အခန်း ၁၄၂၈
Vol. 96 Ch. 1428
အခန်း (၁၄၂၈) အသားနာခံသည့် ခါးသီးဖွယ်လှည့်ကွက်။
မောက်မာသော လူငယ်၏ အသံသည် အလွန်တရာမှ သနားစရာ ကောင်းလွန်းလှသည်။ သွေးထွက်နေသော သူ့ခန္ဓာကိုယ် အောက်ပိုင်းကို ကြည့်လိုက်ရင်း အလွန်မင်း ထိတ်လန့်သည့် အမူအရာတစ်ခုက သူ့မျက်လုံးထဲတွင် ပေါ်လာသည်။
သူတို့ ရှေးဟောင်းနတ်ဘုရားကမ္ဘာရှိလူများသည် ပျက်စီးနေသော ရုပ်ခန္ဓာကိုယ်များကို ပြန်လည် ကုစားနိုင်သော်လည်း၊ အချိန်အကြာကြီး ယူရပါသေးသည်။
သူလို ဒုက္ခိတဖြစ်သွားရသည့် လူတစ်ယောက်အတွက်မူ, သူ၏အောက်ပိုင်း ခန္ဓာကိုယ်ကို ပြန်လည် ရှင်သန်စေဖို့အတွက် အနည်းဆုံး တစ်လလောက် အချိန်ယူရမှာဖြစ်ပြီး၊ ဤအရာက ရွှေနက်စွမ်းအင် အများအပြား လိုအပ်ပါလိမ့်မယ်။ တစ်နည်းဆိုရသော် သူသည် ဤတစ်လအတွင်း သာမန်လူတစ်ယောက်ကဲ့သို့ ရှင်သန်နေထိုင်နိုင်မည် မဟုတ်တော့ချေ။
ချင်ယွင်သည် အလွန်မင်း နာကျင်နေဟန် အမူအရာရှိသော မာနကြီးသော လူငယ်ကို ကြည့်နေသည်။ သူ့မျက်နှာတွင် ပေါ့ပါးသော အပြုံးတစ်ခု ရှိနေသော်လည်း သူ့မျက်လုံးများ သည် ပြင်းထန်သော အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
"မင်း ဘယ်လိုထင်လဲ, မင်း သူမတို့ကို တိုက်ခိုက်ချင်သေးလား" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။
"မလုပ်ချင်ဘူး၊ ငါ သေချာပေါက် မလုပ်ချင်တော့ပါဘူး။ ကျေးဇူးပြုပြီး သွားခွင့်ပြုပါ" မာနကြီးသော လူငယ်သည် သနားညှာတာပေးရန် ဆောလျင်စွာ တောင်းဆိုလိုက်သည်။ ယခုဆိုလျှင်, သူသည် ချင်ယွင်ကို ပြင်းပြင်းထန်ထန် ကြောက်ရွံ့နေလေပြီ။
"ဒီတစ်ခါတော့ မင်းကို လွှတ်ပေးလိုက်မယ်။ တကယ်လို့, မင်း သူမတို့ကို ထပ်ပြီး အန္တရာယ် ပြုဖို့ သတ္တိရှိသေးတယ်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို သုံးစားမရဖြစ်ရုံလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ မင်းတစ်ကိုယ်လုံးကို အပိုင်းပိုင်းဖြတ်ပြီး မင်းကို သေအောင် သတ်ပစ်မယ်" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့အသံက ပြင်းထန်သော အေးစိမ့်မူများ ထွက်ပေါ်နေသည်။
မာနကြီးသော လူငယ်သည် တုန်တုန်ယင်ယင် ဖြစ်နေပြီး ချင်ယွင်၏ မျက်လုံးများကိုပင် မကြည့်ဝံ့ပေ။
“ဖျောက်…၊ ဖျောက်…”။
ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာပြီးနောက် ခြံတံခါးကို တွန်းဖွင့်လိုက် သည်။
ထို့နောက် လူသုံးယောက်သည် အပြင်ဘက်မှ လမ်းလျှောက်ဝင်လာခဲ့သည်။ သူတို့၏ ခေါင်းဆောင်မှာ သဘာဝအတိုင်း နဂါးနက်မြို့တော်သခင်ဖြစ်သည်။
"ဟား…၊ ဟား…၊ ညီအစ်ကိုချင်က တကယ်တော်ပါတယ်။ မင်းလက်ထဲမှာ ကြယ်ရှစ်ပွင့် စစ်သည်တော်နှစ်ယောက်တောင် တကယ်ကို ပြန်တိုက်ဖို့ခွန်အား နည်းနည်းမှ မရှိခဲ့ဘူး။ မင်းရဲ့ ခွန်အားနဲ့ဆို၊ ဒီတစ်ကြိမ်တော့ ငါတို့ဟာ ရွှေနက်သတ္တုရိုင်းကြောကို သေချာပေါက် ရနိုင်လိမ့်မယ်" နဂါးနက်မြို့တော်သခင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။
"နဂါးနက်မြို့တော်သခင် ရှင်းပြချက်တစ်ခု မပေးသင့်ဘူးလား" ချင်ယွင်က နဂါးနက် မြို့တော်သခင်ကို ကြည့်ကာ အေးစက်စွာ မေးခွန်းထုတ်သည်။
"ငါ မင်းကို ရှင်းပြသင့်ပါတယ်။ မှန်ပါတယ်၊ ငါက ငါ့ရဲ့ လက်အောက်ငယ်သားတွေကို တင်းတင်းကျပ်ကျပ် မဆုံးမမိတဲ့အတွက်၊ ညီအစ်ကိုချင်ကို စော်ကာမိပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါ့မျက်နှာထောက်ပြီး သူတို့အသက်တွေကို ချမ်းသာပေးပါဦး။ နောက်တစ်ကြိမ် သူတို့ ညီအစ်ကိုချင်ကို ထပ်ပြီး နှောင့်ယှက်ပေးဝံ့ရင်, ငါ မင်းရှေ့မှောက် မှာပဲ သေချာပေါက် တရားစီရင်ပေးပါမယ်" နဂါးနက်မြို့တော်သခင်က ကျိန်ဆိုလိုက် သည်။
"ကောင်းပြီလေ၊ ဒါဆို ဒီတစ်ခါတော့ မြို့တော်သခင်ကြောင့် ငါ သူတို့ကို ချမ်းသာပေး လိုက်မယ်။ ဒါပေမယ့် နောက်တစ်ကြိမ်ရှိလာခဲ့ရင်တော့ ငါ ပြောခဲ့သလိုပဲ, ငါ သူတို့ကို သေချာပေါက် သတ်ပစ်မယ်" ချင်ယွင်က အေးစက်စွာ ပြောသည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ဒါဆို ငါက သခင်လေးချင် အနားယူနေတာကို မနှောက်ယှက်တော့ပါဘူး" နဂါးနက်မြို့တော်သခင်က ချင်ယွင်ကို ပြုံးပြသည်။
ထိုသို့ပြောပြီးနောက် ရွှံ့နွံထဲသို့ကျရောက်နေသော မုတ်ဆိတ်မွေးနှင့် အမျိုးသားကို ဆွဲထုတ်ရန် သူ့နောက်မှ လူနှစ်ဦးကို အမိန့်ပေးလိုက်သည်။ထို့နောက် သူသည် ၎င်းတို့ကို ခေါ်သွားကာ ချင်ယွင်ရှိသည့် ခြံဝင်းထဲမှ ထွက်ခွာသွားခဲ့ကြသည်။
သူတို့ထွက်သွားသည်နှင့် တပြိုင်နက် ကျိုးလင်သည် တံခါးကို တွန်းဖွင့်ပြီး ထွက်လာခဲ့ သည်။ နဂါးနက်မြို့တော်သခင် ပျောက်ကွယ်သွားသော တံခါးကို ကြည့်လိုက်ရင်း သူမက အေးစက်စွာ မေးသည် "ခင်ပွန်း၊ ဒီလူနှစ်ယောက်က နဂါးနက်မြို့တော်သခင်ရဲ့ လျှို့ဝှက် ခွင့်ပြုချက်ကြောင့်သာ ဒီကို ရောက်လာခဲ့တာ။ မဟုတ်ရင် သူတို့ ရှုံးနိမ့်တာနဲ့ နဂါးနက် မြို့တော်သခင်က ဒီကို အမြန်ရောက်လာဖို့ မဖြစ်နိုင်ဘူး”။
"သေချာတယ်၊ နဂါးနက်မြို့တော်သခင်က ဒီလူနှစ်ယောက်ကို ငါတို့ရဲ့ ခွန်အားကို စမ်းသပ်ဖို့ ခွင့်ပြုပေးခဲ့တာ။ ဒါပေမယ့် သူက ငါတို့ကို လျှော့တွက်နေတုန်းပဲ။ ကြယ် ၈ ပွင့် စစ်သည်တွေက အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တွေ ထက် နိမ့်ကျလွန်းတယ်။" ချင်ယွင်က မတတ်နိုင်ဘဲ ခေါင်းခါလိုက်သည်။
အစောပိုင်းက တိုက်ပွဲကို ပြန်လည်အကဲဖြတ်ကြည့်လျှင်, ထိုကြယ်ရှစ်ပွင့် စစ်သည်တော် နှစ်ယောက်သည် အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများနှင့် အတော်လေး ကွာခြားနေပါသေးသည်။ အကယ်၍, နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရား ကျွမ်းကျင်သူ အချို့ပင်လျှင်, ၎င်းတို့၏ နတ်ဘုရား စွမ်းရည်များကို အသုံးပြုခဲ့မည်လျှင်ပင်၊ ထိုကြယ်ရှစ်ပွင့် စစ်သည်တော်များကို တိုက်ခိုက်နိုင်ဆဲ ဖြစ်သည်ဟု ဆိုနိုင်သည်။
"ဟုတ်တယ်၊ သူတို့က အရမ်းအားနည်းတယ်လို့လည်း ငါလည်း ခံစားရတယ်။ ဖြစ်နိုင်တာ က, နဂါးနက် မြို့တော်သခင်ရဲ့ခွန်အားကရော အရမ်းအားနည်းနေမလား။ ဒါဆို ရွှေနက် သတ္တုကြောအတွက် သူတို့နဲ့ယှဉ်ပြိုင်ဖို့ မလိုအပ်တော့ဘဲ နဂါးနက်မြို့တော်သခင်ကို တိုက်ရိုက် တိုက်ခိုက်ပြီး နတ်ဘုရားအမိန့်တော်ကို သိမ်းပိုက်လိုက်ရုံပေါ့” ကျိုးလင်က အကြံပြုသည်။
ထိုစကားကိုကြားတော့ ချင်ယွင်က လေးလေးနက်နက် တွေးလိုက်မိသည်။
"အဲဒါတော့ မမှန်ဘူး။ တကယ်တော့ ဒီရှေးဟောင်းနတ်ဘုရား စစ်သည်တော်တွေဟာ မင်းတို့ ထင်သလောက် မပျော့ညံ့ဘူး။ အခုနက အားနည်းသွားရတဲ့ အကြောင်းရင်းက သူတို့က ဟန်ဆောင်ထားလို့ပဲ။ သူတို့က တိုက်ပွဲဝင်အခြေအနေမျိုးကို မဝင်ရောက်ခဲ့ကြ ဘူး။ တိုက်ပွဲဝင်အခြေအနေမျိုး ဝင်ရောက်ထားတဲ့ ရှေးဟောင်းနတ်ဘုရား စစ်သည်တော် တွေနဲ့ တိုက်ပွဲဝင်အခြေအနေမျိုး ဝင်ရောက်ထားခြင်းမရှိတဲ့ ရှေးဟောင်းနတ်ဘုရား စစ်သည်တော်တွေဟာ လုံးဝ ကွဲပြားခြားနားတဲ့ လူနှစ်ယောက်လိုပဲ။ ဒါကြောင့် ဒီနှစ်ကောင်က မင်းတို့ကို တချိန်လုံး လိမ်လည်ဟန်ဆောင်နေကြတာ။" ထိုအခိုက်အတန့် မှာ ခွေးဝါကြီးက ရုတ်တရက် ပြောသည်။
"တိုက်ပွဲဝင်အခြေအနေလား?" ချင်ယွင်က အံ့သြသွား အမူအရာကို ဖော်ပြလိုက်ပါသည်။
ဤကြယ်ရှစ်ပွင့် စစ်သည်တော်နှစ်ဦးသည် အလွန်အားနည်းသည်ဟု သူခံစားမိသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူတို့သည် အစကတည်းက သူတို့၏ ခွန်အားကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်ပြီး၊ ဤနေရာသို့ ဝင်ရောက်လာရသည့် သူတို့၏ရည်ရွယ်ချက်မှာ ကျိုးလင်နှင့် ကျိုးဟုန်ရွှဲ့တို့အတွက် မဟုတ်ဘဲ၊ အမှန်တကယ် စုံစမ်းစစ်ဆေးရန် ဖြစ်နေသည်။
"ဘယ်လို ခါးသီးတဲ့ လှည့်ကွက်တွေလဲ။ ငါတောင် လှည့်စားခံခဲ့ရတယ်။" ချင်ယွင်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
ယခုအချိန်မှာတော့ ထိုလူနှစ်ယောက်ကို နဂါးနက်မြို့တော်သခင်က ညွှန်ကြားထားခြင်း ဖြစ်ကြောင်း အခြေခံအားဖြင့် သူ သေချာသွားသည်။
"ဒါဆို ဒီနဂါးနက်မြို့တော်သခင်လည်း တိုက်ပွဲဝင်အခြေအနေထဲ ဝင်ရောက်နိုင်လား။ တကယ်လို့, သူသာ တိုက်ပွဲဝင်အခြေအနေမျိုးထဲကို ဝင်ရောက်သွားမယ်ဆိုရင် သူ့မှာ ဘယ်လို ခွန်အားတွေ ရှိလာမှာလဲ" ကျိုးလင်က ခွေးဝါကြီးကို ကြည့်ပြီး ဆက်မေးသည်။
"တကယ်လို့, သူသာ တိုက်ပွဲဝင်အခြေအနေမျိုးထဲ ဝင်ရောက်သွားခဲ့ရင်၊ ငါ့ရဲ့အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့် ခွန်အားက သူ့အတွက် သေချာပေါက် ပြိုင်ဘက်မဖြစ်နိုင် ဘူး။ နောက်ပြီး မြို့တော်သခင်တွေအနေနဲ့, ဘိုးဘေးနတ်ဘုရားက သူတို့ကို ကျင်းကြံခြင်း နည်းလမ်းတွေ သင်ပေးထားတဲ့အပြင် သက်ဆိုင်တဲ့ တိုက်ပွဲဝင် စွမ်းရည်တွေကိုတောင် သင်ကြားပေးခဲ့တယ်။ ဒါကြောင့် လုံးဝ ရွေးချယ်စရာမရှိတော့တဲ့ အခြေအနေမျိုး မဟုတ်ရင်, နဂါးနက်မြို့တော်သခင်ကို ထိပ်တိုက် ရင်မဆိုင်တာက အကောင်းဆုံးပဲ။" ခွေးဝါကြီးက ပြောပြပါသည်။
ချင်ယွင်နှင့် ကျိုးလင်တို့သည် ထိုစကားကို ကြားလိုက်သောအခါတွင် သူတို့၏ မျက်နှာများ သည် လေးနက်သော အမူအရာများ ထွက်ပေါ်လာသည်။
"ဒါပေမယ့်, အစောပိုင်းက ဒီကောင်စုတ်လေးကတော့ တကယ်ပဲ တော်တော်လေး သနားစရာကောင်းပါတယ်။ သူ့အောက်ပိုင်း ခန္ဓာကိုယ်က သုံးစားမရဖြစ်သွားခဲ့ပြီ။ အနည်းဆုံးတော့ တစ်လလောက် မိန်းမတွေကို မထိနိုင်တော့ဘူး။ သေချာတာကတော့ သူက မင်းကို လက်စားချေဖို့ သူတတ်နိုင်သမျှ အကုန်လုပ်မှာ သေချာပါတယ်။" ခွေးဝါကြီးက ဆက်ပြောပါသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ အဝါရောင်ကြီး၏ စကားလုံးတွေက သူ့ကို ချက်ခြင်း နိုးထစေသည်။ နဂါးနက်မြို့တော်သခင်သည် အမှန်တကယ်ပင် ရက်စက် ကြမ်းကြုတ် သော စရိုက်လက္ခဏာရှိပြီး၊ မာနကြီးသူဖြစ်ကြောင်းကို သူမြင်နိုင်သည်။ သူသည် အမှန်တကယ်ပင် ကိုယ်လုံးတီးကို ဖြတ်တောက်ခံရသည်ကို ခံနိုင်ရည် ရှိခဲ့သည်။
"စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ, ဒီရွှေနက်သတ္တုကြောခရီးစဉ်အတွက် ကောင်းကောင်း စီစဉ်ထားဖို့ လိုနေပြီ။" ချင်ယွင်သည် သူ့စိတ်ထဲတွင် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့မျက်လုံးများမှ မြေခွေးတစ်ကောင်ကဲ့သို့ ကောက်ကျစ်သည့်အမူအရာ ထွက်ပေါ်လာ သည်။
……
ချင်ယွင်နှင့် အခြားသူများသည် သူတို့ လှည့်ဖြားခံရကြောင်းကို နားလည်သွားကြစဉ် မှာ မောက်မာသော လူငယ်နှင့် မုတ်ဆိတ်မွှေး အမျိုးသားတို့သည်လည်း နဂါးနက်မြို့တော် သခင်၏ စံအိမ်ထဲသို့ နောက်ကနေ လိုက်ပါသွားကြသည်။။
"မင်းတို့ ဒီတစ်ခါ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ အထူးသဖြင့် မင်တိုင်ပဲ။ မင်းက အရှက်တရားဆိုတဲ့ ဝန်ထုပ်ကြီးကို ထမ်းပိုးပြီး၊ ငါ့အတွက် ဖုံးကွယ်ထားပေးဖို့ မလွယ်ကူ ဘူး။ ဒီရွှေနက်က မင်းအတွက်ပဲ"။ နဂါးနက်မြို့တော် သခင်သည် မာနကြီးသော လူငယ်နှင့် မုတ်ဆိတ်မွေးအမျိုးသားကို ကြည့်ပြီး သူတို့ကို ချီးမွမ်းသည်။ ထိုသို့ပြောပြီးနောက်, သူသည် မာနကြီးသောလူငယ်နှင့် မုတ်ဆိတ်မွေး အမျိုးသားကို ရွှေနက်တစ်တုံးစီ ချီးမြှင့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် မြို့သခင်!" မာနကြီးသော လူငယ်နှင့် မုတ်ဆိတ်မွေး အမျိုးသားတို့ သည် နဂါးနက်မြို့တော်သခင်ထံမှ ရွှေနက်ဆုကို ရရှိခဲ့ပြီး သူတို့၏ မျက်လုံးများသည် တုနှိုင်းမရတဲ့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
နဂါးနက်မြို့တော်သခင်သည် ၎င်းတို့အား ထိပ်တန်း ရွှေနက်ဖြင့် ဆုချခဲ့သည်။ လက်သီးဆုပ်အရွယ်တစ်တုံးကပင် သူတို့အတွက် ဆယ်နှစ်ကြာအောင် ကျင့်ကြံဖို့ လုံလောက်ပါပြီ။ ထို့ကြောင့် ထိုဒဏ်ရာများသည် သူတို့မျက်လုံးထဲတွင် လုံးဝကို ထိုက်တန်ပါသည်။
"မြို့သခင်၊ ဒီလက်အောက်ငယ်သားက ဘာမှတော့ မသိပါဘူး။ ချင်ယွင်ရဲ့ ခွန်အားကို ဘာလို့ စမ်းသပ်ခွင့်ပြုပြီး၊ ကျွန်တော်တို့ရဲ့ စွမ်းအား အစစ်အမှန်ကို ဖုံးကွယ်ထားခိုင်းတာ လဲ”။ ဒါက သူ့ရဲ့စွမ်းအားကို စမ်းသပ်ဖို့ အမှန်တကယ် မဖြစ်နိုင်လောက်ဘူး!" မင်တိုင်ဟု သည့် မာနကြီးသော လူငယ်က သံသယစိတ်ဖြင့် မေးသည်။
ထိုစကားကိုကြားတော့ လူတိုင်း နဂါးနက်မြို့တော်သခင်ကို ကြည့်လိုက်ကြသည်။ သူတို့သည်လည်း ထိုမေးခွန်းနှင့်ပတ်သက်ပြီး ဝေခွဲမရဖြစ်နေသည်မှာ ထင်ရှားပါသည်။
နဂါးနက်မြို့တော်သခင်သည် မာနကြီးသော လူငယ်၏ စကားကို ကြားသောအခါ မြေခွေးကဲ့သို့ လိမ္မာကောက်ကျစ်သော အပြုံးကို ထုတ်ဖော်လိုက်ပါသည်။