အခန်း ၁၄၂၀
Vol. 95 Ch. 1420
အခန်း (၁၄၂၀) လေဟာနယ်ထိန်းချုပ်သူ။
ချင်ယွင်သည် သူ့လက်ထဲတွင် ရှိနေသော လေဟာနယ် နှလုံးသားကို ကြည့်လိုက်ရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ဘန်း…။
ဤအခိုက်အတန့်တွင် လေဟာနယ်နှလုံးသားထံမှ အားပြင်းသော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်၊ လေဟာနယ် နှလုံးသားသည် လေဟာနယ်ထဲသို့ ထိုအားကောင်းသည့် လေဟာနယ် စွမ်းအားကို ထွက်ပြေး လွတ်မြောက်ရန်အတွက် အသုံးပြုလိုခဲ့သည်။
ထိုစွမ်းအားသည် အလွန်အစွမ်းထက်ပြီး ချင်ယွင်၏ လက်တစ်ဖက်လုံးကို အမှန်တကယ် လေဟာနယ်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။
"အခု အရာအားလုံးက ငါ့လက်ထဲမှာပဲ။ မင်းက လွတ်မြောက် ချင်သေးတာလား" ချင်ယွင်သည် သူ့လက်တစ်ဖက်လုံးကို လေဟာနယ်ထဲသို့ ဆွဲခေါ်နေပြီဖြစ်သော လေဟာနယ် နှလုံးသားကို ကြည့်လိုက်ရင်း သူ့မျက်လုံးများတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
ဘန်း…။
ကနဦးစကြဝဠာ၏ ကောင်းကင်ဘုံအလိုဆန္ဒသည် ချင်ယွင်၏ ခန္ဓာကိုယ်မှတဆင့် ရုတ်တရက် ထွက်လာခဲ့ပြီး သူ့လက်မောင်းမှတဆင့် လေဟာနယ် နှလုံးသားဆီသို့ ဖိချလိုက်သည်။
“အားး…”
ချက်ခြင်းပင် နာကျင်ကြေကွဲဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ အဝေးက ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားနှင့် တိုက်ခိုက်နေသော လေဟာနယ်ဝါးမျိုသူသည် ခေါင်းကိုဆုပ်ကိုင်ကာ သနားစရာ အော်ဟစ်သံဖြင့် အော်ဟစ်နေသည်။
ချင်ယွင်က လှောင်ပြောင်ပြီး သူ့လက်ကို တိုက်ရိုက် ပြန်ဆွဲလိုက်ပါသည်။ လေဟာနယ် နှလုံးသားသည် သူ့လက်ထဲတွင် ရှိနေသေးသည်။
"မသတ်ပါနဲ့၊ မင်း ငါ့စိတ်ဝိညာဉ်ကို မသုတ်သင်သေးသရွေ့ မင်း လုပ်စေချင်တဲ့ အရာမှန်သ မျှကို ငါ ကျေကျေနပ်နပ်ကြီး လုပ်ပေးပါ့မယ်" အသံတစ်သံ ထွက်လာပြီး ချင်ယွင်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
"မင်းပဲ ငါ့ကို သတ်ချင်တယ်လို့ ပြောနေတာ မဟုတ်လား။ မင်းက ဘာလို့ တောင်းပန်နေ တာလဲ" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။
"ငါ့မျက်လုံးတွေက ထိုက်တောင်ကြီး မမှတ်မိခဲ့ပါဘူး။ ငါ အရှင်မင်းကြီးကို စော်ကားမိပါ တယ်။၊ ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ။ ငါ မင်းကို ငါ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိပါတယ်" လေဟာနယ်ဝါးမျိုသူက သနားညှာတာရန် ထပ်မံ တောင်းဆိုလိုက်သည်။
ချင်ယွင်ပြသခဲ့သည့် တန်ခိုးကြီးသော ကောင်းကင်ဘုံအလိုဆန္ဒသည် သူ့အား လုံးဝ ကြောက်လန့်သွားစေခဲ့သည်။ ချင်ယွင် ဆန္ဒရှိသရွေ့ သူ့ကို ချက်ခြင်း သတ်ပစ်နိုင်မှာ ဖြစ်ပြီး သူသည် မသေချင်သေးပေ။ ထို့ကြောင့်, သူသည် သနားညှာတာမူကို တောင်းခံရုံသာ တတ်နိုင်ပါသည်။
"ဝမ်းနည်းပါတယ်၊ ငါ မလိုအပ်ဘူး။" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောပြီး သူ့မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာသည်။
လေဟာနယ်ဝါးမျိုသူကို သတ်ဖြတ်ခြင်းသည် တတိယမြောက် ကောင်းကင်ဘုံနန်းတော်၏ စမ်းသပ်မှု ဖြစ်သည်။ အကယ်၍, ချင်ယွင်သာ သူ့ကို မသတ်ဘူးဆိုလျှင် စမ်းသပ်မူကို အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
ဟုတ်ပါသည်, ချင်ယွင်ကိုယ်တိုင်လည်း ထိုလေဟာနယ် နှလုံးသားကို လိုအပ်နေပါသည်။ ထိုလေဟာနယ် နှလုံးသားနှင့် ပေါင်းစပ်ခြင်းဖြင့်သာ သူသည် လေဟာနယ် စွမ်းအားကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။
"မင်း ငါ့ကိုသတ်ချင်တယ်ဆိုမှတော့, ငါ မင်းနဲ့အတူ သေပစ်မယ်" ချင်ယွင်က သူ့ကို အလွတ်ပေးရန် ဆန္ဒမရှိကြောင်း လေဟာနယ်ဝါးမျိုသူ မြင်သောအခါ၊ ပြင်းထန်သော ရန်လိုမှုတစ်ခုက သူ့နှလုံးသားထဲသို့ တိုးဝင်လာပြီး၊ သူသည် လေဟာနယ် နှလုံးသားကို လုံးလုံးလျားလျား ဖျက်ဆီးပစ်တော့မည်။
ဘန်း…။
လေဟာနယ် နှလုံးသားသည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လာသည်။ အတွင်းမှာရှိနေသည့် လေဟာနယ် စွမ်းအားသည် ချက်ချင်း မငြိမ်မသက် ဖြစ်သွားပြီး လုံးဝ ပေါက်ကွဲတော့မည်။
ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ အကယ်၍, လေဟာနယ် ဝါးမျိုသူ၏ နှလုံးသာ ပေါက်ကွဲသွားမည်ဆိုလျှင်, သူ့ရှေ့က ဤကမ္ဘာကြီးသည် ပြိုလဲသွား လိမ့်မည်။ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ဖျက်ဆီးခံရရုံသာမက သူ၏ ကနဦးစကြာဝဠာကိုပင် ပြင်းထန်စွာ လှုပ်ခါသွားစေမည် ဖြစ်သည်။
ချင်ယွင်သည် သဘာဝအတိုင်း ထိုသို့ဖြစ်မလာစေရန်အတွက် ကောင်းကင်ဘုံအလိုဆန္ဒကို လေဟာနယ်ဝါးမျိုသူ၏ နှလုံးသားဆီသို့ အလျင်အမြန် လှုံ့ဆော်ပေးလိုက်သည်။
"မင်းက ငါ့ရှေ့မှာ ကိုယ့်ကိုကိုယ် ဖောက်ခွဲချင်တယ်ဆိုရင်တော့, မင်း နည်းနည်းလေး လိုနေသေးတယ်" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။ သူပြောပြီး သည်နှင့်၊ ကောင်းကင်ဘုံ၏ ကြောက်မက်ဖွယ်ကောင်းသော အလိုဆန္ဒသည် လေဟာနယ် ဝါးမျိုသူ၏ နှလုံးသားကို ဖြတ်ကျော်သွားခဲ့သည်။
"အား... မင်း.. ငါ လွယ်လွယ်နဲ့ မသေနိုင်ဘူး" လေဟာနယ်ဝါးမျိုသူသည် အနှိုင်းမဲ့ သနားစရာအသံဖြင့် ဒေါသတကြီး အော်ဟစ်သည်။ ထို့နောက် သူ၏စိတ်ဝိညာဉ်သည် ဤကမ္ဘာထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
လေဟာနယ်ဝါးမျိုသူ၏ စိတ်ဝိညာဉ် ပျောက်ကွယ်သွားသည်နှင့် အဝေးမှ လေဟာနယ် ဝါးမျိုသူ၏ ခန္ဓာကိုယ်သည် အခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားပြီး လွင့်ပျယ်သွားခဲ့ သည်။ လေဟာနယ်တစ်ခုလုံး ငြိမ်သက်သွားသည်။
"သခင်, အဲဒီကောင်က ဘာလဲ" ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ရုပ်အသွင် တစ်ခုအဖြစ်သို့ ပြောင်းကာ ချင်ယွင်၏ရှေ့တွင် ပေါ်လာပြီး ပဟေဠိဆန်သော အမူအရာ ဖြင့် မေးလိုက် သည်။
"စကြာဝဠာကနေ မွေးဖွားလာတဲ့ ထူးခြားတဲ့ သတ္တဝါတစ်မျိုးပဲ။ ငါ့ကို အခုပဲ ကာကွယ် ပေးထားပါ။ ငါ လေဟာနယ် နှလုံးသားနဲ့ ပေါင်းစည်းချင်တယ်" ချင်ယွင်က သူ့လက်ထဲမှ သန့်စင်ပြီး ထွင်းဖောက်မြင်နိုင်သော လေဟာနယ် နှလုံးသားကို ကြည့်ကာ သူ့အနားရှိ ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားအား ပြောလိုက်သည်။
ပုံမှန်အားဖြင့်, ဤနေရာကို မည်သူမျှ မဝင်ရောက်နိုင်သော်လည်း၊ ချင်ယွင်က သူ့ကို ကာကွယ်ရန်အတွက် ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားအား တောင်းဆိုနေဆဲ ဖြစ်သည်။
"ကောင်းပါပြီ" ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ပြတ်ပြတ်သားသား ပြန်ပြော သည်။
ချင်ယွင်သည် လေဟာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်ကာ သူ့လက်ထဲတွင် လေဟာနယ် နှလုံးသားကို ကိုင်ထားရင်း သူ့မျက်လုံးတွေက ပူလောင်နေသည်။
သူသည် ဤလေဟာနယ် နှလုံးသားနှင့် ပေါင်းစပ်နိုင်သရွေ့, ချင်ယွင်သည် လေဟာနယ် ထိန်းချုပ်သူအဖြစ် လျင်မြန်စွာ ဖြစ်လာနိုင်ပြီး လေဟာနယ် စွမ်းအားကို အသုံးပြုနိုင်မည် ဖြစ်သည်။
ဤနည်းအားဖြင့် ချင်ယွင်၏ တိုက်ခိုက်ရေး စွမ်းအားသည်လည်း ကြီးမားလာပေလိမ့်မည်။ သူသည် လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်၏ နတ်ဘုရားစွမ်းရည်ကိုလည်း လေ့ကျင့်နိုင် မည် ဖြစ်သည်။ ထို့ကြောင့်၊ ဤလေဟာနယ် နှလုံးသားသည် ချင်ယွင်အတွက် လုံးဝ အရေးပါပြီး ၎င်း၏တန်ဖိုးသည် ထိပ်တန်းအဆင့် နတ်ဘုရားဆေးလုံးထက် မနိမ့်ကျပေ။
သို့သော်လည်း လေဟာနယ် နှလုံးသားနှင့် ပေါင်းစပ်ခြင်းသည် အလွန်အန္တရာယ်များသည်။ လေဟာနယ် နှလုံးသားအတွင်းရှိ လေဟာနယ် စွမ်းအားကို မထိန်းချုပ်နိုင်သည်နှင့်, လေဟာနယ် နှလုံးသားသည် ပေါက်ကွဲသွားပါက ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။ ထို့အပြင်၊ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမူ သည် သူ၏ကနဦးစကြာဝဠာကိုပင် ထိခိုက်စေမည် ဖြစ်သည်။ ထို့ကြောင့် ချင်ယွင် သတိထားသင့်သည်။
ချင်ယွင်က အသက်ပြင်းပြင်းရှူပြီး လေဟာနယ် နှလုံးသားကို သူ့ရင်ဘတ်ပေါ် ဖိသွင်းလိုက် သည်။ သူသည် သူ၏ခွန်အားကို ဖြည်းညှင်းစွာ စုစည်းလိုက်ပြီး လေဟာနယ် နှလုံးသား၏ မူလစွမ်းအင်ကို အဆက်မပြတ် ထုတ်ယူလိုက်သည်။
ဘန်း…။
ချင်ယွင်သည် မူလစွမ်းအင်ကို ထုတ်ယူလိုက်သည်နှင့် ပြင်းထန်သော လေဟာနယ် လှိုင်းဂယက်က လေဟာနယ် နှလုံးသားထံမှ ထုတ်လွှတ်သည်။ ထိုလှိုင်းလုံးကြီးသည် အလွန် ကြောက်စရာကောင်းပြီး၊ လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ် ချောက်ချားစေသည်။ အဆုံးတွင်၊ ၎င်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ ထိုးဖောက်သွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းစီးဆင်းသွားသည်။
သူ့ခန္ဓာကိုယ်ထဲသို့ လေဟာနယ် အနှစ်သာရ စွမ်းအင်များ ဝင်ရောက်လာသောအခါ ချင်ယွင်၏မျက်နှာသည့် နာကျင်သည့် အမူအရာတစ်ခုကို ဖော်မပြဘဲ မနေနိုင်ခဲ့ပေ။
ထိုလေဟာနယ် အနှစ်သာရများသည် ဓားသွားများကဲ့သို့ပင်။ ၎င်းတို့သည် ချင်ယွင်၏ ခန္ဓာကိုယ်နှင့် ပင်မသွေးကြောများကို အဆက်မပြတ် ဖြတ်တောက်နေပြီး အလွန်မင်း ပြင်းထန်သည့် နာကျင်မူကို ခံစားရသည်။
သို့သော်လည်း ချင်ယွင်သည် သူ၏သွားများကို တင်းတင်းကြိတ်ကာ ဆက်လက်၍ ထိုမူလစွမ်းအင်ကို အပြည့်အဝရရှိရန် ကြာပန်းပုံစံထိုင်ကာ ထိတ်လန့်ဖွယ် နာကျင်မှုများ ကို ပြင်းပြင်းထန်ထန် ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။
လေဟာနယ်၏ မူလစွမ်းအင်သည် ချင်ယွင်၏ခန္ဓာကိုယ်ထဲသို့ ဆက်လက်ပေါင်းစပ်သွားပြီး လေဟာနယ် နှလုံးသားရှိ အလင်းရောင်သည် တဖြည်းဖြည်း မှိန်သွားခဲ့သည်။
သို့သော်လည်း ချင်ယွင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ထွင်းဖောက်မြင်လာရသည်။ သူ့အသားအရည်တောင် တောက်ပြောင်သထက် တောက်ပလာပါတော့သည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော လေဟာနယ်စွမ်းအင် အတက်အကျလှိုင်းများပင် ထုတ်လွှတ်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တောက်ပ လင်းလက်စေသည်။
"အယ်၊ ဘယ်လောက်သိပ်သည်းလိုက်တဲ့ လေဟာနယ်စွမ်းအင်လဲ၊ သခင်ကြီးရထားတဲ့ အဲဒီအရာက ဘာများဖြစ်မလဲ" ချင်ယွင်ကို ဘေးတဘက်မှ စောင့်ကြပ်ပေးနေသော ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် အလွန်အံ့သြသွားပြီး မနာလိုသည့် အမူအရာ ကို ဖော်ပြလာခဲ့သည်။
လေဟာနယ်အနှစ်သာရ, ၎င်းကို မလိုချင်သည့် ကျင့်ကြံသူမျိုး မရှိပေ။ ဤအချက်က လေဟာနယ် ထိန်းချုပ်သူများသည် စွမ်းအားကြီးမားလွန်းသည်ဟု ဆိုလိုသည်။ တစ်စုံ တစ်ယောက်ကို မြင်တွေ့ရခြင်းမရှိဘဲ သတ်ဖြတ်နိုင်သည်။ လေဟာနယ် နတ်ဘုရား စွမ်းရည်နှင့် ပေါင်းစပ်ထားသောကြောင့် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်ပါသည်။ သူသည် တူညီသောအဆင့်တွင် ပြိုင်ဘက်ကင်းဖြစ်မည်မှာ သေချာပါသည်။
ယခု ချင်ယွင်သည် ထိုလေဟာနယ် စွမ်းအားကို ကျွမ်းကျင်ပြီး လေဟာနယ်ထိန်းချုပ်သူ ဖြစ်လာသောကြောင့် ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ချင်ယွင် မည်မျှ အစွမ်းထက်မည်ကို အမှန်တကယ်ပင် မစဉ်းစားနိုင်တော့ပေ။
"ဖျစ်...."
ချင်ယွင်သည် လေဟာနယ်၏ မူလစွမ်းအင် အားလုံးကို လုံးလုံးလျားလျား စုပ်ယူလိုက် သည်နှင့်အမျှ လေဟာနယ် နှလုံးသားသည်လည်း ကွဲအက်စ ပြုလာသည်။ နောက်ဆုံးတွင် ၎င်းသည် အမှုန့်ဖြစ်သွားပြီး လွင့်ပျယ်သွားပါသည်။
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်သည် သန့်ရှင်းသော အလွှာတစ်ခုဖြင့် ဖုံးလွှမ်း ထားသကဲ့သို့ အထူးတောက်ပလာသည်။
ဘန်း…။
ချင်ယွင်က သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့မျက်လုံးများသည် ကြယ်ရောင် ကောင်းကင်ကြီးကဲ့သို့ တောက်ပနေပြီး လေဟာနယ်တစ်ခုလုံး စတင်တုန်ခါလာသည်။
ထိုအခိုက်တန့်တွင် ချင်ယွင်၏ မျက်လုံးများရှေ့မှ လေဟာနယ်သည် လုံးဝ ပြောင်းလဲသွား ခဲ့သည်။ သူသည် လေဟာနယ် အတားအဆီးများကို အလွယ်တကူ သတိပြုမိနိုင်ပြီး၊ သူ့မျက်လုံးထဲတွင် လေဟာနယ် အလွှာများသည် ဖုံးကွယ်နိုင်ရန် နည်းလမ်းမရှိတော့ပေ။
သူ့စိတ်ကို လှုပ်ရှားလိုက်သည်နှင့် ချင်ယွင်သည် ခန္ဓာကိုယ် တစ်ခုလုံးသည် လေဟာနယ် ထဲမှာ ပုန်းအောင်းနိုင်ပြီး ကီလိုမီတာ တစ်သောင်းအကွာမှာ ပြန်ပေါ်လာနိုင်သည်။
"လေဟာနယ်ရဲ့စွမ်းအားက ဘယ်လောက်တောင် အံ့ဩဘနန်းဖြစ်လိုက်လဲ။" ချင်ယွင် သည် ဤထူးခြားသော လေဟာနယ် စွမ်းအင်ကို ခံစားလိုက်ရပြီး သူ့နှလုံးသားသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။