အခန်း ၁၄၂၂
Vol. 95 Ch. 1422
အခန်း (၁၄၂၂) အကြံအစည်ကြီးသော ခွေးဝါကြီး။
ခွေဝါကြီးသည် စကားပြောပြီးသောအခါ၊ သူသည် စိတ်ဝိညာဉ် အနှစ်သာရအမျှင်တန်း တစ်ခုကို ထုတ်ကာ ချင်ယွင်ထံ ပေးအပ်လိုက်သည်။
ချင်ယွင်သည် သူ၏စိတ်ဝိညာဉ် အနှစ်သာရကို သူ့စိတ်ထဲသို့ ထည့်သွင်းလိုက်ရာ၊ သူ့တွင် ခွေဝါကြီးနှင့် စိတ်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုရှိလာကြောင်း ချက်ချင်း သိလိုက်ရသည်။
"မြန်မြန်၊ ငါ့ကို နတ်ဆိုးအမြုတေ မြန်မြန် ပေးစမ်းပါ" ခွေဝါကြီးသည် ကမန်းကတန်း အော်ပြောလိုက်သည်။ သူသည် အလွန်စိတ်လှုပ်ရှားနေသော်လည်း မမြင်နိုင်သည့် လိမ္မာ ကောက်ကျစ်မှုတစ်ခုက သူ့မျက်လုံးများ၏ နက်ရှိုင်းဆုံးနေရာတွင် တောက်ပနေသေး၏။
ချင်ယွင်က ပြုံးပြီး သူ့လက်ထဲက နတ်ဆိုးအမြုတေကို ခွေဝါကြီးထံသို့ တရားဝင် ပေးလိုက်သည်။
ခွေဝါကြီးသည် သူ့ပါးစပ်ကို အမြန်ဖွင့်ကာ နတ်ဆိုးအမြုတေကို သူ့ဗိုက်ထဲသို့ မျိုချလိုက် သည်။
ဘန်း….။
ခွေဝါကြီးသည် နတ်ဆိုးအမြုတေကို သူ့ဗိုက်ထဲသို့ မျိုချလိုက်သောအခါ၊ အနှိုင်းမဲ့ စွမ်းအားကြီးမားသော နတ်ဘုရားအလင်းတန်းတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ထို့နောက် နတ်ဘုရားတန်ခိုးသည် သူ့ခန္ဓာကိုယ်မှ တဟုန်ထိုး ပျံ့နှံ့ထွက်လာပြီး စင်မြင့် တစ်ခုလုံးကို ချက်ချင်း လွှမ်းသွားနိုင်သည်။
"ဟား....၊ ဟား...၊ အရမ်းကောင်းတယ်။ နောက်ဆုံးတော့ ငါ့ခွန်အားတွေ ပြန်ရလာပြီ။ နှစ်ပေါင်း ၁၀၀၀၀ ရှိသွားပြီ။ ငါ့ရဲ့ ကျင့်ကြံမှု ဆုံးရှုံးနေတာ နှစ်ပေါင်း ၁၀၀၀၀၀ ရှိသွားခဲ့ပြီ။ ဒီနေ့ ငါ့ရဲ့ ခွန်အားတွေ ပြန်ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။" ခွေဝါကြီးသည် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း သူ၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် များက ပတ်ဝန်းကျင်ကို တုန်လှုပ်စေခဲ့သည်။
ဤအားကောင်းသော အငွေ့အသက်သည် လွင့်မျောနှင်းမြို့တော်၏ မြို့တော်သခင် ကျိုးယွမ်၏ နှလုံးသားကိုပင် ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။
"ခွေဝါကြီး၊ အခု နင်က ငါ့ဦးလေးရဲ့ အိမ်မွေးတိရစ္ဆာန်ပဲလေ။ နောင်အနာဂတ်မှာ နင် ငါ့ဦးလေးပြောစကားကို ပိုနားထောင်ရမယ်နော်။ ပြီးတော့, နင် ငါ့စကားကိုလည်း သေချာပေါက် နားထောင်ရမယ်။ မဟုတ်ရင်, ငါ နင့်ကို ကိုက်ချင်တိုင်း ကိုက်ပစ်မယ်။ နင် ငါပြောတာ ကြားရဲ့လား?" ကျိုးဟုန်ရွှဲ့က ခွေဝါကြီးကို ပြောသည် ။
ကျိုးဟုန်ရွှဲ့၏စကားကို ကြားသောအခါ ခွေဝါကြီးသည် ကျိုးဟုန်ရွှဲ့ကို ကြည့်ရန် ရုတ်တရက် ခေါင်းလှည့်လိုက်သည်။ သူ့မျက်လုံးများက တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်သော ကျောက်မျက်ရတနာများကဲ့သို့ ထူးထူးခြားခြား တောက်ပနေပြီး သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာက ထူးထူးခြားခြား ရက်စက်ကြမ်းကြုတ်လာသည်။
ကျိုးဟုန်ရွှဲ့သည် ခွေဝါကြီး၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကြောင့် ချက်ချင်းပင် ထိတ်လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်း အလိုလိုဆုတ်သွားသည်။
"ခွေဝါကြီး၊ နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ နင် ငါ့ကို အန္တရာယ်ပြုဝံ့ရင် ငါ့ဦးလေးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး" ကျိုးဟုန်ရွှဲ့သည် ခွေဝါကြီး၏ အငွေ့အသက်ကြောင့် ထိတ်လန့်သွားပြီး ကြောက်လန့်တကြား ပြောလိုက်သည်။
ခွေဝါကြီးသည် ကျိုးဟုန်ရွှဲ့ကို ခက်ထန်စွာဖြင့် ပြုံးဖြဲပြပြီး အေးစက်စွာ အော်ပြောလိုက် သည် "နံစော်နေတဲ့ ကောင်မလေး၊ မင်း ငါ့ကို အခုလေးတင် ဒီလိုမျိုး ဆက်ဆံခဲ့တာလေ။ အခု မင်းကို အရိုက်ခံရတဲ့ ခံစားချက်ကို မြည်းစမ်းကြည့်စေချင်တယ်။ မင်းရဲ့ ဦးလေးလား, သူက ငါ့ရဲ့ စိတ်ဝိညာဉ်အနှစ်သာရ အမှတ်သားကို သိမ်းပိုက်နိုင်ရုံနဲ့ ငါ့ကို လုံးလုံး ထိန်းချုပ်နိုင်မယ်လို့ မင်း ထင်နေတာလား”။
ခွေဝါကြီး၏ အသံသည် အနှိုင်းမဲ့ ကျယ်လောင်ပြီး ကြမ်းပြင်ကို ခြေဆောင့်နင်းလိုက်စဉ် ခြေဖဝါးအောက်မှ ကြမ်းပြင်သည် ပေါက်ကွဲသွားသည်။
ဤကြမ်းခင်းအားလုံးသည် နတ်ဘုရားမှော်သင်္ကေတများပါသည့် ကျောက်ပြားများ ဖြစ်သည်။ သာမာန်အားဖြင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များပင်လျှင် ဤကျောက်ပြားများ ပျက်စီးသွားအောင် မလုပ်ဆောင်နိုင်သော်လည်း ကောင်းကင် နတ်ဘုရားနယ်ပယ်ရှိ ခွေဝါကြီး၏ ရှေ့တွင်မူ ၎င်းတို့သည် တစ်ချက်မျှ ထိုးနှက်ခြင်းကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။
"ဘာလဲ?" လူအုပ်ကြီးသည် ခွေဝါကြီး၏ စကားကိုကြားသောအခါ ကျိုးဟုန်ရွှဲ့ တစ်ယောက်သာ အံ့ဩသွားသည့် အမူအရာကို ထုတ်ပြရုံသာမက ကျိုးယွမ်နှင့် ကျိုးလင် တို့ပါ အံ့အားသင့်သော အမူအရာများကို ဖော်ပြလာကြသည်။ ခွေဝါကြီးကို ကြည့်နေသည့် သူတို့၏ အကြည့်တွေက အရမ်းကို လေးနက်လာကြသည်။
အကယ်၍ ခွေဝါကြီး ပြောသည့်အတိုင်းသာ ချင်ယွင်က ၎င်းကို မထိန်းချုပ်နိုင်ခဲ့ပါက၊ ဆိုးရွားလှပေလိမ့်မည်။ ဤခွေဝါကြီးသည် အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ် တွင် ရှိနေခဲ့ပြီး ၎င်းတို့အားလုံး ပူးပေါင်းလိုက်လျှင်ပင် သူတို့သည် ခွေဝါကြီးအတွက် ပြိုင်ဘက် ဖြစ်လိမ့်မည် မဟုတ်ပေ။
သို့သော် ချင်ယွင်သည် ခွေဝါကြီးက သူ့အား သူ၏ကြင်နာမှုအတွက် ယခုလိုမျိုး ကျေးဇူးဆပ်မည်ကို မျှော်လင့်ထားပြီးဖြစ်သည့်အလား သူ့မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးကို ထိန်းသိမ်းထားသည်။
"ခွေဝါကြီး၊ တကယ်လို့, မင်း သူမမျက်နှာပေါ်က အမွှေးတစ်ပင်ကို ထိဝံ့ရင်တောင်, မင်းရဲ့ စိတ်ဝိညာဉ်ကို ငါ အခုချက်ချင်း ဖျက်ဆီးပစ်မယ်။ ဒီစကားကို မင်း ယုံလား" ချင်ယွင်သည် အဝေးသို့ အလျင်အမြန် ပြေးထွက်တော့မည့် ခွေဝါကြီးအား ပြောလိုက်သည်။
ခွေဝါကြီးသည် ချင်ယွင်၏ စကားကိုကြားသောအခါ၊ သူသည် ချင်ယွင်ကို လှည့်ကြည့် လိုက်ပြီး၊ သူ့မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ '"ကောင်းပြီ၊ တကယ်လည်း မင်းက ငါ့ရဲ့စိတ်ဝိညာဉ်ကို ကြေကွဲအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့်, မင်း မမေ့နဲ့နော်။ ငါက နတ်ဘုရားစိတ်ဝိညာဉ်နှစ်ခုပါတဲ့ ခွေးတစ်ကောင်ပဲ။ မင်း ငါ့ခန္ဓာကိုယ် ထဲက နတ်ဘုရားစိတ်ဝိညာဉ် အနှစ်သာရကို လုံလုံလောက်လောက် မယူခဲ့ရသေးဘူး။ ငါ့မှာ နတ်ဘုရားစိတ်ဝိညာဉ်တစ်ခု ရှိနေသေးတယ်။ ငါ့နတ်ဆိုးအမြုတေထဲက နတ်ဘုရား စိတ်ဝိညာဉ်တစ်ခုကို သတ်ပစ်လိုက်ရင်တောင် ငါ အသက်ရှင်နေသေးတယ်။ ဒါကြောင့်, မင်း ငါ့ကို လုံးဝ မထိန်းချုပ်နိုင်ဘူး။"
"နတ်ဘုရားစိတ်ဝိညာဉ် နှစ်ခုလား?" ခွေဝါကြီး၏ စကားကို လူတိုင်းကြားသောအခါ သူတို့ နှလုံးသားများ တုန်လှုပ်သွားကြသည်။
ခွေဝါကြီးသည် သူ့တွင် နတ်ဘုရားစိတ်ဝိညာဉ် နှစ်ခုရှိသည်ဟု မကြာသေးခင်က ပြောခဲ့ သည်ကို သူတို့ မှတ်မိနေသေးသည်။ သူတို့အသီးသီးသည် ချင်ယွင်၏ ပေါ့လျော့မှုကြောင့် သူတို့နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချကြသည်။ တစ်ချိန်တည်းမှာပင် ဤခွေးကြီးသည် လိမ္မာပါးနပ်လွန်းသည်ဟုလည်း သူတို့ ခံစားလိုက်ရသည်။
"တကယ်လား မင်းက ငါ့ကို အခုချက်ချင်း မင်းရဲ့စိတ်ဝိညာဉ်ကို ဖြိုခွဲပစ်စေချင်တာလား။" သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်က အေးစက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။ ထို့နောက် လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ နတ်ဘုရားစိတ်ဝိညာဉ်အနှစ်သာရ အမျှင်တန်း တစ်ခုက သူ့လက်ထဲတွင် ပေါ်လာသည်။
ခွေဝါကြီးသည် ထိုနတ်ဘုရားစိတ်ဝိညာဉ်အမှတ်သား၏ ဇာစ်မြစ်ကို မြင်သောအခါ၊ သူ့မျက်လုံးများသည် နွားတစ်ကောင်ကဲ့သို့ ချက်ချင်းပင် ပြူးကျယ်သွားလေသည်။ သူ စောစောက ထုတ်ပြခဲ့သော ခက်ထန်သော သွားများသည် တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ သူက အပြုံးနှင့်အတူ “ဒီလိုပြောစရာမလိုပါဘူး။ သခင်ကြီး၊ ငါ မှားသွားပါ တယ်။ ငါ နောက်ကို ထပ်မလုပ်ရဲတော့ပါဘူး” ဟု ပြောလိုက်ပါသည်။
လူတိုင်း ခွေဝါကြီး၏စကားကို ကြားသောအခါတွင် အားလုံး ချွေးသီး ချွေးပေါက်များ ထွက်ကုန်သည်။
ယခု သူတို့သည် ဤခွေဝါကြီးအား မေးမြန်းလိုသည်မှာ- မင်းရဲ့ကိုယ်ကျင့်သိက္ခာက ဘယ်မှာလဲ?ဟူ၍ပင်။
ရိုးရိုးသားသားပြောရရင် ဤခွေးကြီးက အရမ်းကို စျေးပေါလွန်းသည်။
အကယ်၍ ချင်ယွင်သည် နတ်ဆိုးဖိနှိပ်ခြင်း ကမ္ပည်းကျောက်ပြားထဲမှ ထွက်မလာခင်, သူ့နတ်ဆိုးအမြုတေမှ နတ်ဆိုးအနှစ်သာရ အမှတ်အသား အမျှင်တန်းတစ်ခုကို ဆွဲထုတ် ပြီး၊ သူ့လက်ထဲတွင် ကိုင်မထားခဲ့ပါက, ဤခွေးဝါကြီး၏ လျှို့ဝှက်အကြံဉာဏ်သည် အောင်မြင်ကောင်း အောင်မြင်သွားနိုင်သည်။
"ဒူးထောက်စမ်း" ချင်ယွင်သည် ခွေဝါကြီး၏ အခြားစိတ်ဝိညာဉ်ကို သူ့စိတ်ထဲ ပေါင်းစပ် လိုက်ပြီး ခွေဝါကြီးအား ပြင်းပြင်းထန်ထန် အော်ပြောလိုက်သည်။
ဤဟိန်းဟောက်သံသည် နတ်ဘုရားစိတ်ဝိညာဉ် တန်ခိုးစွမ်းအားနှင့် ရောနှောနေသည်။ ဤအခိုက်အတန့်တွင် ခွေဝါကြီး၏ နတ်ဘုရားစိတ် ဝိညာဉ်နှစ်ခုစလုံးကို ချင်ယွင်က ထိန်းချုပ်ထားပြီး ဖြစ်သည်။ ခွေးဝါကြီးသည် ချင်ယွင်၏ ဟိန်းဟောက်သံကို ကြားလိုက်ရ တော့ ကြောက်ရွံ့မှုက ချက်ချင်းပင် သူ့နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။ သူသည် ရှိုက်ကြီးတငင်အူလိုက်ရင်း မြေပြင်ပေါ်တွင် ဒူးတစ်ဝက်ထောက်လိုက်သည်။
"မှတ်ထားပါ။ မင်း ငါနဲ့ ဆက်နွယ်နေသရွေ့, မင်း သူတို့အပေါ် နည်းနည်းလေးမှ ပုန်ကန်ခွင့် မပြုဘူး။ တကယ်လို့ မင်း သူတို့ကို နာကျင်အောင်လုပ်ဖို့ သတ္တိရှိရင် မင်းရဲ့ခွေးအသက်ကို ငါ သေချာပေါက် သတ်ပစ်ရလိမ့်မယ်။ နောက်ပြီး ကျိုးဟုန်ရွှဲ့က အနာဂတ်မှာ မင်းကို ပြောလာခဲ့ရင်, သူမစကားက ငါ့စကားအတိုင်းပဲ။ မင်း မှတ်မိလား" ချင်ယွင်သည် ခွေဝါကြီးအား တင်းမာစွာ ပြောလိုက်သည်။
ဤခွေးလေး၏ စိတ်နေသဘောထားက အရမ်းကို ရိုင်းဆိုင်းသည်။ ချင်ယွင်က သူ့အပေါ် ပညာပေးရလိမ့်မည်။ မဟုတ်ရင် သူ အကြီးအကျယ် စိတ်ရှုပ်နေရမှာကို သူ တကယ် စိုးရိမ်မိသည်။
“ကျိုးဟုန်ရွှဲ့ရဲ့ စကားက ငါ့စကားပဲ” ဆိုသည့် စကားနှင့် ပတ်သက်၍မူ, ကျိုးဟုန်ရွှဲ့က ချင်ယွင်ကို ဘေးကနေ မျက်စိမှိတ်ပြပြီး၊ သဘာဝအတိုင်း ချင်ယွင်ကို ထည့်ပြောခိုင်းခြင်း ဖြစ်သည်။
"သတိရပါပြီ သခင်ကြီး" ခွေဝါကြီးသည် အလွန်မင်း ဝမ်းနည်းကြေကွဲသည့် အမူအရာဖြင့် သူသည် ကြီးစွာသော နာကျည်းမှုကို ခံစားရကဲ့သို့ ပြောလိုက်ပါသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ဤခွေးဝါကြီး၏သဘောသဘာဝကို မသိခဲ့ပါက၊ ၎င်းသည် ချင်ယွင်၏ အနိုင်ကျင့်ခြင်းကို ခံနေရသည်ဟု သေချာပေါက် တွေးထင်ကာ သနားမိကြလိမ့်မည်။
ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။ ဤခွေးကြီးကို သူ တကယ် သဘောကျ သွားသည်။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် ထိုအချိန်က သူ့ဘေးနား တွင် ဤမျှစျေးပေါသော ခွေးတစ်ကောင်ကို အဘယ့်ကြောင့် ခေါ်ဆောင်ထားသည်ကို သူ အမှန်တကယ် မသိတော့ပေ။
"ကောင်းပြီ၊ ထပါ။ မင်း ငါ့ပတ်ဝန်းကျင်က လူတွေကို ထိခိုက်အောင် မလုပ်ရင်, မင်းအတွက် အရမ်းခက်ခဲတဲ့ အရာတွေကို ငါ လုပ်မှာမဟုတ်ဘူး။" ချင်ယွင်က ခွေဝါကြီးကို ပြောသည်။
ခွေဝါကြီးသည် ချင်ယွင်၏စကားကို ကြားသောအခါ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။ ချင်ယွင်က သူ့ကို အပြစ်မပေးသည့်အတွက် သူ့စိတ်ထဲမှာ တိတ်တဆိတ် ဝမ်းသာသွားသည်။
သို့သော် သူ မတ်တပ်မရပ်ခင်မှာ သူ့ခန္ဓာကိုယ်သည် တိုက်ရိုက် အကန်ခံရပြီး မြေပေါ်သို့ ခေါက်လှိမ့်သွားခဲ့သည်။
ခွေဝါကြီးသည် ဘေးဘက်သို့ လှိမ့်သွားကာ သူ့အစွယ်များကို ထုတ်ပြပြီး သူ့ကို ကန်ခဲ့သည့် လူကို ပြင်းပြင်းထန်ထန် ကြည့်လိုက်လေသည်။ သို့သော် ၎င်းသည် ကျိုးဟုန်ရွှဲ့ ဖြစ်သည် ကို မြင်သောအခါ ဒေါသပြေသွားပြီး ခက်ထန်သော မျက်နှာအမူအရာကို ဖယ်ရှားလိုက် သည်။
"မင်းက ခက်ထန်နေတုန်းပဲ၊ အခုထိ ခက်ထန်နေတုန်းပဲ" ကျိုးဟုန်ရွှဲ့သည် ချက်ချင်းပင် ဒေါသတကြီး ကျိန်ဆဲခဲ့ပြီး တစ်ချိန်တည်းမှာပင် သူမသည် ခွေဝါကြီးကို ကန်ရန်အတွက် ခြေဖဝါးကို အဆက်မပြတ် ဆန့်ထုတ်လိုက်သည်။
ခွေဝါကြီးသည် အလွန်ထိတ်လန့်သွားသဖြင့် သူသည် နောက်ဆက်တွဲ ပုံရိပ်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သူ ပြေးထွက် သွားစဉ်မှာ ကျိုးဟုန်ရွှဲ့၏ အမိန့်ကို ကြားလိုက်ရသဖြင့် ချက်ချင်း နောက်ပြန် ပြန်လှည့် လာကာ၊ ကျိုးဟုန်ရွှဲ့၏ ရိုက်နှက်ခြင်းကို ဆက်လက်ခံယူရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ထို့ကြောင့် စင်မြင့်ပေါ်၌ ခွေးဟောင်သံများကို ရံဖန်ရံခါ ကြားနေရသည်။
ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်က ခါးသီးဟန်အပြုံးဖြင့် ခေါင်းယမ်းလိုက်မိသည်။
ဒီလူနှင့်ဒီခွေးက တကယ်ကို လိုက်ဖက်လွန်းပါသည်။