← Chapters

အခန်း ၁၄၃၀

Vol. 96 Ch. 1430

အခန်း ၁၄၃၀

Vol. 96 Ch. 1430

အခန်း (၁၄၃၀) ဆိုးယုတ်သောရည်ရွယ်ချက်များ။

နောက်သုံးရက်သည် ငြိမ်သက်သွားခဲ့သည်။ ချင်ယွင်သည် တစ်ကြိမ်မျှ စိုးရိမ်စရာ မဖြစ်သည့်အပြင်, နဂါးနက်မြို့တော်သခင်ကလည်း ချင်ယွင်ကို ထပ်မံ မနှောင့်ယှက်တော့ ပေ။

ထုံးစံအတိုင်း၊ ချင်ယွင်သည် နဂါးနက်မြို့တော်သခင်ကို ရှာဖွေရန် အစပြုမည် မဟုတ်ပေ။ နောက်ဆုံးတွင်၊ သူသည် နဂါးနက်မြို့တော်သခင်၏ အကြံအစည်များကို မြင်ပြီး ဖြစ်သည်။

သို့သော် စတုတ္ထမြောက်နေ့တွင်၊ နဂါးနက်မြို့တော်သခင်သည် ချင်ယွင်အား ရှေးဟောင်း သတ္တုတူးဖော်ရေး နယ်မြေဟုခေါ်သော နေရာသို့သွားမည် ဖြစ်ကြောင်း အကြောင်းကြား လာခဲ့သည်။

ချင်ယွင်သည် ယခင်က ဆွေးနွေးခဲ့သည့်အတိုင်း သူနှင့် ကျိုးလင်တို့သည် နဂါးနက် မြို့တော်သခင်နှင့်အတူ ရွှေနက်သတ္တုရိုင်းကြောအတွက် ယှဉ်ပြိုင်ရန် ရှေးဟောင်း သတ္တုတွင်းဧရိယာသို့ လိုက်ပါသွားမည် ဖြစ်သည်။ သူတို့သည် အခြေအနေအရ လှုပ်ရှားကြခြင်းဖြစ်ပြီး, ကျိုးယွမ်၊ လိပ်နက်နတ်ဘုရားသားရဲ၊ နေသာဧကရာဇ်, ကျိုးဟုန်ရွှဲ့ နှင့် ခွေးဝါကြီးတို့ကို နဂါးနက်မြို့တော်တွင် ထားရှိခဲ့မည် ဖြစ်သည်။

သူ ယခုလိုလုပ်ရသည့် အကြောင်းအရင်းကတော့, ချင်ယွင်သည် သူတို့ကို လမ်းတစ်လျောက်လုံး ခေါ်ဆောင်သွားရမည်ကို စိုးရိမ်၍ဖြစ်သည်။ အချိန်တန်ရင်၍, တိုက်ပွဲများဖြစ်ပြီး၊ ကမောက်ကမ ဖြစ်လာချိန်မှာ, သူတို့သည် မတော်တဆမှုတွေ အလွယ်တကူ ကြုံတွေ့လာနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ သူတို့ကို နဂါးနက်မြို့တော် မှာ ထားခဲ့ခြင်းက အန္တရာယ် အကင်းဆုံးဖြစ်သည်။

အဆုံးတွင်, နဂါးနက်မြို့တော်၏ ကျွမ်းကျင်ပညာရှင်များသည် မြို့ထဲကနေ ထွက်ခွာသွား ကြမည် ဖြစ်သည်။ ထို့အပြင် ခွေးဝါကြီးလို ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးလည်း ရှိနေပါသည်။ ထို့ကြောင့် မည်သည့်ပြဿနာမှ မဖြစ်သင့်ပါဘူး။

ချင်ယွင်အနေဖြင့်, ပြောစရာပင် မလိုပါချေ။

ကျိုးလင်အနေဖြင့်မူ, သူမသည် မူလကကတည်းက အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့ဖူးပြီး၊ ယခု ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင် ဝိညာဉ်လင်ဇီး၏ အကူအညီဖြင့် သူမသည် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားကာ အဆင့်ချိုးဖြတ်မည့် လက္ခဏာများပင် အနည်းငယ် ရှိနေပြီ။

ယခုအချိန်တွင်၊ သူမ၏ ခွန်အားသည် သာမန် အထွက်အထိပ် မြေကမ္ဘာနတ်ဘုရား နယ်ပယ် ကျွမ်းကျင်ပညာရှင်ထက်ပင် အားကောင်းနေပါပြီ။ အကယ်၍ အခွင့်အရေးရခဲ့ ပါက, သူမသည် ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ပင် ဖြတ်ကျော်သွားနိုင်မည် ဖြစ်သည်။ ထို့ကြောင့်၊ သူမ၏ ခွန်အားသည် သူ့အစ်ကို ကျိုးယွမ်၏ အထက်တွင် အပြည့်အဝ ရှိနေသည်။

ထို့အပြင်, ချင်ယွင်၏ ခွန်အားက မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်ကို ရောက်ရှိနေပါပြီ။ သူသည် လေဟာနယ်ထိန်းချုပ်သူတစ်ဦးလည်း ဖြစ်လာခဲ့ပြီ။ သူသည် လက်တွေ့အားဖြင့် မြေကမ္ဘာနတ်ဘုရားများကြားတွင် ပြိုင်ဘက်မရှိဟု ဆိုနိုင်သည်။ သူသည် အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် မယှဉ်နိုင် သေးသော်လည်း၊ သူသည် ထွက်ပြေး လွတ်မြောက်နိုင်ပါသေးသည်။ ထို့ကြောင့် သူတို့၏ စီစဉ်မှုသည် အသင့်လျော်ဆုံး ဖြစ်သည်။

…

နဂါးနက်မြို့တော်၏ အတွင်းပိုင်းမြို့တော် ဝင်ပေါက်တွင် ချင်ယွင်နှင့် ကျိုးလင်တို့သည် အတွင်းမြို့တော်ထဲမှ ဖြည်းညှင်းစွာ ထွက်ခွာသွားကြသည်။

နဂါးနက်မြို့တော်သခင်သည် မြို့တံခါးတွင် အကြာကြီးစောင့်နေပြီ ဖြစ်သည်။ နဂါးနက် မြို့တော်သခင်အပြင်, သူ့နောက်မှာ လူငါးယောက်လည်း ရှိနေခဲ့ပါသည်။ ၎င်းတို့ထဲတွင် လူလေးယောက်သည် ချင်ယွင် ယခင်က မြင်ခဲ့ဖူးသည့် ကြယ်ရှစ်ပွင့် စစ်သည်တော် လေး ယောက်ဖြစ်သည်။

နောက်တစ်ယောက်ကတော့ ချင်ယွင်သည် တစ်ခါမှမမြင်ဖူးသည့် အေးစက် တင်းမာသည့် လူဖြစ်သည်။ ဤပုဂ္ဂိုလ်၏ ကျင့်ကြံမှုမှာလည်း ကြယ်ရှစ်ပွင့် ဖြစ်သည်။

မင်တိုင်အမည်ရှိ မောက်မာသော လူငယ်သည် ချင်ယွင် သူတို့ဆီသို့ လျှောက်လှမ်းလာ သည်ကို မြင်သောအခါ, သတ်ဖြတ်လိုစိတ်ဖြင့် သူ့မျက်လုံးများက တောက်ပလာသည်။ ကျိုးလင်ဆီသို့ကြည့်နေသည့် သူ့အကြည့်များက ပြင်းပြသော ပိုင်ဆိုင်လိုစိတ်များ သယ်ဆောင်ထားသည်။

ချင်ယွင်သည် မင်တိုင်၏ မျက်လုံးများကို သဘာဝအတိုင်း ကြည့်လိုက်သော်လည်း သူ့မျက်နှာက အထင်အမြင်သေးသည့် ပုံနေပေါ်သည်။ ဤအထင်မြင်သေးမူက ၇၀ ရာခိုင်နှုန်းက အတုယောင်လုပ်ထားပြီး ၃၀ ရာခိုင်နှုန်းက အစစ်မှန်ဖြစ်သည်။

သူသည် မင်တိုင်နှင့် အခြားသူများ၏ စွမ်းအားအစစ်အမှန်ကို မမြင်နိုင်ဟန် အခြေအနေ တစ်ခုကို ဖန်တီးလိုသောကြောင့်, သူ့မျက်လုံးများတွင် မောက်မာဟန်ပို၍ ထုတ်ဖော်ထား လေ, ချင်ယွင်က သူတို့၏ထောင်ချောက်ထဲသို့ ကျရောက်နေပြီဟု မင်တိုင်နှင့် အခြားသူများသည် ပိုခံစားရလေ ဖြစ်လိမ့်မည်။

"အယ်၊ ညီအစ်ကိုချင်၊ ဘာလို့ နှစ်ယောက်တည်း လာခဲ့ရတာလဲ။ ကျန်တဲ့ လေးယောက်က ဘယ်မှာလဲ" ချင်ယွင်နှင့် ကျိုးလင်တို့နှစ်ယောက်သာ ရောက်ရှိလာသည်ကို မြင်လိုက်ရ သဖြင့် နဂါးနက်မြို့တော်သခင်က အံ့အားသင့်စွာ မေးလိုက်သည်။

"သူတို့က ဒီနေရာက မြေဆွဲငင်အားနဲ့ အသားမကျသေးဘူး။ ဒါကြောင့် သူတို့ကို လိုက်ခွင့် မပြုခဲ့ပါဘူး။ ဒါပေမယ့် ငါ့မိန်းမနဲ့ ငါရဲ့အကူအညီနဲ့လည်း မင်းကို ရွှေနက်သတ္တုရိုင်း ကြောကို သိမ်းပိုက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။" ချင်ယွင်က သူ့လေသံတွင် မောက်မာဟန် မထင်မရှား ထည့်သွင်းကာ တုန့်ပြန်လိုက်သည်။

နဂါးနက်မြို့တော်သခင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်၊ သူတို့ဘက်မှ ကြယ်ရှစ်ပွင့် စစ်သည်တော်ငါးဦးနှင့်အတူ ချင်ယွင်နှင့် ကျိုးလင်တို့ကိုပါ ထည့်တွက်လိုက်သောအခါ, သူတို့ဘက်မှာ ခုနစ်ဦး ရှိနေခဲ့ပြီ။ ရလာဒ်အနေဖြင့်, သူတို့ဘက်မှာ ကြယ်ရှစ်ပွင့် စစ်သည်တော် အများဆုံးရှိနေဆဲပင်။

ထိုအတွေးကြောင့် နဂါးနက်မြို့တော်သခင်သည် စိတ်သက်သာရာ ရသွားခဲ့သည်။ သူက ခေါင်းညိတ်ပြီး "ဟုတ်ပါတယ်။ ဒီတစ်ခါတော့ ညီအစ်ကိုချင်ကို ဒုက္ခပေးရလိမ့်မယ်" ဟု ပြောလိုက်ပါသည်။

"ဒါက မင်းလိုအပ်တာကို ရဖို့ကိစ္စပဲလေ" ချင်ယွင်က နဂါးနက်မြို့တော်သခင်ကို သူ့မျက်လုံးထဲမှာ လုံးဝ မထည့်ထားဟန်ဖြင့် ရယ်မောပြီး ပြောလိုက်သည်။

နဂါးနက်မြို့တော်သခင်သည် ရှက်ရွံ့စွာ ပြုံးပြသော်လည်း အေးစက်သော အလင်းတန်း တစ်ခုက သူ့မျက်လုံးများ၏ နက်ရှိုင်းသောအရပ်ဆီမှ လင်းလက်သွားခဲ့သည်။

သို့သော် ထိုအေးစက်သည့် အလင်းတန်းသည် လင်းလက်ပြီး၊ တခဏအတွင်း ပျောက်ကွယ်သွားခဲ့ပြီး၊ ၎င်းကို ချင်ယွင်ပင် သတိမထားမိလိုက်ပေ။

"သွားကြရအောင်။ အခု ငါတို့ ရှေးဟောင်းသတ္တုတွင်း ဧရိယာကို ဉီးဆောင်ခေါ်သွားမယ်" နဂါးနက်မြို့တော်သခင်က ပြောသည်။

ချင်ယွင်လည်း ခေါင်းညိတ်ပြလိုက်သည်။

ရလာဒ်အနေနှင့် နဂါးနက်မြို့တော်သခင်နှင့် အခြားသူများသည် မြို့ပြင်သို့ အမြန် ထွက်သွားခဲ့ကြသည်။ ချင်ယွင်နှင့် ကျိုးလင်တို့သည် သူတို့နောက်မှ ဆောလျင်စွာ လိုက်သွားပြီး, သူတို့သည် ဆယ်ကျန်းအကွာအဝေးကို ထိန်းထားသည်။

"ခင်ပွန်း၊ ဒီနဂါးနက်မြို့တော်သခင်က ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားတယ် ဆိုတာ သိသာထင်ရှားတယ်။ ငါတို့ ပိုသတိထားဖို့ လိုပုံရတယ်။" ကျိုးလင်က ချင်ယွင်ကို အသံဖြင့် ထုတ်လွှင့်ကာ ပြောသည်။

"အမှန်ပဲ။ နဂါးနက်မြို့တော်သခင်က ငါတို့ကို အစကတည်းက အသုံးချနေတာပဲ၊ နောက်ဆုံးမှာ, သူက ငါတို့ကို သေချာပေါက် ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူး။ တကယ်လို့, ငါတို့က သူ့ကိုကူညီပြီး ရွှေနက်သတ္တုရိုင်းကြောကို အမှန်တကယ် သိမ်းပိုက်ပြီးတာနဲ့, သူက ကြိတ်ဆုံကျောက်တုံးကို ချွတ်ပြီး မြည်းကိုသတ်သလို သတ်ပစ်လိမ့်မယ်။" ချင်ယွင်က အသံဖြင့် ပြန်ကြားလိုက်သည်။

"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ" ကျိုးလင်သည် အသံဖြင့် အလောတကြီး မေးလိုက်သည်။

"အခုချိန်မှာ, ငါတို့က တစ်ကြိမ်မှာ ခြေတစ်လှမ်းသာ လျှောက်လို့ရတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သူက ငါတို့နဲ့ ရင်ဆိုင်ချင်ရင်တောင် ငါ မင်းနဲ့အတူ ထွက်ပြေးဖို့ နည်းလမ်း ရှိပါသေးတယ်။ ငါ မင်းကို သေချာပေါက် မနာကျင်စေရဘူး" ချင်ယွင်က စိတ်ပိုင်းဆိုင်ရာ ပေးပို့ပြီး ကျိုးလင်ကို တချိန်တည်း ပြုံးပြလိုက်သည်။

ကျိုးလင်က ဝမ်းသာအားရ ပြုံးပြီး ဆက်မေးသည်။ "ဒါဆို, ငါ့အစ်ကိုနဲ့ တခြားသူတွေ မြို့ထဲမှာနေဖို့ မလုံခြုံဘူးမလား"

"အဲဒါကိုလည်း စိတ်မပူပါနဲ့။ ဒီအကြောင်းကို ငါ စဉ်းစားပြီးသားပါ။ တကယ်လို့, ငါတို့ တကယ်ပဲ နဂါးနက်မြို့တော်သခင်ကို မသတ်နိုင်ဘူးဆိုရင်, ငါ မင်းကို ခွေးဝါကြီးဆီကို ချက်ချင်း ပို့ပေးပြီး မင်းအစ်ကိုနဲ့ တခြားသူတွေခေါ်ပြီး ထွက်သွားဖို့ သူ့ကို ပြောလိုက်မယ်” နဂါးနက်မြို့တော်သခင် ပြန်မရောက်ခင်မှာ, မင်းတို့ နဂါးနက်မြို့တော်ကနေ ထွက်သွားနိုင် မှာ သေချာပါတယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

ကျိုးလင် ခေါင်းညိတ်လိုက်သည်။ ချင်ယွင်၏ စီစဉ်မှုသည် လက်ရှိအချိန်တွင် အမှန်တကယ်ပင် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။

ခွေးဝါကြီးက ဒီနဂါးနက်မြို့တော်သခင်၏ စွမ်းအားကို လျှော့တွက်၍ မရဟု ယခင်က ပြောခဲ့ဖူးသည်။ အကယ်၍, သူတို့သည် သူ့ကို သတ်ဖြတ်ချင်လျှင်ပင် ထိပ်တိုက်ရင်ဆိုင်၍ မတိုက်ခိုက်နိုင်ပါဘူး။ သူတို့သည် သင့်လျော်သော အခွင့်အရေးကိုသာ ရှာဖွေနိုင်ပါသည်။ အကယ်၍, တခြားမြို့တော်နှစ်ခုက သူတို့ကို ယုံကြည်သည်ဆိုလျှင်, သူတို့အနေဖြင့်, ထိုမြို့တော်များနှင့် လက်တွဲရန် မဖြစ်နိုင်ခြင်းလည်း မဟုတ်ပါဘူး။ ထို့ကြောင့် သူတို့သည် ယခုအခါ အခြေအနေအတိုင်းသာ လှုပ်ရှားနိုင်မည် ဖြစ်သည်။

ချင်ယွင်နှင့် ကျိုးလင်တို့သည် နဂါးနက်မြို့တော်သခင်နှင့် မည်သို့ရင်ဆိုင်ရမည်ကို ဆွေးနွေးနေကြစဉ် ၎င်းတို့ရှေ့မှ လူအနည်းငယ်သည်လည်း ပြင်းထန်စွာ ဆွေးနွေးနေကြ သည်။

"မြို့တော်သခင်၊ ကျွန်တော်တို့ရဲ့အင်အားက မလုံလောက်သေးဘူးလို့ ဒီကောင်စုတ်လေး တကယ်ထင်နေခဲ့ပြီ။ အစောပိုင်းက သူ့အမူအရာက ကျွန်တော်တို့ကို သူ့မျက်လုံးထဲ ထည့်မထားဘူး။ သူက မောက်မာလွန်းပြီး သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ ထင်နေခဲ့တယ်" မင်တိုင်က ရယ်မောပြီး စိတ်ပိုင်းဆိုင်ရာ ပေးပို့လိုက်ပါသည်။

နဂါးနက်မြို့တော်သခင်က မထီမဲ့မြင်ပြုဟန် အပြုံးကို ထုတ်ဖော်လိုက်ပါသည်။ သူသည် ချင်ယွင်၏ မသိနားမလည်မှုကို လျှို့ဝှက်စွာ လှောင်ပြောင်နေသည်မှာ ထင်ရှားပါသည်။

"မြို့သခင်၊ ဒီကောင်စုတ်က တကယ်ကို မာနကြီးနေတယ်။ သူက ကျွန်တော်တို့ရဲ့ ကံကြမ္မာကောင်းကို ပျက်ဆီးစေမှာလား။" မုတ်ဆိတ်ဖြူ အဘိုးကြီးတစ်ယောက်က မထိန်းနိုင်ဘဲ မေးလိုက်သည်။

သူသည် နဂါးနက်မြို့သခင်၏ နတ်ဘုရားအမိန့်တော်အား ငှားရမ်းခြင်းကို ဆန့်ကျင်ခဲ့သော လူသုံးဦးတွင် နောက်ဆုံးလူ ဖြစ်သည်။ သူ့မျက်နှာက ခိုးကြောင်ခိုးဝှက်ပုံစံ အနည်းငယ် ရှိပြီး သူသည် လူကောင်းမဟုတ်ကြောင်း ထင်ရှားသည်။

"စိတ်မပူပါနဲ့၊ သူ သွေးနထင်ရောက်လေ, ပိုကောင်းလေပါပဲ။ နောက်ကျရင် သူက အရင်ဆုံး တာဝန်ခံ လှုပ်ရှားရမယ့်လူ ဖြစ်လာမှာ သေချာပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အများကြီး သက်သာစေလိမ့်မယ်" တစ်ချိန်လုံး တိတ်တိတ် ဆိတ်ဆိတ်နေခဲ့သည့် နောက်ထပ် တင်းမာအေးစက်သော လူငယ် တစ်ဦးက ပြောသည်။

"ဟမ့်၊ သူက ငါ့ကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့တယ်။ ငါ သူ့ကို အနှေးနဲ့အမြန် လက်စားချေရ မယ်။ အချိန်တန်ရင် သူ့မိန်းမက ငါ့ရှေ့မှာ ဘယ်လိုရုန်းကန်နေလဲဆိုတာ ငါ သူ့ကို မြင်အောင်ပြရမယ်" မင်တိုင်က ရယ်မောလိုက်သည်။

ထိုစကားကို လူတိုင်းကြားသောအခါ၊ သူတို့အားလုံးသည် ရက်စက်ကြမ်းကြုတ်သော အမူအရာများကို ကိုယ်စီ ထုတ်ဖော်လာကြသည်။ နဂါးနက်မြို့တော်သခင်၏ ပါးစပ်ထောင့်စွန်းကမူ အေးစက်သည့် အပြုံးတစ်ခုကဲ့သို့ တွန့်ကွေးသွားခဲ့သည်။

တိတ်ဆိတ်စွာ ရပ်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသာ မျက်မှောင် ကြုတ်လိုက်သည်။ သူ့အဖော်တွေ၏ လုပ်ရပ်တွေက မသင့်လျော်ဟု သူသည် ဖျတ်ခနဲ ခံစားလိုက်ရသည်။

သို့သော် သူသည် ဘာမှမပြောပေ။ နောက်ဆုံးတော့ သူ့မှာ မည်သည့်ပြောပိုင်ခွင့်မှ မရှိပါဘူး၊ သူပြောရင်တောင် ဘယ်သူမှ နားထောင်မှာ မဟုတ်ပါဘူး။

All Chapters