အခန်း ၁၄၁၅
Vol. 95 Ch. 1415
အခန်း (၁၄၁၅) နတ်ဆိုးဖိနှိပ်ခြင်းကမ္ပည်းကျောက်ပြား။
"ခွေးဝါကြီး၊ နင် ငါတို့ကို ကြောက်လှန့်နေတာလား။" ကျိုးဟုန်ရွှဲ့က ခွေးဝါကြီး၏ စကားကို မယုံပေ။ ထို့ကြောင့် မနေနိုင်ဘဲ ပြန်ပြောလိုက်သည်။
ခွေးဝါကြီးသည် ယခင်က ကောင်းကင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူ ဖြစ်သောကြောင့် ခွေးဝါကြီး၏ စကားများတွေ ချဲ့ကားခြင်း မဟုတ်ကြောင်း ချင်ယွင် ခံစားမိသည်။ ၎င်းသည် သူ့ကျင့်ကြံမှု ဆုံးရှုံးရသည့်အတွက် လုံးဝ အန္တရာယ်များလိမ့်မည်။
"ကြောက်လှန့်ဖို့လား။ ဒီကိုလုပ်ဖို့ လိုအပ်လို့လား။ မင်းတို့ကို ကြင်နာစွာနဲ့ သတိပေးလိုက် တာ။ သေချာတာက, မင်းတို့ နားမထောင်ပဲ ဒီစမ်းသပ်မူကို ဆက်ပြီး ဖြတ်ကျော်နိုင်တယ်။ မင်းတို့ကို ငါ တားဆီးနေမှာ မဟုတ်ဘူး။" ခွေဝါကြီးက လှောင်ပြောင်ပြောသည်။
လူတိုင်း ထိုစကားကိုကြားသောအခါ၊ ခွေးဝါကြီးသည် မုသားစကား ပြောနေခြင်း မဟုတ်ဟု ခံစားမိသောကြောင့် သူတို့၏အမူအရာများသည် လေးနက်လာသည်။
"ဒီစမ်းသပ်မူအကြောင်း ငါတို့ကို အသေးစိတ် ရှင်းပြနိုင်မလား။" ကျိုးလင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ပြောလိုက်သည်။
"တတိယမြောက် ကောင်းကင်ဘုံနန်းတော်ရဲ့ စမ်းသပ်မူကို ဖြတ်ကျော်ဖို့ မင်းတို့ တကယ်ပဲ စိတ်ကူးနေတာလား။" ခွေးဝါကြီးသည် ချင်ယွင်နှင့် အခြားလူများကို ကြည့်လိုက်ပြီး၊ ချင်ယွင်၏ မျက်လုံးများက အလွန်ခိုင်မာကြောင်း သူ သတိထားမိသည်။ သူက ကူကယ်ရာမဲ့ သက်ပြင်းချလိုက်ပြီး ပြောသည် "အင်း၊ မြစ်ဝါမြစ်ရဲ့ အထိပ်ကို မရောက်မချင်း မင်းတို့က မသေဘူးလို့ ထင်နေဦးမှာပဲ။ ဒါဆိုလည်း မေ့လိုက်ပါလေ။ ငါ ဒီစမ်းသပ်မှုအကြောင်း မင်းတို့ကို ပြောပြပေးမယ်။ မင်းတို့ နားထောင်ပြီးလို့မှ အရှုံးမပေးသေးရင်, ငါ အရှုံးပေးပါ့ယ်။"
"အပင်ပန်းခံ ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
ထိုမြင်ကွင်းကို မြင်တော့ ခွေးဝါကြီးသည် ခေါင်းကို ခါယမ်းကာ အနက်ရောင် ကျောက်ပြား ကြီးဆီသို့ လျှောက်သွားသည်။
"ဒီကျောက်ပြားကြီးကို နတ်ဆိုးဖိနှိပ်ခြင်းကမ္ပည်းကျောက်ပြားလို့ ခေါ်တယ်။ ဘုရားပေါ်က ဒီကျောက်ပြားပေါ်မှာ ရေးထိုးထားတဲ့ နတ်ဘုရားစာလုံးတွေကိုတော့ နတ်ဆိုးဖိနှိပ်ခြင်း နတ်ဘုရား ကမ္ပည်းကျောက်စာလို့ ခေါ်တယ်။ ဒီကျောက်ပြားကြီးကို အဲဒီတုန်းက လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားကိုယ်တိုင် ထွင်းထုခဲ့တာ။ ဒီကျောက်ပြား ကြီးကို မကောင်းဆိုးဝါး အရာဝတ္ထုတွေကို စည်းတံဆိပ်ခတ်ဖို့အတွက် အထူးအသုံးပြု တယ်။ ဒီပေါ်က သံကွင်းကြိုးတွေလည်း အတူတူပဲ။ ဒီသံကွင်းကြိုးတွေကိုတော့ စည်းတံဆိပ်တွေကို အားဖြည့်ဖို့အတွက် အသုံးပြုတယ်” ခွေးဝါကြီးက မိတ်ဆက် ပေးလိုက်ပါသည်။
အားလုံးက ခေါင်းညိတ်ကြပြီး ကျောက်ပြားကြီးကို ကြည့်လိုက်ရင်း သူတို့မျက်လုံးတွေက အံ့သြသွားကြသည်။
ဘိုးဘေးနတ်ဘုရား ကိုယ်တိုင်ကိုယ်ကျ စည်းတံဆိပ်ခတ်ထားမှတော့ ဤမျှလောက် ရိုးရှင်းမှာ မဟုတ်တော့ပါဘူး။ ဤတစ်ချက်တည်းကပင် သူတို့ကို မမြင်နိုင်သည့် ဖိအား တစ်ခု ပေးနေခဲ့သည်။
ခွေးဝါကြီးသည် လူအုပ်ကြီး၏ လေးနက်လာသည့် အမူအရာကို မြင်သောအခါ ပြုံးလိုက် သည်။ သူက သံကို ထုရိုက်ရန်အတွက် ပူနေသည့်အချိန်ကို အခွင့်ကောင်းယူလိုက်သည်။ ဒီကျောက်ပြားကြီးထဲမှာ စည်းတံဆိပ်ခတ်ထားတဲ့ တန်ခိုးကြီး မကောင်းဆိုးဝါးတစ်ကောင် ရှိနေတယ်။ အဲဒီမကောင်းဆိုးဝါက မင်းတို့စမ်းသပ်မှုအတွက် သော့ချက်လည်း ဖြစ်တယ်။ မင်းတို့ပန်းတိုင်က ဒီတန်ခိုးကြီးတဲ့ မကောင်းဆိုးဝါးကို သတ်ပစ်ပြီး သူ့ခန္ဓာကိုယ်ထဲက အရေးကြီးဆုံးအရာကို ရယူဖို့ပဲ”။
"မကောင်းဆိုးဝါး၊ အဲဒါက အတိအကျ ဘာလဲ" ကျိုးလင်က မတတ်နိုင်ဘဲ မေးလိုက်သည်။
"မင်းတို့ လေဟာနယ်ဝါးမျိုသူဆိုတာကို ကြားဖူးလားလို့ ငါ သိချင်မိတယ်။" ခွေးဝါကြီးက လှောင်ပြောင်ကာ မေးသည်။
သို့သော် သူပြောပြီးသည်နှင့် အားလုံး၏မျက်နှာများသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေပါ သည်။
နေသာဧကရာဇ်နှင့် လိပ်နက်တို့သာမက ကျိုးယွမ်နှင့် ကျိုးလင်တို့ပင် မသိကြပေ။
ထုံးစံအတိုင်း ချင်ယွင်သည် ဤနာမည်ကို တစ်ခါမှ မကြားဖူးခဲ့ဘဲ သူ့မျက်နှာမှာ အနည်းငယ် ပဟေဠိ ဖြစ်နေသည်။
ခွေးဝါကြီးသည် လူတိုင်း စိတ်ရှုပ်သွားသည်ကို မြင်သောအခါ, သူက ကျွဲပါးစောင်းတီးဆို သည့် အမူအရာမျိုး ချက်ချင်း ဖော်ပြလာသည်။ သူက ကူရာမဲ့အသံဖြင့် ပြောပြရုံသာ တတ်နိုင်တော့သည် “လေဟာနယ်ဝါးမျိုသူဆိုတဲ့အရာက ဒီစကြာဝဠာရဲ့ လေဟာနယ်နဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ပဲ။ သူတို့ မွေးပြီးကတည်းက အဆုံးမဲ့ လေဟာနယ်ကို ဝါးမျိုးစားသောက်ကြတယ်။ သေချာတာက, သူတို့ဟာ စကြဝဠာရဲ့ လေဟာနယ်ကို ဝါးမြိုရုံတင်မကဘူး၊ လူသားတွေရဲ့ နတ်ဘုရားတန်ခိုး စွမ်းအားကိုလည်း ဝါးမြိုနိုင်တယ်။ ဒီကောင်ရဲ့ ခွန်အားက အထူးတလည် မသန်မာပါဘူး။ သူက မြေကမ္ဘာ နတ်ဘုရားနယ်ပယ် အထွတ်အထိပ်မှာပဲ ရှိသေးတယ်။ ဒါပေမယ့် သူရဲ့ ထူးဆန်းတဲ့ ဝါးမျိုခြင်းစွမ်းရည်က မြင်တွေ့ရခြင်းမရှိဘဲ မင်းတို့ရဲ့ကျင့်ကြံမှုကို ဝါးမျိုသွားနိုင်တယ်။ ဒီအချိန်မှာ မင်းတို့ သန်မာနေရင်တောင် သူ့ရှေ့မှာတော့ သေခြင်းတရားကိုပဲ စောင့်မျှော် နေရလိမ့်မယ်။ ဥပမာအနေနဲ့, ငါ့ကို ကြည့်ပေါ့။ သူက ငါ့ရဲ့ နတ်ဆိုးအမြုတေကို ဝါးမျိုသွား ခဲ့တာ။ တကယ်လို့ ငါ့မှာသာ မွေးရာပါ စိတ်ဝိညာဉ်အမွှာကို ပိုင်ဆိုင်ခြင်း မရှိဘူးဆိုရင်, ငါ့ခန္ဓာကိုယ်ထဲမှာ နောက်ထပ် နတ်ဘုရားစိတ်ဝိညာဉ်တစ်ခုကို ငါ ပိုင်ဆိုင်နိုင်ပါတော့ မလား"။
လူတိုင်းသည် ထိုစကားကို ကြားသောအခါ သူတို့အားလုံး အံ့အားသင့်သွားသည့် အမူအရာများကို ဖော်ပြလာကြသည်။
နောက်ဆုံးတွင် ခွေးဝါကြီးသည် သူတို့အား ထွက်သွားကြရန် အဘယ်ကြောင့် သွေးဆောင် နေခဲ့လဲဆိုသည်ကို သူတို့ နားလည်သွားကြသည်။
ဤလေဟာနယ်ဝါးမျိုသူသည် အမှန်တကယ်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းသည် လူတစ်ဦး၏ နတ်ဘုရားတန်ခိုးကို မတွေ့မြင်နိုင်ဘဲ ဝါးမျိုသွားနိုင်သည်။ ထိုကဲ့သို့ ပုံစံမျိုးဖြင့် သူ့ကို အနိုင်ယူဖို့က မဖြစ်နိုင်ပေ။ ဉပမာအနေဖြင့်, တိုက်ပွဲအတွင်းမှာ သူ့ခန္ဓာကိုယ်ထဲမှ နတ်ဘုရားတန်ခိုး စွမ်းအားများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့မည် ဆိုပါလျှင်, ၎င်းသည် သေခြင်းတရားကို အမှန်တကယ် တောင်းခံခြင်း ဖြစ်လိမ့်မည်။
ချင်ယွင်သည်လည်း လေးနက်သည့် အမူအယာကို ဖော်ပြလာသည်။ အကယ်၍, ခွေးဝါကြီး ပြောသည့်အတိုင်း အမှန်တကယ်ဆိုပါက, ဤစမ်းသပ်မှုက နည်းနည်းတော့ ခက်ပါလိမ့်မည်။
“လျှိုဘို, လျှိုဘို,” ခဏလောက်စဉ်းစားပြီးနောက်, သူသည် ဤကိစ္စကို လျှိုဘိုကို မေးရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် လျှိုဘို၏ အသိပညာက သူ့ထက် အများကြီး ကျယ်ပြန့်ပါသည်။ ထို့ကြောင့် သူသည် သူ့စိတ်မှ လျှိုဘိုကို ခေါ်လိုက်သည်။
လျှိုဘိုက“ကောင်စုတ်လေး၊ မင်းကွာ ငါ့အိပ်နေတာကို ထပ်ပြီး နှောင့်ယှက်ပြန်ပြီ။ မင်းပြောစရာရှိရင် ပြောကွာ။" ချင်ယွင်၏ အသံကျရောက်သွားစဉ်မှာ လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲမှာ ထွက်ပေါ် လာပါသည်။
ချင်ယွင်သည် လျှိုဘို၏ တုန့်ပြန်မှုကိုကြားရလျှင်, သူသည် ချက်ချင်း ဝမ်းသာသွားပြီး မေးလိုက်သည် "လျှိုဘို၊ မင်းရှိနေလား"။ မင်း လေဟာနယ်ဝါးမျိုသူဆိုတဲ့ သတ္တဝါမျိုး ကြားဖူးလား။”
“လေဟာနယ်ဝါးမျိုသူလား။ အဲဒါ ဘယ်မှာလဲ” လျှိုဘို၏ အသံသည် ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်။
“မင်း ငါတို့ရှေ့က ကျောက်ပြားကြီးကို တွေ့တယ်မလား။ အဲဒါက အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် လေဟာနယ်ဝါးမျိုသူကို စည်းတံဆိပ်ခတ်ထားတာပဲ။ ငါတို့ရဲ့ တတိမြောက် ကောင်းကင်ဘုံနန်းတော်ရဲ့ စမ်းသပ်မှုက ဒီလေဟာနယ်ဝါးမျိုသူကို သတ်ပစ်ဖို့ပဲ” ဟု ချင်ယွင်က အသံထုတ်လွှင့်မှုမှ တစ်ဆင့် ပြန်လည်ဖြေကြားခဲ့သည်။
လျှိုဘိုသည် ချင်ယွင်၏စကားကို ကြားသောအခါ၊ သူသည် သူ့ရှေ့ရှိ ကျောက်ပြားကြီးကို ချက်ချင်း စစ်ဆေးပြီး “မင်းပြောသလို တကယ်ပဲ လေဟာနယ်ဝါးမျိုသူတစ်ကောင်ပဲ။ ကောင်စုတ်လေး၊ မင်းကတော့ တကယ် လွန်လွန်းသွားပြီ။ မင်းက တကယ်ကို ကောင်းတာ တွေချည်း ကြုံတွေ့နေရတာပဲ။"
"ကံကောင်းတာလား။ မင်း ဘာလို့ အဲ့လိုပြောရတာလဲ" ချင်ယွင်၏မျက်နှာသည် အံ့ဩဟန် အမူအရာတစ်ခုကို ချက်ချင်း ဖော်ပြလိုက်သည်။
"ကောင်စုတ်လေး၊ ဒီလေဟာနယ်ဝါးမျိုသူရဲ့ဇာစ်မြစ်နဲ့ အသုံးပြုပုံကိုသာ မင်းသိခဲ့ရင်၊ ငါ ဘာလို့ ဒီလိုပြောလဲဆိုတာ မင်း သိလာလိမ့်မယ်" လျှိုဘို၏အသံက ဆက်ပြီး ထွက်ပေါ်လာ ပြန်သည်။
"ဘာလို့လဲ" ၎င်းရဲ့မူလဇာတ်မြစ်နဲ့ အသုံးပြုပုံက ဘာလဲ" ချင်ယွင်က ကမန်းကတန်း မေးသည်။
“ဒီလေဟာနယ်ဝါးမျိုခြင်း သတ္တဝါဆိုတာက စကြဝဠာကြီးရဲ့ မူလစွမ်းအားကနေ ပေါက်ဖွားလာတဲ့ သတ္တဝါတွေပဲ။ ဒီသတ္တဝါတွေဟာ ကြယ်နတ်ဘုရားရဲ့ အစွမ်းမျိုးရှိပြီး၊ လေဟာနယ်ကို ဝါးမျိုစားသောက်ကြတယ်။ တခြားစကားနဲ့ပြောရရင်, ၎င်းတို့က သေမျိုးကမ္ဘာမှာ ပေါ်လာတတ်တဲ့ လေဟာနယ်သားရဲတွေလိုပဲ လေဟာနယ်စွမ်းအားကို သီးသန့်ကျွေးမွေးရတယ်။ ဒါပေမယ့် လေဟာနယ်ဝါးမျိုသူတွေဟာ လေဟာနယ် သားရဲတွေထက် အဆပေါင်း ရာနှင့်ချီ ဒါမှမဟုတ် ထောင်နှင့်ချီပြီး ပိုအဆင့်မြင့်တယ်။” လျှိုဘိုက ရှင်းပြသည်။
"ဒါက သူ့ဇာစ်မြစ်ပေါ့။ ဒါဆို သူ့ရဲ့အသုံးဝင်မူကရော ဘာလဲ" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
"ကောင်စုတ်လေး၊ သူက လေဟာနယ်စွမ်းအင်တွေကို ဘယ်လောက်များများ ဝါးမျိုထားမ လဲဆိုတာ မင်း စဉ်းစားကြည့်ပါ" ထုံးစံအတိုင်း အဲဒါက အလဿ မဖြစ်ဘူး။ လေဟာနယ် ဝါးမျိုးသူရဲ့ခန္ဓာကိုယ်ထဲမှာ လေဟာနယ်နှလုံးသားတစ်ခု ရှိတယ်။ တကယ်လို့, မင်းသာ အဲဒီလေဟာနယ် နှလုံးသားကို ရယူပြီး၊ အဲဒါကို မင်းခန္ဓာကိုယ်ထဲမှာ ပေါင်းစည်းနိုင်တာနဲ့ မင်းကိုယ်တိုင်က လေဟာနယ်ထိန်းချုပ်သူတစ်ဦး ဖြစ်လာပြီး လေဟာနယ် နတ်ဘုရား စွမ်းရည်ကို လေ့ကျင့်နိုင်လိမ့်မယ်။ ဒါ့အပြင်၊ အဲဒီနှလုံးသားက မင်းရဲ့ လေဟာနယ် စွမ်းအား ကနဦးအဆင့်အထိ တိုးတက်အောင် အလွန်အထောက်အကူ ပြုလိမ့်မယ်" ဟု လျှိုဘိုက ပြောပြသည်။
"အယ်၊ လေဟာနယ်ထိန်းချုပ်သူတစ်ယောက် တိုက်ရိုက် ဖြစ်လာမှာလား?" ချင်ယွင်သည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ သူ့ရင်ထဲကို စိုက်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ သူ့မျက်လုံးများတွင် တောက်လောင်နေသော အလင်းတန်းတစ်ခု ရှိနေသည်။
လေဟာနယ်ထိန်းချုပ်သူများ ဖြစ်လာရန် လူပေါင်း မည်မျှ အိပ်မက်မက်ခဲ့ကြသနည်း။ သို့သော်၊ နတ်ဘုရားကမ္ဘာတွင် အမှန်တကယ် အဖိုးတန်သည့် လေဟာနယ် ထိန်းချုပ်သူ အယောက် အနှစ်ဆယ်ထက် မပိုပါ။ လေဟာနယ်ထိန်းချုပ်သူများ မည်သည့် တန်ဖိုးရှိ သည်ကို တွေးကြည့်နိုင်ပါသည်။
တခဏတာအတွင်း ချင်ယွင်သည် တုန်လှုပ်သွားသည်။
“ဒါပေမယ့်၊ အဲဒီကောင်က ကိုင်တွယ်ရ လွယ်ကူမယ့်ပုံ မပေါ်ဘူး" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးသည်။
“ကောင်စုတ်လေး, အခြားလူတွေအနေနဲ့ ရင်ဆိုင်ရ မလွယ်ကူပေမယ့် မင်းမှာ ထူးခြားတဲ့ အားသာချက် တစ်ခု ရှိနေတယ်လေ။ မင်းမှာ ကနဦးစကြာဝဠာ ရှိနေတယ်။ သူ့ရဲ့ ဝါးမျိုခြင်းစွမ်းအားက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ မင်းထက်တော့ ဘယ်လိုလုပ် အားကောင်းနိုင်မှာလဲ" လျှိုဘိုက မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်သည်။
ထိုစကားကို ကြားလျှင်, ချင်ယွင်၏မျက်လုံးတွေက ချက်ချင်းပင် လင်းလက်သွားခဲ့သည်။