အခန်း ၁၄၁၈
Vol. 95 Ch. 1418
အခန်း (၁၄၁၈) မသေမျိုးအချင်းချင်း။
ချင်ယွင်၏ ကနဦးစကြာဝဠာထဲမှ တွင်းနက်ကြီး ထွက်ပေါ်လာသည်နှင့် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို ထုတ်ဖော်ပြသသည်။
ပတ်ဝန်းကျင်ရှိ စကြာဝဠာ စွမ်းအားများသည် ချင်ယွင်၏ ကနဦးစကြာဝဠာ တွင်းနက်ကြီး ဆီသို့ အရူးအမူး သွန်းလောင်း ဝင်ရောက်နေကြသည်။ ချင်ယွင်ထံမှ ယခင်က စုပ်ယူသွားခဲ့ သော နတ်ဘုရားတန်ခိုးစွမ်းအားကိုလည်း ချင်ယွင်၏ ကနဦးစကြာဝဠာမှ ပြင်းပြင်းထန် ထန် ဆွဲယူသွားခဲ့သည်။
လေဟာနယ်ဝါးမျိုသူ၏ ဝါးမျိုခြင်းစွမ်းအားသည် ချင်ယွင်၏ ကနဦးစကြဝဠာ တွင်းနက်ကြီး ရှေ့မှာ မည်သည့်သက်ရောက်မှုမှ မရှိတော့ပေ။
လေဟာနယ်ဝါးမျိုသူသည် ချင်ယွင်၏ ကနဦးစကြဝဠာ တွင်းနက်ကြီးကို သူ့မျက်လုံးများ တွင် အံ့ဩခြင်းများစွာဖြင့် ကြည့်နေခဲ့သည်။
"မဖြစ်နိုင်ဘူး၊ ကောင်းကင်နတ်ဘုရားအဆင့်တောင် မရှိသေးတဲ့ လူသားတစ်ဦးက ဒီလောက်မြင့်မားတဲ့ လေဟာနယ် ဝါးမျိုးခြင်းစွမ်းအားတစ်ခုကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင် မှာလဲ” လေဟာနယ်ဝါးမျိုးသူသည် မယုံကြည်နိုင်သော အမူအရာဖြင့် ပြောသည်။
ချင်ယွင်က ပြုံးပြီး လေဟာနယ်ဝါးမျိုသူကို ကြည့်လိုက်သည်။ "ဒီကမ္ဘာမှာ မဖြစ်နိုင်ဘူးဆို တာ ဘယ်အရာမှ မရှိဘူး။ ဒါက မင်း မမျှော်လင့်ထားတဲ့ အရာတစ်ခုပဲ။ အခုအချိန်မှာ မင်းရဲ့လေဟာနယ်ဝါးမျိုခြင်း စွမ်းအားက ငါ့အတွက် လုံးဝ အသုံးမဝင်ဘူး။ မင်း ငါ့ကို ဘယ်လို ဝါးမျိုးဦးမလဲဆိုတာ ငါ ကြည့်ချင်မိတယ်"။
လေဟာနယ်ဝါးမျိုသူသည် ချင်ယွင်၏ စကားများကို ကြားသောအခါ၊ လေးနက်သော အမူအရာတစ်ခုက သူ၏ ကြယ်ရောင်မျက်လုံးများထဲသို့ တိုးဝင်လာခဲ့သည်။
"ဟမ့်၊ မင်းကို ငါ ဝါးမမျိုနိုင်ဘူးဆိုမှတော့ ငါ မင်းကို သတ်ပစ်မယ်။ မင်းက မြင့်မားတဲ့ လေဟာနယ် ဝါးမျိုခြင်း စွမ်းအားကို ဒီလောက်မြင့်မားစွာ ထိန်းချုပ်နိုင်မှတော့ မင်းမှာ အထူးလျှို့ဝှက်ချက်အချို့ ရှိရမယ်။ မင်းရဲ့လျှို့ဝှက်ချက်အားလုံးကို ငါ သိမ်းယူပစ်ချင် တယ်” လေဟာနယ် ဝါးမျိုသူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောသည်။ ထို့နောက် သူ၏ တောက်ပနေသော အအေးဓါတ်အလင်းတန်းနှစ်ခုက သူ့ငွေရောင်လက်သည်းများထံ လင်းလက်သွားခဲ့သည်။
"မင်းက ငါ့လျှို့ဝှက်ချက်ကို ခိုးယူနိုင်စွမ်းမရှိမှာ ငါကြောက်မိတယ်" ချင်ယွင်၏ မျက်လုံးများက အေးစက်သော အပြုံးကို ပေါ်လွင်စေသည်။
သို့သော်လည်း သူသည် လေဟာနယ်နှလုံးသား၏ တည်နေရာကို ရှာဖွေလိုပြီး စိတ်ထဲတွင် အဆက်မပြတ် တွေးတောနေခဲ့သည်။
ချင်ယွင်၏ အမြင်အရ၊ လေဟာနယ် နှလုံးသားသည် လေဟာနယ်ဝါးမျိုသူကို စွန့်ခွာပြီး၊ လေဟာနယ်ထဲတွင် ဖုံးကွယ်ထားနိုင်သော်လည်း ၎င်းသည် လေဟာနယ်ဝါးမျိုသူနှင့် ချိတ်ဆက်နေရမည် ဖြစ်သည်။ ထိုချိတ်ဆက်မှုကို သူ ရှာနိုင်သရွေ့ လေဟာနယ် နှလုံးသား ကို ထိုချိတ်ဆက်မူ အမျှင်တန်းများမှ တစ်ဆင့် ရှာတွေ့နိုင်မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချင်ယွင်၏ စိတ်ဝိညာဉ်သည် ကနဦးစကြဝဠာတွင် ဝှက်ထား သော်လည်း၊ ချင်ယွင်၏ ကနဦးစကြဝဠာကို သူ၏နတ်ဘုရားခန္ဓာကိုယ်နှင့် ချိတ်ဆက်ထား ပြီး၊ သူ၏ဒန်တန်ထဲတွင် လေဟာနယ် လမ်းကြောင်းတစ်ခု အမြဲရှိနေသောကြောင့် ဖြစ်သည်။ အကယ်၍, ထိုလမ်းကြောင်းကိုသာ ပိတ်လိုက်မည်ဆိုလျှင် ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်သည် လုံးဝ သတိလစ်သွားမည် ဖြစ်သည်။
လေဟာနယ်ဝါးမျိုသူမှာလည်း အလားတူပင်။ လေဟာနယ် နှလုံးသားသည် သီးခြား လွတ်လပ်စွာ တည်ရှိနေနိုင်သော်လည်း၊ အကယ်၍, လေဟာနယ်ဝါးမျိုသူသည် လှုပ်ရှားလို ပါက, သူ၏စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်နှင့် ချိတ်ဆက်နေရမည် ဖြစ်သည်။
သို့သော်လည်း ချင်ယွင်သည် ထိုချိတ်ဆက်မှုအား ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
"သေလိုက်တော့ လူသား"
လေဟာနယ်ဝါးမျိုသူက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီးနောက် သူ၏ရုပ်အသွင်သည် နောက်ကွယ်မှ ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ချင်ယွင်သည် ကြောက်မက်ဖွယ်ရာ အေးစက်စက် အလင်းတန်းသုံးခု သူ့ခေါင်းဆီသို့ ပြင်းထန်စွာ လွှမ်းခြုံလာသည်ကို တွေ့လိုက်ရသည်။
လက်ထဲတွင် ပန်ဂုပုဆိန် ထွက်ပေါ်လာစဉ် ချင်ယွင်၏အကြည့်များသည် ချက်ချင်းပင် စူးရှသွားသည်။
နတ်ဘုရားတန်ခိုးသည် ပန်ဂုပုဆိန်ထဲသို့ သွန်းလောင်းသွားပြီး ပန်ဂုပုဆိန်ပေါ်ရှိ အနီရောင် နီမြန်းသော မီးလျှံသင်္ကေတများသည် မီးကဲ့သို့ နီမြန်းသည့် အနီရောင်အဖြစ်သို့ ချက်ချင်း ပြောင်းသွားသည်။ ပန်ဂုပုဆိန်တစ်ခုလုံးသည် မီးတောက်များဖြင့် ရစ်ပတ်နေပုံရပြီး အဆုံးမရှိ ကြမ်းတမ်းသော အငွေ့အသက်ကို သယ်ဆောင်ကာ လေဟာနယ်ဝါးမျိုသူဆီသို့ အပြင်းအထန် ခုတ်ပိုင်းလိုက်သည်။
သို့သော် ချင်ယွင် မထင်မှတ်ထားသည့်အရာမှာ လေဟာနယ်ဝါးမျိုသူသည် ချင်ယွင်၏ ပန်ဂုပုဆိန်ကို သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ခွင့်ပြုထားခြင်း၊ သို့မဟုတ် ရှောင်တိမ်းမူ မပြုခြင်းပင် ဖြစ်သည်။ သူ့လက်ထဲမှ ချွန်ထက်သော လက်သည်းများက ချင်ယွင်၏ ဦးခေါင်းဆီသို့ ဖမ်းဆုတ်လာပြီး သူ့ဦးခေါင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေ သည့်အတိုင်းပင်။
ချင်ယွင်၏အကြည့်သည် လျှပ်စီးလက်သလို လင်းလက်သွားပြီး သူ့မျက်လုံးများမှ နတ်ဘုရားအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ရုပ်အသွင်သည် ချက်ခြင်းပင် နောက်ဆက်တွဲ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး လေဟာနယ်ဝါးမျိုသူ၏ တိုက်ခိုက်မှုကို ရှောင်ရှားကာ ဘေးတဘက်မှာ ပေါ်လာခဲ့သည်။
ဝှီး….။
လေဟာနယ်ဝါးမျိုသူသည် သူ၏တိုက်ခိုက်မူ လွတ်မြောက်သွားကြောင်းကို မြင်သောအခါ၊ သူ့မျက်လုံးများတွင် ပြင်းထန်သော အလင်းရောင်တစ်ချက် လင်းလက်မူနှင့်အတူ ချင်ယွင်၏ နောက်သို့ လိုက်ပါသွားခဲ့သည်။ ၎င်း၏နည်းလမ်းအားလုံးက အသေခံပြီး တိုက်ခိုက်ရန် ဖြစ်သည်။
စက္ကန့်အနည်းငယ် အတွင်းမှာပင် ချင်ယွင်၏ ရင်ဘတ်တွင် နက်ရှိုင်းသော လက်သည်းရာ အမှတ်ကိုးခု ပေါ်လာသည်။ ၎င်းတို့တစ်ခုစီသည် နက်နက်ရှိုင်းရှိုင်း မြင်ရပြီး အလွန် နာကျင်ရသည်။
သို့သော် လေဟာနယ်ဝါးမျိုသူလည်း ပိုကောင်းခြင်း မရှိပေ။ ချင်ယွင်သည် သူ့ခန္ဓာကိုယ် ပေါ်ရှိ ပုဆိန်ဒဏ်ရာနှစ်ချက်ကို စိတ်ကူးယဉ်စွာ ခုတ်ပိုင်းထားခဲ့ပြီး သူ၏ခါးကို ဖြတ်တောက်လုနီးပါးပင်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် မသေနိုင်သော်လည်း ထိုကဲ့သို့ မိမိကိုယ်ကို ဖျက်ဆီးလိုသည့် တိုက်ခိုက်ရေး နည်းလမ်းမျိုးကို သူ အသုံးမပြုဝံ့ပေ။ နောက်ဆုံးတွင်, သူသည် အသွေးအသားနှင့် ခန္ဓာကိုယ်ဖြစ်ပြီး သူ့အရေပြားကို ဖြတ်တောက်ခံရပါက နာကျင်မူကို ခံစားရလိမ့်မည်။
သို့သော် ဤလေဟာနယ်ဝါးမျိုသူကတော့ ကွဲပြားပါသည်။ သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ အလွန်မင်း ထူးခြားပြီး ထူထပ်သိပ်သည်းသော အနက်ရောင် ဓာတ်ငွေ့အလွှာတစ်ခုကဲ့သို့ ဖြစ်နေသည်။ ချင်ယွင်သည် သူ၏ပုဆိန်ဖြင့် လှီးဖြတ်လိုက်သောအခါ, ၎င်းသည် နာကျင်မှုကို မခံစားရရုံသာမက ချက်ချင်းပင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ ထို့ကြောင့် ချင်ယွင်၏ တိုက်ခိုက်မှုသည် သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိပေ။
"ဟား…ဟား…. ၊ လူသား၊ ငါ့ဝါးမျိုခြင်းနတ်ဘုရားစွမ်းရည်က မင်းအပေါ် သက်ရောက်မူ မရှိပေမယ့် ငါ မင်းကို သတ်ပစ်နိုင်သေးတယ်။ ဘာလို့ ငါ ဒီစကားကို ပြောရလဲဆိုတော့, ငါက မသေမျိုးခန္ဓာကိုယ် ဖြစ်လို့ပဲ။ မင်း ငါ့ကို လုံးဝ သတ်နိုင်မှာ မဟုတ်ဘူး”။ လေဟာနယ်ဝါးမျိုသူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
'"မသေနိုင်တဲ့ ခန္ဓာကိုယ်လား?။ မင်းက မင်းရဲ့ လေဟာနယ်နှလုံးသားကို ဖုံးကွယ်ထားနိုင် လို့ပါ။ မင်းရဲ့ လေဟာနယ် နှလုံးသားကို ငါရှာတွေ့တာနဲ့ မင်းရဲ့စိတ်ဝိညာဉ်ကို သတ်ဖြတ် လိုက်ရင်, မင်း ထာဝရ အသက်ရှင်နိုင်မယ်လို့ ငါ မယုံဘူး။" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြောသည်။ သူစကားပြောနေစဉ်တွင် သူ၏မျက်လုံးတစ်စုံက လေဟာနယ် ဝါးမျိုသူကို စိုက်ကြည့်နေသည်။
သူသည် လေဟာနယ်ဝါးမျိုသူ၏ မျက်နှာတွင် မည်သို့သော အမူအရာမျိုး ရှိနေမည်ကို သိရှိနိုင်ရန် ထိုစကားကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဟုတ်ပါသည်၊ လေဟာနယ်ဝါးမျိုသူသည် ချင်ယွင်၏စကားကို ကြားသောအခါ, သူ့မျက်နှာ ပေါ်တွင် အံ့ဩဟန် အမူအရာတစ်ခု ချက်ချင်း ပေါ်လာသည်။ သူသည် သူ့မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး၊ သူ့မျက်လုံးထဲတွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာသည်။
"ဒါတွေကို မင်း ဘယ်လို သိတာလဲ။ သာမန် ဘိုးဘေးနတ်ဘုရားတွေလောက်ပဲ ငါတို့ လေဟာနယ်ဝါးမျိုသူတွေရဲ့ လျှို့ဝှက်ချက်တွေကို သိနိုင်ကြတယ်။ မင်းလို မြေကမ္ဘာ နတ်ဘုရားငယ်လေးတစ်ပါးက ဒါကို ဘယ်လိုလုပ် သိနိုင်မှာလဲ" လေဟာနယ် ဝါးမျိုသူ သည် ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ မေးလိုက်ရင်း သူ့မျက်လုံးများက ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ပေါက်ကွဲထွက်သွားသည်။
ချင်ယွင်သည် စကားတစ်ခွန်းမှ မပြောဘဲ မထီမဲ့မြင် ပြုံးလိုက်သည်။
လေဟာနယ်ဝါးမျိုသူ၏ ကြယ်ရောင်မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်ဖြင့် ပြည့်နှက်နေသည်။ သူ့ရှေ့မှ ဤလူသားသည် သူ့လျှို့ဝှက်ချက်များကို သိရှိထားသည့် အတွက် သူ သတ်ပစ်ရမည်။
"ကောင်စုတ်လေး, သူ့လေဟာနယ် နှလုံးသားကို ဘယ်လိုရှာရမလဲ ငါ သိပြီ။"
ထိုအချိန်မှာပင်, လျှိုဘို၏အသံက ချင်ယွင်၏စိတ်ထဲမှာ ထပ်မံ ထွက်ပေါ်လာသည်။
"အိုး? ဘာနည်းလမ်းလဲ" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
'"ဒီကောင် ဒဏ်ရာရအောင် လုပ်လိုက်ပါ။ အစောပိုင်းက မင်း သူ့ခန္ဓာကိုယ်ကို လှီးဖြတ် လိုက်တဲ့အခါ, သူ့ပတ်ဝန်းကျင်မှာ လှိုင်းလုံးတစ်ခု ရိုက်ခတ်သွားတယ်ဆိုတာ သိသာ ထင်ရှားတယ်။ ဒါပေမယ့် အချိန်က အရမ်းကို တိုတောင်းလွန်းတယ်။ အဲဒီလှိုင်းလုံးတွေရဲ့ ဦးတည်ရာအရပ်ကို ငါ ပိတ်ဆို့မထားနိုင်ခင်မှာပဲ ဒီလှိုင်းလုံးတွေက ပျောက်သွားခဲ့တယ်။ ဒီကောင်ကို ထပ်ပြီး ဒဏ်ရာရအောင် လုပ်ရမယ်” လျှိုဘိုက ပြောသည်။
"ငါ သူ့ကို ဒဏ်ရာရအောင် လုပ်ရမှာလား။ ကောင်းပြီ ငါ သိပြီ" ချင်ယွင်က ပြတ်ပြတ် သားသား သဘောတူလိုက်သည်။ သူသည် အဝေးမှ လေဟာနယ်ဝါးမျိုသူအား လှမ်းကြည့် ကာ၊ သူ့မျက်လုံးများက ပြင်းထန်သော နတ်ဘုရားအလင်းရောင်ဖြင့် တောက်ပနေသည်။ သူ့လက်ထဲမှ နတ်ဘုရားပုဆိန်သည် မီးတောက်ကဲ့သို့ ဖြစ်နေခဲ့ပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်သည်။
"လူသား၊ မင်း ငါ့ရဲ့ လျှို့ဝှက်ချက် တော်တော်များများကို သိပြီးသွားပြီ။ ဒီတော့, ငါ မင်းကို ဒီနေ့ ဒီနေရာကနေ အသက်ရှင်လျှက် သေချာပေါက် ထွက်သွားခွင့် မပြုနိုင်တော့ဘူး။ နဂိုက မင်းနဲ့အတူ ခဏလောက် ကစားချင်ပေမယ့် အခု ငါ မင်းကို သတ်ပစ်ရတော့မယ်။ သေဖို့ပြင်လိုက်တော့။" လေဟာနယ်ဝါးမျိုသူက ချင်ယွင်ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက်တွင်၊ မမြင်နိုင်သော လေဟာနယ်စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်ဓားသွားများက သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် တဝဲလည်လည် ရှိနေသည်။
ဝှီး….။
လေဟာနယ်ဝါးမျိုသူ၏ ရုပ်အသွင်သည် ဖျတ်ခနဲ တောက်ပသွားပြီး ချင်ယွင်ဆီသို့ ဦးတည်သွားသည်။ ၎င်း၏ချွန်ထက်သော လက်သည်းများက ကြောက်မက်ဖွယ် ကောင်းသော လေဟာနယ် စွမ်းအားကို ထုတ်လွှတ်နေကာ ပတ်ဝန်းကျင်ရှိ လေဟာနယ် ဓားသွားများသည် ချင်ယွင်ဆီသို့ စူးစူးစိုက်စိုက် ထိုးစိုက်လာပြီး စူးရှပြီး ကြောက်စရာ ကောင်းသည့် ချွန်ထက်သော အငွေ့အသက်ကို သယ်ဆောင်လာသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူ့မျက်နှာတွင် ကြောက်ရွံ့မှု အနည်းငယ် မျှပင် မရှိခဲ့ဘဲ မထင်မရှားအပြုံးကို ထုတ်ဖော်လိုက်သည်။
"မင်းတစ်ယောက်တည်း မသေနိုင်တဲ့လူလို့ ထင်နေတာလား။ ဒါဆိုလည်း အဆုံးမှာ ဘယ်သူက ရပ်တည်နိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။"
ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများမှ မီးလျှံအလင်းလုံးနှစ်ခု ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးသည် လေဟာနယ်ဝါးမျိုသူကို ကြိုဆိုလိုက်နေလေသည်။ သူ့ခန္ဓာကိုယ် သည် ရှောင်တိမ်းခြင်းမရှိဘဲ၊ သူ့လက်ထဲတွင်ရှိသော ပန်ဂုပုဆိန်က အဖွင့်အပိတ် ဟန်ချက်ညီစွာ ထောင်နှင့်ချီသော လှိုင်းလုံးများကို ဖြတ်ကျော်သွားခဲ့သည်။