အခန်း ၁၄၂၅
Vol. 95 Ch. 1425
အခန်း (၁၄၂၅) ပေါက်ကွဲခြင်း။
"ငါတို့ နဂါးနက်မြို့တော်မှာ ဘယ်သူက ဒုက္ခပေးရဲတာလဲ။ ချင်ယွင်သည် လူထွားကြီးကို လက်သီးဖြင့် ထိုးလိုက်စဉ်တွင် နဂါးနက်မြို့တော်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။
အနက်ရောင်ပုံရိပ်တစ်ခုသည် ချက်ခြင်း ဖြတ်သန်းသွားကာ မြို့တွင်းမြို့ပြမျှော်စင် အထက်တွင် ပေါ်လာပြီး ချင်ယွင်နှင့် အခြားသူများကို အထင်သေးစွာ ငုံ့ကြည့်နေသည်။
ဤလူသည် သေခါနီးဆဲဆဲဖြစ်သော လူထွားကြီးကို ဦးစွာ ကြည့်လိုက်ပြီးနောက် ချင်ယွင်နှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။ ကျိုးဟုန်ရွှဲ့နှင့် ကျိုးလင်တို့ကို တွေ့လိုက်သောအခါ, သူ့မျက်လုံးများတွင် အံ့အားသင့်ဟန် အရိပ်အယောင်တစ်ခု ပေါ်လာ သည်။ ဦးဆောင်သူက ချင်ယွင်ကို လှည့်မကြည့်မီ နှစ်စက္ကန့်လောက် ခေတ္တရပ်လိုက်သည်။
ချင်ယွင်သည် မျှော်စင်ပေါ်ရှိ လူကို သဘာဝအတိုင်း ကြည့်နေ၏။ ယင်းက ချင်ယွင်၏ မျက်ခုံးတွေကို နောက်တစ်ကြိမ် တွန့်စေခဲ့သည်။
ဤမျှော်စင်ပေါ်ရှိလူ၏ ခွန်အားသည် မမြင့်မားသော်လည်း၊ ကြယ်သုံးပွင့် လူထွားကြီးထက် များစွာခွန်အားကြီးသည်။ သူသည် ကြယ်ငါးပွင့်အစွမ်းကို ရောက်ရှိနေပြီ ဖြစ်သည်။ ပြင်ပကမ္ဘာတွင်၊ သူသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်တွင် ရှိနေဆဲဖြစ်သည်။
"ငါတို့က မင်းရဲ့မြို့သခင်နဲ့ တွေ့ဖို့လာတာ။ ကျေးဇူးပြုပြီး သတင်းပေးပါဦး။" ချင်ယွင်က အထက်လူကြီးကို ပြောသည် ။
"ငါ့တို့ မြို့သခင်ကိုတွေ့မယ်။ ဟုတ်လား။ ဒါဆို မင်း ငါတို့လူတွေကို ဘာလို့ ဒဏ်ရာရ အောင် တိုက်ခိုက်တာလဲ။ ငါ့ကို ပြောစမ်းပါဦး။ မင်း ငါ့မြို့သခင်ကို ဒုက္ခပေးဖို့ တခြား မြို့တော်နှစ်ခုက လွှတ်လိုက်တာ မဟုတ်လား။" မျှော်စင်ပေါ်ရှိလူက အေးစက်စွာ မေးလိုက်ရင်း သူ့မျက်လုံးများက ကောက်ကျစ်မူ တစွန်းတစကို သယ်ဆောင်ထားသည်။
ထိုလူသည် ချင်ယွင်နှင့် ရင်ဆိုင်ပြီး ကျိုးဟုန်ရွှဲ့နှင့် ကျိုးလင်တို့ကို သိမ်းပိုက်ရန်အတွက် ဤအခွင့်အရေးကို အသုံးချရန် ကြိုးစားနေသည်မှာ ထင်ရှားပါသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။ ကျိုးဟုန်ရွှဲ့နှင့်ကျိုးလင်တို့၏ ဆွဲဆောင်မူ သည် ရှေးဟောင်းနတ်ဘုရားကမ္ဘာရှိ အမျိုးသားအားလုံး ဤမျှလောက် မိုက်မဲသွားစေလိမ့် မည်ဟု သူ တကယ်ပင် မထင်ထားခဲ့ပေ။
ဘန်း…။
ချင်ယွင်သည် စကားလုံးများဖြင့် ဖြုန်းတီးရန် ပျင်းလွန်းလှသည်။ သူသည် သူ့လက်ကို တိုက်ရိုက် ဖွင့်လိုက်သည်နှင့် စောစောက လွင့်ထွက်သွားသော လူထွားကြီး၏လှံက သူ့လက်ထဲသို့ ပျံသန်းသွားသည်။
ချင်ယွင်သည် လှံကို အစွမ်းရှိသမျှ ပစ်ချလိုက်ပြီး၊ ၎င်းသည် အနက်ရောင် အလင်းတန်း တစ်ခုအဖြစ်သို့ ပျံထွက်သွားသည်။
မျှော်စင်ပေါ်တွင် ရပ်နေသောလူသည် ခုခံရန် အနည်းငယ်မျှပင် နေရာမရှိခဲ့ပေ။ ချင်ယွင်က လှံဖြင့် ပစ်ချပြီးနောက် ထိုလူသည် ထိုးဖောက်ခံရပြီး မြို့ထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွား သည်။
အကယ်၍, ချင်ယွင်၏ သနားကရုဏာကြောင့်သာ မဟုတ်ပါက, ထိုလှံသည် ထိုလူ၏ ခေါင်းကို ထိုးဖောက်သွားလိမ့်မည်။
ရှေးဟောင်းနတ်ဘုရားကမ္ဘာမှ လူများသည် အစွမ်းထက်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား သော်လည်း သူတို့၏ စိတ်ဝိညာဉ်များသည် သာမန် ဖြစ်သည်။ ထို့ကြောင့်၊ သူတို့၏ စိတ်ဝိညာဉ်များသည် သူတို့၏ စိတ်ထဲမှာ ရှိနေသေးသည်။ အကယ်၍, သူတို့ဦးခေါင်းသာ ပျက်ဆီးသွားခဲ့လျှင် လုံးဝ သေဆုံးသွားလိမ့်မည်။ လူ၏ဦးခေါင်းကို လှံဖြင့် မဖောက်ခြင်းက ပင် ကံကောင်းမူကြီး ဖြစ်နေပြီ ဖြစ်သည်။
"ခင်ပွန်း၊ ဘာလို့ ငါတို့ရဲ့ ရုပ်အသွင်အပြင်ကို မပြောင်းတာလဲ" ဝိညာဉ်နတ်ဘုရားမက ချင်ယွင်ကို မေးသည်။
ကျိုးဟုန်ရွှဲ့လည်း ခေါင်းညိတ်သည်။ သိသာထင်ရှားစွာ၊ သူမလည်း သဘောတူသည်။ ဤတိုက်ပွဲက သူမတို့ကြောင့်ဖြစ်ရသည်ဟု ထုံးစံအတိုင်း သူမတို့ ပြောနိုင်သည်။
သို့သော် ချင်ယွင်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောသည် "မလိုပါဘူး၊ သူတို့က မင်းတို့ကို မြင်ပြီးသွားပြီ။ အခု ပြောင်းလဲလိုက်ရင်တောင် အဓိပ္ပါယ်မရှိတော့ဘူး။ ပြီးတော့ ငါချင်ယွင် က ကိုယ့်မိန်းမကိုတောင် မကာကွယ်နိုင်ဘူးဆိုရင်, ငါ ပျောက်ကွယ်နေသော နတ်ဘုရား ကျွန်းရဲ့စမ်းသပ်မူကို ဆက်ပြီး ဖြတ်ကျော်စရာ မလိုတော့ဘူး။ ငါ ထွက်သွားရုံပေါ့”။
ချင်ယွင်၏ စကားကိုကြားတော့ ကျိုးလင်၏ မျက်နှာသည် ခံစားချက်တစ်ခု ပေါ်လာသည်။
"အဲဒါက သူတို့ပဲ။ ငါတို့ နဂါးနက်မြို့တော်ကို ဒုက္ခပေးနေတာ။ သူတို့က မြို့တော်သခင်နဲ့ တွေ့ဆုံဖို့ ရောက်လာကြတာ။"
ထိုအချိန်တွင် မြို့တွင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ယင်းနောက်တွင် ချင်ယွင်နှင့် အခြားလူများသည် မြို့တွင်းရှိ မျှော်စင်များပေါ်မှ အနက်ရောင် သံချပ်ကာဝတ် လူအမြောက်အများ ထွက်လာသည်ကို တွေ့ရှိခဲ့သည်။
ထိုလူများ၏စွမ်းအားများသည် ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ဒါမှမဟုတ် ကြယ်ခြောက်ပွင့် အထိ ရှိကြသည်။ ထိပ်တန်းအမျိုးသားတစ်ဦးသည် နှောင်းပိုင်း မြေကမ္ဘာ နတ်ဘုရား အဆင့်နှင့် ညီမျှသည့် ကြယ်ခုနှစ်ပွင့် ခွန်အားသို့ပင် ရောက်ရှိနေခဲ့သည်။ လူတွေက အများကြီး ဖြစ်သည်။ စုစုပေါင်း ၂၀၀ ကနေ ၃၀၀ ဝန်းကျင်လောက် ရှိမည်။ သူတို့အားလုံး လက်ထဲတွင် အနက်ရောင်လှံများကို ကိုင်ဆောင်ထားကာ ချင်ယွင်နှင့် အခြားသူများကို ပြင်းပြစွာ စိုက်ကြည့်နေကြသည်။
"အိုး။ မင်းတို့က အနိုင်ကျင့်ခံနေရမှတော့, မင်းတို့က ဘာကို စောင့်နေတာလဲ။ ကြယ်ခုနစ်ပွင့် စစ်သည်တော်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူပြောပြီးသည် နှင့် သူ့လက်မောင်းကို ဝှေ့ယမ်းလိုက်ကာ စစ်သည်တော် နှစ်ရာကနေ သုံးရာတို့သည် မြို့ရိုးမျှော်စင်မှ တိုက်ရိုက် ခုန်ဆင်းပြီး ချင်ယွင်ဆီသို့ ဦးတည် သွားကြလေသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ့မျက်ခုံးများကို ပင့်လိုက်သည်။ သူက ကျိုးလင်နှင့် တခြားသူတွေဘက် လှည့်ပြီး "မင်းတို့ ဘေးဖယ်နေကြ။ ဒီနေရာကို ငါ့အတွက် ထားခဲ့လိုက်" ပြောလိုက်သည်။
"ငါ့ကို ကူညီခွင့်ပြုပါ" ကျိုးယွမ်က ပြောပြီး ထွက်လာသည်။
ချင်ယွင်က ခေါင်းညိတ်ပြီး တခြားလူတွေကို ပြန်ဆုတ်ခိုင်းသည်။ ထို့နောက် သူနှင့် ကျိုးယွမ်တို့သည် လူနှစ်ရာသုံးရာဆီသို့ ပြေးသွားကြသည်။
လူပေါင်းများစွာရှိသော်လည်း ချင်ယွင်၏မျက်လုံးထဲတွင် ၎င်းတို့က မလုံလောက်သေးပါ။ ကျိုးယွမ်၏ အကူအညီကို မဆိုထားနှင့်, သူတစ်ယောက်တည်းပင် ၎င်းတို့အားလုံးကို အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်အတွင်းမှာပင် အချိန်မီ သတ်ပစ်နိုင်သည်။
"ဘုန်း”။
ချင်ယွင်သည် ကြယ်လေးပွင့် အမျိုးသားတစ်ဦး၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်ရာ ထိုလူ၏ခန္ဓာကိုယ်သည် နောက်သို့ လွင့်ပျံသွားခဲ့သည်။
ဤလူများ၏ ခန္ဓာကိုယ်များသည် ပြင်ပကမ္ဘာရှိ ကျင့်ကြံသူများထက် များစွာ သန်မာသည် ဟု ဆိုရမည် ဖြစ်သည်။
အကယ်၍ ၎င်းသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်ပညာရှင် ဖြစ်ပါက၊ ချင်ယွင်၏ လက်ချက်ကြောင့် သူ့တစ်ကိုယ်လုံး ကွဲသွားမည် ဖြစ်သည်။ ယခုအခါ အဆိုပါ အမျိုးသားမှာ ဒဏ်ရာအပြင်းအထန်ရကာ မူးလဲသွားသော်လည်း မသေဆုံးခဲ့ပေ။
"ဘုန်း..၊ ဘုန်း..၊ ဘုန်း..၊ ဘုန်း..”
ချင်ယွင်သည် နဂါးနက်မြို့စောင့်တပ်သားများကို တစ်ယောက်ပြီးတစ်ယောက် လွင့်ပျံ သွားအောင် တိုက်ခိုက်သည်။
"ဘန်း..."
တစ်ဖက်တွင် ကျိုးယွမ်လည်း နောက်ကျခံလိုစိတ် မရှိပေ။ သူသည် သူ၏လှံကို လှည့်ပတ်နေသော နဂါးတစ်ကောင်ကဲ့သို့ ပျံသန်းလာသော ကြယ်ငါးပွင့် အစောင့်တစ်ဦး ထံ ပစ်လွှတ်လိုက်သည်။ သူသည် လှံကို လှည့်ပတ်ကာ ပျံသန်းလာသော အခြားလူ၏လှံကို ရိုက်ချလိုက်သည်။
ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် သို့မဟုတ် ကြယ်ခြောက်ပွင့်ပင် ဖြစ်စေ၊ ထိုအစောင့်များသည် သူတို့နှစ်ယောက်ရှေ့မှာ ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည် မရှိကြပါဘူး။
သိပ်မကြာခင်၊ အစောင့်အကြပ် ၂၀၀ ခန့် သေဆုံးပြီး၊ အများပြား ဒဏ်ရာများရရှိသွားကြ ကာ တိုက်ခိုက်ရေးစွမ်းအား အနည်းငယ်မျှပင် မရှိတော့ပေ။
မြို့တွင်းမျှော်စင်ပေါ်တွင် ရပ်နေသော ကြယ်ခုနစ်ပွင့် ကျွမ်းကျင်ပညာရှင်သည် သူ၏ မျက်ခုံးများကို အဆုံးထိ တွန့်ထားကာ သူ၏မျက်လုံးများတွင် ပြင်းထန်သော အလင်းရောင် က ပေါက်ကွဲထွက်နေသည်။ ထို့နောက် မျှော်စင်ပေါ်မှ ခုန်ဆင်းကာ ချင်ယွင်ကို တိုက်ခိုက် သည်။
ကြယ်ခုနစ်ပွင့် ကျွမ်းကျင်သူကို ကြည့်ရင်း ချင်ယွင်၏ အကြည့်များသည် စူးရှလာသည်။ သူ့ခြေထောက်တွေကို အနည်းငယ် ကွေးညွှတ်ပြီး ခုန်တက်လိုက်သည်။ သူသည် ကြယ်ခုနစ်ပွင့် ကျွမ်းကျင်သူ၏ ဝမ်းဗိုက်ကို ဒူးဖြင့်တိုက်ချသွားသည်။
"ဖူး.."
ကြယ်ခုနစ်ပွင့် ကျွမ်းကျင်သူ၏ ပါးစပ်မှ သွေးများ ဖျန်းခနဲ လွင့်စင်သွားပြီး သူ့မျက်လုံးများ သည် ထိတ်လန့်တုန်လှုပ်သွားသည်။
သို့သော် ဤအရာအားလုံးသည် အဆုံးသတ် မဟုတ်ခဲ့ပေ။ ချင်ယွင်သည် ကြယ်ခုနစ်ပွင့် ကျွမ်းကျင်သူ၏ မေးစေ့ကို တိုက်ရိုက် လက်သီးတစ်ချက် ထိုးလိုက်ပြီး၊ ၎င်း၏ မေးအရိုး တစ်ခုလုံးသည် တိုက်ရိုက် ကွဲအက်သွားပြန်သည်။
ကြယ်ခုနစ်ပွင့် ကျွမ်းကျင်သူများ၏ သွားများသည် သူ့ပါးစပ်မှ လွင့်ထွက်သွားကာ သွေးများ ဖျန်းခနဲလွင့်စင်ပြီး သူ့ခန္ဓာကိုယ်သည် နောက်သို့ လွင့်ပျံသွားခဲ့သည်။
ချင်ယွင်သည် အခြေအနေကို အခွင့်ကောင်းယူကာ ကြယ်ခုနစ်ပွင့်ကျွမ်းကျင်ပညာရှင်၏ ရင်ဘတ်ပေါ်သို့ ခြေချလိုက်သည်။ တစ်ချက်ကန်ထုတ်ပြီး သူသည် ကြယ်ခုနစ်ပွင့် ကျွမ်းကျင်သူအား မျှော်စင်ပေါ်မှ ကောင်းကင်ယံသို့ တွန်းပို့လိုက်သည်။
"ဘုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားကာ သူ့ခြေရင်းအောက်ရှိ အနက်ရောင် မြေကြီးသည် နှိုင်းစာ၍မရအောင် နက်ရှိုင်းသော တွင်းနက်ကြီးအဖြစ် ပြိုကျသွားခဲ့သည်။
ကြယ်ခုနစ်ပွင့် ကျွမ်းကျင်သူသည် ၎င်း၏ပါးစပ်တွင် သွေးများ ထွက်နေကာ ၎င်း၏ အရိုးများသည် နေရာများစွာ ကျိုးပဲ့သွားပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွား သည်။
သို့သော် ချင်ယွင်လည်း အလွန်မင်း အံ့သြသွားသည်။ ရှေးဟောင်းဘုရားကမ္ဘာ၏ ရုပ်ခန္ဓာကိုယ်သည် သူမျှော်လင့်ထားသည်ထက် အမှန်တကယ် သန်မာခဲ့သည်။ အကယ်၍, သူတွေ့ရှိခဲ့ဖူးသော ကျွမ်းကျင်ပညာရှင်များသည် ချင်ယွင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံခဲ့ရပါက၊ သူတို့ခန္ဓာကိုယ်သည် အစိတ်စိတ်အက်ကွဲပြီး သွေးစွန်းနေသော အခိုးအငွေ့ အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ယခုလိုမျိုး မည်သို့ ဖြစ်နိုင်မည်နည်း?။ အခု ထိုလူသည် ဒဏ်ရာပြင်းပြင်းထန်ထန်သာ ရသွားခဲ့သည်။
သို့သော်လည်း အသက်ရှင်နေသေးသော အစောင့်အကြပ်များသည် ဤမြင်ကွင်းကို မြင်သောအခါတွင်, သူတို့အားလုံး အလွန်ထိတ်လန့်ကြောက်ရွံ့သော အမူအရာများကို ဖော်ပြနေကြသည်။ ချင်ယွင်ကိုကြည့်နေသည့် သူတို့၏ အကြည့်များသည် လုံးဝ ကြောက်လန့်နေကြသည်။
ချင်ယွင်သည် ကြယ်ခုနစ်ပွင့် ကျွမ်းကျင်သူထံမှ ဆင်းသက်လာပြီး ကြယ်ခုနစ်ပွင့် ကျွမ်းကျင်သူကို လျစ်လျူရှုခဲ့သည်။ သူသည် သူ၏နတ်ဘုရားတန်ခိုး စွမ်းအားကို စုစည်းပြီး နဂါးနက်မြို့တော်၏ အတွင်းပိုင်းမြို့ကို အော်ပြောလိုက်သည် "ကျွန်ုပ်ချင်ယွင်က နဂါးနက် မြို့တော်ရဲ့မြို့သခင်ကို တွေ့ဆုံဖို့ တောင်းဆိုပါတယ်"။
ချင်ယွင်၏အသံသည် အရပ်ရပ်သို့ ပဲ့တင်ထပ်ကာ အတွင်းပိုင်း မြို့တော်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
စာစဉ် (၉၅) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။ (၁၀.၂.၂၀၂၅)။