← Chapters

အခန်း ၁၄၁၄

Vol. 95 Ch. 1414

အခန်း ၁၄၁၄

Vol. 95 Ch. 1414

အခန်း (၁၄၁၄) မရိုးသားသော ခွေးတစ်ကောင်။

ခွေဝါကြီးသည် ကျိုးဟုန်ရွှဲ့၏စကားကို ကြားသောအခါ ကျိုးဟုန်ရွှဲ့အား သူ့ခွေးမျက်လုံး များဖြင့် စိုက်ကြည့်နေစဉ် သူ့မျက်နှာပေါ်တွင် ဒေါသတစ်ခု ပေါ်လာသည်။

လူတစ်​​ယောက်​နှင့်​ ​ခွေးတစ်​​ကောင်​က ​တစ်​​ယောက်​ကို တစ်​​ယောက် စိုက်​ကြည့်​​နေသည်​။

"သခင်ဟွမ်, သခင်ဟွမ်ရဲ့ ကျင့်ကြံမှုက ကောင်းကင်နတ်ဘုရားအဆင့်မှာ ရှိတယ်။" ကျိုးဟုန်ရွှဲ့သည် ခွေဝါကြီးအပေါ် ဒေါသထွက်နေသည်ကို မြင်လိုက်ရသောအခါ လိပ်နက်က သူမကို မနေသာဘဲ သတိပေးလိုက်ရသည်။

သူသည် ချင်ယွင်နှင့် တခြားသူတွေက ခွေဝါကြီးနှင့် တိုက်ခိုက်မည်ကို မမြင်တွေ့ချင်ပါဘူး။ ချင်ယွင်သည် သူ၏အရှင်သခင်ဖြစ်ပြီး ခွေဝါကြီးသည် လျှို့ဝှက်နတ်ဘုရားဂိုဏ်းမှာ အကြီးအကဲအဆင့် တည်ရှိမူဖြစ်နေသဖြင့် သူ လေးစားရသည်။ အကယ်၍, သူတို့ နှစ်ဖက် တိုက်ခိုက်ကြလျှင်, သူ ဘာလုပ်ရမှန်း မသိနိုင်တော့ပေ။

"ကောင်းကင်နတ်ဘုရားလား?" လူတိုင်း လိပ်နက်နတ်ဘုရားသားရဲ၏ စကားကို ကြားသောအခါ, သူတို့အားလုံးသည် အံ့အားသင့်သော အမူအရာကိုယ်စီ ထုတ်ဖော်လာ ကြပြန်သည်။

ဒီခွေးကြီးက ကောင်းကင်နတ်ဘုရားလား။ ဒါက မယုံနိုင်စရာ မကောင်းလွန်းဘူးလား။ မည်သို့ပင် ကြည့်ကြည့်၊ လုံးဝ မတူဘူးမဟုတ်လား?။

သို့သော်လည်း ခွေဝါကြီးသည် လိပ်နက်၏ စကားကိုကြားပြီးနောက်၊ သူ၏ ပါးစပ်ထောင့် များက တွန့်လိမ်သွားသည်။ သူက ကျိုးဟုန်ရွှဲ့အား လှောင်ပြောင်သော အမူအရာဖြင့် ပြောသည် "ကောင်မလေး၊ မင်း သူပြောတာ ကြားလိုက်တယ် မဟုတ်လား?. ငါက ကောင်းကင်နတ် ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ပဲ။ ငါက မင်းလို အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် စော်ကားဖို့ တတ်နိုင်သူ မဟုတ်ဘူး။ ဒါ့အပြင်, မင်းတို့ထဲက တစ်ယောက်မှ ငါ့ပြိုင်ဘက် မဟုတ်ဘူး။ ."

ခွေဝါကြီးသည် စကားပြောနေစဉ်တွင် သူသည် စိတ်လှုပ်ရှားနေပုံရပြီး ခေါင်းကို ကောင်းကင်သို့ မြှောက်လုမတတ် မော့ထားသည်။

အမှန်အတိုင်း ပြောရလျှင် ထိုပုံစံသည် အမှန်တကယ် ရိုက်ချင်စရာကောင်းပြီး၊ တကယ် လည်း အရိုက်ခံရနိုင်သည်။

"ဟမ့်၊ ကောင်းကင်နတ်ဘုရားလား။ အဲဒါကို ဘယ်သူက ယုံမှာလဲ။ နင်က ဘယ်လောက် တန်ခိုးကြီးတဲ့ ကောင်းကင်နတ်ဘုရားလဲဆိုတာ ငါ မြင်ချင်မိတယ်။" ကျိုးဟုန်ရွှဲ့သည် ခွေဝါကြီး၏ မောက်မာသော အသွင်ပြင်ကို သည်းမခံနိုင်တော့ပါ။ သူမသည် အေးစက်စွာ ဟစ်ကြွေးပြီးနောက် နတ်ဘုရားတန်ခိုးမှ ထွက်ပေါ်လာသော ရှည်လျားသော ကြာပွတ် တစ်ချောင်းသည် သူမ၏လက်ထဲတွင် ပေါ်လာပြီး ခွေဝါကြီးကို တိုက်ရိုက် ရိုက်ချလိုက် သည်။

ကျိုးယွမ်နှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်သောအခါ အားလုံး ထိတ်လန့်သွားကြ သည်။

အကယ်၍ ဤခွေဝါကြီးသည် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦး ဖြစ်ခဲ့ပါက ကျိုးဟုန်ရွှဲ့၏လုပ်ရပ်များသည် ၎င်းတို့အတွက် ဘေးဥပါဒ်ကို ဖြစ်စေလိမ့်မည်။

သို့သော်လည်း သူတို့သည် သူမကို မတားဆီးနိုင်ခင်မှာ နောက်မြင်ကွင်းက သူတို့ကို မှင်သက်သွားစေခဲ့သည်။

"ဝူး”

ကျိုးဟုန်ရွှဲ့၏ လက်ထဲမှ နတ်ဘုရားတန်ခိုး ကြာပွတ်သည် ခွေဝါကြီး၏ တင်ပါးပေါ် ကျရောက်သွားပြီး ခွေဝါကြီးသည် အမြင့်သုံးမီတာအထိ တိုက်ရိုက် ခုန်လိုက်ပြီး၊ သနားစဖွယ် ညည်းညူသံကို ထုတ်ဖော်လိုက်သည်။

"မင်း ငါ့ကို ရိုက်ရဲလား!" ခွေဝါကြီးသည် ဒေါသတကြီး မအော်ပြောဘဲ မနေနိုင်ခဲ့။

သို့သော် သူပြောပြီးသည်နှင့် ကျိုးဟုန်ရွှဲ့၏ နတ်ဘုရားတန်ခိုး ကြာပွတ်သည် ခွေဝါကြီး၏ တင်းပါးကို ထပ်မံ ထိမှန်သွားကာ နောက်ထပ် အော်ဟစ်ညီးညူသံကို ထပ်မံ ထုတ်ဖော် လိုက်ပြီး မီတာအနည်းငယ် အကွာအထိ ခုန်ဆုတ်သွားခဲ့သည်။

ကျိုးဟုန်ရွှဲ့ကို စောင့်ကြည့်နေစဉ် ခွေဝါကြီး၏ မျက်လုံးကြီးများတွင် အမျက်ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း, သူသည် လက်တုံ့ပြန်ခြင်း မရှိပေ။

"ဟား...၊ ဟား...၊ ဒါဆို နင်က ကောင်းကင်နတ်ဘုရားတစ်ပါး မဟုတ်ဘူးပေါ့၊ ငါ နင့်ကို ဘယ်လို ဆက်ဆံမလဲ ကြည့်ရအောင်။" ခွေဝါကြီးသည် သူမ၏နတ်ဘုရားတန်ခိုး ကြာပွတ် ၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့သည်ကို ကျိုးဟုန်ရွှဲ့ သိမြင်သောအခါ၊ သူမသည် ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ခွေဝါကြီး ခန္ဓာကိုယ်ကြီးကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

"ဝူး ဝူး ဝူး ဝူး ဝူး…"

ချက်ချင်းပင်၊ ခွေဝါကြီးထံမှ သနားစဖွယ် အော်ဟစ်ညီးညူသံများ ကောင်းကင်ဘုံ နန်းတော်၏ တတိယထပ်ရှိ ရင်ပြင်မှာ ထွက်ပေါ်လာသည်။

ကျိုးဟုန်ရွှဲ့သည် ခွေဝါကြီး၏တင်ပါးကို နတ်ဘုရားတန်ခိုး ကြာပွတ်ဖြင့် အဆက်မပြတ် ရိုက်နှက်ရင်း ကောင်းကင်ဘုံနန်းတော်၏ တတိယမှာ ပြေးလွှားနေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး ဆွံ့အသွားကြသည်။

ခွေဝါကြီးသည် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်ရန် နေနေသာသာ၊ ကျင့်ကြံမှု အခြေခံ ပင် မရှိဟု အရူးတစ်ယောက်ကပင် ပြောနိုင်သည်။ မဟုတ်ရင် ကျိုးဟုန်ရွှဲ့၏ အရှက်ခွဲမူကို သူသည် မည်သို့ ပြန်မခုခံဘဲ နေမည်နည်း?။

လိပ်နက်သည် ခေါင်းနောက်ကျောကို ကုတ်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်ကာ, သူ့ပုံစံက စိတ်ရှုပ်ထွေးသည့် အမူအရာ ရှိနေသည်။ သို့သော်, သူသည် အဖြစ်ပျက်များကို နားမလည် နိုင်ပေ။

“မဟုတ်သေးဘူး၊ သခင်ဟွမ်က လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားရဲ့ နောက်ကို အမြဲလိုက်နေတဲ့သူပဲ။ လိပ်နက်နတ်ဘုရားသားရဲက မေးခွန်းထုတ်ရင်း ဝေခွဲမရ ဖြစ်နေသည် “သူငယ်ငယ်လေးကတည်းက လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား ရဲ့ ကစားဖော်တစ်ယောက်ပဲ။ သူက သေမျိုးကမ္ဘာမှာ မွေးဖွားလာတဲ့ ခွေးတစ်ကောင် ဖြစ်ပေမယ့်လည်း၊ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက သူ့ရဲ့ခြင်ဆီတွေကို သန့်စင်ဖို့နဲ့ သူ့ခန္ဓာကိုယ်ကို နတ်ဘုရားသားရဲအဆင့်အထိ မြှင့်တင်နိုင်ဖို့ သူရဲ့ကြီးမြတ်တဲ့ နတ်ဘုရားတန်ခိုးစွမ်းရည်တွေကို အသုံးပြုခဲ့တယ်။ အဲဒီတုန်းက ငါက အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်မှာ ရှိနေပေမယ့် သူက ကောင်းကင်နတ်ဘုရားရဲ့ အစောပိုင်း အဆင့်ကို ရောက်ရှိနေပြီ။ အခု သူ့မှာ ဘာလို့ ကျင့်ကြံမူအခြေခံ မရှိတော့တာလဲ။”

“ငယ်စဉ်ကတည်းက ဘိုးဘေးနတ်ဘုရားရဲ့ ကစားဖော်” ထိုစကားကို ကြားတော့ အားလုံး မထိန်းနိုင်ဘဲ သူတို့မျက်လုံးတွေ ပြူးကျယ်သွားကြသည်။

ကျိုးယွမ်နှင့် နေသာဧကရာဇ်တို့ဆို အသက်ရှုပင် ကြပ်သွားကြသည်။

ချင်ယွင်လည်း အလွန့်မင်း အံ့ဩသွားခဲ့သည်။ ခွေးဝါကြီး၏ နောက်ခံသည် အမှန်တကယ် ပင် ထူးထူးခြားခြား အံ့အားသင့်သွားစရာကောင်းနေမည်ဟု သူ မမျှော်လင့်ပေ။

ထို့အပြင်, သူ့ခန့်မှန်းချက်က တကယ်ကို နီးစပ်ပါသည်။ ခွေးဝါကြီး၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် သေမျိုးခွေးတစ်ကောင်ဖြစ်သည်။ ယုတ္တိကျကျ ပြောရလျှင်, သူသည် ကျင့်ကြံရန် သေချာပေါက် မဖြစ်နိုင်ပေ။

ခွေးဝါကြီး၏ အမွေးအမျှင်ကြီးသည် ပိုးသားကဲ့သို့ ချောမွေ့ပြီး ကြည်လင်တောက်ပနေ သည်။ ယင်းက နတ်ဘုရားတန်ခိုးဖြင့် သန့်စင်ပြီး၊ ယခုကဲ့သို့ ကောင်းကင်နတ်ဘုရား ပစ္စည်းအဖြစ် ယူဆောင်ပေးခြင်း ဖြစ်ရမည်။ ထို့ကြောင့် လိပ်နက်နတ်ဘုရားသားရဲ ပြောသည့်စကားတွေက အမှန်ဟု သူ ယုံကြည်သည်။

ခွေးဝါကြီး၏ကျင့်ကြံမူ ပျောက်ကွယ်သွားခြင်းနှင့် ပတ်သက်၍မူ ခွေးဝါကြီး၏ ကျင့်ကြံမူ အခြေခံ လုယူခံရသည့် အဖြစ်ပျက်တစ်ခုခု ရှိနေမည်ကို သူ စိုးရိမ်မိသည်။

တစ်နည်းဆိုရသော်, ခွေးဝါကြီးသည် ယခင်က ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိခဲ့ဖူးသည်။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် သူ၏ ကျင့်ကြံမှုမှာ လုံးဝ ဆုံးရှုံးသွားခဲ့သည်။

"ဟုန်ရွှဲ့၊ ရပ်လိုက်တော့" ခွေးဝါကြီးသည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ ကစားဖော်ဖြစ်ကြောင်း ကျိုးယွမ် ကြားသိပြီးနောက်၊ သူသည် ခွေးဝါကြီးအား သူ့စိတ်နှလုံးထဲတွင် ကြောက်ရွံ့စ ပြုလာသည်။

သက်ရှိသတ္တဝါ မဆိုထားနှင့်၊ ဘိုးဘေးနတ်ဘုရားများနှင့် ပတ်သက်သည့် မည်သည့် အရာမ ဆို အံ့မခန်းပင်။ ဘိုးဘေးနတ်ဘုရားသည် ဤသေမျိုးခွေးတစ်ကောင်ကို မွေးမြူရန် ဤမျှ မြင့်မားသော စျေးနှုန်းကို ပေးဆောင်နိုင်ခဲ့သောကြောင့် ဤခွေးနှင့် လျှို့ဝှက်ဆန်းကြယ် သော ဘိုးဘေးနတ်ဘုရားတို့ကြား ဆက်ဆံရေးသည် အလွန်ထူးခြားသည်ဟု ဆိုလိုသည်။

အကယ်၍, သူတို့သာ ဆက်လက်တိုက်ခိုက်ပြီး ဘိုးဘေးနတ်ဘုရားကို အမျက်ထွက်စေပါ က၊ သူတို့၏အနာဂတ် လမ်းကြောင်းသည် အလွန်ခက်ခဲမည် ဖြစ်သည်။

သူမအဖေ အော်ပြောသံကို ကြားတော့ ကျိုးဟုန်ရွှဲ့သည် ခွေးဝါကြီးကို နတ်ဘုရားတန်ခိုး ကြာပွတ်နှင့် ရိုက်နှက်ခြင်းကို ရပ်လိုက်ပါသည်။ သို့သော် သူမ၏မျက်နှာပေါ်ရှိ အမူအရာ မှာ အဆုံးမရှိ ဖြစ်နေသေးသည်။

"နံစော်နေတဲ့ ကောင်မစုတ်လေး၊ မင်း ငါ့ကို ကြိမ်ဒဏ် ၆၈ ချက် ရိုက်ခဲ့တယ်။ ငါ့ခွန်အား တွေ ပြန်ကောင်းလာတဲ့အခါ မင်းကို ကြိမ်ဒဏ်အချက် ၆၈၀၀ သေချာပေါက် ရိုက်ပစ်ဦး မယ်" ခွေးဝါကြီးသည် ကျိုးဟုန် ရွှဲ့ရပ်သွားသည်ကို မြင်ပြီး ချက်ချင်း ကျိန်ဆဲလိုက်သည်။

"နင် တင်ပါး ယားလာပြန်ပြီလား" ကျိုးဟုန်ရွှဲ့က ဒေါသတကြီး စိုက်ကြည့်လျှင် ခွေးဝါကြီး သည် ထိတ်လန့်တကြား နောက်ဆုတ်သွားသည်။

"မမိုက်ရိုင်းစမ်းနဲ့" ကျိုးယွမ်က ကမန်းကတန်း အော်လိုက်သည်။

ကျိုးယွမ် ဒေါသထွက်နေသည်ကို မြင်တော့ ကျိုးဟုန်ရွှဲ့သည် လည်ပင်းလေးကို ပုပြီး ဘေးတဘက်ကို ဆုတ်သွားခဲ့သည်။

"သခင်ဟွမ်၊ ဒီကလေးမလေးက မသိမလိမ္မာ၍ မိုက်မဲမိပါတယ်။ ခွင့်လွှတ်လေးပါ" ကျိုးယွမ်က ဆောလျင်စွာ တောင်းပန်လိုက်သည်။

'"ဟမ့်၊ ငါ့ကို အကြိမ်ကြိမ် ရိုက်နှက်ခဲ့တာလေ။ ဒါက မိုက်မဲတာလား?။ မဟုတ်ဘူး၊ သူမ ငါ့ကို တောင်းပန်ရမယ်။ တောင်းပန်ရုံနဲ့ မလုံလောက်ဘူး။ သူမက ငါ့ကို နှိပ်ပေးရမယ်။ ငါ့ခန္ဓာကိုယ်ပေါ်က နာကျင်မှုတွေက မပျောက်မချင်း နှိပ်ပေးရမယ်။ မဟုတ်ရင် ဒီသခင်က၊ ဒီကိစ္စကို ဘယ်တော့မှ ကြေအေးမှာ မဟုတ်ဘူး။" ကျိုးယွမ်၏ စကားကို ကြားသောအခါ ခွေးဝါကြီးက ဒေါသတကြီး ပြောသည်။

"ဒါ" ကျိုးယွမ်၏ မျက်နှာက အဆင်မပြေသည့် အမူအရာ ပေါ်လာသည်။ သူ့သမီးလေးက ခွေးတစ်ကောင်ကို နှိပ်နယ်ပေးရမည်ကို သူ ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း။ ထို့ကြောင့် သူသည် ခဏတာ ဆွံအသွားသည်။

ကျိုးဟုန်ရွှဲ့သည် ချက်ချင်းပင် နှာခေါင်းကို ရှုံ့လိုက်ပြီး နှုတ်ခမ်းကို တွန့်လိုက်သည်။

ချင်ယွင်နှင့် ကျိုးလင်သည် အကြည့်ချင်း ဖလှယ်ကာ ကူကယ်ရာမဲ့သော အပြုံးများကို ထုတ်ဖော်လိုက်မိသည်။

ဤခွေးကြီးသည် သမာဓိမရှိသော ခွေးတစ်ကောင်ဖြစ်ပြီး၊ သူ့ကို မျက်နှာသာ အနည်းငယ် ပေးလိုက်သည်နှင့်, ၎င်းသည် နှာခေါင်းနှင့် မျက်နှာကို တက်ကန်မည် ဖြစ်ကြောင်း သူတို့သည် ယခုအခါ နားလည်သွားကြသည်။ တစ်နည်းဆိုရသော် ဤခွေးသည် အကျင့်ပျက်ကို နှစ်သက်သော ခွေးတစ်ကောင် ဖြစ်သည်။

"ကောင်းပြီ၊ ရပ်ရအောင်။" ချင်ယွင် မတ်တပ်ရပ်ပြီး သူ့ကို တားဆီးလိုက်သည်။ ထို့နောက် သူက ခွေးဝါကြီးဆီသို့ လှည့်ကြည့်ကာ ပြုံးရင်း တိုးတိုးလေး ပြောသည် "ငါ မမှားရင်, ဒီကျောက်ပြားကြီးကြောင့် မင်းရဲ့ကျင့်ကြံမှု ပျောက်ကွယ်သွားတာ မဟုတ်လား?။ ဒါမှမဟုတ် ဒီကျောက်ပြားထဲမှာရှိတဲ့ အရာတွေကြောင့် မင်းရဲ့ ကျင့်ကြံမှု ဆုံးရှုံးသွားတာ မဟုတ်လား" ဒီကျောက်ပြားကြီးက ငါတို့ တတိယမြောက် ကောင်းကင်ဘုံနန်းတော် စစ်ဆေးမှုအတွက် အဓိကသော့ချက်လည်း ဖြစ်လိမ့်မယ်။ ငါပြောတာ မှန်မမှန် သိချင်ပါတယ်။ သခင်ဟွမ်။ "

ခွေးဝါးကြီးသည် ချင်ယွင်၏ စကားကို ကြားလျှင်, သူ့ပါးစပ်ထောင့်က လေးကိုင်းသဖွယ် ကွေးညွှတ်သွားပြီး ပြောသည်" မင်းက ဉာဏ်ကောင်းသားပဲ။ ဒီကျောက်ပြားကြီးက တကယ်ပဲ ဒီတစ်ကြိမ် မင်းတို့ စမ်းသပ်ချင်တဲ့အရာပဲ။” တကယ်လို့, မင်းတို့ စမ်းသပ်မူ မအောင်မြင်ပါက၊ မင်းတို့အနေနဲ့ စတုတ္ထမြောက် ကောင်းကင်ဘုံနန်းတော်ကို သွားမဲ့ လမ်းကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် တတိယမြောက် ကောင်းကင်ဘုံ နန်းတော် စမ်းသပ်မူက မင်းတို့အတွက် သေမင်းကို တောင်းခံနေတဲ့အရာ ဖြစ်နေတယ်။ ဒါကြောင့် မင်းတို့ကို ထွက်သွားဖို့ ငါ အကြံပေးချင်တယ်”။

ထိုစကားကို ပြောပြီးသည်နှင့် ခွေးဝါကြီး၏ နှုတ်ခမ်းကြီးတွေက ပုံကြီးချဲ့ဟန်ဖြင့် ကွေးညွှတ်သွားခဲ့ပြန်သည်။

All Chapters