အခန်း ၁၄၂၁
Vol. 95 Ch. 1421
အခန်း (၁၄၂၁) အငြင်းပွားမူကို သက်သေပြခြင်း။
ချင်ယွင်သည် လေဟာနယ် နှလုံးသားနှင့် အောင်မြင်စွာ ပေါင်းစပ်နေစဉ်မှာ၊ ပျောက်ကွယ် နေသော နတ်ဘုရားကျွန်း တတိယထပ်ရှိ စင်မြင့်ပေါ်တွင် လူတိုင်းသည် စိုးရိမ်ပူပန်နေကြ သည်။
အထူးသဖြင့် ကျိုးလင်သည် မတ်တပ်ရပ်ပြီး ကျောက်ပြားကြီးရှေ့သို့ အရှိန်ဟုန် ပြင်းပြင်း ဖြင့် စတင်လှမ်းတက်နေပြီ ဖြစ်သည်။ သူမ၏ လှပသော မျက်နှာသည် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။
အကယ်၍, ကျိုးယွမ်သာ သူမကို မတားဆီးထားဘူးဆိုလျှင် ကျိုးလင်သည် ထိုကျောက်ပြားကြီး၏ လေဟာနယ်ထဲသို့ အမြန်ပြေးသွားလိမ့်မည်။
အဝေးတွင် ကျိုးဟုန်ရွှဲ့နှင့် ခွေးဝါကြီးတို့သည် ပွင့်လင်းသော နေရာတစ်ခုတွင် အတူ ထိုင်နေကြသည်။ လူတစ်ယောက်နှင့် ခွေးတစ်ကောင်သည် တစ်ယောက်နှင့်တစ်ယောက် ပြေးလွှားနေခြင်း မရှိတော့သော်လည်း အချင်းချင်း ရန်ထောင်နေကြဆဲပင်။
"ဟင်း...၊ သူ အပြင်မထွက်လာတာ တော်တော်ကြာသွားပြီ။ ဒီကောင်လေး ဒီကျောက်ပြား ကြီးထဲမှာ သေသွားနိုင်တယ်။" ခွေးဝါကြီးက လှောင်ပြောင်သံဖြင့် ပြောလိုက်သည်။
အဝေးမှာ စိတ်ပူနေပြီဖြစ်သော ကျိုးလင်သည် ခွေးဝါကြီး၏ စကားကို ကြားလိုက်ရာ သူမ၏ လှပသော မျက်နှာသည် ချက်ချင်း ဖျော့တော့သွားသည်။ ထို့နောက် သူမသည် ကျောက်ပြားကြီး၏ လေဟာနယ်ဆီကို တဟုန်ထိုး ပြေးသွားတော့မည်။
တစ်ဖက်တွင်မူ၊ ကျိုးယွမ်သည် ကျိုးလင်ကို ကျောက်ပြားကြီး၏ လေဟာနယ်ဆီသို့ အမှန်တကယ် ဝင်ရောက်သွားခြင်းမှ တားဆီးရန် နောက်တဖန် ရှေ့သို့ ခြေလှမ်းထွက်ရန်မှ တပါး ရွေးချယ်စရာ မရှိပေ။
ခွေဝါကြီးဘေးမှာထိုင်နေသည့် ကျိုးဟုန်ရွှဲ့က ချက်ချင်း ဒေါသထွက်သွားပြီး ခွေဝါကြီး၏ ခေါင်းကို ရိုက်ချလိုက်သည်။ "ခွေးမိုက်, ငါ့ဦးလေးက အဆင်ပြေနေတယ်လေ။ လိပ်ကလေး အသက်ရှင်နေသေးတာ နင် မမြင်ဘူးလား။ အဲဒါက ငါ့ဦးလေးရဲ့ နတ်ဘုရား အိမ်မွေးတိရစ္ဆာန်ပဲ။ တကယ်လို့, ငါ့ဦးလေး သေသွားခဲ့ရင် သူ ဘယ်လိုလုပ် အသက်ရှင်နေ ဦးမှာလဲ။ နင် မိုက်မဲတဲ့ စကားတွေ ဆက်ပြောရင်၊ ငါ နင့်ကို သေအောင်ရိုက်ပစ်မယ်။"
ခွေဝါကြီးသည် မူလက မြေပြင်ပေါ်တွင် ထိုင်နေခဲ့သော်လည်း၊ သူသည် ကျိုးဟုန်ရွှဲ့ကြောင့် မြေပြင်ပေါ်မှာ တိုက်ရိုက် ပစ်လဲသါားသည်။ သူ့မျက်နှာမှာ အမျက်ဒေါသများ ပြည့်နေသော်လည်း ခံနိုင်ရည်ရှိအောင် ကြိုးစားနေရသည်။ နောက်ဆုံးတွင် သူသည် သူ့အရေပြားနှင့် အသားတွေ နာကျင်ခြင်းကနေ အခုမှ လွတ်မြောက်လာစဖြစ်သည်။
"ဟမ့်၊ သူ မသေဘူးဆိုရင်တောင် သူ သေဖို့ မဝေးတော့ပါဘူး။ အဲဒီ လေဟာနယ်ဝါးမျိုသူ က အရမ်းကို အစွမ်းထက်တယ်။ ဒီကောင်းကင်နတ်ဘုရားတောင် သူ့လက်ထဲမှာ ကျဆုံးခဲ့ရတယ်။ ကောင်းကင်နတ်ဘုရားရဲ့ ခွန်အားအောက် နိမ့်ကျတဲ့ သူလိုကောင်လေး က လေဟာနယ်ဝါးမျိုသူကို သတ်နိုင်မှာတဲ့လား?" ခွေဝါကြီးသည် မထီမဲ့မြင်ပြုသော အမူအရာဖြင့် ပြောလိုက်သည်။
ရှင်းရှင်းလင်းလင်းပြောရလျှင်, သူသည် ချင်ယွင်က လေဟာနယ်ဝါးမျိုသူကို သတ်ဖြတ်ရာ မှာ အောင်မြင်ခြင်းမရှိနိုင်ဟု ဆုံးဖြတ်ထားသည်။
'"အဲဒါ နင့်လို မိုက်မဲတဲ့ ခွေးတစ်ကောင်မို့လေ။ ငါ့ဦးလေးမှာ နတ်ဘုရားစွမ်းရည်တွေ အများကြီး ရှိတယ်။ တကယ်တော့, နင့်လိုခွေးမိုက်တစ်ကောင်က ဘယ်လိုလုပ် နှိုင်းယှဉ် နိုင်မှာလဲ။ နင်က ကောင်းကင်နတ်ဘုရားနယ်ပယ်မှာရှိနေရင်တောင် ဘာဖြစ်လဲ။ ငါ့ဦးလေး က နင်နဲ့ ယှဉ်ပြိုင်နိုင်သေးတယ်။ ငါ့ဦးလေးက လိပ်နက်လေးကို လက်အောက်ခံဖြစ်အောင် လုပ်ဆောင်ထားတာ နင် မမြင်ဘူးလား။ အဲဒီတုန်းကဆို သူက ကြယ်နတ်ဘုရားနယ်ပယ် တောင် မရောက်သေးဘူး” ကျိုးဟုန်ရွှဲ့က လက်မခံနိုင်ဘဲ ပြန်ပြောလိုက်သည်။
"သူ့ရဲ့အထွက်အထိပ် ကျင့်ကြံမူက ကြယ်နတ်ဘုရားနယ်ပယ်တောင် မရောက်သေးဘူး။ ဟုတ်လား?။ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်မှာရှိတဲ့ ဒီအနံ့ဆိုးတဲ့လိပ်နက်ကို အနိုင်ယူတာနဲ့ ပတ်သက်ပြီး ခွေးတစ်ကောင်ကို လိမ်ပြောနိုင်မယ်လို့ မင်း ထင်လား” ခွေဝါကြီးက အထင်သေးဟန်ဖြင့် ကျိုးဟုန်ရွှဲ့ကို လှောင်ပြောင်သည်။ သူသည် ကျိုးဟုန်ရွှဲ့ ၏ စကားကို လုံးဝ အယုံကြည်မရှိပါ။
"ဟမ့်, ငါက ခွေးတစ်ကောင်ကို လိမ်နေစရာလား။ ငါ ပြောတာက အမှန်ပဲ။ နင် မယုံရင် လိပ်ကလေးကို မေးကြည့်လိုက်လေ။" ကျိုးဟုန်ရွှဲ့က ဒေါသတကြီး ပြောသည်။
ခွေဝါကြီးသည် လိပ်နက်နတ်ဘုရားသားရဲကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
လိပ်နက်သည် ခွေဝါကြီးအား အလွန်ရိုသေနေသေးသည်။ ခွေဝါကြီးသည် သူ၏ ကျင့်ကြံမူ ပျောက်ဆုံးသွားသော်လည်း လျှို့ဝှက်နတ်ဘုရားဂိုဏ်းတွင် သူ၏အဆင့်အတန်းသည် ထူးထူးခြားခြား ဖြစ်နေသည်။ ထို့ကြောင့် လိပ်နက်သည် ခွေဝါကြီးက သူ့အား ကြည့်နေ သည်ကို မြင်သောအခါ၊ ရိုသေလေးစားသော အမူအရာ ချက်ချင်း ပေါ်လာသည်။
'"သခင်ဟွမ်၊ သခင်မလေး ဟုန်ရွှဲ့ပြောတာ မှန်ပါတယ်။ သခင်က ကျွန်တော့်ကို အနိုင်ယူ တဲ့အချိန်တုန်းက သူ့ရဲ့ ကျင့်ကြံမှုက ကြယ်နတ်ဘုရား နယ်ပယ်ကို ဖြတ်ကျော်မသွားသေး ပါဘူး။ သခင်ရဲ့ အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်က သေကြောင်းကြံစည်၍ စမ်းသပ်ခြင်း ဒုတိယအဆင့်မှာ ဖြတ်ကျော်သွားခဲ့တာပါ။" လိပ်နက်က သတိကြီးကြီးထား ပြီး ပြောလိုက်ရင်း, သူ့စိတ်ထဲမှာ အနည်းငယ် အကူအညီမဲ့နေသလို ခံစားရသည်။
ချင်ယွင်၏ အစောပိုင်း ကြယ်နတ်ဘုရား ကျင့်ကြံမှုသည် မှန်ကန်သော်လည်း ချင်ယွင် သည် ကနဦးစကြဝဠာဆိုသည့် ကောင်းကင်ဘုံကို အန်တုနိုင်သော တည်ရှိမှုတစ်ခုကို ပိုင်ဆိုင်ထားသည်။ ကနဦးစကြဝဠာ၏ တန်ခိုးသည် ကောင်းကင်နတ်ဘုရားများထက် လုံးဝ နိမ့်ကျမည် မဟုတ်ပေ။ သို့သော် ဤစကားများသည် သူ့ဗိုက်ထဲတွင်သာ ပုပ်ပွသွား သည်အထိ သိမ်းထားနိုင်ပါသည်။
ခွေဝါကြီးသည် လိပ်နက်၏ စကားကိုကြားသော အခါတွင် သူ၏မျက်လုံးများတွင် ထိတ်လန့်သော အမူအရာ ပေါ်လာသည်။ သူက ခေါင်းငုံ့ပြီး လေးလေးနက်နက် တွေးလိုက် သည်။ တခဏအကြာတွင်၊ သူက တီးတိုးရေရွတ်လိုက်သည် "ဒီတစ်ကြိမ် ဒီကောင်းကင် နတ်ဘုရားက သူ့ကို တကယ်ပဲ ခန့်မှန်းချက် လွဲသွားတာလား?။ သူသာ တကယ်ပဲ ဒီစမ်းသပ်မူကို ပြီးဆုံးနိုင်မယ်ဆိုရင်, ဒီကောင်းကင်နတ်ဘုရားကရော မဖြစ်နိုင်ဘူးလား”။
"ဟေး ခွေဝါကြီး၊ နင် ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား?" ကျိုးဟုန်ရွှဲ့သည် ခွေဝါကြီး၏ မျက်လုံးများတွင် လှည့်ဖျားလိုသည့်အရိပ်ယောင်ကို မြင်လိုက်ရလျှင်, လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ခွေဝါကြီး၏ နားရွက်ကြီးအား ဖမ်းကိုင်ပြီး သူ့ကို ခက်ထန်စွာ မေးခွန်းထုတ်သည်။
"အင်း နာတယ်။ အမိုက်မလေး မကစားနဲ့တော့၊ ငါခွေးဝါကြီးက အမြဲတမ်း စကား ကောင်းကောင်းပြောတယ်။ ငါ့ကို လွှတ်လိုက်ပါ။ ငါ့နားတွေ ပြုတ်ထွက်တော့မယ်။" ခွေဝါကြီးသည် သနားကရုဏာကို အလျင်အမြန် တောင်းခံလိုက်သော်လည်း သူ့မျက်နှာမှာ နာကျင်မှုများဖြင့် ပြည့်နေသည်။
"ဟမ့်၊ နင် လိမ်ပြောဝံ့ရင် နင့်နားရွက်ကို ဆုတ်ဖြဲပစ်လိုက်ရုံမဘူး နင့်ရဲ့အရေပြားကိုလည်း ဆုတ်ဖြတ်ပြီး ခွေးသားပြုတ် လုပ်ပစ်မယ်။" ကျိုးဟုန်ရွှဲ့သည် ခွေဝါကြီး၏ နားရွက်ကို မလွှတ်မီ အေးစက်စွာ ဟစ်အော်လိုက်သည်။
ခွေဝါကြီးသည် ခွေးခြေသည်းများကို ဆန့်ထုတ်ကာ ရောင်ကိုင်းနေသော နားရွက်များကို ပွတ်တိုက်သည်။ သူက မကျေမချမ်း မျက်နှာဖြင့် အေးစက်စွာ ဟစ်အော်ရင်း "ဟမ့်၊ သူ အပြင် ထွက်လာနိုင်မလားဆိုတာ ငါ မသိရသေးဘူး။ ဒီကောင်းကင်နတ်ဘုရားက အခုထိ မရှုံးသေးပါဘူး”။
သို့သော် သူ့စကားတစ်ဝက်တစ်ပျက်မှာပင် ကျိုးဟုန်ရွှဲ့က သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး ခြောက်လှန်းလိုက်လျှင်, သူသည် အလွန်ကြောက်လန့်သွားကာ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။
အဝေးမှ လိပ်နက်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ခိုကိုးရာမဲ့ ခေါင်းခါလိုက်မိ သည်။ တန်ခိုးကြီးသော သခင်ခွေး ကောင်းကင်နတ်ဘုရားသည် အမှန်တကယ်ပင် ဤအဖော်မလေး၏ အနိုင်ကျင့်ခြင်းကို ခံနေရရှာသည်။ အကယ်၍ သခင်ခွေး၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော လျှို့ဝှက်နတ်ဘုရားဂိုဏ်းဝင် တပည့်များသည် ဤမြင်ကွင်း ကို မြင်လိုက်ရလျှင်, သူတို့သည် ရယ်ရလွန်းသဖြင့် သေဆုံးကောင်း သေဆုံးသွားနိုင်ပါ သည်။
ဘန်း…။
အားလုံးက စိုးရိမ်နေကြစဉ်မှာ နတ်ဆိုးဖိနှိပ်ခြင်းကမ္ပည်း ကျောက်ပြားမှာလည်း နောက်ထပ် လေဟာနယ်လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် နတ်ဆိုးဖိနှိပ်ခြင်း ကမ္ပည်းကျောက်ပြားတွင် သေးငယ်သော လှိုင်းလုံးတစ်ခု ပေါ်လာပြီး သွယ်လျပြီး အရပ်ရှည်သော ပုံရိပ်တစ်ခုက ကျောက်ပြားကြီးထဲမှ လမ်းလျှောက် ထွက်လာခဲ့သည်။
လူတိုင်းသည် ထိုရုပ်အသွင်ကိုမြင်တော့ အံ့အားသင့်သွားကြသည်။
"ခင်ပွန်း!" ကျိုးလင်သည် ထိုလူ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားပြီး သူမ၏ ပါးပြင်ထက်တွင် မျက်ရည်များ စီးကျလာသည်။
ချင်ယွင်က ကျိုးလင်၏ နောက်ကျောကို ပုတ်ပြီး ကျိုးလင် မငိုအောင် ထပ်ပြီး ပြုံးပြကာ၊ အကြိမ်အနည်းငယ် နှစ်သိမ့်ပေးလိုက်သည်။
တစ်ဖက်တွင်မူ ခွေဝါကြီးသည် ကျိုးလင်ကို မယုံကြည်နိုင်စွာ ပွေ့ဖက်နေသော ချင်ယွင် အား စိုက်ကြည့်နေသည်။
"ဘယ်လိုလဲ၊ ငါ့ဦးလေးက ဒီစမ်းသပ်မူကို လုပ်နိုင်မယ်လို့ နင့်ကို ငါ ပြောခဲ့ပါတယ်။ နင် ငါ့ကို မယုံသေးဘူးလား။" ကျိုးဟုန်ရွှဲ့က အံ့သြထိတ်လန့်နေသော ခွေဝါကြီးကို ကြည့်ကာ တဟားဟား ရယ်မောလိုက်သည်။
ခွေဝါကြီးသည် ယခုတစ်ကြိမ်တွင် ကျိုးလင်ကို လျစ်လျူရှုပြီး ချင်ယွင်ဆီသို့ လျှောက်သွားခဲ့သည်။
"ကောင်စုတ်လေး၊ မင်းက လေဟာနယ်ဝါးမျိုသူကို တကယ် သတ်ခဲ့တာလား။" ခွေဝါကြီး သည် လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
ချင်ယွင်သည် ခွေဝါကြီး၏ စကားကိုကြားသောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ သည်။ သို့သော် သူပြန်မဖြေမီ ချင်ယွင်၏နောက်ကွယ်ရှိ နတ်ဆိုးဖိနှိပ်ခြင်းကမ္ပည်း ကျောက်ပြားထံမှ စူးစူးဝါးဝါး ကွဲအက်သံတစ်ခု ထွက်ပေါ်လာသည်။
နတ်ဆိုးဖိနှိပ်ခြင်း ကမ္ပည်းကျောက်ပြားတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ကျောက်ပြားတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
"ဘုန်း…"
နောက်ဆုံးတွင်၊ ပေါက်ကွဲသံနှင့်အတူ နတ်ဆိုးဖိနှိပ်ခြင်း ကမ္ပည်းကျောက်ပြားသည် အပိုင်းပိုင်း ကွဲအက်သွားသည်။ နတ်ဆိုးဖိနှိပ်ခြင်း ကမ္ပည်းကျောက်ပြား၏ နောက်ကွယ် တွင် လေဟာနယ်လမ်းကြောင်းတစ်ခု ရှိနေသည်။ ဤလေဟာနယ်လမ်းကြောင်းသည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ စတုတ္ထအဆင့်သို့ ဦးတည်ထားသည်။
ခွေဝါကြီးသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်တုန်လှုပ်သွားခဲ့သည်။ သူ့ခွေး မျက်လုံးတွေက ပြူးကျယ်လွန်းသဖြင့် ထွက်လုမတတ်။
သို့သော် သူ့နှလုံးသားအတွင်းမှ တုန်လှုပ်ခြောက်ခြားမှုများ မပျောက်ကွယ်မီတွင် ချင်ယွင်၏ လက်ထဲတွင် ကြက်ဥအရွယ် အဝါရောင်သလင်းကျောက်တစ်ခု ပေါ်လာသည်။
ထိုသလင်းကျောက်တုံးကို မြင်လိုက်ရတော့ ခွေဝါကြီး၏ မျက်လုံးကြီးတွေက ချက်ချင်း တောက်ပလာသည်။ သူ့မျက်လုံးများသည် ထိုကျောက်တုံးနှင့် ချိတ်ဆက်ထားသည့် အလားပင်။ ထိုအရာကနေ ဖယ်ရှား၍ မရတော့ပါဘူး။
မှန်ပါသည်၊ ထိုသလင်းကျောက်သည် လေဟာနယ်ဝါးမျိုသူ၏ အစာအိမ်ထဲမှ ချင်ယွင် ထုတ်ယူခဲ့သည့် သူ့နတ်ဆိုးအမြုတေ ဖြစ်ပါသည်။
"မင်းရဲ့ စိတ်ဝိညာဉ် အနှစ်သာရအမှတ်သားကို လွှဲပေးပြီးတာနဲ့ ငါ မင်းကို ဒီနတ်ဆိုး အမြုတေကို ပြန်ပေးမယ်။" ချင်ယွင်က ခွေဝါကြီးကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။
ဤခွေဝါကြီးသည် ကောင်းကင်နတ်ဘုရားအဆင့်တွင် ရှိနေခဲ့သည်။ အကယ်၍, သူ့ကို လက်အောက်ခံအဖြစ် အညံ့မစေဘဲ နတ်ဆိုးအမြုတေကို ပြန်ပေးလိုက်ပါက ချင်ယွင်သည် ကောင်းကောင်း အိပ်စက်ခြင်းနှင့် အစာစားရန်ပင် ခက်ခဲနေပေလိမ့်မည်။
သို့သော်လည်း ခွေဝါကြီးသည် ချင်ယွင်၏ စကားကိုကြားပြီးနောက်၊ သူသည် ကြက် အစာကောက်သကဲ့သို့ ခေါင်းညိတ်ကာ ကမန်းကတန်း ပြောလိုက်သည် "ငါ လွှဲပေးပါ့မယ်၊ ငါ လွှဲပေးပါ့မယ်။