အခန်း ၁၄၂၇
Vol. 96 Ch. 1427
အခန်း (၁၄၂၇) သေခြင်းတရားကို တောင်းခံကြခြင်း။
ချင်ယွင်နှင့် အခြားသူများကို နဂါးနက်မြို့တော်သခင်မှ မြို့တွင်းသို့ ဖိတ်ကြားခဲ့ပြီး ချင်ယွင်နှင့် အခြားလူများအတွက် မြို့တွင်းမှာ သီးခြားဝင်းတစ်ခု စီစဉ်ပေးခဲ့သည်။
ကျိုးလင်နှင့် အတူနေထိုင်သော ချင်ယွင်မှလွဲ၍ ကျန်လေးယောက်စလုံးသည် သီးခြား အခန်းတွင် နေထိုင်ကြသည်။
ခွေးဝါကြီးသည် မူလက အခန်းထဲတွင် တစ်ယောက်တည်း နေချင်သော်လည်း ချင်ယွင်က ကျိုးဟုန်ရွှဲ့၏ အခန်းအပြင်ဘက်တွင် စောင့်ခိုင်းထားပြီး၊ ကျိုးဟုန်ရွှဲ့အတွက် တံခါး စောင့်ခိုင်းသည်။
ခွေးဝါကြီးသည် စိတ်မချမ်းသာသော်လည်း ချင်ယွင်၏စကားကို မနာခံဘဲမနေဝံ့ပေ။ သူသည် ကျိုးဟုန်ရွှဲ့၏ တံခါးအပြင်ဘက်တွင်သာ နာခံမှုရှိရှိ စောင့်ကြပ်နေနိုင်ခဲ့သည်။
ညသည် တဖြည်းဖြည်း ကျဆင်းလာကာ ကောင်းကင်တွင် တောက်ပနေသော လမင်းကြီး သည် ကောင်းကင်ထက်ဝက်နီးပါးကို သိမ်းပိုက်ထားပြီး နဂါးနက်မြို့တစ်ခုလုံးကို နေ့ခင်း ဘက်ကဲ့သို့ ထိန်ထိန်လင်းစေသည်။
ချင်ယွင်နှင့် ကျိုးလင်တို့သည် အခန်းထဲတွင် ရှိနေသည့် နှစ်ယောက်အိပ် ကုတင်ဘေးတွင် ထိုင်ကာ ပွေ့ဖက်နေကြသည်။
ဤခြံဝင်းသည် မလုံခြုံသလို တစ်ယောက်ယောက်က အချိန်မရွေး ခိုးဝင်တိုက်ခိုက်နိုင် သည်ကို သူတို့နှစ်ယောက်စလုံး သိရှိထားသောကြောင့် သူတို့နှစ်ယောက်သည် ထိုရှက်စရာကိစ္စမျိုးကို မလုပ်ခဲ့ကြပါဘူး။
သူတို့သည် လုပ်ငန်းစဉ်တစ်ဝက်မှာ တစ်စုံတစ်ယောက် နှောင့်ယှက်မူကြောင့် စိတ်ပျက် မသွားချင်ကြပါဘူး။
"ခင်ပွန်း၊ ဒီည လာမယ်လို့ ရှင် ထင်လား" ကျိုးလင်သည် ချင်ယွင်၏ ရင်ခွင်ထဲတွင် လဲလျောင်းရင်း မေးလိုက်သည်။
ချင်ယွင်က ပြုံးပြီးပြောသည် "ဟုတ်တယ်၊ ဒီကောင် မင်းကိုကြည့်တဲ့ပုံစံက သူ့မျက်လုံး တွေက မြေပြင်ပေါ် ပြုတ်ကျလုမတတ်ပဲ။ နောက်ဆုံး သူထွက်သွားချိန်မှာ သူ့မျက်လုံးထဲ ကောက်ကျစ်တဲ့ အရိပ်အယောင်တွေ ရှိနေတယ်။"
"ဟမ့်၊ ငါအရင်က ပြောခဲ့သလိုပဲ၊ တကယ်လို့, သူလာဝံ့ရင် သူ့ဘဝတစ်လျှောက်လုံး သေချာပေါက် နောင်တရစေရမယ်" ကျိုးလင်က အေးစက်စွာ ပြောလိုက်သည်။
ချင်ယွင်က ပြုံးပြီး ကျိုးလင်ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်လိုက်သည်။ သူမ၏ ခါးသေးသွယ် သော ခါးကို လက်တစ်ဖက်ဖြင့် လှမ်းကိုင်ရင်း သူမ၏ နူးညံ့ပျော့ပျောင်းမှုနှင့် အရိုးမဲ့နေ သည့် ခံစားမူကို ခံစားနေမိသည်။
ရုတ်တရက် ချင်ယွင်၏ မျက်လုံးများက လှုပ်ရှားသွားသည်။ ထို့နောက် ပါးစပ်ထောင့်မှ အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး ပြောသည် "လာပြီ"။
ယခုအချိန်တွင် ချင်ယွင်သည် လေဟာနယ်ထိန်းချုပ်သူတစ်ဦး ဖြစ်လာခဲ့ပြီး၊ ခြံဝန်း ပတ်ပတ်လည်ရှိ လေဟာနယ်ကို သူ စည်းချထားပြီး ဖြစ်သည်။ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်နှင့် သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်လိမ့်မည်။
သို့သော် ချင်ယွင် အံ့အားသင့်သွားသည်မှာ ယခုအကြိမ်တွင် ခြံဝင်းထဲတွင် ပေါ်လာသည့် လူမှာ တစ်ယောက်တည်းမဟုတ်ပဲ လူနှစ်ယောက် ဖြစ်နေခြင်းပင်။
အစောပိုင်းက ချင်ယွင်ကို တိုက်ခိုက်ခဲ့သည့် လူငယ်အပြင် နောက်တစ်ယောက်ကတော့ နဂါးနက်မြို့တော်၏ အဓိကနတ်ဘုရားသားရဲဘေးမှာ ရပ်နေသော မုတ်ဆိတ်မွေးနှင့် အမျိုးသားတစ်ယောက် ဖြစ်သည်။
ထိုအချိန်တုန်းက, ချင်ယွင်သည် ထိုလူ၏ သူခိုးမျက်ခုံးနှင့် ကြွက်မျက်လုံးများကို ထုတ်ဖော် မိပြီး ဖြစ်သည်။ သို့သော် ဤလူသည် ဤလူငယ်နှင့်အတူ အသေခံရန် အမှန်တကယ် ရောက်လာလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ခဲ့ပေ။
"ငါ သူတို့ကို သွားသတ်လိုက်မယ်။" ကျိုးလင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး အခန်းထဲက ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သို့သော် ချင်ယွင်က သူမကို ဖမ်းကိုင်လိုက်ပြီး နူးညံ့စွာ ပြုံးကာ "ကိုယ့်ဇနီးကို ဘယ်လိုလုပ် ဒီလိုလုပ်ဖို့ ခွင့်ပြုပေးနိုင်မှာလဲ။ ဒီလူယုတ်မာနှစ်ယောက်ကို ငါ့အတွက် ထားခဲ့လိုက်ပါ"
ထိုသို့ပြောပြီးနောက် ချင်ယွင်က သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ လေဟာနယ်ထဲသို့ တိုက်ရိုက် နစ်မြုပ်သွားခဲ့သည်။ သူ့ပုံရိပ်က တစ်ဖန်ပေါ်လာပြီး သူသည် ခြံဝင်းထဲမှာ ရောက်ရှိနေခဲ့ပြီ။
"မင်းတို့နှစ်ယောက် ညနက်ကြီး လာလည်ကြတယ်။ မင်းတို့ ဘာလုပ်ချင်လို့လဲ" ချင်ယွင် က ခြံဝင်းထဲကို တိတ်တဆိတ် ခိုးဝင်လာသည့် လူနှစ်ယောက်ကို ကြည့်ရင်း ပြုံးပြလိုက် သည်။
ထိုလူနှစ်ယောက်သည် ချင်ယွင်၏စကားသံကို ရုတ်တရက် ကြားလိုက်သောအခါတွင် သူတို့သည် ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ သူတို့သည် အလျင်အမြန် လှည့်ကြည့် လိုက်တော့ ချင်ယွင်သည် ၎င်းတို့နောက်ကွယ်မှ ပေါ်လာကြောင်းကို သိရှိ လိုက်ရသည်။
ပထမတော့ သူတို့နှစ်ယောက်သည် ထိတ်လန့်သွားသော်လည်း လျှင်မြန်စွာ တည်ငြိမ်သွား ကာ ပြင်းပြင်းထန်ထန် ရန်လိုစိတ်များ ပြည့်နေသည့် မျက်လုံးများဖြင့် ချင်ယွင်ကို ကြည့်လိုက်သည်။
"ကောင်စုတ်လေး၊ မိန်းမလှလေး နှစ်ယောက်ကို လွှဲပေးလိုက်ပါ။ မင်း မိန်းမလှလေး နှစ်ယောက်ကို လွှဲပေးလိုက်ရင်, မင်းရဲ့အသက်ကို ငါတို့က ချမ်းသာပေးမယ်" ချင်ယွင်ကို မြင်သောအခါ လူငယ်က သရော်သံဖြင့် ပြောလိုက်သည်။
"အိုး၊ မသတ်ဘဲ ငါ့ကို ခွင့်လွှတ်ပေးမှာလား?။ မင်းက ငါ့ပြိုင်ဘက်ဖြစ်မယ်လို့ မင်း ထင်နေတာလား။" ချင်ယွင်က ပြုံးပြီး မေးသည်။
"ဟမ့်၊ ကောင်စုတ်လေး၊ မင်း မြို့တံခါးအပြင်ဘက်မှာ ငါတို့လူတွေ အများကြီးကို ဒဏ်ရာရအောင် လုပ်နိုင်တာတဲ့ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းဖြစ်ပြီးလို့ ထင်မနေနဲ့။ မင်း တိုက်ခိုက်တုန်းက ငါတို့က မင်းကို မြင်ထားပြီးသား။ တကယ်လို့, ငါ ခန့်မှန်းတာ မမှားရင်, မင်းရဲ့အင်အားက ငါတို့နဲ့ အတူတူပဲ။ ကြယ်ရှစ်ပွင့် အဆင့်လောက်ပဲ ရှိလိမ့်မယ်။ ဒါပေမယ့် အခု ငါတို့က နှစ်ယောက်၊ မင်းကတော့ တစ်ယောက်ထဲပဲ" လူငယ်က အေးစက်စွာ ပြောလိုက်သည်။
"မှန်တယ် ကောင်စုတ်လေး။ မိန်းမလှလေး နှစ်ယောက်ကို လွှဲပေးလိုက်ပါ။ အပြင်ဘက် ကမ္ဘာက မိန်းမလှလေးတွေ အားလုံးက ကောင်းကင်နတ်သမီးတွေလို လှပတယ်လို့ ပြောကြတယ်။ ဒီနေ့ မြင်လိုက်ရတော့ မျှော်လင့်ထားသလိုပဲ။" မုတ်ဆိတ်မွေးနှင့် အမျိုးသားက ပဲ့တင်ထပ်အသံဖြင့် ပြောလိုက်ပြီး၊ သူ့မျက်နှာက ဖောက်ပြန်သည့် အမူအရာ ပေါ်လွင်နေသေးသည်။
ထိုစကားကိုကြားတော့ ချင်ယွင်က သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်ပါသည်။
"ဒီအမျိုးသမီးတွေအကြောင်း ဘယ်တော့်မှ မတွေးဖို့ ငါ မင်းတို့ကို အကြံပေးချင်တယ်။ ဘာလို့ဆို, ဒီနေ့ကစပြီး မင်းတို့အနေနဲ့ ဘယ်မိန်းမကိုမှ မထိနိုင်တော့လို့ပဲ" ချင်ယွင်က အေးစက်စက်အသံဖြင့် ပြောလိုက်ပြီး သူ့မျက်လုံးတွေထဲမှာ သတ်ဖြတ်ချင်စိတ်က ပေါ်လာသည်။
"ဟမ့်၊ ကောင်လေး၊ မင်း လက်လွှဲပေးဖို့ စတင်ငြင်းဆိုတာနဲ့, ငါတို့က မင်းကို အရင် သတ်ပစ်မယ်။ ပြီးရင် သူမတို့ကို ငါတို့ကိုယ်တိုင် သွားရှာမယ်။" လူငယ်က အေးစက်စွာ ပြောလိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားမှာ ကြယ်ရှစ်ပွင့် ပေါ်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရား မှော်သင်္ကေတများသည် လင်းလက်လာပြီး ချင်ယွင်ဆီသို့ ပြေးဝင်လိုက်သည်။ သူ့လက်သီးတစ်ဖက်က လျှပ်စီးလက်သလို မြန်ပြီး ချင်ယွင်၏ ခေါင်းကို တိုက်ရိုက် ထိုးချလိုက်သည်။
မုတ်ဆိတ်မွေး အမျိုးသားအနေဖြင့်, ၎င်းသည် ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့လက်သည်းများမှ ထူးဆန်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်၏ကျောကို ဖမ်းကုတ်လိုက်သည်။
ချင်ယွင်သည် သူတို့၏ အပြုအမူများကို ကြည့်နေသော်လည်း အေးစက်သော အပြုံးတစ်ခု သူ့မျက်လုံးထဲတွင် တောက်ပလာသည်။
ရှေးဟောင်းနတ်ဘုရားကမ္ဘာမှ လူများသည် အစွမ်းထက်သော်လည်း သူတို့၏တိုက်ခိုက် ရေးစွမ်းရည်မှာ အားနည်းနေပါသည်။ သူတို့မှာ တန်ခိုးကြီးသော နတ်ဘုရားစွမ်းရည်များ လုံးဝ မရှိချေ။ သူတို့အသုံးပြုသည့် နည်းလမ်းတွေက ကြမ်းတန်းလွန်းသည်။
ဘန်း…၊ ချင်ယွင်၏ ရုပ်အသွင်သည် ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူ့တစ်ကိုယ်လုံးသည် ယခင်က တစ်ခါမှ မပေါ်ဖူးသလိုမျိုး ပျောက်ကွယ်သွားခဲ့သည်။
လူငယ်နှင့် မုတ်ဆိတ်မွေးအမျိုးသားတို့၏ တိုက်ခိုက်မှုများသည် အချည်းနှီးပင် ဖြစ်သွားရ သည်။
"အယ်? သူ ဘယ်ရောက်သွားလဲ" လူငယ်နှင့် မုတ်ဆိတ်မွေး အမျိုးသားသည် အကြည့်ချင်း ဖလှယ်ပြီး နေရာအနှံ့ လိုက်ရှာသော်လည်း ချင်ယွင်၏ ရုပ်အသွင်ကို မမြင်နိုင်ဘဲ သူတို့၏ မျက်နှာများတွင် စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။
သို့သော်လည်း ထိုအချိန်တွင် မုတ်ဆိတ်မွေး အမျိုးသား၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းလာကာ လုံးဝ မလှုပ်ဝံ့ဘဲ ထိုနေရာတွင် ရပ်နေလေသည်။
ချင်ယွင်သည် မည်သည့်အချိန်ကတည်းကမှန်းမသိ မုတ်ဆိတ်မွေး အမျိုးသား၏ ခေါင်းပေါ် တွင် ပေါ်လာပြီး သူ၏ခြေထောက်သည် မုတ်ဆိတ်မွေး အမျိုးသား၏ ခေါင်းပေါ်သို့ တက်နင်းထားသည်။
မာနကြီးသော လူငယ်သည် ချင်ယွင်၏ရုပ်အသွင်ကိုလည်း သတိပြုမိခဲ့သည်။ သူသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင် ပေါ်လာသည်။ ထို့နောက် သူသည် ကြောက်မက်ဖွယ်ကောင်းသော လက်သီးအရိပ်ကို သယ်ဆောင်လာပြီး ချင်ယွင်ဆီသို့ ထပ်မံ ပစ်လွှတ်လိုက်သည်။
ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်သောအခါ သူ့ပါးစပ်ထောင့်က လှောင်ပြောင်ဟန် ပေါ်လာသည်။ သူသည် ရုတ်တရက် ခြေထောက်အောက်မှ ခွန်အားကို စိုက်ထုတ်လိုက်ကာ ထိုလူထွားကြီးကို မြေကြီးထဲသို့ ချက်ချင်း နင်းပစ်လိုက်သည်။
"ဘုန်း..."
တစ်ချိန်တည်းမှာပင် မာနကြီးသော လူငယ်၏ ရင်ဘတ်ပေါ်သို့ လက်သီးတစ်ချက် ကျရောက်လာသည်။ ထို့နောက် မာနကြီးသော လူငယ်သည် နောက်သို့ လွင့်ပျံသွားကာ အဝေးက နံရံကို ထိမှန်သွားခဲ့သည်။
သူသည် ပါးစပ်မှ သွေးချောင်းများ ဆိုးလိုက်ပြီး စိတ်ဓာတ်ကျသော အမူအရာ ဖြစ်ပေါ်လာ သည်။
သူတို့အနေဖြင့် ကြယ်ရှစ်ပွင့် ခွန်အားကို ပိုင်ဆိုင်ထားတော့ရော ဘာဖြစ်လဲ။ အစွမ်းထက် တိုက်ခိုက်ရေး နည်းလမ်းများမရှိဘဲ ဤလူများသည် ချင်ယွင်ရှေ့တွင် ၎င်းတို့၏ ခွန်အားကို ပြသရန်ပင် နေရာမရှိသည့် လူရိုင်းများနှင့်တူနေပြီး ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ပေ။
လူငယ်သည် ချင်ယွင် မည်မျှ ကြောက်စရာကောင်းသည်ကို သဘောပေါက်သွားပုံရပြီး လှည့်ထွက်ပြေးတော့မည်။
သို့သော် ချင်ယွင်သည် သူ့ဆန္ဒအတိုင်း မည်သို့ လုပ်ဆောင်ခွင့် ပြုနိုင်မည်နည်း။ သူသည် သူ့လက်ချောင်းများကို ပွတ်ဆွဲလိုက်ပြီး သူ့ရှေ့ရှိ လေဟာနယ်အတွင်း၌ ကြောက်မက်ဖွယ် ကောင်းသော လေဟာနယ်ဓားသွားများစွာ စုစည်းထားသည်။ ၎င်းတို့သည် မမြင်နိုင်သော ပုံရိပ်များအဖြစ် တိုက်ရိုက်ပြောင်းလဲကာ လူငယ်ဆီသို့ ပျံသန်းသွားကြသည်။
လေဟာနယ်ဓားများသည် လူငယ်၏ခန္ဓာကိုယ်ကို တိုက်ရိုက် မထိခဲ့ပေ။ ယင်းအစား ၎င်းတို့သည် လူငယ်၏မျက်ခုံး၊ နှလုံးသားနှင့် ပေါင်ခွကြားဆီသို့ လှည့်ပတ်သွားခဲ့သည်။ လေဟာနယ်မှ ထုတ်လွှတ်သော စူးရှသော အငွေ့အသက်သည် မာနကြီးသော လူငယ်အား သူ့နှလုံးသားထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားစေခဲ့သည်။
"မလုပ်နဲ့...ငါ့ကို မသတ်နဲ့!" လူငယ်သည် သနားကရုဏာကို အလျင်စလို တောင်းခံလိုက် သည်။ သူသည် လုံးဝ မလှုပ်ရဲတော့ပါဘူး။ သူ့ဘေးနားက လေဟာနယ် ဓားတစ်ချောင်းက သူ့ခန္ဓာကိုယ်ကို ဖောက်ဝင်သွားသည်။
ချင်ယွင်က ပြုံးပြီး "ကောင်းပြီလေ!"
အတွေးတစ်ချက်ဖြင့် လူငယ်၏ပေါင်ခြံခွကြားတွင် ဝဲပျံနေသော လေဟာနယ် ဓားသည် ချက်ချင်း ဖြတ်ကျော်သွားကာ လေဟာနယ်ထဲမှ သွေးများ လွင့်စင်သွားခဲ့သည်။
ခြံဝင်းထဲမှာ သနားစရာအော်ဟစ်သံက ထွက်ပေါ်လာခဲ့သည်။