← Chapters

အခန်း ၁၄၃၃

Vol. 96 Ch. 1433

အခန်း ၁၄၃၃

Vol. 96 Ch. 1433

အခန်း (၁၄၃၃) အရေးမပါသည့်အရည်ချင်းတစ်ခု။

"လုံဟွာ (နဂါးနက်)၊ မင်းရဲ့နဂါးနက်မြို့တော်က အပြင်ဘက်က လူပိုနှစ်ယောက်ကို ဘယ်တုန်းက ရခဲ့တာလဲ။ မင်း ဘာလို့ သူတို့ကို ငါတို့နဲ့ မိတ်ဆက်မပေးတာလဲ။" ရွှေနက်မြို့တော်သခင်က ပြုံးပြီး နဂါးနက်မြို့တော်သခင်ကို ပြောလိုက်သော်လည်း၊ သူ့အကြည့်တွေက ကျိုးလင်ဆီကို ရောက်သွားခဲ့သည်။

နဂါးနက်မြို့တော်သခင်သည် ရွှေနက်မြို့တော်သခင်၏ စကားကို ကြားသောအခါ၊ သူသည် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ကာ ပြုံးရင်း ပြောလိုက်သည် "ဟမ့်၊ ဒါက ငါ့ရဲ့ညီအစ်ကို ချင်ယွင်ပါ။ သူကတော့ ပြင်ပကမ္ဘာက လာခဲ့ တာပဲ။ သူ့ဘေးနားက သူ့ဇနီး ကျိုးလင်ပါ။ သူတို့အားလုံးက နဂါးနက်မြို့တော်ကပဲ"။

"အိုး? ပြင်ပကမ္ဘာက လူတွေက ငါတို့နဲ့ မတူဘူးကွ။ ပြင်ပကမ္ဘာက အမျိုးသမီးတွေဟာ ကောင်းကင်ဘုံက နတ်သမီးတွေလို ပန်းတွေလို လှပတယ်လို့ ပြောကြတာ ပြောကြတယ်။ ဒီနေ့ သူတို့ရဲ့ ဂုဏ်သတင်းက တကယ်ကို အမှတ်ရထိုက်တယ်။" ရွှေနက်မြို့တော်သခင်က ချင်ယွင်၏ နောက်ကွယ်မှ ကျိုးလင်ကို ကြည့်ကာ၊ သူ့မျက်လုံးများတွင် တပ်မက်မှု အရိပ်အယောင်ဖြင့် ပြောလိုက်သည်။ သူသည် ချင်ယွင်ကို လုံးဝ လျစ်လျူရှုထားသည်။

ချင်ယွင်သည် ကျိုးလင်၏ ရှေ့တွင် လေးလေးနက်နက် မျက်မှောင်ကြုတ်နေကာ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဟန်ဖြင့် ရပ်နေသည်။

ရွှေနက်မြို့တော်သခင်သည် သူ့အမြင်အာရုံ ပိတ်ဆို့နေသည်ကို မြင်လိုက်ရလျှင်, သူက ချင်ယွင်ကို လှည့်ကြည့်လိုက်ပြီး "ချင်ယွင် ဟုတ်တယ်မလား။ ငါတို့ သဘောတူညီမူတစ်ခု လုပ်ကြမယ်ဆို ဘယ်လိုလဲ။ မင်းမိန်းမကို ငါ့ဆီ ထားခဲ့ပါ။ မင်း ငါ့ဆီကနေ ဘာမဆို ယူနိုင်တယ်။ မင်း ဘယ်လိုထင်လဲ”။ လှောင်ပြောင်ပြောလိုက်သည်။

"ထွက်သွားစမ်း၊ သို့သော်လည်း သူ့စကားမပြီးဆုံးခင်မှာ ချင်ယွင်က ပြတ်သားစွာ တုန့်ပြန်လိုက်သည် "ခင်ဗျား သူမကိုမထိဖို့ ကျုပ် အကြံပေးလိုက်တယ်။ မဟုတ်ရင် ခင်ဗျား ဘယ်သူဖြစ်ပါစေ, ကျုပ်က ခင်ဗျားကို သွေးနဲ့ပေးဆပ်ခိုင်းမယ်”။

"ကောင်စုတ်လေး၊ မင်း သေချင်နေတာလား။ ငါတို့မြို့တော်သခင်ကို ဒီလိုပုံစံနဲ့ ပြောရဲ လား။" ရွှေနက်မြို့တော်သခင်၏ နောက်ကွယ်မှ လူတစ်ယောက်က ချင်ယွင်ကို ချက်ချင်း ဟိန်းဟောက်လိုက်သည်။

"ဟမ့်၊ သူ ဘယ်သူလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ ကျုပ်မိန်းမကို ထိရဲရင်, ကျုပ်က သူ့ကို ငရဲဘုရင်ကို တွေ့ဖို့ သေချာပေါက် ပို့ပေးရလိမ့်မယ်" ချင်ယွင်က အေးစက်စွာ ပြောလိုက်ပြီး သူ့မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒများ ပေါက်ကြားလာခဲ့သည်။

"မင်းက သေချင်နေတာဘဲ!" ရွှေနက်မြို့တော်၏ လက်အောက်ငယ်သား တစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။ ထို့နောက် သူသည် ချင်ယွင်ဆီသို့ အပြေးအလွှား တိုက်ခိုက်ရန် ကြံရွယ်ခဲ့သော်လည်း ရွှေနက်မြို့တော်သခင်က တားဆီးလိုက်သည်။

ရွှေနက်မြို့တော်သခင်က ချင်ယွင်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မထီမဲ့မြင် ပြုမှုတစ်ခု ပေါ်လာသည်။ သူက ပြောသည် "အပြင်ပကမ္ဘာက လူတွေဟာ အရမ်းကို ရူးသွပ်တယ်လို့ လူတိုင်း ပြောကြတယ်။ အခု ကောလဟာလတွေအတိုင်း ဖြစ်နေပုံရတယ်။ ချာတိတ်လေး၊ မင်း ငါ့ကို အမြန် ဖြေပေးဖို့မလိုဘူး။ ဒီသဘောတူညီမူကို စဉ်းစားဖို့ ငါ မင်းကို ရက်အနည်းငယ်လောက် အချိန်ပေးလိုက်မယ်။ ဒီရှေးဟောင်းသတ္တုတွင်း နယ်မြေကနေ မထွက်ခွာခင်မှာ မင်း ငါ့ကို အဖြေပေးလို့ရတယ်။ ဒါပေမယ့်, ငါ မင်းကို အရင်ဆုံး အကြံပေးလိုက်မယ်။ မင်း ငါ့ကို မပြောခင် ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း စဉ်းစားရင် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင်, အထူးသဖြင့် မင်း ကံကြမ္မာဆိုးကြီး ကြုံရ လိမ့်မယ်။"

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အဆုံးစွန်ထိ ကျဉ်းမြောင်းသွားကာ သူ့နှလုံးသားထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ တဟုန်ထိုး ပေါ်လာခဲ့သည်။

ချင်ယွင်၏နှလုံးသားထဲတွင် ကျိုးလင်၏ အဆင့်အတန်းသည် သူ့အမျိုးသမီးလေးယောက် ထက် မနိမ့်ကျတော့ပေ။ သူမသည် သူ၏ ပြောင်းပြန်ကြေးခွံဖြစ်သည်။ သူ ပြောင်းပြန် ကြေးခွံကို ထိဝံ့သူမှန်သမျှ သေရလိမ့်မယ်။ ရွှေနက်မြို့တော်သခင်သည် သူ၏ ပြောင်းပြန်ကြေးခွံကို ရှင်းရှင်းလင်းလင်း စော်ကားခဲ့သည်။

"ခင်ပွန်း၊ စိတ်မဆိုးပါနဲ့။" ကျိုးလင်သည် ချင်ယွင်၏ တင်းတင်းကြပ်ကြပ် ဆုပ်ထားသော လက်သီးများကို ဆုပ်ကိုင်ရင်း နှစ်သိမ့်ရန် အသံထုတ်လွှင့်မှုကို အမြန်ပေးပို့လိုက်သည်။

ချင်ယွင်သည် ကျိုးလင်၏စကားကို ကြားသောအခါ သူက အသံပို့လွှတ်ကာ တုန့်ပြန်လိုက် သည် "စိတ်မပူပါနဲ့၊ ငါ ကျရှုံးခံမှာ မဟုတ်ပါဘူး။ နဂါးနက်မြို့တော်သခင်က မင်းနဲ့ငါနဲ့ ရွှေနက်မြို့တော်သခင်ကြားမှာ တိုက်ပွဲတစ်ခုကို နှိုးဆော်ဖို့အတွက် မင်းကို ငှားရမ်း ချင်နေတယ်။ ငါ သူ့အလိုတိုင်း ခွင့်ပြုမှာမဟုတ်ဘူး၊ ဒါပေမယ့် ငါ သေချာပေါက် ရွှေနက်မြို့တော်သခင်ကို သတ်ပစ်မယ်"။

ကျိုးလင် ခေါင်းညိတ်လိုက်သည်။ ချင်ယွင်၏ ပင်ကိုယ်စရိုက်ကို သူမ သိသည်။ ချင်ယွင် လုပ်ချင်သည်ကို ဘယ်သူမှ မတားနိုင်ဘူးဆိုသည်ကို သူမ သိသည်။

သေချာသည်မှာ, ရွှေနက်မြို့တော်သခင်ကို သတ်ဖြတ်ခြင်းက လွယ်ကူသည့် အလုပ်တော့ မဟုတ်ပါဘူး။

အနီးနားရှိ နဂါးနက်မြို့တော်သခင်၏ မျက်လုံးများက ချင်ယွင်က ရွှေနက်မြို့တော် သခင်နှင့် တိုက်ပွဲမစသည်ကို မြင်သောအခါ, စိတ်ပျက်လက်ပျက်ဖြစ်သည့် အရိပ်အယောင် ပေါ်လာသည်။

ရွှေနက်မြို့တော်သခင်သည် ရက်စက်တတ်သူ ဖြစ်သည်။ သူသည် ထိုအကြောင်းကို ကြိုသိထားပြီး ဖြစ်သောကြောင့်, သူသည် ချင်ယွင်နှင့် ကျိုးလင်တို့ကို ခေါ်ဆောင်လာ သည်ကို မြင်ပြီးကတည်းက, သူသည် ချင်ယွင်နှင့် ရွှေနက်မြို့တော်တို့ကြား ပဋိပက္ခ ဖြစ်လာစေပြီး၊ စစ်ပွဲတစ်ပွဲ အတင်းအကြပ် ဖန်တီးရန် စိတ်ကူးထားပြီး ဖြစ်သည်။

ထိုအချိန်တွင်၊ ချင်ယွင်သည် ရွှေနက်မြို့တော်သခင်နှင့် မယှဉ်နိုင်သော်လည်း၊ သူသည် ရွှေနက်မြို့တော်၏ ကြယ်ရှစ်ပွင့် စစ်သည်တော် တစ်ယောက် သို့မဟုတ် နှစ်ယောက် လောက်ကို သေချာပေါက် သတ်ပစ်နိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့်၊ ရွှေနက် သတ္တုရိုင်းကြောပြိုင်ပွဲမှာ သူတို့၏ နဂါးနက်မြို့တော်သည် အမှန်တကယ် လုံခြုံသွားမည် ဖြစ်သည်။

အစကတည်းက နဂါးနက်မြို့တော်သခင်သည် ချင်ယွင်က သူတို့အား ရွှေနက် သတ္တုရိုင်း ကြောကို သိမ်းပိုက်ရန် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကူညီပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူလိုချင်သည်မှာ, ချင်ယွင်က တခြားမြို့တော်နှစ်ခု၏ အင်အားတွေကို ယုတ်လျှော့ အောင် လုပ်ဆောင်ပေးနိုင်ရန် ဖြစ်သည်။ တစ်နည်းဆိုရသော်, သူသည် ချင်ယွင်ကို အမြောက်စာအဖြစ် အသုံးပြုလိုခြင်း ဖြစ်သည်။

သို့သော် ချင်ယွင်သည် ဤမျှလောက် ခံနိုင်ရည်ရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အဆုံးတွင် သူတွေ့ထားသည့်အတိုင်း သူသည် ဒေါသတကြီး မလုပ်ရှားခဲ့ပေ။ ဤအရာက သူ့ကို အနည်းငယ် စိတ်ပျက်စေခဲ့သည်။

ဟုတ်ပါသည်, သူ့အကြံအစည်က လုံးဝ ပျက်ယွင်းသွားခြင်းတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ချင်ယွင်နှင့် ရွှေနက်မြို့တော်ကြားမှာ မုန်းတီးမှုတွေ ရှိလာခဲ့လေပြီ။ တိုက်ပွဲကို ရှောင်လွှဲ၍ရသော်လည်း, သူသည် တံငါသည်တွေအပေါ် အခွင့်ကောင်း ယူသွားနိုင်သေးသည်။ (အခွင့်ရေးရသည်နှင့် တိုက်ခိုက်မည်ဟု တင်စားပြောလိုဟန်တူ)။

ချင်ယွင်သည် နဂါးနက်မြို့တော်သခင်ကို ကြည့်ပြီး သူ့အမူအရာကို နားလည်လိုက်သည်။ သူ့မျက်လုံးထဲတွင် အေးစက်သော အပြုံးရိပ်တစ်ခု ပေါ်လာသည်။

"ဟမ့်၊ လူတစ်ယောက်ကို သတ်ဖို့ ဓားတစ်လက် ငှားရမ်းခြင်း။ ငါက ဒီလှည့်ကွက်လေးကို မမြင်နိုင်ဘူးလို့ မင်း ထင်နေတာလား။ မင်း ငါ့ကို လျှော့တွက်လွန်းတယ်။ မင်းက ကစားချင် တယ်ဆိုမှတော့ ငါချင်ယွင်က ဒီနေ့ မင်းနဲ့ အဆုံးထိ လိုက်ပါကစားပေးမယ်။ မင်း အရင်က ပြောခဲ့တာတွေအတွက် သေချာပေါက် နောင်တရရစေမယ်လို့ ငါ အာမခံတယ်။" ချင်ယွင်က သူ့နှလုံးသားထဲတွင် အေးစက်စွာ ပြောလိုက်သည်။ သူ့မျက်လုံးများက နှင်းခဲ အလွှာများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။ နဂါးနက် မြို့တော်သခင်နှင့် ရွှေနက်မြို့တော်သခင်တို့သည် ချင်ယွင် သတ်ပစ်ရမည့် စာရင်းတွင် ပါဝင်နေပြီ ဖြစ်သည်။

"ညီအစ်ကိုချင်၊ မင်း သတိထားရမယ်နောက်။ ရွှေနက်မြို့တော်သခင်က လိင်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်သူ တစ်ယောက်ပဲ။ တကယ်လို့, မင်းမိန်းမသာ သူ့လက်ထဲရောက်သွားရင် သေချာပေါက် ကောင်းတဲ့အဆုံးသတ်ဆိုတာ မရှိနိုင်တော့ဘူး။ နောက်ပြီး သူက မင်းကို လွယ်လွယ်နဲ့ အလွတ်မေးမှာ မဟုတ်ဘူး။" နဂါးနက်မြို့တော်သခင်က ချင်ယွင်အား ကြင်နာစွာ သတိပေးဟန်ဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ချင်ယွင်က သရော်ဟန်ဖြင့် သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်ပါ သည်။

နဂါးနက်မြို့တော်သခင်သည် သူ့ကို ကြင်နာစွာ သတိပေးနေပုံရသော်လည်း အမှန်တကယ်တော့ သူသည် သူ၏သတ်ဖြတ်လိုသောဆန္ဒကို နှိုးဆွပေးနေခြင်း ဖြစ်သည်။ သို့သော် သူ့မျက်လုံးထဲတွင် ဤလှည့်ကွက်သည် ရိုးရှင်းပြီး အကြမ်းထည်ဆန်လွန်းလှ သည်။ ၎င်းသည် စံတင်ထားရမည့်အရာ မဟုတ်သည့်အတွက် သူ ရယ်နေခဲ့သည်။

သို့သော်လည်း နဂါးနက်မြို့တော်သခင်သည် ချင်ယွင်၏ လှောင်ပြောင်ဟန်ကို မြင်သော အခါ ချင်ယွင်၏ လှောင်ပြောင်မှုသည် ရွှေနက်မြို့တော်သခင်ကို ရည်ရွယ်သည်ဟု အထင်ရှိပြီး၊ သူ့အကြံအစည် အောင်မြင်သည်ဟု ထင်မြင်သွားခဲ့သည်။

ထို့ကြောင့် နဂါးနက်မြို့တော်သခင်သည် စကားရပ်လိုက်သည်။ သူ့ရည်မှန်းချက်များ အောင်မြင်ပြီးကတည်းက၊ သူသည် ချင်ယွင်အတွက် သင့်တော်သော အခွင့်အရေးကို ရှာရန်သာ လိုတော့သည်။

သူ့အစီအစဥ်က ချို့ယွင်းချက်မရှိဟု သူထင်ခဲ့သော်လည်း ချင်ယွင်က ထိုအကြံအစည်ကို မြင်ခဲ့ပြီးသား ဖြစ်သည်။

မြို့တော်သုံးခုတို့သည် စုဝေးကြပြီးနောက်, ရွှေနက်သတ္တုရိုင်းကြောအတွက် တိုက်ခိုက်ရန် အချိန်တန်လာခဲ့ပြီ။

ဤသည်မှာ ရှေးဟောင်းနတ်ဘုရားကမ္ဘာ၏ အုပ်ချုပ်မူစနစ် ဖြစ်သည်။ ရွှေနက်သတ္တုရိုင်း ကြောကို ရှာဖွေတွေ့ရှိပြီးသည်နှင့်၊ မြို့တော်သုံးခုစလုံးသည် ရွှေနက်သတ္တုရိုင်းကြော အတွက် တိုက်ပွဲဝင်ရမည် ဖြစ်သည်။ အကယ်၍ မြို့တစ်မြို့သည် ခွင့်ပြုချက်မရှိဘဲ ရွှေနက် သတ္တုရိုင်းကြောကို ပိုင်ဆိုင်ထားကြောင်း တွေ့ရှိခဲ့ပါက, အခြားမြို့တော်နှစ်မြို့က ပူးပေါင်း တိုက်ခိုက်ကြမည် ဖြစ်သည်။

ရွှေနက်သတ္တုရိုင်းကြော စုဆောင်းမှုသည် အချိန်တိုအတွင်း ပြီးမြောက်နိုင်သည့်အရာ မဟုတ်သောကြောင့် မြို့တော်သုံးမြို့သည် အချင်းချင်း သဘောတူညီချက်ကို လိုက်နာ ရန်မှတပါး ရွေးချယ်စရာ မရှိပေ။

တိုက်ခိုက်ခြင်း နည်းလမ်းမှာလည်း အနည်းငယ် ထူးဆန်းသည်။

ရွှေနက်သတ္တုရိုင်းကြောတိုင်းတွင် ကျောက်ဘုရင်တစ်ပါး ရှိသည်။ အဖွဲ့စည်းတစ်ခုက ကျောက်ဘုရင်ကို လက်ထဲမှာ အရင်ဆုံး ဆုပ်ကိုင်ထားရမှာဖြစ်ပြီး၊ တစ်ဖက်အဖွဲ့စည်းတွေ က မလုယူနိုင်သည်နှင့် သတ္တုရိုင်းသွေးကြောတစ်ခုလုံးကို ရရှိနိုင်လိမ့်မည်။ နုတ်ထွက်ရ သည့် တဖက်နှစ်ဖွဲ့သည်လည်း ထိုသဘောတူညီချက်ကို လိုက်နာကြရသည်။ မဟုတ်ရင် စည်းကမ်းဖောက်ဖျက်သူများကို နတ်ဘုရားအမိန့်တော်က အပြစ်ပေးလိမ့်မည်။

အပြစ်ပေးခြင်းနှင့်ပတ်သက်မူ, နဂါးနက်မြို့တော်သခင်က ဘာမှမပြောပြခဲ့သောကြောင့် ချင်ယွင်သည် မည်သို့မည်ပုံ ပြစ်ဒဏ်ပေးသည်ကို မသိရှိခဲ့ပါဘူး။

"သွားကြရအောင်!"

မည်သူက အမိန့်ပေးလိုက်မှန်းမသိပေ။ ထို့နောက် အင်အားစုကြီးသုံးခုသည် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲကာ ရွှေနက်သတ္တုရိုင်းကြော မိုင်းတွင်းနေရာဆီသို့ ပျံသန်းသွားကြသည်။

ချင်ယွင်နှင့် ကျိုးလင်တို့သည် အကြည့်ချင်း ဖလှယ်ကြပြီး နောက်မှ လိုက်ပါသွားကြသည်။

All Chapters