အခန်း ၁၄၂၆
Vol. 96 Ch. 1426
အဓိပတိအင်မော်တယ်သခင် စာစဉ် (၉၆)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၄၂၆) နဂါးနက်မြို့တော်၏သခင်
ချင်ယွင်၏အသံသည် နဂါးနက်မြို့တော်အထက် ကောင်းကင်ယံ၌ အချိန်အတော်ကြာ အောင် ပဲ့တင်ထပ်ကာ အတွင်းပိုင်းမြို့တော်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ရုတ်တရက် နဂါးနက်မြို့တော်တစ်ခုလုံး တုန်လှုပ်သွားကာ အတွင်းပိုင်း မြို့တော်တွင်းမှ လေတိုးသံအနည်းငယ် ထွက်ပေါ်လာခဲ့သည်။
"ဝှီး…၊ ဝှီး….၊ ဝှီး…၊ ဝှီး…ဝှီး..”
ချင်ယွင်သည် မြို့ရိုးအတွင်းပိုင်းမှ ထွက်ပေါ်လာသော ရုပ်အသွင်ပြင်ငါးခုကို ကြည့်ရန် သူ့ခေါင်းကို မြှောက်လိုက်သည်။ ၎င်းတို့ထဲတွင် လေးယောက်သည် ကြယ်ရှစ်ပွင့် ကျွမ်းကျင်သူများဖြစ်ကြောင်း သူတွေ့ရှိခဲ့ရပြီး၊ ၎င်းတို့ကို ဦးဆောင်လာသည့် ဂုဏ်သိက္ခာ ကြီးမားသော အမျိုးသားသည် ကြယ်ကိုးပွင့်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။
မှန်းဆနေစရာပင် မလိုပါချေ။ လမ်းကို ဦးဆောင်လာသည့် လူလတ်ပိုင်းအရွယ် အမျိုးသား သည် နဂါးနက်မြို့တော်၏ မြို့တော်သခင် ဖြစ်မည်မှာ သေချာပါသည်။
သူသည် အနက်ရောင် ၀တ်ရုံကို ၀တ်ဆင်ထားပြီး၊ ၎င်းဝတ်ရုံပေါ်တွင် သွားများနှင့် ခြေသည်းများကို ဖွင့်ဟဟန်အနေဖြင့် ချယ်သထားသည့် ရွှေနဂါးကြီးတစ်ကောင် ရှိနေပါ သည်။ သူ၏ဂုဏ်သိက္ခာကြီးမားသော အသွင်အပြင်နှင့်အတူ ထိုနေရာတွင် ရပ်နေခြင်း သည်ကပင် ပြင်းထန်သော ဖိနှိပ်မှုကို ခံစားရစေသည်။
ချင်ယွင်သည် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်နေစဉ် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း ချင်ယွင်နှင့် အခြားလူများကို ကြည့်နေလေသည်။
သေချာသည်မှာ, ထိုလူသည် ချင်ယွင်နှင့် အခြားလူများကို မြင်သောအခါတွင် သူ့မျက်လုံးများတွင် အံ့ဩသွားသည့် အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာသည်။ အဆုံးတွင် သူသည် ခွေးဝါကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ခဏရပ်လိုက်ပြီး သူ့မျက်လုံးများက သံသယအရိပ်အယောင်တစ်ခု ပေါ်လာသည်။ နောက်ဆုံးတွင် သူ၏အကြည့်များက ချင်ယွင်ဆီသို့ ရောက်ရှိသွားခဲ့သည်။
"မင်းက ငါတို့ရှေးဟောင်းနတ်ဘုရားကမ္ဘာက မဖြစ်သင့်ဘူး မဟုတ်လား၊ မင်း ငါ့အစောင့် တွေကို ဘာလို့ ဒဏ်ရာရအောင် တိုက်ခိုက်ရတာလဲ" နဂါးနက်မြို့တော်၏ မြို့တော် သခင်က ချင်ယွင်နှင့် တခြားလူတွေကို ကြည့်ပြီး မေးသည်။
"ငါတို့က တကယ်ပဲ ရှေးဟောင်းနတ်ဘုရားကမ္ဘာက မဟုတ်ကြဘူး။ ဒီအစောင့် အကြပ် တွေကို ဒဏ်ရာရအောင် တိုက်ခိုက်မိခြင်းက နားလည်မှု လွဲမှားသွားလို့ပါ။ သူတို့က ငါတို့ကို အခြားမြို့က စေလွှတ်လိုက်တဲ့ သူလျှိုအဖွဲ့ဝင်တွေလို့ ထင်မြင်နေကြတယ်။ သူတို့က ငါတို့ကို ဖမ်းဆီးချင်မှတော့, ငါတို့ကလည်း သဘာဝအတိုင်း ပြန်ခုခံရတာပါ။" ချင်ယွင်က နဂါးနက်မြို့တော်သခင်ကို ကြည့်ပြီး နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းလည်း မရှိဘဲ ပုံမှန်အသံဖြင့် ပြောလိုက်ပါသည်။
"အိုး..ဒါဆို မင်း ငါ့ကို ဘာလို့ လာရှာတာလဲ" နဂါးနက်မြို့တော်သခင်က ချင်ယွင်ကို ကြည့်ပြီး ရယ်မောကာ မေးသည်။
တကယ်တော့ သူသည် ဤအစောင့်များ၏ ရှင်ခြင်းသေခြင်းကို လုံးဝ ဂရုမစိုက်ပါ။ သူက ပေါ့ပေါ့ပါးပါးပဲ မေးလိုက်သည်။
ချင်ယွင်နှင့် အခြားသူများ၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍မူ, သူသည် ၎င်းတို့ထဲမှ တစ်ခု သို့မဟုတ် နှစ်ခုကို သဘာဝအတိုင်း ခန့်မှန်းနိုင်ပါသည်။
“မြို့သခင်၊ ငါတို့က မြို့သခင်ရဲ့ နတ်ဘုရားအမိန့်တော်ကို ငှားရမ်းလိုပါတယ်။ ချင်ယွင်က ဝှေ့ဝိုက်မနေဘဲ တိုက်ရိုက် ပြောလိုက်ပါသည်။ ထိုစကားကိုပြောပြီးနောက် သူက နဂါးနက် မြို့သခင်အား ခေါင်းမော့ကြည့်လိုက်သည်။
"မိုက်မဲလိုက်တာ၊ နတ်ဘုရားအမိန့်တော်ဆိုတာက ကောင်းကင်ဘုံသခင်က မြို့တော် သခင်ထံ အပ်နှင်းထားတဲ့ မြင့်မြတ်သော အရာဝတ္ထုဖြစ်တယ်။ မင်းဆန္ဒရှိသလို ဘယ်လို လုပ် ငှားရမ်းနိုင်မှာလဲ" သို့သော်လည်း နဂါးနက်မြို့တော်သခင်က မည်သည့်စကားမှ ပြန်မပြောမီ၊ သူ့နောက်မှ လူငယ်တစ်ယောက်က မတ်တပ်ထရပ်ပြီး ချင်ယွင်ကို လှမ်းအော် ပြောလိုက်သည်။
ချင်ယွင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ ထိုလူငယ်ကို အေးစက်စွာ ကြည့်နေလေ သည်။
ဤလူငယ် ပေါ်လာပြီးကတည်းက သူ့အကြည့်များက ချင်ယွင်၏ နောက်တွင်ရှိသော ကျိုးဟုန်ရွှဲ့နှင့် ကျိုးလင်တို့ထံ တိုက်ရိုက် ရောက်ရှိသွားသည်ကို သူ သတိပြုမိခဲ့သည်။ သူ့မျက်လုံးများ၏နက်ရှိုင်းသောအရပ်မှာ ပြင်းပြသော ဆန္ဒတစ်ခု ရှိနေခဲ့သည်။
သူ့အမူအရာက ချင်ယွင်ကို မကျေမနပ် ဖြစ်စေခဲ့ပြီး၊ သူသည် အမှန်တကယ်ပင် ရှေ့ထွက်ရပ်ပြီး ချင်ယွင်ကို လူသိရှင်ကြား တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ယင်းက ချင်ယွင်၏ နှလုံးသားထဲမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ဖြစ်ပေါ်စေခဲ့ သည်။
"နောက်ဆုတ်စမ်း!"
သို့သော် ထိုအချိန်တွင် နဂါးနက်မြို့တော်သခင်သည် လူငယ်အား မကျေနပ်သည့် အမူအရာဖြင့် အော်ဟစ်လိုက်သည်။
လူငယ်သည် နဂါးနက်မြို့တော်သခင်၏ စကားကို ကြားသောအခါ ချက်ခြင်း နောက်ပြန် ဆုတ်သွားသည်။ သို့သော်လည်း သူ့မျက်နှာတွင် မလိုလားအပ်သော အရိပ်အယောင်များ ထွက်ပေါ်လာပြီး ချင်ယွင်ကို ကြည့်လိုက်စဉ် သူ့အကြည့်တွင် သတ်ဖြတ်လိုသည့် ရည်ရွယ် ချက် အရိပ်အယောင်များ ပေါ်လာသည်။
နဂါးနက်မြို့တော်သခင်က ချင်ယွင်နှင့် တခြားသူတွေကို လှည့်ကြည့်လိုက်ပြီး ပြုံးရင်း ပြောလိုက်သည် "သူပြောတာ မှန်ပါတယ်။ ဒီအမိန့်တော်ဟာ ကောင်းကင်ဘုံသခင်က ငါတို့ကို အပ်နှင်းထားတဲ့ ဓမ္မပစ္စည်းတစ်ခုပဲ။ သဘာဝအတိုင်း၊ ငါက တခြားသူတွေကို အလွယ်တကူ ငှားရမ်းဖို့က မဖြစ်နိုင်ဘူး"။
ချင်ယွင်သည် နဂါးနက်မြို့သခင်၏ စကားကိုကြားသောအခါ နဂါးနက်မြို့တော်သခင်၏ ဆိုလိုရင်းကို ချက်ခြင်း နားလည်သွားသည်။ သူက “ဒါဆို မြို့တော်သခင်က ငါတို့ကို နတ်ဘုရားအမိန့်တော်ကို ဘယ်လိုဆို ငှားရမ်းပေးနိုင်မလဲ” အလျင်စလို မေးလိုက်သည်။
နဂါးနက်မြို့တော်သခင်က "ငါတို့ကမ္ဘာမှာတော့ အပြင်ဘက်ကမ္ဘာက လူတွေဟာ ဉာဏ်ကောင်းတယ်လို့ လူတိုင်း ပြောကြတယ်။ အမှန်တော့ မမှားပါဘူး။ မင်းတို့က စကား ပြောရတာ ပိုလွယ်တယ်။ အခု ငါတို့က ရွှေနက်မိုင်းတွင်းရဲ့ တည်နေရာကို ရထားခဲ့ပြီ။ တကယ်လို့, မင်းတို့သာ ရွှေနက်မိုင်းတွင်းကို သိမ်းပိုက်ဖို့ ငါ့ကို ကူညီပေးနိုင်ခဲ့ရင်, ငါက ငါ့စကားကို ပြန်ရုတ်မသိမ်းဘဲ နတ်ဘုရားအမိန့်တော်ကို သေချာပေါက် ငှားပေးမယ်”။
"မြို့သခင်၊ ဒီကိစ္စကို ခွင့်မပြုရဘူး။ ဒီရွှေနက်သတ္တုရိုင်းကြောက အရမ်းအရေးကြီးတယ်။ အပြင်လူတွေကို ဘယ်လိုလုပ် ပါဝင်ခွင့် ပြုနိုင်မှာလဲ။ သူတို့က တခြားမြို့တွေက လွှတ်ထားတဲ့ သူလျှိုတွေဆိုရင်, ကျွန်တော် တို့နဂါးနက်မြို့တော်က ရွှေနက်သတ္တုရိုင်း ကြောကို မရရှိနိုင်တဲ့အပြင်, ဘေးဥပါဒ်ကိုလည်း ကြုံလိမ့်မယ်။"
"ဟုတ်တယ်၊ မြို့တော်သခင်၊ ဒီလူတွေရဲ့ ဇာစ်မြစ်ကို မသိနိုင်သေးဘူး။ သူတို့ကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ အသုံးပြုလို့ရမှာလဲ။ သူတို့ကို သတ်ပစ်လိုက်တာ အကောင်းဆုံး လို့ ထင်တယ်"။
"မြို့သခင်၊ ကျွန်တော်တို့လေးယောက်ရဲ့ ခွန်အားရယ်၊ မြို့သခင်ရဲ့ ခွန်အားနဲ့ဆို ကျွန်တော်တို့ဟာ သတ္တုရိုင်းကြောတွေကို သိမ်းပိုက်နိုင်ပါလိမ့်မယ်။ အပြင်လူတွေရဲ့ ခွန်အားကို ဘာလို့ ငှားရမ်းနေမှာလဲ"။
ချင်ယွင်က မတုန့်ပြန်ခင်မှာ, နဂါးနက်မြို့တော်သခင်၏ နောက်ကွယ်မှ လူလေးယောက်ထဲက သုံးယောက်သည် ကမန်းကတန်းထပြီး ကန့်ကွက်ပါသည်။ နောက်ဆုံးတွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ငြိမ်ပြီး တွေးလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း။ မင်းတို့ မကန့်ကွက်ခင် ငါဆုံးဖြတ်ပြီးပြီ။" နဂါးနက် မြို့တော်သခင် က အေးစက်စက် အော်ပြောလိုက်သည်။ သူသည် စိတ်လှုပ်ရှားနေသော လူသုံးယောက်ကို ဖိနှိပ်လိုက်သော်လည်း ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။
"မင်း ဘာတွေ တွေးနေလဲ၊ နတ်ဘုရားအမိန့်တော် ငှားရမ်းပြီး ဘာကြောင့် ဒီကမ္ဘာကနေ ဘာလို့ ထွက်သွားချင်လဲဆိုတာ ငါ သိတယ်။ ဒါကြောင့် မင်း ငါ့ကို သတ္တုရိုင်းကြောကို သိမ်းပိုက်နိုင်အောင် ကူညီပေးသရွေ့, ငါ မင်းတို့အလိုတိုင်း သေချာပေါက် လိုက်ပါပေး မယ်" နဂါးနက်မြို့တော်သခင်က ချင်ယွင်ကို ကြည့်ပြီး ပြုံးလိုက်သည်။
ချင်ယွင်၏ မျက်နှာက ဆင်ခြင်တွေးတောနေသည်။ သူသည် ကျိုးယွမ်နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် သူက ခေါင်းညိတ်ကာ ပြောသည် "မင်းကို သတ္တုရိုင်းကြောကို သိမ်းပိုက် နိုင်ဖို့ ငါတို့က ကူညီပေးနိုင်တယ်။ ဒါပေမယ့် တကယ်လို့, မင်းရဲ့ စကားကို နောက်ပိုင်း ပြန်ပြောင်းသွားခဲ့ရင် ငါတို့ ဘာလုပ်သင့်လဲ"။
"ငါနဂါးနက်က ငါ့စကားကို အမြဲတည်တယ်။ မင်းတို့ ငါ့ကို မယုံရင် ထွက်သွားလိုက်ပါ။" နဂါးနက်မြို့တော်သခင်က မောက်မာစွာ ပြောသည်။
ချင်ယွင်သည် နဂါးနက်မြို့တော်သခင်၏ အပြုအမူကို မြင်သောအခါ ပြုံးလိုက်သည်။ "ကောင်းပြီလေ၊ ဒါဆို မင်းရဲ့ ရွှေနက်သတ္တုရိုင်းကြောကို သိမ်းပိုက်နိုင်ဖို့ ငါတို့ သဘောတူ လိုက်မယ်။ ဒါပေမယ့် မြို့တော်သခင်က ကိုယ့်ကတိကို မလိုက်နာရင် ငါ့ကို ရိုင်းစိုင်းမိတဲ့ အတွက် အပြစ်မတင်နဲ့။"
"ဟား….၊ ဟား…၊ ကောင်းပြီ၊ ဒါပေမယ့် ရွှေနက်သတ္တုရိုင်းအတွက် တိုက်ခိုက်ရမယ့် အချိန် မရောက်သေးဘူး။ ငါတို့ နောက်ထပ် ရက်အနည်းငယ်လောက် ပြင်ဆင်ထားဖို့ လိုတယ်။ မင်းတို့ စိတ်မရှိဘူးဆိုရင် မင်းတို့အနေနဲ့ ငါ့အိမ်မှာ ရက်အနည်းငယ် နေလို့ရတယ်။ ငါတို့ အတူတူ ထွက်ခွာကြမယ်ဆိုရင်ရော" နဂါးနက်မြို့တော်သခင်က ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒါဆိုရင် မင်းကို အပြစ်ပြုမိပြီ။ ချင်ယွင်က ခေါင်းညိတ်သဘောတူသည်။
"တစ်ယောက်ယောက်လာစမ်း။ ဧည့်သည်တွေကို ကြိုဆိုဖို့ မြို့တံခါးကို ဖွင့်လိုက်။ နဂါးနက်မြို့တော်သခင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။
ထိုသို့ပြောပြီးနောက် မြို့စောင့်တပ်များကို မြို့တံခါး ဖွင့်ခိုင်းလိုက်သည်။
ထိုအချိန်တွင် ကျိုးလင်သည် ချင်ယွင်၏အနားသို့ လျှောက်သွားပြီး ချင်ယွင်ထံသို့ အသံဖြင့် ပို့လွှတ်ပြီး ပြောသည် "ခင်ပွန်း၊ နဂါးနက်မြို့တော်သခင်ကို ယုံကြည်နိုင်မလား။"
"သိပ်မယုံရဘူး!" ချင်ယွင်က ပြတ်ပြတ်သားသား ပြန်ပြောသည်။
"ဒါဆို ရှင် ဘာလို့ သူ့ကို သဘောတူခဲ့တာလဲ" ကျိုးလင်က အသံဖြင့် ကမန်းကတန်း မေးလိုက်သည်။
ချင်ယွင်က ပြုံးလိုက်ပြီး အသံဖြင့် ပို့လွှတ်ကာ တုန့်ပြန်ပြောသည် "တကယ်လို့ သူနဲ့ သဘောမတူခဲ့ရင်, ဒီနေ့ တိုက်ပွဲကြီတစ်ခုကို ရှောင်ရှားနိုင်ခြင်း မရှိမှာ စိုးရတယ်။ အခုတော့ နဂါးနက်မြို့တော်က တခြားမြို့တော်နှစ်ခုနဲ့ ရွှေနက်သတ္တုရိုင်းကြောဆိုတဲ့ အရာအတွက် ယှဉ်ပြိုင်နေကြတယ်။” ဆိုတော့, သူက ငါတို့ကို အလွှတ်ပေးမှာ မဟုတ်ဘူး။ တကယ်လို့, ငါတို့သာ သူ့ဆီကနေ နတ်ဘုရားအမိန့်တော်ကို မရဘူးဆိုရင်, ငါတို့က တခြား မြို့တော်နှစ်မြို့ကို သွားမယ်ဆိုတာ သူ ကောင်းကောင်းသိထားတယ်။ တကယ်လို့ တခြား မြို့တော်သခင်တွေကသာ ငါတို့ကို ဖိတ်ခေါ်သွားပါက၊ ဒါက သံသယမရှိ သူ့ရန်သူတွေ အင်အားတိုးလာမှာလေ။ တကယ်လို့, သူသာ သဘောတူလိုက်ရင်, သတ္တုရိုင်းကြော အတွက် ငါတို့မတိုက်ခင်, သူက ငါတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး။, ဒါပေမယ့် သူ သတ္တုရိုင်းကြောကို ပိုင်ဆိုင်သွားရင်တော့, ဒါက ပြောဖို့ခက်တယ်"။
"ဒါဆို ငါတို့ ဘာဆက်လုပ်ရမလဲ?" ကျိုးလင်က မေးသည်။
"တစ်ဆင့်ပြီးတစ်ဆင့် သွားကြတာပေါ့။ တကယ်လို့, သူသာ မြစ်ကိုဖြတ်ပြီးမှ တံတားကို ဖြိုဖျက်ရဲရင်တော့ သူ နောင်တရမှာ သေချာပါတယ်။ ဒီရက်ပိုင်းမှာ သူ့နောက်က လူသုံးယောက် အထူးသဖြင့် စောစောက လူငယ်ကို သတိထားပါ။ သူက မင်းတို့ကို တိုက်ခိုက်လိမ့်မယ်လို့ ငါ ခံစားမိနေတယ်။" ချင်ယွင်က ကျိုးလင်ကို အသံဖြင့်ထုတ်လွှင့်ပြီး သတိပေးလိုက်ပါသည်။ ထိုစကားဆုံးသည်နှင့် သူ့မျက်လုံးတွေက ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒများ ပေါက်ကွဲထွက်လာပါသည်။
ကျိုးလင်သည် သူ့စကားကို ကြားလိုက်ရသည့်အခါ သူမက ရယ်မောပြီး အသံဖြင့် ပို့လွှတ်ကာ ပြောသည် "ရှင့်ရဲ့ဇနီးကလည်း သက်သတ်လွတ်သမား မဟုတ်ပါဘူး။ သူလာဝံ့ရင် ဒီတစ်သက်မှာ လူဝင်စားမိတာကို နောင်တရသွားစေရမယ်"။
ထိုစကားကိုကြားတော့ ချင်ယွင်လည်း အနည်းငယ် မှင်သက်သွားကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။