အခန်း ၁၄၁၆
Vol. 95 Ch. 1416
အခန်း (၁၄၁၆) လေဟာနယ်ဝါးမျိုးသူ။
"ကောင်စုတ်လေး, မင်း ကြောက်သွားပြီး မဟုတ်လား။ မင်း ကြောက်ရင်လည်း ပြန်သွား လိုက်ပါ။ မင်း အသက်ဆုံးရှုံးမှာထက် အရှက်ကွဲခံတာက ပိုကောင်းပါတယ်။" ခွေးဝါကြီး သည် ပြုံးစိစိဖြင့် ပြောသည်။ သူ၏ ခွေးမျက်နှာက အလွန်အမင်း ရိုက်နှက်ပစ်ချင်စရာ ကောင်းလှသည်။
သို့သော်လည်း ကျိုးယွမ်နှင့် အခြားလူများက မတုံ့ပြန်ပေ။ အဆုံးတွင်, ထိုလေဟာနယ် ဝါးမျိုသူသည် သူတို့ထင်ထားသည်ထက် ပိုကြောက်စရာကောင်းသည်။ အဝေးမှပင် လူတစ်ယောက်၏ နတ်ဘုရားတန်ခိုးစွမ်းအားကို ဝါးမြိုနိုင်တယ်။ ထို့ကြောင့် သူတို့မှာ ထိုဝါးမျိုခြင်းတန်ခိုးအစွမ်းကို တွန်းလှန်နိုင်သည့် ရတနာတစ်ခု မရှိဘူးဆိုလျှင်, သူတို့အနေ ဖြင့် ထိုသတ္တဝါကို အနိုင်ယူဖို့ရာ မဖြစ်နိုင်ပါဘူး။
ကျိုးလင်၏ ဆွဲမက်ဖွယ် မျက်ခုံးများက အနည်းငယ် ရှုံ့တွနေပြီး သူမ၏မျက်နှာသည် တွေးတောနေသည့် အမူအရာ ရှိနေသည်။
"ငါ လုပ်ပါရစေ။ ငါ လေဟာနယ်ဝါးမျိုသူကို သွားတွေ့နိုင်တယ်"။
လူတိုင်းက လေးလေးနက်နက် တွေးနေကြစဉ်မှာ ချင်ယွင်က ရုတ်တရက် ပြောလိုက် သည်။
"ခင်ပွန်း" ကျိုးလင်သည် စမ်းသပ်မှုတွင် ချင်ယွင်က လိုလိုလားလား ပါဝင်ဆောင်ရွက်နေ သည်ကို တွေ့လိုက်ရလျှင်, သူမမျက်နှာက ချက်ချင်းပင် စိုးရိမ်သည့် အမူအရာ ပေါ်လာ သည်။
ကျိုးဟုန်ရွှဲ့၊ ကျိုးယွမ်နှင့် အခြားသူများသည် ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ရှင်းရှင်းလင်းလင်းပြောရလျှင်, ချင်ယွင်သည် အလွန်ကြောက်စရာ ကောင်းသော လေဟာနယ် ဝါးမျိုသူအကြောင်း ကြားသိရပြီးနောက် ချင်ယွင်အနေဖြင့် ရှေ့ထွက်လာပြီး ရပ်တည်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားသည်မှာ ထင်ရှားပါသည်။
"ငါ့ကိုယုံပါ၊ ငါ့မှာ ဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်" ချင်ယွင်က ကျိုးလင်ကို ပြုံးပြီး ပြောသည်။
"ဒါဆို ငါ နင်နဲ့အတူ လိုက်ခဲ့မယ်။" ကျိုးလင်က စိုးရိမ်တကြီး ပြောသည်။
ချင်ယွင်က ခေါင်းခါပြီး ပြောသည် "ငါတစ်ယောက်တည်း အထဲဝင်ပြီး အဲဒီသတ္တဝါကို ငါ ဖြေရှင်းနိုင်ပါတယ်။ တကယ်လို့, မင်းပါ ငါနဲ့အတူ လိုက်ခဲ့မယ်ဆိုရင်, ဒါက ငါ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မယ်။ ဒီတော့, မင်း ငါ့ကို အပြင်မှာ နာခံမူရှိရှိနဲ့ စောင့်နေပါ"
ချင်ယွင်၏ စကားကိုကြားတော့ ကျိုးလင်သည် ခေါင်းညိတ်မခင် အချိန်အတော်ကြာ တုန့်ဆိုင်းနေသေးပြီး ပြောလိုက်သည် "ကောင်းပြီလေ၊ ငါ နင့်ကို ဒီမှာ စောင့်နေမယ်။ မင်းလည်း သတိထားရမယ်နော်။ တစ်ခုခုမှားရင် ချက်ချင်း ပြန်ထွက်လာခဲ့"
ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်သည်။ ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်ကာ နတ်ဆိုးဖိနှိပ်ခြင်း ကမ္ပည်းကျောက်ပြားဆီသို့ လျှောက်လှမ်းရန် ပြင်ဆင်လိုက်သည်။
"ကောင်စုတ်လေး၊ မင်း တကယ်ဝင်ဖို့ စီစဉ်နေတာလား။ မင်း သေမှာ မကြောက်ဘူးလား" ချင်ယွင်သည် အတုယောင်ဟန်လုပ်နေခြင်း မဟုတ်ကြောင်း ခွေးဝါကြီး မြင်သောအခါ သူက မယုံနိုင်စွာ မေးလိုက်သည်။
"ငါ သေမှာ ကြောက်ပါတယ်။ ဒါပေမယ့် ငါ သေမှာမဟုတ်ဘူး" ချင်ယွင်က ခွေးဝါကြီးကို ကြည့်ပြီး ဆက်ပြောသည်။
ချင်ယွင်၏ စကားကိုကြားသောအခါ ခွေးဝါကြီးသည် သူ့နှုတ်ခမ်းများကို အထင်အမြင် သေးစွာ ကွေးလိုက်သည်။
"ဦးလေး၊ ကျွန်မ ဦးလေးကို ယုံတယ်။ အချိန်တန်ရင် အဲဒီ လေဟာနယ်ဝါးမျိုသူကို သတ်ပြီး ဒီခွေးဆိုးကြီးရဲ့ မျက်နှာကို ရက်စက်စွာ ရိုက်ပစ်လိုက်ပါ" ကျိုးဟုန်ရွှဲ့က အော်ပြောလိုက် ပြီး၊ ခွေဝါကြီးကတော့ မျက်နှာရှုံ့မဲ့သွားပါသည်။
"ဟမ့်၊ ငါ ဘာမှ ကြီးကြီးကျယ်ကျယ် မပြောချင်ဘူး။ ငါ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျင့်ကြံမူနဲ့တောင်မှ သေလုမျောပါး ဖြစ်ခဲ့ရတယ်။ တကယ်လို့, သူသာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ရင်, ငါခွေးဝါကြီးက သူ့ကို သခင်အဖြစ် တိုက်ရိုက် အသိအမှတ် ပြုလိုက်ဦးမယ်” ခွေးဝါကြီးက မထီမဲ့မြင်ပြုဟန် အမူအရာဖြင့် ပြောလိုက်သည်။
"ဒါ နင်ပြောတာနော်။ ငါ့ဦးလေးဟာ လေဟာနယ်ဝါးမျိုသူကို တကယ် သတ်နိုင်တာနဲ့, နင် ငါ့ဦးလေးက နင့်သခင်ဖြစ်ပြီလို့ တွေ့လိုက်တော့။ အဲဒီအချိန်ရောက်ရင်, နင့်ရဲ့ အရှက်မဲ့မှု ကို မစွန့်ပစ်လိုက်ပါနဲ့" ကျိုးဟုန်ရွှဲ့က ကမန်းကတန်း ပြောလိုက်သည်။
"ငါခွေဝါကြီးက ငါ့စကားကို အမြဲတမ်းတည်တယ်။ ဒါပေမယ့် သူ စမ်းသပ်မူကို ဖြတ်ကျော်နိုင်မှနော်။" ခွေဝါကြီးက မထီမဲ့မြင်ပြုသော အမူအရာဖြင့် ပြောသည်။
နောက်ဆုံးတွင်, အကယ်၍, ချင်ယွင် ဝင်သွားလျှင် ချင်ယွင်သေမည်ဟု သူ ယုံကြည်ထား ပြီး၊ သူ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ချေ မရှိပေ။
"ဦးလေး၊ ဦးလေး အကုန်ကြားတယ်နော်။ ဦးလေး ဒီစမ်းသပ်မူကို ပြီးအောင်လုပ်ရမယ်။ ကျွန်မတို့ မိသားစုမှာ ကင်းစောင့်ခွေးတစ်ကောင် မရှိသေးဘူး" ကျိုးဟုန်ရွှဲ့က ချင်ယွင်ကို ပြုံးပြီး ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် အားကိုးရာမဲ့ ပြုံးပြလိုက်ရသည်။
ဤမိန်းကလေးသည် အပြင်လူများရှေ့တွင် အေးအေးစက် အမူအရာရှိသော်လည်း သူမသည် မိသားစုရှေ့တွင် အမှန်တကယ်ပင် ညစ်ပတ်ပြီး သူမ၏ပါးစပ်သည် အလွန်ပင် ပျက်စီးနေသေးသည်။
သို့သော် ရိုးရိုးသားသား ပြောရလျှင်, အကယ်၍, သူသာ ခွေဝါကြီးကို သူ့အမိန့်အောက်မှာ ထားနိုင်ခဲ့မည်ဆိုလျှင်, ဤအရာက မကောင်းသည့် အရာတော့ မဟုတ်ပါဘူး။ နောက်ဆုံးတွင်၊ သူသည် တစ်ချိန်က ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့ဖူးသည်။ လေဟာနယ်ဝါးမျိုသူကို သတ်ခြင်းက နတ်ဆိုးအမြုတေကို ပြန်လည် ရယူရန်အတွက် သူ့ကို ကူညီပေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အချိန်ရောက်သောအခါ၊ သူသည် ကောင်းကင်နတ်ဘုရားနယ်ပယ် ခွေးတစ်ကောင်ကို ဦးဆောင်နိုင်ပြီး၊ ၎င်း၏ စွမ်းအားကို မပြောနှင့်ဦး၊ သူ့ကို မပျော်မရွှင် ဖြစ်စေသူတိုင်းကို ခွေးဖြင့် ကိုက်ခိုင်းနိုင်သည်။
"ကောင်းပြီ, ဦးလေးက မင်းအတွက် ဒီခွေးကို သိမ်းယူပေးမှာ သေချာပါတယ်" ချင်ယွင်က ကျိုးဟုန်ရွှဲ့ကို ပြုံးပြီး ပြောသည်။
ကျိုးဟုန်ရွှဲ့၏ မျက်နှာသည် အလွန်မင်း ပျော်ရွှင်နေသကဲ့သို့ ချက်ချင်းပင် အပြုံးများ ပြည့်နှက်လာသည်။
ခွေဝါကြီးသည် ချင်ယွင်၏ စကားကိုကြားသောအခါ ချက်ချင်းပင် စိတ်မချမ်းမသာဖြစ်သွား သည်။ သူက ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး အထင်သေးစွာ ပြောလိုက်သည် "ကောင်စုတ်၊ မင်း အသက်ရှင်လျှက် ပြန်ထွက်လာနိုင်ဖို့ မျှော်လင့်သင့်တယ်။ ဘာမှ မကျန်တဲ့အထိ ဝါးမျိုးမခံရစေနဲ့။ ငါ မင်းကို ပြောပြမယ်၊ ဒီကောင်က အကုန်စားတယ်နော် ။"
ချင်ယွင်က မထူးခြားဟန်ဖြင့် ပြုံးပြပြီး ကျောက်ပြားဆီသို့ လျှောက်သွားလိုက်သည်။
ဘန်း…။
လှိုင်းလုံးကြီးတစ်ခု မြင့်တက်လာပြီး ချင်ယွင်သည် ကျောက်တုံးကြီးအား ဖောက်ထွင်း ဝင်ရောက်ကာ ရင်ပြင်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ကျိုးလင်သည် ချင်ယွင် ပျောက်ကွယ်သွားသော နေရာကို ကြည့်လိုက်ရင်း သူမ၏ လှပသော မျက်လုံးများက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
"စိတ်မပူပါနဲ့၊ ချင်ယွင်ရဲ့ ခွန်အားက မပျော့ညံ့ပါဘူး။ ပြီးတော့, သူ့မှာ နည်းလမ်းများစွာ ရှိရမယ်။ သူ အဆင်ပြေမှာ သေချာပါတယ်။ သူ ဒီလိုပြောရဲတယ်ဆိုမှတော့, သူ့မှာ ယုံကြည်မှု ရှိလို့ပေါ့” ကျိုးယွမ်သည် သူ့ညီမ စိတ်ပူနေသေးသည်ကို တွေ့လိုက်ရလျှင်, သူမကို နှစ်သိမ့်လိုက်သည်။
"မှန်တယ် အဒေါ်။ ဦးလေးက ဒီလောကကြီးမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ လူတစ်ယောက်ပဲ။ သူက သူ့စကားအတိုင်း အမြဲတမ်း လိုက်နာတယ်။ ဒီကင်းစောင့်ခွေးကို ဖမ်းပေးမယ်လို့ သူ ပြောခဲ့မှတော့, သူ သေချာပေါက် လုပ်ပါလိမ့်မယ်။" ကျိုးဟုန်ရွှဲ့က ပြောသည်။
ကျိုးလင်သည် ကျိုးဟုန်ရွှဲ့၏ စကားကြောင့် မပျော်နိုင်ဘဲ ကူကယ်ရာမဲ့ အပြုံးတစ်ခု ပေါ်လာသည်။
ထို့နောက် ကျိုးယွမ်, ကျိုးယွမ်နှင့် အခြားသူများသည် တင်ပျဉ်ခွေထိုင်ကာ နတ်ဆိုး ဖိနှိပ်ခြင်းကမ္ပည်းကျောက်ပြားထဲမှ ချင်ယွင် ပြန်ထွက်လာမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။
ကျိုးဟုန်ရွှဲ့ကတော့ ခွေးဝါကြီးကို ဆက်ပြီး အနိုင်ကျင့်နေသည်။
ခွေးဝါကြီးသည် မည်သည့် ကျင့်ကြံမှုမှ မရှိသဖြင့် ကျိုးဟုန်ရွှဲ့၏ လက်ထဲမှ မလွတ်မြောက် နိုင်သောကြောင့်, သူသည် ကျိုးဟုန်ရွှဲ့ကို အနိုင်ကျင့်ခွင့် ပေးလိုက်ရလေသည်။
အဝေးမှ လိပ်နက်သည် ကူကယ်ရာမဲ့သော အမူအရာ ရှိနေသည်။ သူ့စိတ်ထဲတွင်၊ ချင်ယွင် သည် စမ်းသပ်မှုကို အပြီးသတ်နိုင်ပြီး ခွေးဝါကြီးကို လက်ခံနိုင်ရန် တိတ်တဆိတ် မျှော်လင့်မိသည်။ ဤနည်းအားဖြင့် သူသည် ခွေးဝါကြီးနှင့် တန်းတူ ရပ်တည်နိုင်မည် ဖြစ်သည်။
...
ချင်ယွင်သည် ကျောက်ပြားကြီး၏ နေရာထဲသို့ ဝင်ရောက်ပြီးနောက်၊ ကျယ်ပြောလှသော လေဟာနယ်တစ်ခုထဲသို့ ဝင်ရောက်လာခဲ့သည်။
ဤလေဟာနယ်သည် ချင်ယွင်၏ ကနဦးစကြာဝဠာနှင့် အနည်းငယ် ဆင်တူသည်။ ကောင်းကင်ရှိ ကြယ်များသည်ပင် ရှေးအကျဆုံး ဖြစ်နေပြီး၊ ၎င်းတို့ပေါ်တွင် သက်ရှိများ မွေးဖွားခြင်း မရှိပေ။
ထို့အပြင်၊ ဤလေဟာနယ်အတွင်း အသုံးပြုသော ကောင်းကင်နှင့်မြေကြီး ဥပဒေသများ သည် ပြင်ပကမ္ဘာတွင် အသုံးပြုသည့် ဥပဒေသများနှင့် အတိအကျ အတူတူပင် ဖြစ်သည်။ ၎င်းသည် ဥပဒေသများ၏ သီးခြားလွတ်လပ်သော အမိန့်တစ်ခု မဟုတ်သောကြောင့် လွတ်လပ်သော စကြဝဠာတစ်ခုအဖြစ် ဖွဲ့စည်းရန်မှာ မဖြစ်နိုင်ပေ။ ၎င်းကို လေဟာနယ်ဟု သာ ဆိုနိုင်သည်။
သို့သော် ဤအရာကို လုပ်ဆောင်နိုင်ရန်မှာပင် အလွန်ခက်ခဲနေပြီ ဖြစ်ပါသည်။ ဘိုးဘေး နတ်ဘုရားများကြားမှာပင် လူအနည်းငယ်လောက်သာ ဤအရာကို လုပ်ဆောင်နိုင်လိမ့် မည်။ သူတို့သည် စကြဝဠာနှင့် အလွန်ဆင်တူသော လေဟာနယ်ကို ဖန်တီးနိုင်ခဲ့ကြသည်။
ဘန်း…။
ချင်ယွင်သည် နတ်ဆိုးဖိနှိပ်ခြင်း ကမ္ပည်းကျောက်ပြား၏နေရာကို စောင့်ကြည့်နေချိန်တွင် အားကောင်းသော မကောင်းဆိုးဝါး စွမ်းအားတစ်ခုက ချက်ချင်းဆိုသလို သူ့ကို လွှမ်းခြုံလာ သည်။
ဤဆိုးညစ်သော စွမ်းအားသည် ချင်ယွင် ၏ခန္ဓာကိုယ်ပေါ်သို့ သွန်းလောင်းလာသည့် ရေအပြည့်ထည့်ထားသော ဇလုံကြီးတစ်ခုကဲ့သို့ပင်။ ၎င်းသည် ကြောက်မက်ဖွယ် ကောင်းလှပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
"ဖန်း…”
ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက် အလင်းတန်းသုံးခု သည် အလွန်လေးလံသည့်အလား ချင်ယွင်၏ မျက်လုံးများရှေ့တွင် ဖျတ်ခနဲ လင်းလက် သွားသည်။ ချင်ယွင်၏ ရုပ်အသွင်သည် ချက်ချင်းပင် ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား ပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် သူ၏ရုပ်အသွင်ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်း သော အအေးဓာတ် အလင်းတန်းသုံးခုကြောင့် သူ၏နောက်ဆက်တွဲ ရုပ်အသွင်သည် ပြင်းပြင်းထန်ထန် ဖြိုခွင်းခံလိုက်ရသည်။
အကယ်၍, ချင်ယွင်သာ အနည်းငယ် နှောင့်နှေးသွားပါက၊ သူ့ခန္ဓာကိုယ်သည် ယခုလေးတင် ကြေမွသွားပြီး ဖြစ်လိမ့်မည်။
ချင်ယွင်၏ပုံရိပ်သည် အဝေးမှာ ပေါ်လာခဲ့ပြီး၊ သူ၏မူလတည်နေရာကို လှမ်းကြည့်လိုက် သည်။ ထိုနေရာမှာ အနက်ရောင် အရိပ်တစ်ခု ရှိနေသည်။
ဤအနက်ရောင်ရုပ်အသွင်သည် လူသားအသွင်နှင့် ဆင်တူသည်။ သူ့တစ်ကိုယ်လုံး မှင်ကဲ့သို့ မည်းနက်နေသည်။ တိမ်မည်းကြီးလိုပင်။ ၎င်းသည် အလွန်မင်း ထူးဆန်းလှသည်။ ၎င်း၏မျက်လုံးတစ်စုံနှင့် သူ့လက်ပေါ်ရှိ ချွန်ထက်သော လက်သည်းများလောက်သာ ငွေဖြူရောင် ဖြစ်သည်။ ကျန်သည့်အရာအားလုံး အနက်ရောင် ဖြစ်နေသည်။
ချင်ယွင်သည် ခပ်ဝေးဝေးမှ အနက်ရောင် ရုပ်အသွင်ပြင်ကို ကြည့်ပြီး မျက်မှောင် ကြုတ်လိုက်သည်။ သူက မေးလိုက်သည် “မင်းက လေဟာနယ်ဝါးမျိုသူလား။