← Chapters

အခန်း ၁၄၃၅

Vol. 96 Ch. 1435

အခန်း ၁၄၃၅

Vol. 96 Ch. 1435

အခန်း (၁၄၃၅) ရွှေနက်ကျောက်ဘုရင်။

"ခင်ပွန်း၊ သူတို့ပြောနေတဲ့ ကျောက်ဘုရင်ဆိုတာ အတိအကျ ဘာလဲ။ အဲဒါက သာမာန် ရွှေနက်ကျောက်တွေနဲ့ ကွဲပြားနေပုံရတယ်။ သူက တကယ်ပဲ သန့်စင်ဖို့လိုနေတယ်။" ကျိုးလင်က ချင်ယွင်ကို အသံဖြင့်ပို့ဆောင်ကာ မေးလိုက်သည်။

"အင်း၊ ငါလည်း ဒီကျောက်ဘုရင်က ဘာလဲဆိုတာကို အရမ်းသိချင်နေတယ်။ ဒါပေမယ့် ငါတို့ ဒီစကားမပြောနိုင်ခင်မှာ အရာအားလုံးကို မြင်ဖို့လိုတယ်။" ချင်ယွင်က အသံဖြင့် ပြန်ကြားသည်။

မြို့တော်သခင်သုံးယောက်ကြား စကားဝိုင်းက သူတို့ကို အံ့အားသင့်စေခဲ့သည်။ သူသည် ရွှေနက်ကျောက်ဘုရင်သည်လည်း သာမန် ရွှေနက်ကျောက်ဖြစ်မည်ဟု မျက်လုံးစုံမှိတ် တွေးနေမိသည်။ ရွှေနက်ကျောက်ဘုရင်၏ အရည်အသွေးသည် သာမန် ထိပ်တန်းအဆင့် ရွှေနက်ကျောက်များထက် အဆပေါင်းများစွာ သာလွန်ကောင်း သာလွန်နေနိုင်သည်ပေါ့။ သို့သော် ယခုတော့ ၎င်းသည် သူထင်ထားသည့်အတိုင်း ဟုတ်ပုံမပေါ်တော့ပေ။ ရွှေနက်ကျောက်ဘုရင်မှာ အခြားသော အသုံးဝင်မူများ ရှိနေပုံရသည်။

ဘုန်း..။

ချင်ယွင်သည် ရွှေနက်ကျောက်ဘုရင် အကြောင်းကို သိချင်နေစဉ်မှာ, မြို့တော်သခင် သုံးယောက်၏ ဉီးတည်ရာအရပ်မှ ရုတ်တရက် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်း တစ်ခု ထွက်ပေါ်လာခဲ့သည်။

မြို့တော်သခင်သုံးယောက်၏ လက်ထဲရှိ နတ်ဘုရားအမိန့်တော်များသည် တုနှိုင်းမရ အောင် ထွန်းလင်းတောက်ပသည့် အလင်းတန်းတစ်ခု ဖြည်းညှင်းစွာ လွင့်ပျံလာခဲ့သည်။ နောက်ဆုံးတွင် နတ်ဘုရားအမိန့်တော်သုံးခုသည် ၎င်းတို့သုံးယောက်၏လက်ထဲမှ အထက်သို့ ပျံတက်သွားခဲ့သည်။

ဝန်းကျင်ရှိ လူတိုင်းသည် နတ်ဘုရားအမိန့်တော်မှ ထွန်းလင်းတောက်ပနေသော အလင်းရောင်ကို မြင်လိုက်ရလျှင်, သူတို့၏ မျက်လုံးများသည် လေးစားကြည်ညိုမှုကို ထင်ရှားစေသည်။

ချင်ယွင်သည်လည်း ဤထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရပြီး သူ့မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာသည်။ ဤနတ်ဘုရားအလင်းမှ စွမ်းအင် အတက်အကျလှိုင်းကို သူ မှတ်မိပြီး၊ ၎င်းသည် ကောင်းကင်ဘုံအုပ်စိုးခြင်း ခန်းမထဲရှိ နတ်ဘုရားရတနာအချို့ကို ထုပ်ပိုးထားသည့် လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံးကြီး ပေါ်ရှိ စွမ်းအင်အတက်အကျလှိုင်းများနှင့် အတူတူပင် ဖြစ်ပါသည်။

ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်။ ဤနတ်ဘုရားအလင်းတန်းသည် ဘိုးဘေးနတ်ဘုရား ၏ တန်ခိုးတော် ဖြစ်နေပါသည်။

ဤနတ်ဘုရားအမိန့်တော်များသည် ဘိုးဘေးနတ်ဘုရားကိုယ်တိုင် သန့်စင်ထားခြင်း ဖြစ်သောကြောင့် ဘိုးဘေးနတ်ဘုရား၏ တန်ခိုးကြီးသော တန်ခိုးတော်လည်း ပါနေရှိ သည်။

ချင်ယွင်နှင့် အခြားသူများသည် ရှေးဟောင်းနတ်ဘုရားကမ္ဘာ၏ အတားအဆီးများကို ဖြတ်ကျော်ပြီး ဤနေရာမှ ထွက်ခွာနိုင်ဖို့ အကြောင်းရင်းမှာ အမှန်တကယ်တွင် နတ်ဘုရား အမိန့်တော်များတွင် ပါဝင်နေသည့် ဤဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော် ဖြစ်ပါသည်။

"ဆိုတော့ နတ်ဘုရားအမိန့်တော်ရဲ့ပုံစံက ဒီလိုလား။" ချင်ယွင်သည် အဝေးမှ နတ်ဘုရား အမိန့်တော်သုံးခုကို လှမ်းကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

နတ်ဘုရားအမိန့်တော်သုံးခုစလုံး အနက်ရောင်ဖြစ်၏။ ပစ္စည်းများမှာ ထူးဆန်းသော သတ္တုတစ်မျိုး ဖြစ်သည်။ နတ်ဘုရားအမိန့်တော်သုံးခုတွင် စကားလုံး တစ်လုံးစီ ရေးထိုး ထားသည်ကိုလည်း သူ တွေ့ရှိရသည်။ ၎င်းတို့သည် နဂါး၊ ရွှေ၊ မီးလျှံများ ဖြစ်သည်။ ၎င်းတို့သည် မြို့တော်သုံးမြို့ကို ကိုယ်စားပြုနေသည်။ မြို့တော်သခင်သုံးယောက်ကသာ နတ်ဘုရားအမိန့်တော်တွေကို ထိန်းချုပ်နိုင်သည်။ အကယ်၍, တခြားသူများသည် မဆင်မခြင် ပြုမူလှုပ်ရှားမိပါက, ထိုလူများ၏အဆုံးသတ်က သေခြင်းတရားသာ ဖြစ်ပါလိမ့် မည်။

နတ်ဘုရားအမိန့်တော်များသည် လေထဲတွင် ပျံဝဲကာ အနှိုင်းမဲ့ တောက်ပနေသော နတ်ဘုရားအလင်းရောင်ကို ထုတ်လွှတ်လိုက်သဖြင့် ပတ်ဝန်းကျင် လေဟာနယ်သည်ပင် ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။ ၎င်းသည် နေလုံးသေးသေးလေး သုံးစင်းနှင့်တူပြီး မျက်လုံးမဖွင့်နိုင်လောက်အောင် တောက်ပနေသည်။

ဘန်း…။

နောက်ဆုံးတွင်၊ ထိုအခိုက်အတန့်တွင် နတ်ဘုရားအမိန့်တော်သုံးပါးသည် ပြင်းထန်စွာ တုန်လှုပ်လာသည်။ ထို့နောက် နတ်ဘုရားအမိန့်သုံးပါးတို့သည် အသက်ဝင်လာပုံရပြီး၊ တောင်တန်းသို့ ပျံတက်သွားကြသည်။

"မြန်မြန် နောက်ကလိုက်ခဲ့ကြ" နဂါးနက်မြို့တော်သခင်က အမိန့်ပေးပြီးနောက် နတ်ဘုရားမြို့တော်သုံးမြို့မှ လူများသည် နတ်ဘုရားအမိန့်တော် သုံးခုနောက်ကို လိုက်ရန် ၎င်းတို့၏ခန္ဓာကိုယ်များကို အလျင်အမြန် အသုံးပြုလိုက်ကြသည်။

"သွားကြစို့၊ ငါတို့လည်း နောက်က လိုက်ရအောင်။" ချင်ယွင်က ကျိုးလင်ကို ပြောသည်။

ကျိုးလင်က ခေါင်းညိတ်လိုက်သည်။ ထို​နောက်​ သူတို့​နှစ်​ယောက်​သည် နတ်​ဘု​ရား​မိန့်​တော်​ ​သုံး​ပါး​ကို လိုက်​ပါရင်း တောင်​တန်းဆီ​သို့ ပြေး​ထွက်​သွား​ကြ​၏။

ဤနတ်ဘုရားအမိန့်တော် သုံးပါးသည် အလွန်နှေးကွေးစွာ ပျံသန်းခြင်းမျိုး မဟုတ်ပေ။ ထို့အပြင်၊ ဤနေရာရှိ မြေဆွဲငင်အားသည် ပြင်းထန်လွန်းသောကြောင့် နတ်ဘုရား အမိန့်တော်များကို လိုက်ပါနေကြသည့် လူတိုင်းအတွက် မလွယ်ကူပေ။

ကံကောင်းထောက်မစွာ၊ နတ်ဘုရားအမိန့်တော်များသည် နောက်ဆုံးတွင် တောင်တန်း၏ အပိုင်းတစ်ပိုင်းပေါ်၌ ရပ်တန့်သွားပြီး ၎င်းအထက်တွင် လွင့်မျောနေခဲ့သည်။

ကြီးမားလှသော ဤတောင်တန်းကြီးသည် ကြီးမားသော အနက်ရောင်နဂါးကြီးနှင့် တူပြီး၊ နတ်ဘုရားအမိန့်တော် လွင့်မျောနေသည့် ထိုနေရာသည် ဤတောင်တန်း၏ နဂါးဦးခေါင်း ဖြစ်သည်။

အကယ်၍, ဤတောင်တန်းကြီးသာ ကျောက်ဘုရင်ကို ပြုစုပျိုးထောင်နိုင်မည်ဆိုလျှင်, တောင်တန်းတစ်ခုလုံး တည်ရှိရာနေရာဖြစ်သည့် နဂါးဦးခေါင်းနေရာမှာ ရှိသင့်ပါသည်။

ဘန်း..။

ဟုတ်ပါသည်၊ ထိုအချိန်မှာပင် နတ်ဘုရားအမိန့်တော်သုံးပါးကနေ တောက်ပသော အလင်းတန်းကြီး ၃ ခု ထွက်ပေါ်လာခဲ့ပါသည်။ နတ်ဘုရားအလင်းတန်းသုံးခုစလုံးသည် တောင်တန်းကြီး၏ တစ်စိတ်တစ်ပိုင်းကို လင်းထိန်စေသည်။

နတ်ဘုရားအလင်းတန်းများ ထွန်းလင်းလာသောအခါ ချင်ယွင်သည် တောင်တန်းကြီး တစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

ဝန်းကျင်ရှိလူတိုင်းသည် နတ်ဘုရားအလင်းများ ထွန်းလင်းရာအရပ်ကို မျက်လုံးမျးကို တဖျတ်ဖျတ် ခတ်ရင်း စိုက်ကြည့်နေကြစဉ် သူတို့ရင်တွင်းမှ ပူလောင်နေသော အမူရာများ ကို ပေါ်လွင်စေသည်။

မြို့တော်သခင်သုံးယောက်တို့သည် တိုက်ခိုက်ရန် အသင့်ပြင်ထားပြီးသားဖြစ်၍ လင်းထိန် နေသော နတ်ဘုရားအလင်းများကို စိုက်ကြည့်နေကြစဉ် ၎င်းတို့၏ မျက်လုံးများသည် လည်း အလားတူ စူးရှနေသည်။

ဘန်း..။

နတ်ဘုရားအလင်းတန်းများ ကျဆင်းလာပြီးနောက် ကောင်းကင်နှင့် မြေကြီးသည် အဆုံးမရှိသော အလင်းတန်းများဖြင့် လင်းလက်သွားခဲ့သည်။

ထို့နောက်တွင်၊ ချင်ယွင်သည် နတ်အလင်းရောင်အောက်တွင် တောင်တန်းကြီး၏ နက်ရှိုင်းသော နေရာမှ ထူးဆန်းသော အလင်းတန်းကြီးတစ်ခုနှင့်အတူ လက်သီးဆုပ် အရွယ် အလုံးတစ်လုံးကို တွေ့လိုက်ရသည်။

သို့သော် ထိုအရာသည် နာခံမည့်ပုံ မပေါ်ပေ။ ၎င်းသည် နတ်တ်ဘုရားအလင်းထဲက အပြေးအလွှား ထွက်ပြေးသွားချင်သည့်အလား နတ်ဘုရားအလင်းတန်းများကို အဆက်မပြတ် အပြင်းအထန် တိုက်ခိုက်နေသည်။

ချင်ယွင်သည် ထူးဆန်းသော အလင်းအလုံးဆီသို့ လှမ်းကြည့်လိုက်သည်။ အလင်းလုံး အောက်တွင် ရစ်ပတ်ထားသည့် အရာသည် သူမျှော်လင့်ထားသလို ရွှေနက်ကျောက် မဟုတ်ကြောင်း သူ တွေ့ရှိခဲ့သည်။ ယင်းအစား ၎င်းသည် ထူးဆန်းသော စွမ်းအင်များ ပါဝင်နေသည့် အနက်ရောင်အလုံးတစ်ခု ဖြစ်သည်။ ထို့အပြင်၊ ထိုစွမ်းအင်အလုံးသည် ဉာဏ်ရည်ဉာဏ်သွေး အထိုက်အလျောက် ပိုင်ဆိုင်ထားပုံရသည်။ ဤအချက်က သူ့ကို အရမ်း အံ့သြစေသည်။

"ကျောက်ဘုရင်၊ ဒါက ရွှေနက်ကျောက်ဘုရင်ပဲ၊ ကျောက်ဘုရင် ထွက်လာပါပြီ။" တစ်စုံတစ်ယောက်က အော်ဟစ်ပြီးနောက် လူတိုင်း လန့်နိုးလာကြသည်။

သူတို့အားလုံးသည် ရွှေနက်ကျောက်ဘုရင်၏ ဦးတည်ရာဆီသို့ အပြေးအလွှား ပြေးသွားကြသည်။ မြို့တော်သခင်သုံးယောက်လည်း အလားတူပင်။ သူတို့သည် ၎င်းတို့၏ နတ်ဘုရားအမိန့်တော်များကို ရုတ်သိမ်းလိုက်ပြီး ကျောက်တုံးဘုရင်ကို သိမ်းပိုက်လိုသည့် အလား အနက်ရောင်ရွှေကျောက်ဘုရင်၏ ရှိရာဆီသို့ အပြေးအလွှား ပြေးသွားကြသည်။

သို့သော် နတ်ဘုရားအမိန့်တော်များ၏ ချည်နှောင်ထားခြင်း မရှိတော့သည့် ရွှေနက် ကျောက်ဘုရင်သည် ချက်ချင်းပင် အလွန်တက်ကြွလာသည်။ အနက်ရောင် အလင်းအလုံး သည် နောက်ကွယ်မှ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် လျင်မြန်စွာ ရွေ့လျားသွားသည်။

မြို့တော်သခင်၏ နောက်လိုက်နောက်ပါများသည် ၎င်းကို ဖမ်းချင်ကြသော်လည်း, ၎င်းသည် အလွယ်တကူ ရှောင်တိမ်းသွားသည်။ သူတို့ ဖမ်းမိခါနီးတိုင်း၊ ရွှေနက် ကျောက်ဘုရင် သူတို့ဆီကနေ ချော်ထွက်သွားခဲ့သည်။

ရွှေနက်ကျောက်ဘုရင်သည် အလွန်မင်း လျင်မြန်လွန်းသည်။ ထိုဒါဇင်နှင့်ချီသော လူများကြားတွင် သူသည် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီး မည်သူမျှ သူ့ကို မဖမ်းနိုင်ခဲ့ပေ။

ဘန်း..။

နဂါးနက်မြို့တော်သခင်သည် ရွှေနက်ကျောက်ဘုရင်ကို ထောင်ချောက်ဆင်ရန်အတွက် အစွမ်းထက်သော စွမ်းအားတစ်ခုဖွဲ့စည်းရန် သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားမှော်သင်္ကေတ များကို စုစည်းလိုက်သည်။ သို့သော်လည်း ရွှေနက်ကျောက်ဘုရင်သည် ထိုအတားအဆီး များကို ကျော်ဖြတ်ကာ လွတ်မြောက်နိုင်ဆဲ ဖြစ်နေသည်။

ရွှေနက်မြို့တော်သခင်သည် ကောင်းကင်ဘုံပိုက်ကွန်ကို ချထားရန် သူ၏ အစွမ်းထက် သော ခွန်အားကို အသုံးပြုခဲ့ပြီးဖြစ်သော်လည်း ရွှေနက်ကျောက်ဘုရင်သည် သူ့ထံမှ အလွယ်တကူ လွတ်မြောက်နိုင်သေးသည်။

အချိန်အတော်ကြာအောင် အနက်ရောင်ရွှေကျောက်ဘုရင်ကို မည်သူမျှ ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ကြပေ။ သို့သော်လည်း ရွှေနက်ကျောက်ဘုရင်သည် အဝေးသို့ မပျံသန်းခဲ့ပေ။ သူသည် လူအုပ်ကြီး၏ ဖမ်းဆီးခြင်းမှ လွတ်အောင်ရှောင်တိမ်းပြီး တောင်တန်းတဝိုက်တွင် အပြန်အလှန် ပျံသန်းနေခဲ့သည်။

ချင်ယွင်နှင့် ကျိုးလင်တို့သည် ထိုမြင်ကွင်းကို အံ့အားသင့်စွာဖြင့် ကြည့်ရှုနေခဲ့ကြသည်။ အဆုံးတွင်, သူတို့သည် ဤအခြေအနေမျိုးထိ ကြီးထွားလာမည်ဟု မမျှော်လင့်ခဲ့ပေ။ လူအများအပြားသည် စွမ်းအင်အလင်းလုံးကို နောက်သို့ လိုက်နေကြသော်လည်း သူတို့သည် ဖမ်းမမိနိုင်ခဲ့ကြပေ။ အကယ်၍, ဤသတင်းသာ ပြင်ပကမ္ဘာမှာ ပြန့်နှံ့သွားမည် ဆိုပါလျှင် လူတွေကို ရယ်မောစေပါလိမ့်မည်။

သို့သော်၊ ဤရွှေနက်ကျောက်ဘုရင်၏ စွမ်းအင်အလုံးသည် သာမန် စွမ်းအင်အလုံးများနှင့် အမှန်တကယ် ကွဲပြားပါသည်။ ဤမျှကြီးမားသော မြေဆွဲငင်အားရှိသည့် နေရာတွင် သူ့အနေဖြင့် လျင်မြန်စွာ ပျံသန်းနိုင်ခြင်းမှာ လွယ်ကူသော အလုပ်မဟုတ်ပေ။

"ဒီရွှေနက်ကျောက်ဘုရင်ရဲ့ စွမ်းအင်အလုံးနဲ့ ပတ်သက်ပြီး ဘာတွေများ ထူးခြားနေလဲ ဆိုတာ ငါ ကြည့်ချင်ပါတယ်။" ချင်ယွင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။

ထို့နောက် သူသည် လေဟာနယ် စွမ်းအားကို လျှို့ဝှက်စွာ စုစည်းကာ ရွှေနက် ကျောက်ဘုရင်၏ ပျံသန်းသွားလာရာ လမ်းကြောင်းများကို တဖြည်းဖြည်း ပိတ်ဆို့လိုက် သည်။

ဘန်း..။

လေဟာနယ်စွမ်းအားသည် သေးငယ်သော လေဟာနယ်အတွင်း၌ ရွှေနက်ကျောက် ဘုရင်ကို ထောင်ချောက်ဆင်ထားသည့် တန်ခိုးကြီးသော တံဆိပ်တော်တစ်ခု ဖြစ်လာခဲ့ သည်။

သို့သော်လည်း ရွှေနက်ကျောက်ဘုရင်က ၎င်းကို လက်ခံရန် ဆန္ဒရှိဟန် မတူပေ။ သူသည် ချင်ယွင်၏ လေဟာနယ်တံဆိပ်ကို အပြင်းအထန် တိုက်ပြီး လွတ်မြောက်လိုသည့် အရိပ်အယောင်များ ရှိနေပုံရသည်။

ဝှီး…။

ချင်ယွင်၏ရုပ်အသွင်သည် ချက်ချင်း အသက်ဝင်လာပြီး သူသည် ချက်ချင်းပင် ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

သူ့ရုပ်အသွင် ပြန်ပေါ်လာသောအခါ, ရွှေနက်ကျောက်ဘုရင်၏ အလင်းအလုံးသည် သူ့လက်ထဲတွင် ပေါ်လာပြီး ဖြစ်နေသည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ထိုမြင်ကွင်းကို မြင်သောအခါ, အံ့အားသင့်သွားကြသည်။ နတ်ဘုရားမြို့တော်သုံးမြို့မှ မြို့သခင်များကပင် ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်နေကြ သည်။ ၎င်းတို့သည် များစွာအားထုတ်ခဲ့ကြသော်လည်း ရွှေနက်ကျောက်ဘုရင်ကို ဖမ်းဆီးနို င်ခြင်း မရှိခဲ့ကြပေ။ ချင်ယွင် ပေါ်လာသည့် အခိုက်မှာပင် သူသည် ရွှေနက်ကျောက်ဘုရင် ကို အဘယ့်ကြောင့် ဖမ်းဆီးနိုင်ရသနည်း?။

All Chapters