဟွမ်လား?" ချင်ယွင်နှင့် အခြားသူများသည် ၎င်းတို့၏ မျက်နှာများတွင် အံ့သြသည့် အမူအရာများ ရှိနေကြပြီး ဤစကားနှင့်ပတ်သက်ပြီး သိချင်နေကြသည်။
"အိုး? ကောင်းကင်ဘုံအုပ်စိုးခြင်းခန်းမနဲ့ ဘိုးဘေးနတ်ဘုရားမ ချင်းယောင်ရဲ့ စစ်မှန်တဲ့ အမွေနှစ်ကိုတောင် ရသွားကြပြီလား?" ခွေးဝါကြီးသည် လိပ်နက်၏ စကားကို ကြားသော အခါတွင် သူ၏အိပ်ငိုက်နေသော မျက်လုံးများသည် အသက်ဝင်လာပြီး ချင်ယွင်နှင့် အခြားသူများကို ဂရုတစိုက် ကြည့်ရူလိုက်လေသည်။
ခွေးဝါကြီး၏ အကြည့်များသည် ချင်ယွင်နှင့် အခြားသူများအပေါ် လွှမ်းခြုံသွားသည်။ နောက်ဆုံးတွင် သူသည် ချင်ယွင်၏ကိုယ်ပေါ်တွင် စက္ကန့်အနည်းငယ်ကြာ ရပ်လိုက်ပြီး သူ့အကြည့်ကို ရုပ်သိမ်းလိုက်သည်။ သူက အလွန်စိတ်ပျက်သွားသလိုမျိုး ခေါင်းကို ခါယမ်းကာ အားကိုးရာမဲ့ သက်ပြင်းချလိုက်သည်။
ချင်ယွင်နှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူတို့အားလုံးသည် ပဟေဠိဆန်သော အမူအရာများကို ထုတ်ဖော်ထားကြသည်။
မူလတုန်းကတော့ ခွေးတစ်ကောင်က သူတို့ကို လှမ်းကြည့်သည့်အခါ ထူးဆန်းသည်ဟု ခံစားရသည်။ ဤခွေးက သူတို့ကို လှမ်းကြည့်ပြီးနောက် ခေါင်းခါပြီး သက်ပြင်းချလိမ့်မည် ဟု သူတို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဤအရာက သူတို့ကို တကယ်ပဲ စိတ်ဓာတ်ကျစေသည်။
ကျိုးဟုန်ရွှဲ့သည် ထိုမြင်ကွင်းကို မြင်သောအခါ သူမသည် ဒေါသမထွက်ဘဲ မနေနိုင်တော့ ပေ။ သူမက အော်ပြောလိုက်သည် "ခွေးဝါကြီး၊ နင် ငါတို့ကိုကြည့်ပြီး ခေါင်းခါပြတာ ဘာသဘောလဲ။ နင် ငါတို့ကို အထင်သေးတာလား။"
ကျိုးယွမ်နှင့် အခြားလူများသည် ကျိုးဟုန်ရွှဲ့၏စကားများက အနည်းငယ် ရိုင်းစိုင်းသည်ဟု ခံစားမိသော်လည်း ၎င်းတို့က သူမကို မတားဆီးခဲ့ကြပေ။ ဤစကားက သူတို့၏ အတွင်းစိတ်ထဲတွင် အတွေးကိုယ်စီ ရှိနေကြသည့်စကားဖြစ်ပြီး၊ ကျိုးဟုန်ရွှဲ့၏ စကားတွေ က သူတို့၏ အတွေးတွေကို ဖော်ထုတ်ပြသပေးခြင်း ဖြစ်နေသည်။
သို့သော် ခွေးဝါကြီးသည် ကျိုးဟုန်ရွှဲ့၏စကားကို ကြားပြီးနောက်၊ သူ့ပါးစပ်ထောင့်များက လူသားဆန်သော လှောင်ပြောင်မှု အရိပ်အမြွက်ကို ဖော်ပြလာခဲ့သည်။ "ဟုတ်တယ်၊ ငါ မင်းတို့ကို အထင်သေးနေတာပဲ။ အခုပဲ ထွက်သွားဖို့ ငါ မင်းတို့ကို အကြံပေးချင်တယ်။ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အမွေအနှစ်က မင်းတို့ အိပ်မက်မက်နိုင်တဲ့ အရာမဟုတ်ဘူး။ နောက်ထပ်တွေက စမ်းသပ်မှုတချို့ကို ပြောမနေနဲ့၊ တတိယမြောက် ကောင်းကင်ဘုံ နန်းတော်က စမ်းသပ်မူတစ်ခုတည်းကိုတောင် မင်းတို့ မကျော်ဖြတ်နိုင်ဘူး။ ဒါကြောင့် မင်းတို့ ဒီနေရာမှာ မသေချင်ဘူးဆိုရင် အခု ထွက်သွားတာ အကောင်းဆုံးပဲ” ဟု အေးစက်စွာ အော်ပြောလိုက်သည်။
လူတိုင်း ခွေဝါကြီး၏ စကားကို ကြားလိုက်သောအခါတွင် အမျက်ဒေါသများ ထွက်ကျလာ သည်။ ချင်ယွင်သည်ပင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့။
ကျိုးဟုန်ရွှဲ့သည် လှပသော မျက်လုံးတစ်စုံဖြင့် ခွေဝါကြီးကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည် "နင့်ခွေးမျက်လုံးတွေနဲ့ လူသားတွေကို အထင်သေးရဲတာလား”။