အခန်း ၁၄၁၉
Vol. 95 Ch. 1419
အခန်း (၁၄၁၉) လေဟာနယ်နှလုံးသား။
ဘန်း…။
ချင်ယွင်နှင့် လေဟာနယ်ဝါးမျိုသူတို့သည် အချင်းချင်း အပြင်းအထန် ထိပ်တိုက် ရင်ဆိုင် တွေ့မိပြီး ကြောက်မက်ဖွယ်ရာ တုန်ခါသံများ ထွက်ပေါ်လာသည်။
"ချွင်…"
ချင်ယွင်သည် သူ၏အသားရေ ခန္ဓာကိုယ်သက်သက်ဖြင့် လေဟာနယ်ဝါးမျိုသူကို အမှန်တကယ် ထိပ်တိုက် ရင်မဆိုင်ခဲ့ပါ။ ယင်းအစား၊ သူသည် နဂါးကြေးခွံ အဖြူရောင် ချပ်ဝတ်ကို ဆင့်ခေါ်ခဲ့သည်။
နဂါးကြေးခွံ အဖြူရောင်ချပ်ဝတ်သည် လေဟာနယ်ဝါးမျိုသူ၏ တိုက်ခိုက်မှုများကို လုံးလုံး လျားလျား မခုခံနိုင်သော်လည်း ၎င်းသည် ၎င်း၏ တိုက်ခိုက်မှုစွမ်းအား အနည်းငယ်ကို ပျက်ပြယ်သွားစေနိုင်သည်။
လေဟာနယ် ဓားသွားများသည် နဂါးကြေးခွံ အဖြူရောင်ချပ်ဝတ်နှင့် အပြင်းအထန် တိုက်မိ ပြီး တုနှိုင်းမရအောင် လှပသော မီးပွားများစွာကို ဖန်တီးပေးသည်။ ၎င်းတို့သည် နဂါးကြေးခွံ အဖြူရောင်ချပ်ဝတ်ကို ဖြတ်တောက်လိုက်သော်လည်း ချင်ယွင်၏ ခန္ဓာကိုယ် ကို ထိခိုက်ဒဏ်ရာ မရရှိစေခဲ့ပေ။
ဟုတ်ပါသည်၊ လေဟာနယ်ဝါးမျိုသူ၏ ချွန်ထက်သော လက်သည်းများနှင့် နဂါးကြေးခွံ အဖြူရောင်ချပ်ဝတ်သည် ၎င်းတို့ကိုယ်တိုင်ကတော့ ခုခံကာကွယ်နိုင်စွမ်း မရှိခဲ့ပါဘူး။
လေဟာနယ်ဝါးမျိုသူ၏ ချွန်ထက်သော လက်သည်းများက ချင်ယွင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ကာ ၎င်း၏လက်တစ်ဘက်လုံးသည် ချင်ယွင်၏ရင်ဘတ်ထဲကို ထိုးဖောက် ဝင်ရောက်သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
သေချာသည်မှာ, လေဟာနယ်ဝါးမျိုသူလည်း သူ့ထက် အများကြီး ပိုကောင်းခြင်း မရှိပေ။ လေဟာနယ်ဝါးမျိုသူ၏ ပခုံးပေါ်မှာ နတ်ဘုရားပုဆိန်ဖြင့် တစ်ဝက် လှီးဖြတ်ခံထားရသည်။
ဘန်း…။
ထူးဆန်းသော စွမ်းအားတစ်ခုက လေဟာနယ်အနှံ့ ပြည့်နှက်လာပြီး၊ လေဟာနယ် ဝါးမျိုသူ၏ ဒဏ်ရာများကို ဖြည်းဖြည်းချင်း ကုစားစေခဲ့သည်။
"လျှိုဘို၊ မင်း ခံစားရပြီးလား" ချင်ယွင်က အသံပို့လွှတ်မူမှတဆင့် ကမန်းကတန်း မေးလိုက် သည်။
"ငါ နည်းနည်း လိုနေသေးတယ်။ တည်နေရာကိုတော့ ယေဘုယျအားဖြင့် ငါဆုံးဖြတ်နိုင်ပြီ။ သူ့ကို နောက်ထပ် ထိခိုက်ဒဏ်ရာရအောင် ထပ်တိုက်ခိုက်လိုက်ပါ။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ထိုစကားကိုကြားတော့ ချင်ယွင်သည် လုံးဝ မတွန့်ဆုတ်ခဲ့ပေ။ ပြင်းထန်သော နတ်ဘုရား တန်ခိုး စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ တစ်ဖန် တိုးဝင်လာခဲ့ပြီး သူ့လက်ထဲမှ နတ်ဘုရားပုဆိန်ကို ချက်ချင်း ဖုံးအုပ်သွားကာ ဓားအမှတ်သား နတ်ဘုရားစွမ်းရည်ကို အသက်သွင်းကို ၎င်းကို အသုံးပြုခဲ့သည်။
ဘန်း….။
နတ်ဘုရားပုဆိန်သည် ပြင်းထန်သော ဓားစွမ်းအား၏ အငွေ့အသက်ဖြင့် ချက်ချင်းပင် တဟုန်ထိုး ပျံ့နှံ့သွားကာ ပန်ဂုပုဆိန်သည် တောက်ပနေပြီး လေဟာနယ်ဝါးမျိုသူဆီသို့ ပြင်းထန်စွာ ဖြတ်သန်းသွားလေသည်။
ချင်ယွင်၏ ပုဆိန်မီးလျှံကို မြင်လိုက်သောအခါ လေဟာနယ်ဝါးမျိုသူသည် ရယ်မောလိုက် သည်။ "ဟမ့်၊ မင်းက ငါ့နဲ့ ထိပ်တိုက် ရင်ဆိုင်ချင်သေးတာလား?။ မင်းက သေချင်နေ တာပဲ။ မင်းရဲ့ ခန္ဓာကိုယ်ကို ငါ ဘယ်လို ခွဲခြမ်းပစ်မလဲ ကြည့်လိုက်ရအောင်။"
လေဟာနယ်ဝါးမျိုသူသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ ချင်ယွင်က သူ့အား ခုတ်ပိုင်းလာသော နတ်ဘုရားပုဆိန်ကို မျက်ကွယ်ပြုပြီး သူ၏ချွန်ထက်သော လက်သည်း များက ချင်ယွင်ဆီသို့ တိုက်ရိုက် ထိုးသွင်းသွားသည်။
"ဖျန်း..”
ချင်ယွင်၏ ခန္ဓာကိုယ်သည် လေဟာနယ်ဝါးမျိုသူကြောင့် ကွဲထွက်သွားပြီး သူ့နှလုံးသား ပင် ဆွဲထုတ်ခံလိုက်ရသည်။
သို့သော် တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ ပန်ဂုပုဆိန်သည်လည်း ရုတ်ချည်းဆိုသလို လေဟာနယ်ဝါးမျိုသူကို နှစ်ပိုင်းခွဲပစ်လိုက်သည်။
"ဟား...၊ ဟား....၊ မင်းက အရူးလား?။ ငါ့ခန္ဓာကိုယ်က အတိုင်းအဆမရှိ ကုစားနိုင်တယ်။ မင်းရဲ့ လူသားနတ်ဘုရားခန္ဓာကိုယ်က ပြန်လည်ကုစားချင်ရင်တောင်၊ နတ်ဘုရားတန်ခိုး ပမာဏ အများကြီး လိုအပ်နေသေးတယ်။ ငါ့ထက် အချိန်ယူရလိမ့်မယ်။ မင်း ငါ့ကို ဒီနည်းနဲ့ တိုက်မယ်ရင်တော့, ဒါက သေခြင်းတရားကို တောင်းခံနေတာ မဟုတ်ရင် ဘာလဲ။” လေဟာနယ်ဝါးမျိုသူသည် ချင်ယွင်၏ နှလုံးသားကို ထိန်းထားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ နှစ်ပိုင်းကွဲသွားသော ခန္ဓာကိုယ်သည်လည်း မြင်နိုင်သော နှုန်းဖြင့် ပြန်လည် ကုသပေးနေသည်။
ချင်ယွင်သည် ဤအရာအားလုံးကို အေးစက်သော အကြည့်နှင့် ကြည့်နေခဲ့ပြီး၊ သူ့မျက်လုံးများ၏ နက်ရှိုင်းဆုံးနေရာတွင် အပြုံးမပျက် ရှိနေခဲ့သည်။
"ငါ တွေ့ပြီ။ မင်းနဲ့သိပ်မဝေးတဲ့ အကြီးဆုံးကြယ်ရဲ့ ကြယ်အမြုတေမှာပဲ။ သူ့ရဲ့ လေဟာနယ် နှလုံးသားကို အဲ့ဒီမှာ ဝှက်ထားတယ်။" ဤအခိုက်တွင်၊ လျှိုဘို၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်သည် ထိုစကားကို ကြားသောအခါ အေးစက်သော အပြုံးတစ်ခု သူ့မျက်နှာပေါ် တွင် ချက်ချင်း ပေါ်လာသည်။ သူသည် သူ့မျက်လုံးများတွင် ဆော့ကစားလိုဟန်ဖြင့် အဝေးမှ လေဟာနယ်ဝါးမျိုသူကို ကြည့်လိုက်သည်။
လေဟာနယ်ဝါးမျိုသူကြောင့် သူ့ခန္ဓာကိုယ်သည် များစွာ ထိခိုက်ခဲ့ရသော်လည်း၊ လေဟာနယ်နှလုံးသား တည်ရှိနေရာအတွက်, သူ၏ပြင်းထန်သော ဒဏ်ရာများဖြင့် လဲလှယ်ခြင်းက ချင်ယွင်အတွက် အလွန်ထိုက်တန်ပါသည်။
ဘန်း…။
ချင်ယွင်သည် သူ၏ နတ်ဆိုးနတ်ဘုရား တန်ခိုးစွမ်းအားကို ဖြန့်ကျက်လိုက်သောအခါ၊ လေဟာနယ်ဝါးမျိုသူကြောင့် ဆွဲထုတ်ခံထားရသော သူ့နှလုံးသည် အသစ် ပြန်လည် ထွက်ပေါ်လာသည်။ အဆုံးတွင် သူသည်လည်း သာမာန် ကျင့်ကြံသူ မဟုတ်ပေ။
"လူသား၊ မင်းရဲ့ခန္ဓာကိုယ်ကို မြန်မြန် ပြန်ကောင်းအောင် ကုစားနိုင်ရင်တောင် မင်းအတွက် အလဟဿ ဖြစ်နေတုန်းပဲ။ မင်း ဘယ်နှစ်ခါ ပြန်ကောင်းနိုင်မလဲဆိုတာ ငါ ကြည့်ချင်မိ တယ်"။ လေဟာနယ်ဝါးမျိုသူသည် ချင်ယွင်က သူ့ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်နေသည် ကို မြင်သောအခါ၊ အစောပိုင်းက ချင်ယွင်ထံမှ ဆွဲထုတ်ယူခဲ့သော ချင်ယွင်၏နှလုံးကို သူ့ပါးစပ်ထဲသို့ ပစ်ချပြီး မျိုချလိုက်စဉ် သူ့မျက်နှာပေါ်မှာ အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
ချင်ယွင်သည် မျက်လုံးများကို မှေးကျဉ်းထားပြီး အေးစက်သော အပြုံးဖြင့် "ငါ ဘယ်နှစ်ကြိမ် ပြန်ကောင်းနိုင်မလဲ ဟုတ်လား။ ကြိုးစားကြည့်လိုက်စမ်းပါ"
ချင်ယွင်၏စကားကို ကြားသောအခါ, လေဟာနယ်ဝါးမျိုသူသည် သူ့မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒက တစ်ဖန် ပေါက်ကွဲသွားပြန်သည်။
"ဒါဆို မင်းလိုလူသားတစ်ယောက်က ဘယ်နှစ်ခါ ပြန်ကောင်းနိုင်မလဲဆိုတာ ငါ ကြည့်ချင်မိ တယ်" လေဟာနယ်ဝါးမျိုသူသည် အေးစက်စွာ ပြောလိုက်ပြီး ချင်ယွင်ဆီသို့ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ့ပါးစပ်ထောင့်မှ လှောင်ပြောင်ရယ်မောသံ များ ထွက်ပေါ်လာသည်။
ယခု သူသည် လေဟာနယ် နှလုံးသား၏ တည်နေရာကို သိရှိသွားပြီး ဖြစ်ကာ၊ နောက်တဆင့်မှာ လေဟာနယ်ဝါးမျိုသူကို သတိမထားမိစေဘဲ ထိုလေဟာနယ် နှလုံးသား ကို အရယူရန် ဖြစ်သည်။
ဘန်း…။
ချင်ယွင်၏ရုပ်အသွင်သည် ဖျတ်ခနဲ လှုပ်ရှားသွားပြီး၊ ထို့နောက်တွင် ပျောက်ကွယ်သွားခဲ့ သည်။
"ဟမ့်၊ မင်းက ထွက်ပြေးချင်နေတာလား။ ဒီလေဟာနယ်ထဲမှာ ငါက အုပ်စိုးသူပဲ။ မင်း မလွတ်မြောက်နိုင်ဘူး။" လေဟာနယ်ဝါးမျိုသူသည် အေးစက်စက် နှာချေသံကို ထုတ်ဖော်ပြီး၊ ချင်ယွင်နောက်သို့ လိုက်သွားရင်း သူ့ရုပ်အသွင်သည် လေဟာနယ်ထဲသို့ တိုက်ရိုက် ပျံသန်းသွားသည်။
သို့သော်, သူသည် ချင်ယွင်၏ အနားတွင် ပေါ်လာပြီး သူ့ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက် တိုင်း ချင်ယွင်က သူ့ကို တမင်ရှောင်ပြေးပြီး အဆက်မပြတ် ရှောင်တိမ်းနေခဲ့သည်။
ထိုကဲ့သို့ပင် သူတို့နှစ်ဦးသည် ထိုလေဟာနယ်ထဲမှာ အချင်းချင်း လိုက်ပြေးတမ်း ကစားနေခဲ့သည်။
"ခေါင်းဝင်နေတဲ့ လိပ်မျိုး။ မင်း ဘယ်လောက်ကြာကြာ ပုန်းနေချင်တာလဲ။ မင်းမှာ အရည်အချင်းရှိရင် ငါ့ကို ထိပ်တိုက် တိုက်ခိုက်ပါ။" လေဟာနယ်ဝါးမျိုသူသည် ဒေါသ ထွက်သွားသည်။ တိုက်ပွဲကို အဆက်မပြတ် ရှောင်တိမ်းနေသော ချင်ယွင်ကို ကြည့်ရင်း သူ့မျက်လုံးများတွင် အမျက်ဒေါသက ပြင်းထန်လာခဲ့သည်။
တစ်ဖက်တွင်မူ, ချင်ယွင်က သရော်ဟန်ဖြင့် ပြုံးပြကာ နှုတ်ဆိတ်နေခဲ့သည်။
"ကောင်စုတ်လေး၊ မင်း ထွက်ပြေးရတာ ကြိုက်တယ်မဟုတ်လား။ ကောင်းပြီလေ၊ မင်း ဘယ်နေရာကို ထွက်ပြေးနိုင်မလဲဆိုတာ ငါ ကြည့်ချင်မိတယ်" လေဟာနယ်ဝါးမျိုသူသည် ဒေါသတကြီး ဟိန်းဟောက်ကာ ပြင်းထန်သော လေဟာနယ် စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်လာခဲ့သည်။
"ဘုန်း”။
လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ချင်ယွင်ဆီသို့ အပြင်းအထန် တွန်းပို့လိုက်ခြင်းဖြင့် လေဟာနယ် တစ်ခုလုံးသည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ထွက်လာပုံရသည်။
လေဟာနယ် လှိုင်းလုံးကြီးများသည် လေဟာနယ် ပင်လယ်အတွင်း လူများကို နစ်မြုပ်သွား စေနိုင်ပြီး ၎င်းတို့အထဲသို့ ဝင်ရောက်မိပါက ၎င်းတို့အတွက် ရုန်းကန်ရခက်မည် ဖြစ်သည်။
သို့သော် ချင်ယွင်သည် လှိုင်းလုံးကြီးများကို မြင်လိုက်သောအခါတွင် အေးစက်သော အပြုံး တစ်ခု ပေါ်လာသည်။
"အခုပဲ"
ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ် လာသည်။ သူသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ရွှေရောင်အလင်းတန်း တစ်ခု ထွက်လာခဲ့သည်။
မှန်ပါသည်၊ ထိုရွှေရောင်အလင်းတန်းသည် အမှောင်ညမန်တီ ဧကရာဇ်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသော ကြက်သွေးရောင်မြေကမ္ဘာနတ်ဘုရားမှလွဲလို့ တခြားလူ မဟုတ်ပါဘူး။
ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား၏ ဓါးအမြွှာများသည် လေဟာနယ်လှိုင်းဆီသို့ ဦးတည် ပစ်လွှတ်လိုက်သကဲ့သို့ပင်။ ၎င်းတို့သည် လေဟာနယ်လှိုင်းလုံးများနှင့် တိုက်ရိုက် တိုက်မိပြီး လေဟာနယ်လှိုင်းလုံးကြီးကို ပြင်းထန်စွာ ပိတ်ဆို့ထားသည်။
ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဂြိုဟ်ကမ္ဘာတစ်ခုဆီသို့ ဦးတည်သွားလေသည်။
ဘန်း..။
သူ့လက်ထဲမှ ပန်ဂုပုဆိန်သည် ထိုကြယ်တစ်ခုလုံးကို ချက်ချင်းပင် နှစ်ခြမ်းခွဲပေးလိုက် သည့် ပုဆိန်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မှောင်မိုက်နေသော ကောင်းကင်ယံတွင် တောက်ပနေသော နှလုံးသားတစ်ခုသည် လေဟာနယ်ထဲတွင် ပေါ်လာသည်။
"မကောင်းတော့ဘူး"
လေဟာနယ်ဝါးမျိုသူသည် ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ချက်ချင်း ထိတ်လန့်သွား သည်။ သူ လှည့်စားခံရပြီဖြစ်ကြောင်း သိရှိသွားခဲ့ပြီး လေဟာနယ်နှလုံးသား ဦးတည်ရာ ဆီသို့ ပြေးသွားခဲ့သည်။
သို့သော် သူ ပျံသန်းမသွားနိုင်ခင်မှာ လှိုင်းလုံးများကြားမှ ခွဲထွက်လာသည့် ကြက်သွေး ရောင် မြေကမ္ဘာနတ်ဘုရားက သူ့ကို တားဆီးလိုက်သည်။
ချင်ယွင်အနေဖြင့်မူ, သူသည် နောက်ဆက်တွဲ ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လေဟာနယ်နှလုံးသား၏ အနားတွင် ပေါ်လာသည်။ သူသည် သူ့လက်ထဲမှာ လေဟာနယ် နှလုံးသားကို ဆုပ်ကိုင်လိုက်သည်။
"ဒုတ်… ဒုတ်.. . ဒုတ်...."
ချင်ယွင်သည် လေဟာနယ်ဝါးမျိုသူ၏ လေဟာနယ်နှလုံးသားကို ဆုပ်ကိုင်လိုက်ပြီး လေဟာနယ် နှလုံးသားတွင် ကြီးမားသော လေဟာနယ်စွမ်းအားအပြင် ပုံမှန် နှလုံးခုန်သံ ပါရှိနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။