← Chapters

အခန်း ၁၄၃၆

Vol. 96 Ch. 1436

အခန်း ၁၄၃၆

Vol. 96 Ch. 1436

အခန်း (၁၄၃၆) ရွှေကျီးကန်းကမ္ဘာ

ချင်ယွင်သည် လူအုပ်ကြီး၏ အံ့အားသင့်သော အကြည့်များကို လျစ်လျူရှုလိုက်ပြီး သူ့လက်ထဲတွင် ရှိနေသည့် ရွှေနက်ကျောက်ဘုရင်ကို စတင် ကြည့်ရှုလိုက်သည်။

ရွှေနက်ကျောက်ဘုရင်သည် အလွန်ထူးခြားသည်။ မျက်နှာပြင်ပေါ်တွင် နက်မှောင်သော အလင်းတန်းများ ထွက်ပေါ်လာသည်။ အတွင်းထဲမှာတော့ အနက်ရောင်မီးတောင်တစ်ခု လောင်ကျွမ်းနေသလိုပင်။ ၎င်းထဲတွင် ကြောက်စရာကောင်းသည် စွမ်းအားများ ပါရှိနေသည်။

ထိုစွမ်းအားသည် ချင်ယွင် ရွှေနက်ကျောက်ထံမှ ထုတ်ယူခဲ့သော စွမ်းအားနှင့် အလွန်မင်း ဆင်တူသော်လည်း ကွဲပြားနေသေးသည်။ သို့မဟုတ် ရွှေနက်ကျောက်ဘုရင်၏ စွမ်းအားက ပို၍သန့်ရှင်းပြီး ပို၍အစွမ်းထက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ဘန်း…။

ချင်ယွင်သည် ကနဦးစကြဝဠာ၏ စွမ်းအားကို အသုံးပြု၍ ရွှေနက်ကျောက်ဘုရင်၏ ကိုယ်ထည်မှ စွမ်းအင်ကို စုပ်ယူရန် ကြိုးစားလိုက်သည်။

“ဝူး…ဝူး..”

ရွှေနက်ကျောက်ဘုရင်သည် ချက်ချင်းပင် ရှိုက်ကြီးတငင် ငိုကြွေးလိုက်သော်လည်း ချင်ယွင်ကတော့ ရွှေနက်ကျောက်ဘုရင်၏ အလင်းအလုံးထဲမှ စွမ်းအားကို စုပ်ယူနိုင်ခဲ့ပါ သည်။

ထိုစွမ်းအားသည် ချင်ယွင်၏ ကနဦးစကြဝဠာထဲသို့ ဝင်ရောက်လာချိန်တွင်၊ ချင်ယွင်၏ ကနဦးစကြဝဠာအလယ်ဗဟိုမှ ကြေးဝါအပိုင်းအစက စုပ်ယူသွားပါသည်။

သို့သော် ဤအကြိမ်သည် ယခင်အကြိမ်နှင့် မတူပေ။ ထိုစွမ်းအင်ကို စုပ်ယူပြီးနောက်၊ ကြေးဝါအပိုင်းအစသည် စူးရှသော အလင်းရောင်ကို အမှန်တကယ် ထုတ်လွှတ်သည်။ ၎င်းသည် တခဏမျှသာဖြစ်သော်လည်း ချင်ယွင်သည် ကြေးဝါအပိုင်းအစကို အသက်သွင်း လိုက်ပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။

ချင်ယွင်သည် အလွန်မင်း တုန်လှုပ်သွားခဲ့သည်။ သူသည် ကြေးဝါအပိုင်းအစကို ရရှိပြီးက တည်းက လျှိုဘို၏ ညွှန်ကြားချက်အရ ၎င်းကို နောက်ဆုံးအကြိမ်တုန်းက အသက်သွင်း နိုင်ခဲ့သည်။ ထို့နောက်တွင် ကြေးဝါအပိုင်းအစထံမှ တုံ့ပြန်မှု တစ်စုံတစ်ရာမှ မရတော့ပေ။ သို့သော် ယခုအချိန်၌ ချင်ယွင်သည် ရွှေကျောက်ဘုရင်၏စွမ်းအင်နှင့် ကြေးဝါ အပိုင်းအစ သည် ပဲ့တင်ထပ်နေကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။

"လျှိုဘို၊ ဒါက ဘယ်လို စွမ်းအင်မျိုးလဲ" ချင်ယွင်က လျှိုဘိုကို အော်ခေါ်ပြီး မမေးမြန်းဘဲ မနေနိုင်ခဲ့ပေ။

လျှိုဘိုသည် ရွှေနက်ကျောက်ဘုရင်၏ မူလဇစ်မြစ်နှင့် ရွှေနက်ကျောက်ဘုရင်နှင့် ပတ်သက်၍ ဖြစ်ပျက်ပုံများကို သေချာစွာ သိလိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။

"ကောင်စုတ်လေး, နောက်ဆုံးတော့ မင်း ငါ့ကို မေးရကောင်းမှန်း သိသွားပြီပေါ့။ မင်း ဆက်ပြီး ဝေခွဲမရဖြစ်ကာ မမေးတော့ဘူးလို့ ငါ ထင်နေတာ” လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ချက်ချင်းပင် ပြောစရာစကားမဲ့သွားရသည်။ ဤလျှိုဘိုသည် စိတ်လှုပ်ရှားစွာ တိတ်တဆိတ် ကြည့်နေခဲ့သည်။ အကယ်၍, သူသာ မမေးခဲ့ဘူးဆိုလျှင်, သူသည် အမှန်တကယ် ရှင်းပြလိမ့်မည် မဟုတ်ပေ။

"မြန်မြန်ပြောစမ်းပါ၊ ဒါ ဘာတွေဖြစ်နေတာလဲ။ သူက ဘာလို့ ကြေးအပိုင်းအစကို အာရုံ ခံစားစေနိုင်တာလဲ" ချင်ယွင်က တိုက်ရိုက် မေးလိုက်သည်။ အခုအချိန်မှာ သူ့အတွက် အချိန်သိပ်မကျန်တော့ပါဘူး။ သူသည် ၎င်းလျှို့ဝှက်ချက်ကို တတ်နိုင်သမျှ အမြန်ဆုံး ဖော်ထုတ်ရမည်။

"သူတို့ပြောနေတဲ့ ရွှေနက်ကျောက်ဘုရင်ကို တကယ်တော့ ရွှေကျီးကန်းကျောက်လို့ ခေါ်တယ်။ ဒီကျောက်တုံးမှာ အစွမ်းထက်တဲ့ ရွှေကျီးကန်းရဲ့ စွမ်းအားတွေ ပါရှိနေတယ်။ ဒီစွမ်းအားကို လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာကိုယ် ခွန်အားကို အားကောင်းစေဖို့အတွက် အသုံးပြုနိုင်တယ်။ ဒါကြောင့် ရှေးဟောင်းနတ်ဘုရားကမ္ဘာက ဒီလူတွေဟာ သူတို့ရဲ့ ရုပ်ခန္ဓာကိုယ်ကို စဉ်ဆက်မပြတ် ကြံ့ခိုင်ခံ့စေဖို့အတွက် ဒီရွှေနက်ကျောက်ဘုရင်ကို အသုံးပြုနိုင်ကြတာပဲ။" လျှိုဘိုက ပြောသည်။

"ရွှေကျီးကန်းကျောက်လား?" ချင်ယွင်သည် ပဟေဠိဆန်သော အမူအရာကို ထုတ်ပြလာ သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုကဲ့သို့သော ကျောက်တုံးမျိုးကို တစ်ခါမျှ မကြားဖူးသောကြောင့် ဖြစ်သည်။

ချင်ယွင် တွေးနေသည်ကို လျှိုဘိုက သိရှိပုံရပြီး သူက ဆက်ရှင်းပြသည် "တကယ်တော့၊ သူတို့နေထိုင်နေတဲ့ ရှေးဟောင်းနတ်ဘုရားကမ္ဘာကြီးဟာ ဒီစကြာဝဠာထဲမှာ မွေးဖွားလာ တာ မဟုတ်ဘူး။ ရှေးခေတ်က ထူးထူးခြားခြား အစွမ်းထက်တဲ့ ရွှေကျီးကန်းက ဖွဲ့စည်းထား တဲ့ကမ္ဘာကြီးပဲ။ အခု မင်း ရောက်ရှိနေတဲ့ ကမ္ဘာကြီးဟာ ရွှေကျီးကန်းက ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးတစ်ခုလည်း ဖြစ်တယ်။ ဒီကမ္ဘာပေါ်ရှိ စွမ်းအင်အရင်းအမြစ်အားလုံးက အဲဒီရွှေကျီးကန်းကနေ ဆင်းသက်လာတာ ဖြစ်တယ်။"

"ဒီကမ္ဘာကြီးကို ရွှေကျီးကန်းနဲ့ ဖွဲ့စည်းထားတာလား။" ချင်ယွင်သည် မျက်လုံးများ ပြူးကျယ်စွာဖြင့် စိုက်ကြည့်ရုံမှတပါး မတတ်နိုင်ခဲ့ပေ။ သူ့မျက်နှာက အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

သူသည် ဤကမ္ဘာကြီးက စကြာဝဠာမှ ဖန်တီးထားသော ရှေးဟောင်းကမ္ဘာတစ်ခုဟု မူလက ထင်ထားခဲ့သော်လည်း၊ အခုမူ ဤကမ္ဘာကြီးသည် ရွှေကျီးကန်း နတ်ဘုရား သားရဲကြောင့် အမှန်တကယ် ဖြစ်ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော်, သူ ထိုအကြောင်းကို တွေးလိုက်သောအခါ၌ပင် သူသည် တုန်လှုပ်သွားရသည်။ ရွှေကျီးကန်းတစ်ကောင် သေဆုံးသွားပြီးနောက် ၎င်း၏အလောင်းသည် ကမ္ဘာတစ်ခု အဖြစ် သို့ ပြောင်းလဲသွားနိုင်ခဲ့သည်။

"ဒါဆို ဒီရွှေနက်ကျောက်ဘုရင်က ဘာလဲ" ချင်ယွင်က ဆက်မေးသည်။

"ဒီရွှေနက်ကျောက်ဘုရင်က တကယ်တော့ ရွှေကျီးကန်းနတ်ဘုရားသားရဲရဲ့ မရှိမဖြစ် အလိုအပ်ဆုံး စွမ်းအားတစ်ခုပဲ။ ရွှေကျီးကန်းရဲ့ အစွမ်းထက်တဲ့ အနှစ်သာရက ဒီရွှေကျီး ကန်းကမ္ဘာကြီးမှာ နေထိုင်သူတွေအတွက် အစွမ်းထက်သည့်အပြင်၊ ဘိုးဘေးနတ်ဘုရား တွေအတွက်လည်း အလွန်အကျိုးများတယ်။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားက နတ်ဘုရားအမိန်တော်သုံးခုကို နောက်ကွယ်မှာ ချန်ထားခဲ့ရတဲ့ အကြောင်း အရင်းကတော့ မြို့တော်သခင်သုံးယောက်ကို ရွှေကျီးကန်းရဲ့စွမ်းအား အနှစ်သာရကို စုပ်ယူစေဖို့ပဲ ဖြစ်တယ်"။ ဒီနောက် ရွှေကျီးကန်းစွမ်းအင်၏ အနှစ်သာရတွေ နတ်ဘုရား အမိန့်တော်တွေထဲမှာ အတိုင်းအတာတစ်ခုအထိ စုစည်းနိုင်ပြီးနောက်, သူက ထိုရွှေကျီးကန်းစွမ်းအားရဲ့ အနှစ်သာရကို ရယူဖို့အတွက် ဒီရွှေကျီးကန်းကမ္ဘာသို့ ကြွရောက် လာလိမ့်မယ်။ ဒီရွှေကျီးကန်း သတ္တုရိုင်းကြောတွေအတွက်ကတော့, လျှို့ဝှက်ဆန်းကြယ် သော ဘိုးဘေးနတ်ဘုရားက ဒီသတ္တုရိုင်းကြောတွေကို မနှစ်သက်တဲ့အတွက် ဒီရွှေကျီးကန်းကမ္ဘာမှာ နေထိုင်သူတွေကို သဘာဝအတိုင်း ဆွဲခေါ်လိုက်တာပဲ" လျှိုဘိုက ပြောသည်။

ချင်ယွင်သည် နားထောင်လေလေ ပို၍ ထိတ်လန့်သွားရလေ ဖြစ်သည်။ ယခု သူသည် ဤရှေးဟောင်းနတ်ဘုရားကမ္ဘာ၏ မူလဇစ်မြစ်နှင့် အဘယ့်ကြောင့် လျှို့ဝှက်ဆန်းကြယ် သော ဘိုးဘေးနတ်ဘုရားသည် သူ၏ကြီးမြတ်သော နတ်ဘုရားတန်ခိုးတော်ကို အသုံးပြု ကာ၊ ဤကမ္ဘာငယ်လေးကို လျှို့ဝှက်ဆန်းကြယ်နတ်ဘုရားဂိုဏ်းသို့ ရွှေ့ပြောင်းခဲ့ရသည်ကို သူ နားလည်လိုက်ပါပြီ။ ကြည့်ရတာသည်မှာ, လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားသည် ဤနေရာရှိ ရှေးဟောင်းနတ်ဘုရားကမ္ဘာမှ လူများကို သူ့အတွက် စွမ်းအားများကို စုဆောင်းပေးနိုင်ရန် အမှန်တကယ် အစောင့်ချထားပုံရပါသည်။

ရွှေနက်ကျောက်ဘုရင်သည် ဤရွှေနက်သတ္တုရိုင်းကြော၏ စစ်မှန်သော အနှစ်သာရ ဖြစ်ပါသည်။ သို့သော်, ဤလူများ၏ခွန်အားဖြင့်ဆိုပါက, သူတို့သည် ထိုကျောက်ဘုရင်၏ စွမ်းအားကို အမှန်တကယ် စုပ်ယူနိုင်စွမ်း မရှိကြပေ။

“ကောင်စုတ်လေး, ကျောက်ဘုရင်ကို မြန်မြန်လွှဲပေးလိုက်စမ်း။ ထိုအခိုက်တန့်မှာ, ရွှေနက် မြို့တော်သခင် ဟန်လင်းက ချင်ယွင်ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်ပါသည်။

ချင်ယွင်သည် ရွှေနက်ကျောက်ဘုရင်နှင့် ကနဦးစကြာဝဠာနှစ်ခုကြား ချိတ်ဆက်ပေးမူကို ဖြတ်တောက်လိုက်သည်။ ထို့နောက်, သူက ရွှေနက်မြို့တော်သခင်ကို လှည့်ကြည့်လိုက် သည်။ သူ ရွှေနက်မြို့တော်သခင်ကို လှည့်လိုက်သည့်အခိုက်မှာ, သူ့အကြည့်များတွင် သနားသည့်အမူအရာမျိုး ဖြစ်ပေါ်လာခဲ့သည်။

ရွှေနက်မြို့တော်သခင်သည် ဤရွှေကျီးကန်းကမ္ဘာတွင် မည်မျှပင် ဘုန်းတန်ခိုးကြီးမားပြီး အစွမ်းထက်နေပါစေ, လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏အမြင်တွင်၊ သူသည် သူ့အတွက် တန်ခိုးစွမ်းအားကို စုပ်ယူနိုင်ရန် အသုံးချခံကိရိယာတစ်ခုသာသာ ဖြစ်ပါသည်။

"ကျုပ်က ခင်ဗျားကို ပေးလိုက်မယ်လို့ ထင်လား" ချင်ယွင်က သရော်သံဖြင့် မေးလိုက် သည်။

ချင်ယွင်၏စကားကိုကြားသောအခါ နဂါးနက်မြို့တော်သခင်၏ အမူအရာသည် ချက်ချင်း မဲမှောင်သွားခဲ့သည်။ ချင်ယွင်၏ အကြည့်ကို မြင်လိုက်ရတော့ သူသည် အေးစက်သွားခဲ့ သည်။

"ဟား…၊ ဟား…၊ ညီအစ်ကိုချင်က နဂါးနက်မြို့တော်ကလေ။ ဒါကြောင့် သူက မင်းကို သဘာဝအတိုင်း ရွှေနက်ကျောက်ဘုရင်ကို ပေးမှာမဟုတ်ဘူး။ တကယ်လို့, သူပေးမယ်ဆို, ငါ့ကို ပေးမှာပေါ့။" နဂါးနက်မြို့တော်သခင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ့မျက်နှာမှာ အလွန်တရာ ကျေနပ်အားရသည့် အမူအရာ ပေါ်လာသည်။ ထိုစကားကို ပြောပြီးနောက်၊ သူသည် ရွှေနက်မြို့တော်သခင်အား အရှက်ခွဲသည့် အမူအရာဖြင့် တစ်ချက်ကြည့်လိုက်ပါသည်။ ယင်းကြောင့် ရွှေနက်မြို့တော်သခင်သည် ဝက်အသည်း ထက်ပင် ပို၍ရုပ်ဆိုးလာကာ သူ့အသားရေပင် ပြာနှမ်းသွားခဲ့သည်။

ထိုသို့ပြောပြီးနောက် နဂါးနက်မြို့တော်သခင်သည် ချင်ယွင်ဆီသို့ လျှောက်သွားတော့မည်။ သို့သော် သူခြေသုံးလှမ်း မလှမ်းနိုင်ခင်မှာ ချင်ယွင်၏အသံက သူ့နားထဲတွင် ထပ်၍ ထွက်ပေါ်လာပြန်သည်။

"နဂါးနက်မြို့တော်သခင် မလောပါနဲ့။ မင်းကို ဒီရွှေနက်ကျောက်ဘုရင်ကို ပေးမယ်လို့ ငါ မပြောဖူးဘူးနဲ့တူတတယ်” ချင်ယွင်က တခစ်ခစ် ရယ်မောလိုက်သည်။

နဂါးနက်မြို့တော်သခင်က မှင်သက်သွားခဲ့သည်။ သူက ချင်ယွင်ကို ရုတ်တရက် ကြည့်လိုက်သည်။ သတ်ဖြတ်လိုသော အရိပ်အယောင်များက သူ့မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။ သို့သော် ထိုသတ်ဖြတ်လိုသော အရိပ်ယောင်သည် ဖျပ်ခနဲ ပျောက်ကွယ် သွားခဲ့သည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် ကျားတစ်ကောင်လို အပြုံးတစ်ခု ပေါ်လာပြန် သည်။

"ညီအစ်ကိုချင်၊ ဒီရွှေနက်ကျောက်ဘုရင်ကို မင်းလက်ထဲမှာ သိမ်းထားလို့ အသုံးမဝင်ဘူး။ သူ့ကို ငါ့ဆီမှာ ထားလိုက်ပါ။ မင်း ငါတို့ရဲ့ ယခင်သဘောတူညီချက်ကို ပြီးမြောက်အောင် ဖြည့်ဆည်းပေးနိုင်ခဲ့ရင်, ငါက မင်းဆန္ဒအတိုင်း ငါသေချာပေါက် ဖြည့်ဆည်းပေးမယ်လို့ ကတိပေးခဲ့လေ။" နဂါးနက်မြို့တော်သခင်က ချင်ယွင်အား သူ့မျက်နှာပေါ်တွင် အပြုံးဖြင့် ပြောလိုက်သည်။

ချင်ယွင်သည် အပြစ်ကင်းပုံရသည့် နဂါးနက်မြို့တော်သခင်၏ အပြုံးကို မြင်လိုက်သော်, မထီမဲ့မြင်ပြုဟန် လှောင်ပြောင်မှုတစ်ခုက သူ့နှလုံးသားထဲတွင် ပေါ်လာခဲ့သည်။

ဤနဂါးနက်မြို့တော်သခင်သည် အမှန်တကယ်ပင် ပြုံးနေသည့် ကျားတစ်ကောင် ဖြစ်သည်။ အကယ်၍, သူသာ အမှန်တကယ် သဘောထားကြီးသူ ဖြစ်ပါက, သူသည် သူ့လမ်းကြောင်းအတိုင်း အမှန်တကယ် လိုက်ပါကောင်းလိုက်ပါလိမ့်မည်။

သို့သော် ချင်ယွင်သည်လည်း လျှို့ဝှက်အကြံစည် မရှိခြင်း မဟုတ်ပေ။ နဂါးနက်မြို့တော် သခင်သည် သူ့မျက်လုံးများလုံး လှိမ့်ပတ်ကစားနေလျှင်ပင် ချင်ယွင်သည် သူ ဘာတွေ စီစဉ်နေလဲဆိုတာကို ခန့်မှန်းနိုင်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် သူ့စကားများကို သဘာဝအတိုင်း မယုံနိုင်ပေ။

"တောင်းပန်ပါတယ် နဂါးနက်မြို့တော်သခင်၊ ရွှေနက်ကျောက်ဘုရင်က ငါ့အတွက် တကယ်ကို အကျိုးရှိတယ်။ ဒါကြောင့် ငါ သူ့ကို မင်းလက်ထဲ မအပ်နိုင်ဘူး" ချင်ယွင်က နဂါးနက်မြို့တော်သခင်အား သူ့မျက်နှာပေါ်တွင် အပြုံးဖြင့် ပြောလိုက်သည်။

All Chapters