← Chapters

အခန်း ၁၄၂၃

Vol. 95 Ch. 1423

အခန်း ၁၄၂၃

Vol. 95 Ch. 1423

အခန်း (၁၄၂၃) ရှေးဟောင်းနတ်ဘုရားကမ္ဘာကြီး

ခေတ္တအနားယူပြီးနောက် ချင်ယွင်နှင့် အခြားသူများသည် ကောင်းကင်ဘုံနန်းတော်၏ စတုတ္ထအဆင့်သို့ လျှောက်လှမ်းခဲ့ကြသည်။

ကောင်းကင်ဘုံနန်းတော်၏ စတုတ္ထထပ်သို့ ဝင်ပေါက်သည် ကျောက်ပြားကြီး၏ နောက်တွင် ရှိနေခဲ့သည်။ ကျောက်ပြားကြီး ပြိုကျသွားသည်နှင့် ဝင်ပေါက်သည် သဘာဝ အတိုင်း ပေါ်လာခဲ့သည်။

ဝင်ပေါက်သည် ကောင်းကင်ဘုံနန်းတော်၏ စတုတ္ထအဆင့်သို့ ရောက်နိုင်သည့် လေဟာနယ် လမ်းကြောင်းတစ်ခု ဖြစ်သည်။

ဘန်း….။

ချင်ယွင်နှင့် အခြားသူများသည် လေဟာနယ် လမ်းကြားထဲသို့ ဝင်ရောက်သွားသော အခါတွင် ပြင်းထန်သော မူးဝေခြင်းကို ခံစားကြရသည်။ ထို့နောက် ချင်ယွင်နှင့် အခြားသူ များသည် ၎င်းတို့၏ မျက်လုံးများက အဆုံးမဲ့ လေဟာနယ်ကို ဖြတ်ကျော်သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူတို့သည် လုံးဝ အကျွမ်းတဝင် မရှိသော ကမ္ဘာတစ်ခုဆီသို့ ရောက်ရှိနေခဲ့သည်။

ဤသည်မှာ ကျယ်ပြောလှပြီး ဆိတ်သုဉ်းနေသော ကမ္ဘာကြီးဖြစ်သည်။ ဤနေရာရှိ မြေဆီလွှာသည် မည်းမှောင်နေပြီး ပတ်ဝန်းကျင်သည် သိပ်သည်းသော ဆိတ်သုဉ်းခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဆိတ်သုဉ်းခြင်း၏ အငွေ့အသက်နှင့်အတူ ပြင်းထန်သော ဖိနှိပ်ခြင်း အငွေ့အသက်တစ်ခုလည်း ရှိနေခဲ့သည်။

ပတ်ဝန်းကျင်သည် လူသူဆိတ်သုဉ်းသော နတ်တောင်များနှင့် ပြည့်နေသော်လည်း ထိုနတ်တောင်များသည် ဟာလာဟင်းနေပြီး တက်ကြွမှု အနည်းငယ် ချိုးတဲ့နေသည်။

ထိုမြင့်မားသော တောင်တန်းကြီးများ၏အဆုံးတွင်၊ တုနှိုင်းမရအောင် ကြီးမားလှသည့် နတ်ဘုရားမြို့ကြီးတစ်မြို့ ရှိနေခဲ့ပါသည်။

ထိုနတ်ဘုရားမြို့တော်၏ စိတ်ခံစားချက်သည် အလွန်ပျင်းရိဖွယ် ကောင်းလှသည်။ အခြေခံအားဖြင့် ၎င်းသည် အနက်ရောင်အများဆုံး ဖြစ်သည်။ နတ်ဘုရားမြို့တော် တစ်ခုလုံးသည် ကြီးကျယ်ခမ်းနားပြီး မှောင်မိုက်သော အငွေ့အသက်ကို ထုတ်လွှတ်သည်။ ၎င်းသည် အချိန်မရွေး မျက်လုံးဖွင့်ပြီး လူတွေကို လုံးလုံးလျားလျား ဝါးမျိုချနိုင်သည့် ပြိုင်ဘက်ကင်း တွားသွား သတ္တဝါတစ်ကောင် တည်ရှိနေသည့် အတိုင်းပင်။

"ဒီနေရာက ဘယ်နေရာလဲ။ ငါတို့က ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းရဲ့ ကောင်းကင်ဘုံနန်းတော် စတုတ္ထထပ်မှာ မဖြစ်သင့်ဘူးလား။ ငါတို့ ဘာလို့ ဒီကို ရောက်နေ တာလဲ" ကျိုးဟုန်ရွှဲ့က ဝေခွဲမရသော အမူအရာဖြင့် မေးလိုက်သည်။

ကျိုးယွမ်၊ ကျိုးလင်နှင့် အခြားသူများလည်း မှင်သက်နေကြသည်။ ရှင်းရှင်းလင်းလင်း ပြောရလျှင်, သူတို့ အဘယ့်ကြောင့် ဤနေရာတွင် ရုတ်တရက် ပေါ်လာသည်ကို သူတို့ လည်း နားမလည်ခဲ့ကြပါဘူး။ လိပ်နက်နတ်သားရဲပင်လျှင် မသိနားမလည်သည့် အမူအရာ ရှိနေသည်။

ချင်ယွင်သည် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရူပြီးနောက် အေးအေးဆေးဆေး အမူအရာရှိနေသည့် ခွေဝါကြီးကို ကြည့်ကာ "ခွေဝါကြီး၊ ဒီနေရာက ဘယ်နေရာလဲ" ဟု မေးလိုက်သည်။

သူ့ရှေ့မှ ဤအကောင်ကြီးသည် ငယ်ရွယ်စဉ်ကတည်းက လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားနောက်သို့ လိုက်ပါလာခဲ့သူ ဖြစ်သောကြောင့် အခြားလူများစွာထက် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းကိစ္စနှင့် ပတ်သက်ပြီး ပို၍ ရင်းနှီးပေလိမ့်မည်။ ထို့အပြင်၊ သူသည် ဤနေရာကို သိထားပြီးဖြစ်ကြောင်း ခွေဝါကြီး၏ အမူအရာမှတဆင့် ပြောပြနိုင်သည်။

"ဒါဟာ ရှေးဟောင်း နတ်ဘုရားကမ္ဘာကြီးပဲ။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား ကမ္ဘာတစ်ခုကို ဖြတ်သန်းသွားစဉ်က မတော်တဆ တွေ့ရှိခဲ့တဲ့ ကမ္ဘာတစ်ခုပဲ။ ဘိုးဘေးနတ်ဘုရားက ဒီကမ္ဘာကြီးဟာ အလွန်ထူးခြားတယ်လို့ ခံစားမိတဲ့အတွက် ဒီကမ္ဘာကြီးကို ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းကို ပြောင်းရွှေ့ခဲ့တာပဲ။" ခွေဝါကြီး က ပြောပြပါသည်။

ချင်ယွင်နှင့် အခြားသူများသည် အံ့အားသင့်သော အမူအရာများကို ကိုယ်စီ ဖော်ပြကြ သည်။ ကမ္ဘာကြီးကို တစ်နေရာကနေ တစ်နေရာသို့ ပြောင်းရွှေ့ခြင်းသည် ဘိုးဘေး နတ်ဘုရားများသာလျှင် လုပ်ဆောင်နိုင်သည့် အရာဖြစ်နိုင်သည်။

"ဒါဆို ဒီထူးခြားတဲ့ ကမ္ဘာငယ်လေးက စတုတ္ထမြောက် ကောင်းကင်ဘုံနန်းတော်နဲ့ ဘာဆိုင် လို့လဲ" ကျိုးဟုန်ရွှဲ့က ကမန်းကတန်း မေးလိုက်သည်။

ခွေဝါကြီးသည် ကျိုးဟုန်ရွှဲ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် မလိုလား သည့် အရိပ်အယောင်များ ပေါ်လာသည်။ သို့သော်လည်း သူက ဖြေလိုက်ပါသေးသည် “ဒီကမ္ဘာငယ်လေးထဲက လူတွေဟာ သူတို့ရဲ့ ရုပ်ခန္ဓာကိုယ်အရာမှာ တော်တော်လေး ထူးခြားကြတယ်။ သူတို့ဟာ လူသားတွေထက် ပိုသန်မာပြီး မွေးဖွားလာကြတယ်။ သူတို့ဟာ အင်မော်တယ်အဆင့် စွမ်းအားတွေနဲ့ မွေးဖွားလာကြတယ်။ သူတို့ အရွယ် ရောက်လာတဲ့အခါ၊ ကြယ်နတ်ဘုရားတစ်ပါးရဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်လာကြလိမ့်မယ်။ ဒါပေမယ့် သူတို့က ချီသန့်စင်သူတွေ မဟုတ်ကြဘူး။ အဲဒီအစား၊ သူတို့က ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက်ပဲ အာရုံစိုက်ကြတယ်။ သူတို့က ကြယ်နတ်ဘုရားအဆင့်ကျင့်ကြံမှုကနေ ကောင်းကင်နတ်ဘုရား ကျင့်ကြံမူအဆင့်ထိ ကြယ် ၁၂ ပွင့်နဲ့ ပိုင်းခြားထားကြတယ်။ ကြယ်တစ်ပွင့်က အစောပိုင်း ကြယ်နတ်ဘုရားအဆင့်နဲ့ ညီမျှပြီး၊ ကြယ်နှစ်ပွင့်ကတော့ အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်နဲ့ ညီမျှတယ်။ ကြယ်ရှစ်ပွင့်ဆို အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့်နှင့် ညီမျှပြီး၊ ကြယ်ကိုးပွင့်ကတော့ အစောပိုင်း ကောင်းကင် နတ်ဘုရားအဆင့်ပဲ။”

“သူတို့က အင်မော်တယ်အဆင့် စွမ်းအားနဲ့ မွေးဖွားလာကြတယ်။ ပြီးတော့, သူတို့ အရွယ်ရောက်တာနဲ့ ကြယ်နတ်ဘုရားအဆင့် ခွန်အားမျိုးကို ပိုင်ဆိုင်လာလိမ့်မယ်။ ဒါက ဘယ်လို မျိုးနွယ်စုလဲ။ ကောင်းကင်ဘုံကို ဘယ်လိုလုပ် ဒီလောက် အံတုနိုင်တာလဲ” ထိုစကားကို လူတိုင်းကြားလိုက်ရသောအခါ သူတို့အားလုံး ပြောစရာစကားမဲ့ပြီး တုန်လှုပ်သွားကြသည်။

နတ်ဘုရားကမ္ဘာ၌ပင်လျှင် ကျွမ်းကျင်ပညာရှင်များသည် မွေးဖွားလာသောအခါ၌ သေမျိုးအဖြစ်သာ မွေးဖွားလာကြသည်။ သူတို့သည် နတ်ဘုရားနယ်ပယ်သို့ တစ်ဆင့်ခြင်း ကျင့်ကြံခြင်းဖြင့်သာ ရောက်ရှိနိုင်ကြပါသည်။ ခုန လူတစ်​​ယောက်​သည် ကျင့်ကြံ​ခြင်း မပြုဘဲ ကြယ်နတ်​ဘုရားနယ်ပယ်ကို ​ရောက်​ရှိနိုင်​သည်ဟု သူတို့ ကြားလိုက်ရသည်။ ဤကမ္ဘာကြီးသည် စိတ်ကူး၍မရနိုင်ဟု သူတို့ ခံစားလိုက်ရသည်။

ကံကောင်းစွာပင်, ချင်ယွင်သည် ကနဦးစကြာဝဠာကို ပိုင်ဆိုင်ထားပြီး၊ သူသည် ဒီကမ္ဘာကြီး မည်မျှ ကြီးမားသည်ကို သိရှိထားသည်။

ဖန်ဆင်းရှင် အလိုရှိသရွေ့ မည်သည့်သက်ရှိမျိုးမဆို ဖန်တီးနိုင်မည် မဟုတ်လားပါလား?။

"ဒါဆို ငါတို့ရဲ့ စတုတ္ထမြောက် ကောင်းကင်ဘုံနန်းတော်ရဲ့ စမ်းသပ်မူက ဒီရှေးဟောင်း နတ်ဘုရားကမ္ဘာကြီးနဲ့ ဘယ်လိုပတ်သက်နေလဲ”။ ကျိုးလင်က ခွေးဝါကြီးကိုကြည့်ပြီး မေးလိုက်သည်။

“ဉာဏ်ကောင်းတယ်။ သခင်မက မျှော်လင့်ထားတဲ့အတိုင်းပဲ။ သခင်မရဲ့စိတ်က တစ်ချို့လူတွေထက် ပိုထက်မြက်တယ်။" ခွေးဝါကြီးက ကျိုးလင်ကို မြှောက်ပင့်လိုက် သည်။ သေချာသည်မှာ, သူသည် နောက်ဆုံးစကားကို ကျိုးဟုန်ရွှဲ့ကို လှောင်ပြောင်ရန် အတွက် သဘာဝအတိုင်း အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ကျိုးဟုန်ရွှဲ့က ခွေးဝါကြီးကို ဒေါသတကြီး ကန်ထုတ်လိုက်လျှင်, စူးစူးရှရှ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ဆက်ကြရအောင်။ အလုပ်ကိစ္စ" ချင်ယွင်က တင်းမာစွာ ပြောသည်။

ချင်ယွင်၏စကားကိုကြားတော့ ခွေးဝါကြီးသည် သူ့အပျော်ပျက် အတွေးများကို ချက်ချင်း ဖယ်ရှားလိုက်ပြီး၊ သူက ဆက်ပြောသည်။ “မှန်တယ်၊ ဒီကမ္ဘာငယ်လေးဟာ ကောင်းကင်ဘုံ နန်းတော်ရဲ့ စတုတ္ထအဆင့်နဲ့ တကယ်ပဲ ဆက်စပ်နေတယ်။ ဤရှေးဟောင်း နတ်ဘုရား ကမ္ဘာထဲမှာ၊ နဂါးနက်မြို့တော်၊ မီးလျှံနက်မြို့တော်နှင့် ရွှေနက်မြို့တော်ဆိုပြီး မြို့တော်ကြီး သုံးမြို့ရှိတယ်။ ပြီးတော့ ဒါက နဂါးနက်မြို့တော်ပဲ။ တကယ်လို့, မင်းတို့သာ ဒီရှေးဟောင်း နတ်ဘုရားကမ္ဘာကနေ ထွက်ခွာပြီး၊ ကောင်းကင်ဘုံနန်းတော်ရဲ့ ပဉ္စမအဆင့်ကို သွားရောက်ချင်တယ်ဆိုရင်, မြို့တော်သခင်သုံးဦးရဲ့ နတ်ဘုရားအမိန့်တော်ကိုပဲ အသုံးပြု နိုင်တယ်။”

"နတ်ဘုရားအမိန့်တော်လား? အဲဒါက ဘာလဲ။” ကျိုးယွမ်က မေးသည်။

“အဲဒါက လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက မြို့တော်သခင်သုံးပါးကို ပေးခဲ့တဲ့ တံဆိပ်တွေပါပဲ။ အဲဒါတွေက မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော် ကနေ မင်းတို့ကို ပေးအပ်ထားတဲ့ မြို့တော်သခင် တံဆိပ်တွေနဲ့ အတူတူပါပဲ။ ဒါပေမယ့်၊ အဲဒီနတ်ဘုရားအမိန့်တော်တွေမျာ တန်ခိုးကြီးမားတဲ့ ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော် ကို ပိုင်ဆိုင်ထားပြီး၊ ဒီနေရာကနေထွက်ခွာဖို့အတွက် လေဟာနယ်ကို ဖြတ်ကျော်ရာမှာ ကူညီပေးနိုင်တယ်။ ဒါ့အပြင်, မင်းတို့သာ ဘိုးဘေးနတ်ဘုရားနယ်ပယ် ဘိုးဘေးနတ်ဘုရား တန်ခိုးတော်ကို မပိုင်ဆိုင်ဘူးဆိုရင် ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး။" ခွေးဝါကြီးက ရှင်းပြသည်။

လူတိုင်း ထိုစကားကိုကြားသောအခါ ခေါင်းညိတ်ပြကြသည်။

ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဘုရားအမိန့်တော်ကို ရရှိပြီးမှ သာ သူတို့သည် ဤနေရာမှ ထွက်ခွာနိုင်မည်လော။ ထိုနတ်ဘုရားအမိန့်များကို ရရှိရန် လွယ်ကူသော အလုပ် မဟုတ်လောက်ပေ။

"ဒီမြို့တော်သခင်သုံးယောက်ရဲ့ ခွန်အားကရော ဘာလိုလဲ။" ချင်ယွင်က ဆက်မေးသည်။

"သူတို့အားလုံး ကြယ်ကိုးပွင့် ဖြစ်နိုင်တယ်။ အဲဒါက အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ် ကျင့်ကြံခြင်းနဲ့ ညီမျှတယ်။ သူတို့အားလုံး အရွယ်ရောက်ပြီးတဲ့အခါမှာ အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတွေအဖြစ် တွေးတောနိုင်ပေမယ့်, အနာဂတ်မှာ သူတို့ရဲ့ခွန်အားတွေ တိုးမြင့်လာဖို့ကျတော့ သူတို့အတွက်လည်း အလွန်မင်း ခက်ခဲလိမ့် မယ်။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ဒီကမ္ဘာကြီးကို တွေ့ရှိခဲ့တဲ့ အချိန်တုန်းက၊ အဲဒီမှာနေထိုင်ကြသူတွေဟာ ကျင့်ကြံခြင်း နည်းလမ်းတွေကို လုံးဝ မသိရှိကြဘူး။ နောက်ပိုင်းမှာ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက သူတို့ကို သင်ကြားပေးထားတာ။ ဒါ့အပြင်, သူတို့ရဲ့ အထူးရုပ်ခန္ဓာကိုယ်ကြောင့် ကျင့်ကြံချိန်မှာ သူတို့အနေနဲ့ ရွှေနက်လို့ခေါ်တဲ့ ထူးဆန်းတဲ့ သတ္တုတစ်မျိုးကို အားကိုးကြရတယ်။ အဲဒါက ဒီရှေးဟောင်းနတ်ဘုရားကမ္ဘာ၏ ထူးခြားတဲ့ ထုတ်ကုန်တစ်ခုလည်း ဖြစ်တယ်။ အဲဒီရွှေနက်မှာပါတဲ့ ထူးဆန်းတဲ့ စွမ်းအင်ကို စုပ်ယူပြီးနောက် သူတို့ရဲ့ခန္ဓာကိုယ်ကို ကြံ့ခိုင် သန်မာစေကြတယ်။ ခွေးဝါကြီးက ရှင်းပြသည်။

လူတိုင်း ထိုစကားကိုကြားသောအခါ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချနိုင်ကြသည်။

အကယ်၍, ဤနတ်ဘုရားသုံးမြို့၏ မြို့တော်သခင်များသည် ကြယ် ၁၀ ပွင့်၊ ကြယ်၁၁ ပွင့် သို့မဟုတ် ကြယ် ၁၂ ပွင့် ခွန်အားရှိနေကြမည်ဆိုလျှင်, သူတို့လက်ထဲမှ နတ်ဘုရားတံဆိပ် ကို သိမ်းပိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ကြယ် ၉ ပွင့် ရှေးဟောင်းနတ်ဘုရား မျှော်လင့်ချက်တစွန်းတစ ရှိနိုင်သော်လည်း လွယ်ကူသည့် စမ်းသပ်မူတော့ မဟုတ်ပေ။ နောက်ဆုံးတွင်, ကြယ် ၉ ပွင့် ရှေးဟောင်း နတ်ဘုရားသည် အစောပိုင်း ကောင်းကင်နတ်ဘုရားတစ်ပါးနှင့် ညီမျှပါသည်။ ထို့အပြင်, ၎င်းသည် ခန္ဓာကိုယ်ကိုသန့်စင်သည့် ကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံထားသည်။ ထို့ကြောင့် ကိုင်တွယ်ရ ပိုခက်ခဲလိမ့်မည်။

နဂါးနက်မြို့တော်ကို အရင်သွားကြည့်ရအောင်။ နတ်ဘုရားအမိန့်တော်ရဖို့ ဘာမှလုပ်စရာ မလိုရင် ပိုကောင်းလိမ့်မယ်" ချင်ယွင်က လှည့်ကြည့်ပြီး လူတိုင်းကို ပြောလိုက်သည်။

အားလုံးက ချင်ယွင်၏ သဘောထားကို ရှင်းရှင်းလင်းလင်း သဘောတူပြီး ခေါင်းညိတ်ကြ သည်။

လူတိုင်း သဘောတူသည်ကို မြင်ပြီး၊ ချင်ယွင်သည် နတ်ဘုရားမြို့တော်ရှိရာဆီသို့ ပျံသန်းသွားသည်။

သို့သော်, သူတို့ကို အံ့အားသင့်စေသွားသည်မှာ, သူတို့ နတ်ဘုရားမြို့တော်၏ ဦးတည်ရာ ဆီသို့ ချဉ်းကပ်လာသောအခါတွင် သူတို့၏ ခြေထောက်အောက်မှ မြေဆွဲငင်အားသည် ပို၍ အားကောင်းလာခဲ့သည်။ နောက်ဆုံးတွင်, ၎င်းမြေဆွဲငင်အားသည် ကြောက်မက်ဖွယ် အဆင့်ထိ ရောက်ရှိလာခဲ့သည်။

နေသာဧကရာဇ်နှင့် ကျိုးဟုန်ရွှဲ့တို့သည် တစ်ကြိမ်လျှင် မီတာတစ်ထောင်မျှသာ ပျံသန်းနိုင် တော့သည်။ ထို့ကြောင့်, သူတို့သည် ရပ်တန့်ပြီး အနားယူကြရသည်။ ထိုကဲ့သို့ အနားယူရင်း ပျံသန်းလာခဲ့ကြရာ, ချင်ယွင်နှင့် အခြားလူများသည် နေ့တဝက် ကုန်ပြီး နောက် နဂါးနက်မြို့တော်၏ ဝင်ပေါက်သို့ ရောက်ရှိလာကြပါသည်။

All Chapters