အခန်း ၁၄၁၇
Vol. 95 Ch. 1417
အခန်း (၁၄၁၇) လှပသောသွားတန်းများ
အရိပ်မည်းကြီးသည် ချင်ယွင်၏ မေးခွန်းကို ကြားသောအခါတွင် ပါးစပ်ကို ဖွင့်ကာ ပြုံးလိုက်ပြီး ဖြူစင်သော သွားတန်းတစ်စုံကို ပေါ်လွင်စေသည်။
"မှန်တယ်၊ ငါက လေဟာနယ်ဝါးမျိုသူပဲ။ လူသား၊ မင်း ငါ့တည်ရှိမှုကို သိရှိထားတယ်။ ဒါတောင် မင်း ဝင်လာရဲသေးတယ်နော်။ မင်း သေမှာ မကြောက်ဘူးလား" လေဟာနယ် ဝါးမျိုသူက ချင်ယွင်အား ၎င်း၏သားကောင်ကို မြင်နေရသော ကျားသစ်တစ်ကောင်ကဲ့သို့ လှောင်ပြောင် ပြောလိုက်သည်။
"မင်း ငါ့ကို ဝါးမျိုနိုင်မယ်လို့ တကယ် ယုံကြည်လား။ တခြားလူတွေက မင်းကို ကြောက်နေ ပေမယ့် ငါကတော့ သေချာပေါက် မကြောက်ဘူး။" ချင်ယွင်က တဟားဟား ရယ်မောရင်း ပြောလိုက်သည်။
"ဒီလိုလား? နောက်ဆုံးအကြိမ် ရောက်လာတဲ့ ခွေးတစ်ကောင်လည်း ဒီလိုပဲ ပြောခဲ့ဖူး တယ်။ နောက်ဆုံးတော့ သူ့ရဲ့နတ်ဆိုးအမြုတေက ငါ့ရဲ့ဝါးမျိုခြင်း ခံလိုက်ရတယ်။ အခု သူ့နတ်ဆိုးအမြုတေ ငါ့ဗိုက်ထဲမှာ ရှိနေတာတောင်, သူ ဝင်မယူရဲတော့ဘူး။ မင်းရဲ့ ကျင့်ကြံမူနဲ့ ခွန်အားကို အကဲဖြတ်ကြည့်ရင် သူက မင်းရဲ့ ကျင့်ကြံမှုနယ်ပယ်ထက် အဆပေါင်းများစွာ ပိုမြင့်တဲ့ ကောင်းကင် နတ်ဘုရားနယ်ပယ်မှာ ရှိနေခဲ့တယ်။” လေဟာနယ်ဝါးမျိုသူက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
ထိုစကားကြားတော့ ချင်ယွင်သည် ထူးမခြားဟန်ဖြင့် ပြုံးလိုက်ပြီး သူ့မျက်လုံးထဲမှာ အမျက်ဒေါသက ပြည့်နှက်လာခဲ့သည်။
လေဟာနယ်ဝါးမျိုသူသည် အမှန်တကယ်ပင် သူ့ကို ခွေးတစ်ကောင်နှင့် ခိုင်းနှိုင်းခဲ့ပြီး၊ သူပြောခဲ့သည့်အတိုင်းဆို သူသည် ခွေးထက်ပင် နိမ့်ကျသူ ဖြစ်နေသည်။
"မင်းရဲ့ လေဟာနယ်နှလုံးသားနဲ့ ပေါင်းစည်းနိုင်သရွေ့, လေဟာနယ်ရဲ့ စွမ်းအားကို မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်မယ်လို့ ငါ ကြားဖူးတယ်။ အဲဒါ အမှန်လားလို့ ငါ သိချင်မိ တယ်။" ချင်ယွင်က သရော်ဟန်ဖြင့် မေးလိုက်သည်။
လေဟာနယ်ဝါးမျိုသူသည် ထိုစကားကို ကြားသောအခါ သူ၏ကြယ်ရောင်မျက်လုံးများက ကျဉ်းမြောင်းလာပြီး အထင်သေးစွာ ပြောလိုက်သည် "ငါ လူသား မစားရတာ ကြာပြီ။ မင်းရဲ့အသားက အရသာရှိလားလို့ ငါ သိချင်မိတယ်"
သူ့လက်ထဲတွင် နတ်ဘုရားဆေဘာ ပေါ်လာရင်း ချင်ယွင်၏ မျက်လုံးများမှ သတ်ဖြတ်လို စိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။
လေဟာနယ်ဝါးမျိုသူသည် သူ၏မျက်လုံးများကို မှေးကျဉ်းထားကာ၊ သူ့မျက်လုံးများတွင် ရက်စက်မှုများနှင့် ပြည့်နေခဲ့သည်။
ဝှီး…။
ချင်ယွင်နှင့် လေဟာနယ်ဝါးမျိုသူတို့သည် တစ်ချိန်တည်းမှာပင် လေထဲသို့ ဖြတ်သန်သွား ကာ လေတိုးအသံတစ်ချက် ထွက်ပေါ်လာသည်။
ချွင်….။
ချင်ယွင်၏ နတ်ဘုရားဆေဘာသည် လေဟာနယ်ဝါးမျိုးသူနှင့် တိုက်ရိုက် အပြင်းအထန် တိုက်မိပြီး သတ္တုအချင်းချင်း တိုက်မိသည့် သတ္တုသံမျိုး ထွက်ပေါ်လာသည်။
အားကောင်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက သူတို့နှစ်ဦးကို ချက်ချင်း လွင့်ထွက်သွားစေခဲ့သည်။
ပထမအကြိမ် ထိပ်တိုက် တွေ့ဆုံမူးမှာ သူတို့၏ခွန်းအားက မတူညီပေ။
"ချွင်..၊ ချွင်…"
နှစ်ယောက်သား ခုန်ထွက်သွားပြီးနောက် တစ်ဖန် ပြန်လည် ပြေးထွက်လာကာ အချင်းချင်း တိုက်ခိုက်ကြသည်။ သူတို့လက်ထဲမှာရှိသည့် နတ်ဘုရားဆေဘာနှင့် လေဟာနယ်ဝါးမျို သူ၏ ချွန်ထက်သော လက်သည်းများသည် အဆက်မပြတ် တိုက်မိသွားကြသည်။
ဘန်း…။
ချင်ယွင်သည် သူ၏ဆေဘာဖြင့် ခုတ်ပိုင်းလျှင် လေဟာနယ်ဝါးမျိုသူက ရှောင်တိမ်းသွားခဲ့ သည်။ ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းသည် အဝေးရှိ ကြယ်တစ်စင်းကို တိုက်ရိုက် နှစ်ခြမ်းခွဲပေးလိုက်သည်။
ဘန်း…။
လေဟာနယ်ဝါးမျိုသူ၏လက်အတွင်းရှိ ချွန်ထက်သော လက်သည်းများသည်လည်း အလင်းအရောင်များဖြင့် တုံ့ပြန်ကာ ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ဆုတ်ဖြဲလိုက်ပြီး၊ လေဟာနယ်အတွင်းမှာ အပေါက်ကြီးသုံးခုကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်သည်။
လေဟာနယ်နှင့် အချိန်တို့သည် ပြင်းထန်စွာ တုန်ခါသွားကာ ချင်ယွင်နှင့် လေဟာနယ် ဝါးမျိုသူတို့ကြား တိုက်ပွဲအပေါ် အပြည့်အ၀ လှုပ်ခတ်သွားခဲ့သည်။
ချွင်….။
သို့သော် ထိုအချိန်တွင် ချင်ယွင်၏လက်မှဆေဘာကို လေဟာနယ်ဝါးမျိုသူက ကိုက်လိုက် ဖြစ်သည်။ ချင်ယွင်သည် မည်မျှပင် လှုပ်ခါပါစေ၊ သူသည် လေဟာနယ်ဝါးမျိုသူ၏ သွားကြားထဲမှ နတ်ဘုရားဆေဘာကို မဆွဲထုတ်နိုင်ခဲ့ပေ။
"ဖျစ်..ဖျစ်....။"
ထိုအချိန်တွင် တုနှိုင်းမရအောင် ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာ သည်။ ချင်ယွင်၏ လက်ထဲမှ နတ်ဘုရားဆေဘာသည် ချက်ခြင်း ပျောက်ကွယ်သွားပြီး အမှန်တကယ်ပင် လေဟာနယ်ဝါးမျိုးသူ၏ အပြင်းအထန် ကိုက်ဖြတ်ခြင်း ခံလိုက်ရပါ သည်။
အလွန်မင်း ထိတ်လန့်တုန်လှုပ်ဟန် အမူအရာတစ်ခုကို ဖော်ပြရင်း ချင်ယွင်၏ မျက်လုံးများ သည် ပြူးကျယ်သွားခဲ့သည်။
ဤနတ်ဘုရားဆေဘာသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခု ဖြစ်သည်။ ဤကဲ့သို့ ကျိုးပဲ့အောင် ကိုက်ဖြတ်ခံလိုက်ရသည်။ ဤအရာက သောက်ရမ်းကောင်းလွန်းသည့် သွားတစ်စုံ မဟုတ်ဘူးလား။
"ဖျစ်... ဖျစ်..."
ချင်ယွင် တွေဝေမှိန်းမောနေစဉ်မှာ အခြားအသံတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်သည် သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို မြှောက်လိုက်ရင်း သူ့လက်ထဲက နတ်ဘုရားဆေဘာ ကို ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် အရိပ်မည်းကြီးသည် ကောက်ကျစ်ဟန်ဖြင့် ပြုံးနေခဲ့ပြီး ချင်ယွင်၏ နတ်ဘုရားဆေဘာတစ်ပိုင်းကို သူ့ဗိုက်ထဲသို့ မျိုချလိုက်ပြီး ချင်ယွင်သည်လည်း တံတွေးတစ်လုပ်ကို အလိုအလျောက် မျိုချမိသွားသည်။
ချင်ယွင်သည် နောက်ဆုံးတွင် ခွေးဝါကြီး၏ စကားကို ယုံကြည်သွားခဲ့သည်။ သူ့ရှေ့က လေဟာနယ်ဝါးမျိုသူသည် အရာအားလုံးကို ဝါးမျိုနိုင်ခဲ့သည်။
ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကို ဝါးမျိုခြင်းက အမှန်ပင် ကြောက်စရာကောင်းလွန်း သည်။
ချင်ယွင်သည် သူ့လက်ထဲက ထိပ်တန်း နတ်ဘုရားဆေဘာကို ကြည့်ပြီး ခေါင်းကို တစ်ချက်ခါလိုက်သည်။
"ဒီလိုလား၊ မင်း ကြိုက်တယ်ဆိုရင် ငါ အကုန်ပေးမယ်။" ချင်ယွင်သည် သူ့လက်ထဲမှ နတ်ဘုရားဆေဘာ တစ်ဝက်ကို လွှင့်ပစ်လိုက်သော်လည်း တစ်ချိန်တည်းမှာပင် သူသည် နတ်ဘုရားဆေဘာကို ပြင်းထန်သော ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရား လျှပ်စီးဖြင့် ထပ်လောင်းထည့်လိုက်သည်။
သို့သော်လည်း အနက်ရောင် အရိပ်ကြိမ်းသည် ၎င်း၏ပါးစပ်ကို တိုက်ရိုက် ကြီးထွားလာစေ ပြီး ၎င်း၏ မျက်နှာတစ်ခုလုံးသည် တိုက်ရိုက် ပုံပျက်ယွင်းသွားခဲ့သည်။ ၎င်း၏ပါးစပ်သည် ဦးခေါင်းအရွယ်အထိ ကြီးထွားလာပြီး၊ ချင်ယွင်ပစ်လွှတ်လိုက်သော နတ်ဘုရားဆေဘာကို အပြင်းအထန် မျိုချလိုက်လေသည်။
ချင်ယွင်သည် လေဟာနယ်ဝါးမျိုသူက သူ့နတ်ဘုရားဆေဘာကို မျိုချလိုက်သည်ကို ကြည့်ပြီး နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သို့သော် သူ့မျက်နှာပေါ်ရှိ အပြုံးသည် လျင်မြန်စွာ တင်းမာသွားသည်။
လေဟာနယ်ဝါးမျိုသူ၏ ဗိုက်ထဲသို့ မျိုချခံလိုက်ရသော နတ်ဘုရားဆေဘာသည် ရှေးဟောင်း အဖြူရောင်ကျောက်စိမ်းနတ်ဘုရား လျှပ်စီးနှင့်အတူ ရုတ်တရက် ပေါက်ကွဲ သွားခဲ့သည်။
ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီး၏ စွမ်းအားသည် ပေါက်ကွဲသွား ပြီး လေဟာနယ်ဝါးမျိုသူ၏ အစာအိမ်အတွင်းမှာ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။
ထို့နောက်တွင်၊ လေဟာနယ်ဝါးမျိုသူသည် လောင်ကျွမ်းသွားပြီး၊ မမျှော်လင့်ဘဲ ချင်ယွင်၏ ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီးကို အဝေးကို ပို့လွှတ်လိုက်သည်။ ၎င်းသည် အဝေးက ကြယ်တစ်လုံးကို ထိမှန်ပြီး၊ တိုက်ရိုက် ကွဲအက်သွားခဲ့သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆွံ့အသွားသည်။
သူ၏ ရှေးဟောင်း အဖြူရောင်ကျောက်စိမ်းနတ်ဘုရားလျှပ်စီးသည် လေဟာနယ်ဝါးမျိုသူ ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ခဲ့ပါ။
"ကောင်စုတ်လေး၊ ဒီလို အသုံးမဝင်တဲ့ လှုပ်ရှားမှုတွေကို မစဉ်းစားနဲ့တော့။ သာမန် တိုက်ခိုက်မှုတွေက လေဟာနယ်ဝါးမျိုသူတွေအပေါ်မှာ အသုံးမဝင်ဘူး။ မင်း သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်ပါ။ အဲဒါက ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် လုံးဝ မဟုတ်ဘူး။ သူ့ကို မရေမတွက်နိုင်အောင် အပိုင်းပိုင်း ဖြတ်ထားရင်တောင် သေချာပေါက် သူ သေမှာ မဟုတ်ဘူး။" လျှိုဘို၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ" ချင်ယွင်က မေးသည်။
"ဒီလေဟာနယ်ဝါးမျိုးသူရဲ့ အစစ်မှန် အမြုတေက သူ့ရဲ့ လေဟာနယ်နှလုံးသားထဲမှာ ရှိနေတယ်လို့ ငါ မင်းကို အရင်က မပြောခဲ့ဘူးလား?။ သူ့ရဲ့ လေဟာနယ် နှလုံးသားထဲက သူ့နတ်ဘုရားစိတ်ဝိညာဉ်ကို ချေမှုန်းလိုက်ရုံနဲ့ သူ တကယ် သေသွားလိမ့်မယ်။ ဒါ့အပြင်, သူ့ရဲ့ လေဟာနယ်နှလုံးသားကို သူ့ခန္ဓာကိုယ်ပေါ်မှာ ထားဖို့ မလိုအပ်ဘူး။ ဒီလေဟာနယ် ထဲက တစ်နေရာရာမှာ ဝှက်ထားနိုင်တယ်။ အဲဒါကို ရှာတွေ့ဖို့ မင်းရဲ့ထိုးထွင်းသိမြင်မူ ဉာဏ်အမြင်နဲ့ မင်းဘာသာ အားကိုးရမယ်။” လျှိုဘိုက ပြောသည်။
"အယ်၊ လေဟာနယ် နှလုံးသားက သူ့ခန္ဓာကိုယ်ကနေ ခွဲထားနိုင်တုန်းပဲလား။" ချင်ယွင်က အံ့အားသင့်သွားသည်။
"မင်းရဲ့စိတ်ဝိညာဉ်နဲ့ နတ်ဆိုးနတ်ဘုရား အမြုတေလည်း မင်းရဲ့ခန္ဓာကိုယ်ကနေ ခွဲထားနိုင် တာပဲ မဟုတ်ဘူးလား။ အဲဒါက တူညီတဲ့ နိယာမပဲ။ ကောင်းပြီ၊ ငါပြောစရာရှိတာ အကုန်ပြောပြီးပြီ။ ကျန်တာတော့ မင်းအတွက်ပဲ" လျှိုဘိုက သူ၏နောက်ဆုံးစကားကို ပြောပြီးနောက် အသံမထွက်တော့ပေ။
ချင်ယွင်သည် သူ့နှလုံးသားထဲတွင် အကူအညီမဲ့သည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ဤ လေဟာနယ်ဝါးမျိုသူသည် သူနှင့်တူနေပြီး၊ မသေမျိုးဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့် ထားပေ။
လေဟာနယ်ဝါးမျိုသူသည် သူ၏လေဟာနယ် နှလုံးသားကို ဤလေဟာနယ်အတွင်းရှိ တစ်နေရာရာတွင် ဝှက်ထားသည်။ ဤကမ္ဘာကြီးသည် ကြီးမားလွန်းလှသည်။ ကောက်ရိုးပုံ တွင် အပ်တစ်ချောင်းကို ရှာနေရသလိုမျိုး, သူသည် လက်သီးဆုပ်အရွယ် တစ်ခုခုကို ရှာရလိမ့်မည်။
"လူသား၊ မင်းရဲ့လက်နက်ကို ငါ စားပြီးသွားပြီ။ အခု မင်း ငါ့ကို ဘာနဲ့တိုက်ဦးမလဲဆိုတာ ငါ မြင်ချင်မိတယ်။ ဒါပေမယ့် မင်းကို ငါ မသေစေချင်သေးဘူး။ မင်းဆီက စားနိုင်သမျှ အစားအစာတွေ အားလုံးကို ငါ စားပစ်မယ်။ မင်းရဲ့နတ်ဘုရားတန်ခိုး၊ မင်းရဲ့အသွေး အသား၊ မင်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်။ ဆိုတော့, မင်းရဲ့နတ်ဘုရားတန်ခိုးနဲ့ စလိုက်ကြရ အောင်။" လေဟာနယ်ဝါးမျိုသူသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူပြောပြီးသည်နှင့် သူသည် ပါးစပ်ကိုဖွင့်ဟာကာ ချင်ယွင်၏ ခန္ဓာကိုယ်အတွင်း နတ်ဘုရားတန်ခိုးကို စုပ်ယူရန် ပြင်ဆင်တော့သည်။
လေဟာနယ်ဝါးမျိုသူသည် အနှိုင်းမဲ့ ချဲ့နိုင်သည့် အတိုင်းအတာအထိ သူ့ပါးစပ်ကြီးကို ကျယ်လောင်စွာ ဖွင့်လိုက်သည်။ သူ့ပါးစပ်တစ်ခုလုံးက တွင်းနက်ကြီးတစ်ခုလိုပင်။ ပြင်းထန်သော စုပ်ယူခြင်းစွမ်းအားတစ်ခုသည် ၎င်းထံမှ ထွက်ပေါ်လာသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ စကြာဝဠာ စွမ်းအင်များ အားလုံး သူ့ပါးစပ်ဆီသို့ လွင့်ပျံသွားကြသည်။ ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးစွမ်းအားကိုပင် ဆွဲထုတ်သွားပြီး သူ့ပါးစပ်ဆီသို့ လွင့်ပျံသွားကြသည်။
ချင်ယွင်၏ ပါးစပ်ထောင့်က အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ လေဟာနယ်ဝါးမျိုသူက ယခုလိုလုပ်မည်ကို သူ သိထားခဲ့သည်မှာ ကြာလှပါပြီ။ သူက အေးအေးဆေးဆေး ပြောလိုက်သည် "မင်းက ငါ့ကို စုပ်ယူနိုင်တယ်။ ဒါပေမယ့် ငါကလည်း မင်းကို ပြန်စုပ်ယူနိုင်တာပဲ။ ဘယ်သူက ပိုပြီးစုတ်ယူနိုင်မလဲ ယှဉ်ပြိုင်ကြည့်ရအောင်။"
ထိုစကားပြောပြီးသည်နှင့် ချင်ယွင်က သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ချင်ယွင်၏ ရှေမှာ ကျောက်သားကြိတ်ဆုံ အရွယ်အစားရှိသည့် တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။ ၎င်းသည် လေဟာနယ်ဝါးမျိုသူ စုပ်ယူလိုက်သော စကြ၀ဠာစွမ်းအင်များကို ပြင်းထန်စွာ ပြန်လည်ဆွဲယူသွားသည့် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူခြင်း စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။