အခန်း ၁၄၂၉
Vol. 96 Ch. 1429
အခန်း (၁၄၂၉) ရည်မှန်းချက်ကြီး။
"သူတို့ကို စမ်းသပ်ဖို့ မင်းတို့ကို ငါခိုင်းရတဲ့အကြောင်းရင်းက သူတို့ ဘယ်လောက် သန်မာလဲဆိုတာ သိဖို့ပဲ။ တစ်ချိန်တည်းမှာပဲ၊ ငါတို့ရဲ့ ရှေးဟောင်းနတ်ဘုရားကမ္ဘာရဲ့ စစ်သည်တော်တွေဟာ အလွန်အားနည်းပြီး သတိပေါ့လျော့တယ်လို့ သူတို့ကို တွေးစေချင်လို့ပဲ” နဂါးနက်မြို့တော်သခင်က လှောင်ပြောင်သံဖြင့် ပြောသည်။
ထိုစကားကို ကြားတော့ သူ့ဘေးနားက လူတွေအားလုံး လှောင်ပြောင်သရော်သည့် အမူအရာ ကိုယ်စီဖြစ်ပေါ်လာကြသည်။
“ဒါဆိုရင် မြို့တော်သခင်က သူတို့ကို ထွက်သွားခွင့်ပြုဖို့ ရည်ရွယ်ချက်မရှိဘူးပေါ့” မာနကြီးသောလူငယ် မင်တိုင်က ကမန်းကတန်း မေးလိုက်သည်။
နဂါးနက်မြို့တော်သခင်က လှောင်ပြောင် သရော်သံဖြင့် ပြောလိုက်ပါသည် "ဟမ့်၊ နတ်ဘုရား အမိန့်တော်ဟာ တကြိမ်အသုံးပြုပြီးတာနဲ့ အနည်းဆုံး ဆယ်နှစ်လောက် ထပ်ပြီး အသုံးမချနိုင်တော့ဘူး။ ငါက ဒီအပြင်လူတွေကို ဘယ်လိုလုပ် လွယ်လွယ်ကူကူ ပေးရမလဲ။ ဒါ့အပြင်, အပြင်ပကမ္ဘာက လူတွေအားလုံးမှာ ငါတို့ရဲ့ ရှေးဟောင်းနတ်ဘုရား ကမ္ဘာမှာ မပိုင်ဆိုင်နိုင်တဲ့ ရတနာတွေ ရှိတယ်။ အဲဒီရတနာတွေက် ချန်ထားနိုင်ခဲ့ရင် ငါတို့အတွက် ကောင်းတဲ့အရာပဲ။ ဒါက မဆိုးပါဘူး။”
မင်တိုင်နှင့် မုတ်ဆိတ်မွေးအမျိုးသားတို့သည် နဂါးနက်မြို့တော်သခင်၏ စကားကို ကြားသည့်အခါ, သူတို့မျက်နှာတွေပေါ် အေးစက်သည့် အပြုံးကိုယ်စီ ဖော်ပြလာကြသည်။
“မြို့သခင်က သူတို့ကို တကယ်ပဲ လွှတ်ပေးချင်နေတယ်လို့ ကျွန်တော် ထင်နေခဲ့တာ။ ကြည့်ရတာ, သူတို့ကို အသုံးချရုံသက်သက်ပဲ။ ပြင်ပကမ္ဘာက အမျိုးသမီးတွေဟာ ကျွန်တော်တို့ ရှေးဟောင်းနတ်ဘုရားကမ္ဘာက မိန်းမတွေထက် အဆတစ်ရာ ဒါမှမဟုတ် အဆတစ်ထောင်တောင် ပိုလှတယ်လို့ ပြောရမယ်။ အခု သူမတို့ ရုပ်ရည်အသွင်အပြင်ကို တွေးကြည့်တော့ ကျွန်တော် စိတ်လှုပ်ရှားနေတုန်းပဲ။" မင်တိုင်က စိတ်လှုပ်ရှားစွာ ပြောသည်။။
“မင်း ခေါင်းဖြတ်ခံရပြီးသွားပြီလေ။ ဒီမိန်းမတွေအကြောင်း တွေးနေသေးလား။" ဘေးနားရှိ မုတ်ဆိတ်မွေးနှင့် အမျိုးသားက မထိန်းနိုင်ဘဲ လှောင်ပြောင်ရယ်မောလိုက်ပါသည်။
"ဟမ့်၊ ဒါက တစ်လလောက်ပဲ ကြာမှာပါ။ ငါ့ခန္ဓာကိုယ် ပြန်ကောင်းလာတဲ့အခါ ဒီနေ့ ငါခံစားခဲ့ရတဲ့ အရှက်တရားတွေအတွက် ငါ သေချာပေါက် ပြန်ယူမယ်။ ငါ့ရဲ့ ပေါင်ဂွကြား ကကိစ္စအတွက် သူ့မိန်းမက ငါ့ကို သနားညှာတာပေးဖို့ တောင်းဆိုနေတာကို အဲဒီချင်ယွင်ကို ကိုယ်တိုင်ကြည့်စေချင်တယ်။" မင်တိုင်က အေးစက်စွာ အော်ပြောလိုက် သည်။
"ဒါဆို နောက်တစ်ယောက်က ငါ့အပိုင်ပေါ့။" မုတ်ဆိတ်မွေးနှင့် အမျိုးသားက စိတ်လှုပ်ရှား စွာ ပြောလိုက်သည်။
နဂါးနက်မြို့တော်သခင်သည် သူတို့နှစ်ဦးကြား စကားပြောဆိုမှုကို ကြားသောအခါတွင် သူ့မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ကောင်းပြီ၊ မင်းတို့ကောင်တွေလည်း နောက်ဆုတ်နေသင့်တယ်။ ငါ့အမိန့်မပါဘဲ မင်းတို့ကို သူတို့ကို နောက်တစ်ကြိမ်တိုက်ခိုက်ဖို့ အခွင့်မပေးတော့ဘူး။ ငါတို့ ရွှေနက် သတ္တုရိုင်းကြောကို သိမ်းယူပြီးမှ သူတို့ကို တိုက်ခိုက်ရင်လည်း အချိန်မနှောင်းသေးဘူး" နဂါးနက် မြို့တော် သခင်က သူ့လက်အောက်က လူနှစ်ယောက်ကို အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ မြို့တော်သခင်!" မင်တိုင်နှင့် မုတ်ဆိတ်မွေး အမျိုးသားတို့သည် ခေါင်းညိတ် ပြပြီး ခန်းမထဲက ထွက်လာကြသည်။
တချိန်လုံး မည်သည့်စကားမှ ပြန်မပြောဘဲရပ်နေသည့် ကျန်နှစ်ယောက်လည်း ခန်းမထဲက ထွက်လာကြသည်။
သူတို့အားလုံး ခန်းမထဲက ထွက်လာပြီးနောက် ခန်းမထဲမှာ ပုံရိပ်တစ်ခု ပေါ်လာပါသည်။
ထိုပုံရိပ်သည် အရပ်ရှည်ပြီး သွယ်လျကာ ချောမောသော ယောက်ျားတစ်ဦး ဖြစ်သည်။ သို့သော် သူ့အမူအရာက အနည်းငယ် အေးစက်နေပြီး၊ သူ့ပုံစက မည်သည့်အခါမှ ပြုံးရယ်ပုံမပေါ်ပေ။
နဂါးနက်မြို့တော်သခင်သည် ဤလူ၏ထွက်ပေါ်လာမူကြောင့် အံ့သြခြင်းမျိုး မရှိပေ။ သူက မေးလိုက်သည် “မီးလျှံနက်မြို့တော်ဘက်ရော အခု ဘယ်လိုနေလဲ"။
"မြို့သခင်ကို သတင်းပို့ပါတယ်။ မီးလျှံနက်မြို့တော်ဘက်က စပြီး လှုပ်ရှားနေပါပြီ။ ဒီလက်အောက်ငယ်သား သိသလောက်တော့ သူတို့က ကြယ်ရှစ်ပွင့် စစ်သည်တော် ငါးယောက်ကို စုဆောင်းထားပြီးသားပါ။ ကြယ်ကိုးပွင့် စစ်သည်တော်ဖြစ်တဲ့ မီးလျှံနက် မြို့တော်သခင်ကိုပါ ထည့်တွက်ရင်, စုစုပေါင်း ခြောက်ယောက်ရှိပါတယ်။ မကြာခင်မှာ သူတို့က ရှေးဟောင်း မိုင်းတွင်းနေရာကို ဦးတည်သွားလိမ့်မယ်။" အေးစက်စက်လူက ပြန်ဖြေသည်။
"ရွှေနက်မြို့တော်ဘက်ကရော ဘယ်လိုလဲ?။ ဒီလူအိုကြီးက လိမ္မာပါးနပ်ပြီး ရက်စက်လွန်း တယ်။ သူရော ဘာလုပ်နေလဲ။" နဂါးနက်မြို့တော်သခင်က ဆက်မေးသည်။
“ရွှေနက်မြို့တော်က ဒီတခေါက်မှာ ငွေအများကြီး ရင်းနှီးမြှုပ်နှံထားပါတယ်။ ရွှေနက် မြို့တော်ရဲ့ မြို့တော်သခင်က ကြယ်ရှစ်ပွင့်စစ်သည်တော် နှစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ရွှေနက်အမြောက်အမြားကို အသုံးပြုခဲ့တယ်လို့ ပြောလို့ရပါတယ်။ အခု သူ့အောက်မှာ ကြယ်ရှစ်ပွင့် စစ်သည်တော် ခြောက်ယောက်ရှိပြီး၊ ကျွန်တော်တို့ နဂါးနက်မြို့တော်နဲ့ မီးလျှံနက်မြို့တော်ထက် တစ်ယောက်ပိုပါတယ်။ သူနဲ့ရင်ဆိုင်ဖို့ မလွယ်မှာကို ကျွန်တော် စိုးရိမ်မိပါတယ်။" အေးစက်စက်က ဆက်ပြောသည်။
နဂါးနက်မြို့တော်သခင်သည် ထိုစကားကိုကြားသောအခါ မထီမဲ့မြင်ပြုသော အမူအရာကို ထုတ်ဖော်လိုက်၏။
"အရင်တုန်းကဆိုရင်တော့ ရွှေနက်မြို့တော်မှာ ကြယ်ရှစ်ပွင့် စစ်သည်တော်တစ်ဦး ပိုရှိတာက အားသာချက် ကြီးကြီးမားမား ရနိုင်မှာပါ။ ဒါပေမယ့် ဒီတစ်ခါတော့ မတူတော့ ဘူး။ အဲဒီထဲက လူလေးယောက်က ကြယ်ရှစ်ပွင့်စစ်သည်တော်တွေထက် အားနည်းသူတွေ မဟုတ်ကြဘူး။ သူတို့အပါအဝင်ဆို, ငါတို့နဂါးနက်မြို့တော်မှာ ကြယ်ရှစ်ပွင့် စစ်သည်တော် ကိုးယောက်တောင် ရှိတယ်။ ဒီတိုက်ပွဲကို ငါတို့ သေချာပေါက် အနိုင်ရလိမ့်မယ်။" နဂါးနက်မြို့တော်သခင်က ရယ်မောလိုက်သည်။
"သူတို့က အားကိုးလို့ရပါ့လား" အေးစက်စက်လူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"သူတို့ အားကိုးရသည်ဖြစ်စေ အားမကိုးရသည်ဖြစ်စေ, ငါတို့က သူတို့ကို အသုံးချနိုင်သ ရွှေ့ အဆင်ပြေတယ်။ သူတို့ထွက်ပေါ်လာတဲ့ သတင်းတွေ အပြင်မပေါက်ကြားရဘူးဆိုတာ သတိရပါ။ သတင်းပေါက်ကြားစေတဲ့ ဘယ်သူ့ကိုမဆို ငါ သေချာပေါက် ခွင့်မလွှတ်ဘူး" နဂါးနက်မြို့တော်သခင်က အေးစက်စွာ ပြောလိုက်ပြီး၊ သူ့လေသံက ခုခံနိုင်စွမ်းကင်းမဲ့ သည့် တန်ခိုးအာနုဘော်ကို သယ်ဆောင်ထားသည်။
"ဟုတ်ကဲ့ပါ။ ဒါပေမယ့် မြို့သခင်, သူတို့က ကျွန်တော်တို့ကို အဆုံးသတ်မှာ ရွှေနက် သတ္တုရိုင်းကြောကိုရအောင် ကူညီပေးပြီးရင်, သူတို့ကို ဘယ်လိုဖြေရှင်းသင့်လဲ။" အေးစက်စက်လူသည် မထိန်းနိုင်ဘဲ မြင့်တက်လာသည့် သူ့သံသယကို ထုတ်ဖော်လိုက် သည်။
“ဟမ့်၊ စိတ်မပူပါနဲ့၊ သူတို့ကို ရင်ဆိုင်ဖို့ ငါတစ်ယောက်တည်း လုံလောက်မှာပါ။ အဲဒီခွေးနဲ့ ချင်ယွင်လို့ခေါ်တဲ့ လူငယ်ကလွဲရင် ကျန်တဲ့ကောင်တွေကို ကြောက်စရာပါဘူး။ ဒါပေမယ့် သူတို့ကို သတ်ပစ်ဖို့ကလည်း ရွှေနက်သတ္တုရိုင်းကြောတွေအတွက် သတ်ဖြတ်ရခြင်းထက် အားမနည်းလောက်ဘူး။” သတ်ဖြတ်လိုသည့်ဆန္ဒက နဂါးနက်မြို့တော်သခင်၏ မျက်လုံးများထဲမှ ထွက်ပေါ်လာပြီး သူ့ပါးစပ်ထောင့်တွင် မြေခွေးလို အပြုံးတစ်ခု ပေါ်လာ သည်။
အေးစက်စက်လူသည် နဂါးနက်မြို့တော်သခင်၏ စကားကိုကြားသောအခါ၊ သူ့မျက်နှာသည်လည်း နားလည်သွားသည့် အမူအရာ ထင်ရှားပေါ်လွင်လာသည်။
"အခု ငါအစိုးရိမ်ဆုံးက အဲဒီခွေးပဲ" နဂါးနက်မြို့တော်သခင်က တုန့်ဆိုင်းသည့်အသံဖြင့် ပြောသည်။
"အယ်?" အေးစက်စက်လူသည် ဝေခွဲမရဖြစ်ဟန် အမူအရာကို ထုတ်ဖော်လိုက်သည်။
"ငါ့အဖေ အသက်ရှိစဉ်တုန်းက, သူက သခင်ကောင်းကင်ဘုံသခင်နဲ့ တွေ့ဆုံးခဲ့ဖူးတယ်။ သခင်ကောင်းကင်ဘုံသခင်မှာလည်း သူနဲ့အတူ ခွေးတစ်ကောင်ရှိနေတယ်လို့ ငါ့အဖေက ပြောခဲ့ဖူးတယ်။ နောက်ပြီး သူပြောပြတဲ့ ပုံပန်းသဏ္ဍာန်အရ အခု ငါတို့မြင်ခဲ့ရတဲ့ ခွေးနဲ့ အတူတူပဲ။ ဒီခွေးက အဲဒီခွေးတစ်ကောင်လားလို့ ငါ သိချင်မိတယ်။" နဂါးနက်မြို့တော် သခင်က စိုးရိမ်တကြီး ပြောသည်။
"သခင်၊ ဒီခွေးက သခင်ကောင်းကင်ဘုံသခင် ဘေးအနားက ခွေးဖြစ်နေရင်တောင် ကြောက်စရာ မရှိပါဘူး။ ကျွန်တော် သိရှိသလောက်ဆို သခင်ကောင်းကင်ဘုံသခင် ပေါ်မလာတာ ကြာလှပြီ။ ကျွန်တော် ထင်တာက... သူ... "။
သို့သော် သူ့စကား တစ်ဝက်တစ်ပျက်မှာပင် သူ့ကို နဂါးနက်မြို့တော်သခင်က တားဆီး လိုက်ပါသည်။
"တချို့အရာတွေကို မင်းရဲ့စိတ်နှလုံးထဲမှာ သိမ်းထားတာ ကောင်းတယ်။ အကျယ်ကြီး ထုတ်မပြောမိစေနဲ့။ ငါတို့မြို့သခင်တွေဟာ နတ်ဘုရားအမိန့်တော်ကို ပိုင်ဆိုင်ထားပြီး၊ ဒီရှေးဟောင်းနတ်ဘုရားကမ္ဘာကို စွန့်ခွာသွားနိုင်ပေမယ့် ဘယ်သူမှ ထွက်ခွာဖို့ ဆန္ဒမရှိကြ ဘူး။ ဘာကြောင့်လဲ မင်း သိလား။" နဂါးနက်မြို့တော်သခင်က အေးစက်စက်လူကို ကြည့်ပြီး မေးသည်။
အေးစက်စက်လူက မသိနားမလည်ကြောင်း ထုတ်ဖော်ပြောကာ ခေါင်းခါပြလိုက်သည်။
"အဲဒါက သခင်ကောင်းကင်ဘုံသခင်က ဒီကမ္ဘာကြီးကို ကန့်သတ်ချုပ်ချယ်ထားလို့ပဲ။ ငါတို့ ရှေးဟောင်းနတ်ဘုရားကမ္ဘာက လူတွေ အပြင်ထွက်သွားဖို့ သတ္တိရှိသရွေ့ သူတို့ဟာ ချက်ချင်း သုတ်သင်ခံရလိမ့်မယ်။" နဂါးနက်မြို့တော်သခင်က မှုန်ကုပ်ကုပ် အမူအရာဖြင့် ပြောလိုက်သည်။
အေးစက်စက်လူသည် ထိုစကားကိုကြားသောအခါ သူ၏မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်တကြားဖြစ်သည့်အမူအရာ ပေါ်လာသည်။
"အပြင်ဘက်ကမ္ဘာကြီးက ငါတို့ထင်ထားတာထက် ပိုကြီးပါတယ်။ ဒါပေမယ့် သခင် ကောင်းကင်ဘုံသခင်က ငါတို့ကို မျှော်လင့်ချက်ပေးထားပြီး၊ ငါတို့ရဲ့ ပြန်ဆုတ်ခွာမယ့် လမ်းကြောင်းကိုတော့ ဖြတ်တောက်ထားတယ်။ ငါတို့က သူသိမ်းထားတဲ့ အိမ်မွေး တိရိစ္ဆာန်တွေလိုပါပဲ။ ငါတို့က ဒီရှေးဟောင်းနတ်ဘုရားကမ္ဘာမှာ ကိုယ့်ကိုကိုယ် အကျဉ်းချ ခံပြီး ရှုပ်ယှက်ခတ်တဲ့ဘဝတွေနဲ့ ရှင်သန်နေထိုင်ကြရတယ်။" နဂါးနက်မြို့တော်သခင်၏ အမူအရာက ပို၍ပင် မှုန်မှိုင်းလာခဲ့သည်။
အေးစက်စက်လူက ခန့်မှန်းပြောဆိုရင် ကြိုးစားလိုက်သည် "မြို့သခင်က ဒီပြင်ပလူတွေကို ချန်ထားခဲ့ရတဲ့ အကြောင်းရင်းက…"
'မှန်တယ်။ သူတို့ဆီက သတင်းအချက်အလက်တွေ ပိုရချင်လို့ပဲ။ တစ်ချိန်တည်းမှာပဲ ဒီသခင်ကောင်းကင်ဘုံသခင်က ဘယ်သူလဲဆိုတာ ငါ သိချင်တယ်။ ဒီလူတွေဆီကနေ ဒီရှေးဟောင်းနတ်ဘုရားကမ္ဘာကနေ ထွက်သွားနိုင်မယ့် နည်းလမ်းရှာချင်တယ်။ ဒါကြောင့် ဘာလိုပဲဖြစ်ဖြစ် ငါက သူတို့ကို ထွက်သွားခွင့် ပေးမှာ မဟုတ်ဘူး။" ဒါက ငါတို့ ရှေးဟောင်း နတ်ဘုရားကမ္ဘာရဲ့ မျှော်လင့်ချက်ပဲ။ နဂါးနက်မြို့တော်သခင်သည် အေးစက်သော အမူအရာဖြင့် ပြောသည်။ သူ့မျက်လုံးများသည် ပြင်းထန်သော ရည်မှန်းချက်များဖြင့် တောက်ပနေသည်။
အေးစက်စက်လူသည် နဂါးနက်မြို့တော်သခင်၏ စကားကိုကြားသောအခါ သူ့သွေးများ လုံးလုံး တုန်လှုပ်သွားသည်။ နဂါးနက်မြို့တော်သခင်သည် ရှေးဟောင်းနတ်ဘုရားကမ္ဘာမှာ နေထိုင်သူများအတွက် အမှန်တကယ် တွေးတောနေခြင်း ဖြစ်သည်ဟု သူ ထင်သွားခဲ့ သည်။ သူက ချက်ချင်း ဒူးထောက်လိုက်ပြီး ပြောသည် "လင်းယင် သေသွားရင်တောင် မြို့တော်သခင်ရဲ့ ကြီးကျယ် ခမ်းနားတဲ့ဆန္ဒကို ဖြည့်ဆည်းပေးမှာပါ!"
ထိုစကားကိုကြားတော့ နဂါးနက်မြို့တော်သခင်သည် အနှိုင်းမဲ့ တောက်ပသော အပြုံးကို ထုတ်ဖော်လိုက်ပါသည်။