အခန်း ၁၄၂၄
Vol. 95 Ch. 1424
အခန်း (၁၄၂၄) ခေတ်နောက်ပြန်ယဉ်ကျေးမှု
နေ့ရက်တစ်ဝက်ကြာပြီးနောက်၊ ချင်ယွင်နှင့် အခြားသူများသည် နောက်ဆုံးတွင် နဂါးနက် မြို့တော်တံခါးသို့ ရောက်ရှိလာကြပါသည်။
ယခုအချိန်မှာ သူတို့ခြေထောက်အောက်မှ မြေဆွဲငင်အားသည် အလွန်မင်း ကြောက်စရာ ကောင်းလှသည်။ ကျိုးဟုန်ရွှဲ့နှင့် နေသာဧကရာဇ်တို့၏ အစောပိုင်း မြေကမ္ဘာနတ်ဘုရား အဆင့် ကျင့်ကြံမှုဖြင့်ပင် သူတို့သည် မြေပြင်မှ မပျံသန်းနိုင်ကြတော့ပေ။ ခုန်ပျံကျော်လွှာ ရန်အတွက် သူတို့စွမ်းအားအကုန် အသုံးပြုလျှင်ပင် အမြင့်ပေတစ်ရာလောက်သာ ခုန်ပျံနိုင်ကြသည်။
သေချာသည်မှာ၊ အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် ကျင့်ကြံမှုဖြင့် ချင်ယွင်နှင့် အခြားသူများသည် အမွှေးတိုင်တစ်ဝက် ထွန်းညှိချိန်လောက် လေထဲတွင် ရှိနေနိုင်သော် လည်း, သူတို့သည်လည်း ပြင်ပကမ္ဘာမှာကဲ့သို့ လွတ်လွတ်လပ်လပ် ပျံသန်းရန် မဖြစ်နိုင်တော့ပေ။
"ဒီနေရာက မြေဆွဲငင်အားက ဘာလို့ အရမ်းကြောက်စရာကောင်းနေတာလဲ" ကျိုးဟုန်ရွှဲ့ က လေးလံသော ခြေလှမ်းများဖြင့် ပြောလိုက်သည်။
"ကလေးမလေး၊ ဒီရှေးဟောင်းဘုရားကမ္ဘာကို ဘယ်လိုထင်နေလဲ။ နတ်ဘုရားမြို့တော်နဲ့ ပိုနီးလာလေ၊ မြေဆွဲငင်အားက ပိုကြီးလေပဲ။ မင်းရဲ့ နတ်ဘုရားတန်ခိုး စွမ်းအားက တော်တော်လေး အားနည်းလွန်းတယ်။ မင်းတို့က ဒီမြေဆွဲငင်အားကို တွန်းလှန်ဖို့ နတ်ဘုရားတန်ခိုးစွမ်းအားကို အားကိုးနေရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဒီနေရာက လူတွေကတော့၊ ဒီမြေဆွဲငင်အားဟာ သူတို့အတွက် အသားကျနေပြီ” ခွေးဝါကြီးက ကျိုးဟုန်ရွှဲ့အား လျှာထုတ်ပြကာ လှောင်ပြောင်သရော်သော မျက်လုံးများဖြင့် ပြောလိုက် သည်။
သူအခုလို ပြောရဲရသည့် အကြောင်းရင်းကလည်း ယခုအခါ သူသည် ကျိုးဟုန်ရွှဲ့ကို အနိုင်ယူနိုင်ပြီး၊ ကျိုးဟုန်ရွှဲ့အနေဖြင့် ပြင်းထန်လှသည့် မြေဆွဲငင်အားနှင့် လိုက်လျော ညီထွေ မဖြစ်နိုင်သည့်အတွက် သူမ၏ အနိုင်ကျင့် လက်စားချေမူကို မစိုးရိမ်သောကြောင့် ဖြစ်သည်။
ကျိုးဟုန်ရွှဲ့သည် ဒေါသအရမ်းထွက်ပြီး သူမသွားတွေ ယားယံသွားသော်လည်း ထိုကိစ္စနှင့် ပတ်သက်ပြီး သူမလည်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ သူမသည် လမ်းလျှောက်ရာမှာပင် လိုက်လျောညီထွေ မဖြစ်ဘဲ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ပေ။ သူမသည် ခွေးဝါကြီး ကို ကန်ပစ်ချင်ရင်တောင် ဘာမှ မတတ်နိုင်ပါဘူး။ သူမသည် ခွေးဝါကြီးကို ပြင်းပြင်း ထန်ထန် စိုက်ကြည့်နေရုံသာ တတ်နိုင်ပါသည်။
ချင်ယွင်နှင့် အခြားသူများသည် ကျိုးဟုန်ရွှဲ့နှင့် ခွေးဝါကြီးအကြား တိုက်ခိုက်နေကြသည့် စိတ်ဓာတ်ကို ကျင့်သားရနေကြပြီ ဖြစ်သည်။ ခွေးဝါကြီးသည် ယှဉ်ပြိုင်ရသည်ကို ကြိုက်သူ ဖြစ်သည်။ အခွင့်အရေးရသရွေ့, သူသည် ကျိုးဟုန်ရွှဲ့ကို နှုတ်ဖြင့် အပြေးအလွှား အနိုင်ယူတော့သည်။ သူသည် လက်ရှိရှိနေသူ လူများထဲတွင် ချင်ယွင်တစ်ယောက်ကိုသာ ကြောက်လန့်သည်။
ထိုအချိန်တွင် ချင်ယွင်သည် ၎င်းတို့ကို လျစ်လျူရှုကာ သူ့ရှေ့ရှိ နဂါးနက်မြို့တော်ကြီးကို လှမ်းကြည့်လိုက်သည်။
နဂါးနက်မြို့တော်၏ မျှော်စင်သည် အလွန်မြင့်မားသည်။ ပေ ၃၀၀ မြင့်မားသည်။ ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကို မဆိုထားနှင့် အလယ်အလတ် မြေကမ္ဘာ နတ်ဘုရာအဆင့် ကျွမ်းကျင်သူများပင် မျှော်စင်ထက်သို့ ခုန်တက်နိုင်မည် မဟုတ်ပေ။
တံတိုင်းကြီးတစ်ခုလုံးကို မည်သည့်ကျောက်တုံးများဖြင့် ဆောက်လုပ်ထားမှန်း မသိပေ။ ၎င်းသည် လုံးဝ အနက်ရောင်ဖြစ်သည်။ အနက်ရောင် အတွင်းမှာ၊ သတ္တုရောင် တောက်ပြောင်နေပြီး မယုံကြည်နိုင်သည့် ခံစားမူကို ခံစားရစေသည်။
နဂါးနက်မြို့တော် တစ်ခုလုံးသည် တွားသွားနေသော နဂါးနက်တစ်ကောင်ကဲ့သို့ ၎င်း၏ အမည်နှင့် တကယ်ကို လိုက်ဖက်လှသည်။ ကြောက်မက်ဖွယ်ကောင်းသော မှောင်မိုက်ခြင်း အငွေ့အသက်ကို ထုတ်လွှတ်ပြီး ပြင်းထန်သော ဖိနှိပ်မှု ခံစားချက်ကို ထုတ်ဖော်နေသည်။
"သွားရအောင်၊ မြို့ထဲကို သွားကြည့်ရအောင်" ချင်ယွင်က သူ့နောက်က လူတိုင်းကို ပြောလိုက်သည်။
ကျိုးလင်နှင့် တခြားသူတွေလည်း ခေါင်းညိတ်ပြပြီး ချင်ယွင်၏နောက်ကနေ မြို့ထဲကို လိုက်ပါသွားကြသည်။ ချင်ယွင်သည် ဤအဖွဲ့၏ ကျောရိုးဖြစ်သည်မှာ သေချာပါသည်။ သူ့ယောက်ဖ ကျိုးယွမ်ပင်လျှင် ချင်ယွင်၏ အမိန့်ကို နာခံလိုစိတ် ရှိသည်။
ထိုကဲ့သို့ပင် ချင်ယွင်နှင့် အခြားလူခြောက်ယောက်နှင့် ခွေးတစ်ကောင်သည် နဂါးနက် မြို့တော်သို့ လျှောက်သွားခဲ့သည်။
နဂါးနက်မြို့တော်ရှိ အဆောက်အဦးများသည် အလွန်ထူးခြားပါသည်။ ၎င်းတို့အားလုံးကို အနက်ရောင် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည်။ အိမ်များ၏ ပုံသဏ္ဍာန်သည် ကြီးမားသော စတုရန်းပုံသဏ္ဍာန် ဖြစ်သည်။ အိမ်တစ်လုံးစီကြားတွင် မီတာရာပေါင်းများ စွာ အကွာအဝေး ရှိသည်။ အိမ်တစ်အိမ်စီသည် အလွန်ရှေးကျသော နေထိုင်သူတို့၏ အခြေအနေနှင့် တူသည်။
ဤကမ္ဘာပေါ်တွင် နေထိုင်သူအများစုသည် ရှေးဟောင်းယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းထားသောကြောင့် မျိုးနွယ်စုဘဝဖြင့် ဆက်လက် နေထိုင်ခဲ့ကြသည်ဟု ခွေးဝါကြီးက ပြောသည်။
ဤနေရာရှိ ရှေးဟောင်းနတ်ဘုရားကမ္ဘာမှာ နေထိုင်ကြသူများသည် ချင်ယွင်နှင့် အခြား သူများ၏ အသွင်အပြင်ကို အလွန်အံ့သြခြင်း မရှိပါ။ တစ်ခုတည်းသော ကွာခြားချက်မှာ ဤရှေးဟောင်းနတ်ဘုရားကမ္ဘာမှာ နေထိုင်သူများ၏ ရုပ်ခန္ဓာကိုယ်များတွင် ထူးဆန်းသော မှော်သင်္ကေတများ ရှိနေခြင်းပင် ဖြစ်သည်။ ထိုမှော်သင်္ကေတများကို ပန်းများ သို့မဟုတ် ထွင်းထုခြင်များဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ထိုမှော်သင်္ကေတများသည် ၎င်းတို့ခွန်အား၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ၎င်းတို့သည် ရွှေနက်၏ စွမ်းအားကို စုပ်ယူရန်နှင့် ၎င်းတို့၏ ခန္ဓာကိုယ်ကို အားကောင်းစေရန်အတွက် အဆိုပါ မှော်သင်္ကေတများမှတစ်ဆင့် ကျင့်ကြံကြရသည်။
ထို့ကြောင့် ချင်ယွင်နှင့် အခြားသူများ မြို့ထဲသို့ ပေါ်လာသည့်အခိုက်တွင်၊ ပတ်ဝန်းကျင်ရှိ နေထိုင်သူများ၏ အကြည့်များသည် ချင်ယွင်နှင့် အခြားသူများအပေါ်သို့ ကျရောက်သွား သည်။
ချင်ယွင်သည်လည်း ရှေးဟောင်းနတ်ဘုရားကမ္ဘာ၏ မူလနေထိုင်သူများကို စူးစမ်း လေ့လာနေခဲ့သည်။ ဤမြို့သူမြို့သားများသည် အရွယ်ရောက်နေသူဖြစ်သရွေ့၊ ၎င်းတို့အများစုမှာ ကြယ်တစ်ပွင့် ဖြစ်နေသည်ကို သူ တွေ့ရှိခဲ့သည်။ ထိုကြယ်တစ်ပွင့်သည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်ဟု ခေါ်ဆိုနိုင်သည်။ ကြယ်နှစ်ပွင့်နယ်ပယ်၏ ခွန်အားရှိသူများသည် အလွန်မင်း နည်းပါးပါသည်။ လူရာပေါင်းများစွာတွင် တစ်ဦး တစ်လေကိုသာ သူတို့ကို မြင်နိုင်မည်ဖြစ်သည်။
“ယေဘုယျအနေနဲ့ ပြောရရင်, ဒီဒေသခံတွေအတွက် ရွှေနက်နဲ့ ကျင့်ကြံနိုင်ဖို့ကလည်း အရမ်းကို ခက်ခဲတယ်။ သူတို့ရဲ့ခွန်အားတွေ တိုးမြင့်ချင်တယ်ဆိုရင် မြို့ပြင်မှာ ရှာရင်ရှာ, ဒါမှမဟုတ် မြို့သခင်အတွက် အလုပ်သွားလုပ်ကြရတယ်။ မြို့လယ်ခေါင်ရဲ့ အတွင်းပိုင်း နေရာက ရှေးဟောင်း နတ်ဘုရားကမ္ဘာရဲ့ စစ်မှန်တဲ့ ကျွမ်းကျင်သူတွေ တည်ရှိရာနေရာ ဖြစ်တယ်။" ခွေးဝါကြီးက ရှင်းပြပါသည်။
"ဒါဆို သူတို့ရဲ့ ကျင့်ကြံခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲ။" ချင်ယွင်သည် မေးခွန်းတစ်ခုကို မမေးမြန်းဘဲ မနေနိုင်တော့ပေ။
ထိုဒေသခံများ၏ အကြည့်များသည် အရာအားလုံးအတွက် မျှော်လင့်ချက် ပျောက်ဆုံး နေသကဲ့သို့ အလွန်ပင် ထုံထိုင်းနေကြသည်ကို သူ သတိပြုမိသည်။ ဤလူများ၏ ကျင့်ကြံလိုသော ဆန္ဒသည် မည်သည့်နေရာတွင် ရှိနေသည်ကို သူ မမြင်နိုင်ပေ။
"ရှင်သန်ခြင်း၊ သေခြင်းတရားကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း၊ မိန်းမ၊ ဒီ ရှေးဟောင်း နတ်ဘုရား ကမ္ဘာမှာ လူတစ်ယောက်ဟာ တန်ခိုးအစွမ်းရှိနေသရွေ့ အားနည်းသူတွေရဲ့ ရှင်သန်ခြင်းနဲ့ သေခြင်းတရားကို အလွယ်တကူ လွှမ်းမိုးနိုင်တယ်။ ကျွန်တွေကို စိတ်ရှိသလို သတ်ဖြတ်နိုင် တဲ့ အစွန်းရောက် နေထိုင်ကြသူတွေလို့ ပြောလို့ရပြီး၊ သူတို့အသက်တွေကလည်း မြက်ပင်တွေလိုပဲ” ခွေးဝါကြီးက ပြောသည်။
ချင်ယွင် ခေါင်းညိတ်လိုက်သည်။ ဤစကားက ကျိုးကြောင်းဆီလျော်ပါသည်။
အဆုံးတွင်၊ ဤရှေးဟောင်းနတ်ဘုရားကမ္ဘာသည် ရှေးဟောင်း ယဉ်ကျေးမှု အများဆုံးရှိ နေသည့် နေရာဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် လူသားတို့၏အသက်များသည် ဤနေရာ တွင် ပို၍ပင်တန်ဖိုး မရှိပေ။
ချင်ယွင်နှင့် အခြားသူများသည် မြို့တွင်းသို့ ဆက်လက် လျှောက်သွားကြသည်။ သူတို့၏ ရည်ရွယ်ချက်က အရမ်းကို ရိုးရှင်းပါသည်။ နဂါးနက်မြို့တော်သခင်ကို မြင်လျှင် နတ်ဘုရား အမိန့်ကို ငှားရမ်းရန် ဆန္ဒရှိမရှိ သူတို့ သိမြင်လိုကြသည်။
အလွန်လျှင်မြန်စွာ, ချင်ယွင်နှင့် အခြားခြောက်ယောက်တို့သည် မြို့တွင်းတံခါးသို့ ရောက်ရှိလာကြသည်။
"ရပ်! မင်းတို့က ဘယ်သူတွေလဲ"။
ချင်ယွင်နှင့် အခြားသူများသည် မြို့တွင်းသို့ ဆက်လက်လျှောက်လှမ်းနေကြချိန်မှာ၊ ပုံရိပ်တစ်ခုသည် မြို့တွင်းရှိမျှော်စင်မှ ခုန်ဆင်းလာပြီး၊ ဧရာမတူကြီးတစ်လက်ကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လာခဲ့သည်။ ၎င်းသည် လက်ထဲတွင် အနက်ရောင် သတ္ထုဖြင့် ပြုလုပ်ထားသည့် လှံတစ်လက်နှင့်အတူ အနက်ရောင် မြေပြင်ပေါ်တွင် နက်ရှိုင်းသော တွင်းနက်ကြီးနှစ်ခုကို တိုက်ရိုက် ဖြိုခွဲသွားခဲ့သည်။
ချင်ယွင်သည် သူတို့၏လမ်းကြောင်းကို ပိတ်ဆို့နေသော ထိုလူကို ဂရုတစိုက် အကဲခတ်လိုက်သည်။ ဤသည်မှာ အပေါ်ပိုင်းဗလာကျင်းနေသည့် လူထွားကြီးတစ်ဦး ဖြစ်သည်။ သူ၏ကြွက်သားများသည် ဦးချိုနဂါးများကဲ့သို့ သန်မာပြီး သူ၏အရေပြားသည် တောက်ပြောင်သော သတ္တုချပ်ဝတ်ဖြင့် ဖုံးလွှမ်းထားကာ မယုံကြည်နိုင်သည့် ခံစားမူကို ခံစားရစေသည်။
သူ၏မျက်ခုံးကြားတွင် ကြယ်သုံးပွင့်ရှိပြီး သူ၏ခွန်အားသည် ကြယ်သုံးပွင့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။
သို့သော် အလွန်လျင်မြန်စွာ၊ ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်၊ လူထွားကြီးသည် ကျိုးဟုန်ရွှဲ့နှင့် ကျိုးလင်တို့အား တပ်မက်စိတ်ပြင်းပြစွာဖြင့် ကြည့်နေသည်ကို သူ သတိပြု မိသောကြောင့် ဖြစ်သည်။
ရှေးဟောင်းနတ်ဘုရားကမ္ဘာရှိ အမျိုးသမီးအများစုသည် ရုပ်ဆိုးသည်ဟု ခွေးဝါကြီးက ပြောခဲ့ဖူးသည်။ ကျိုးဟုန်ရွှဲ့နှင့် ကျိုးလင်တို့ကဲ့သို့ လှပသော အမျိုးသမီးများသည် ရှေးဟောင်းနတ်ဘုရားကမ္ဘာထဲသို့ ဝင်ရောက်လာသောအခါတွင် သူမတို့သည် သေချာပေါက် အာရုံစိုက်ခံရမည် ဖြစ်သည်။
ယခင်က ချင်ယွင်သည် အနည်းငယ် ချဲ့ကားသည်ဟု ခံစားခဲ့ရသော်လည်း ယခုတော့ ထိုလူထွားကြီး၏ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ကို မြင်လိုက်ရသောကြောင့် ချင်ယွင်သည် ခွေးဝါကြီး၏ စကားကို လုံးလုံး ယုံကြည်သွားခဲ့သည်။
"မင်းတို့ရဲ့ မြို့တော်သခင်ကို တွေ့ဖို့ ငါတို့ ရောက်လာခဲ့တာ။ ကျေးဇူးပြုပြီး အကြောင်းကြားပေးပါ" ချင်ယွင်က ရှေ့ခြေတစ်လှမ်းတိုးပြီး ကျိုးဟုန်ရွှဲ့နှင့်ကျိုးလင်တို့ ရှေ့မှာ ရပ်လိုက်ရင်း လူထွားကြီးကို အေးစက်စွာ ပြောလိုက်သည်။
"ငါတို့မြို့သခင်ကို တွေ့မယ် ဟုတ်လား။ ဟမ့်၊ မင်းဆန္ဒရှိသလို ငါတို့မြို့သခင်ကို မင်း ဘယ်လိုလုပ် တွေ့နိုင်မှာလဲ။ ငါ စိတ်ကောင်းဝင်နေတုန်း မင်း ထွက်သွားလိုက်ပါ။ နောက်ပြီး မင်းနောက်က သူတို့နှစ်ယောက် နေခဲ့ရမယ်။ ဒီမိန်းမနှစ်ယောက်ကို ငါ လိုချင်တယ်။" လူထွားကြီးက သူ့လက်ထဲမှ လှံကိုဝှေ့ယမ်းကာ ချင်ယွင်အား မထီမဲ့မြင်ပြု ကာ ပြောလိုက်သည်။
သို့သော် သူပြောပြီးသည်နှင့် တစ်ကိုယ်လုံး နောက်ပြန် ပျံထွက်သွားသည်။ သူ့ရင်ဘတ်သည် ထုတ်ချင်းပေါက်သွားပြီး အဝေးက မြို့ရိုးအတွင်းသို့ ဝင်ရောက်သွားပြီး အတွင်းမြို့တော်တစ်ခုလုံး တုန်လှုပ်သွားလောက်သည့် အပေါက်ကြီးတစ်ခု ဖန်တီးလိုက် သည်။
သူ့မူလနေရာမှာ သွယ်လျသော အသွင်ပြင်နှင့် ဒေါသထွက်နေသော ချင်ယွင်က အစားထိုး နေရာယူသွားခဲ့သည်။