← Chapters

အခန်း ၁၄၃၈

Vol. 96 Ch. 1438

အခန်း ၁၄၃၈

Vol. 96 Ch. 1438

အခန်း (၁၄၃၈) ထူးခြားသော နတ်ဘုရားတန်ခိုးအစွမ်း။

တူညီသောစွမ်းအားကို ပိုင်ဆိုင်ထားသော ပြင်ပကမ္ဘာမှ ကျင့်ကြံသူတစ်ဦးသည် ၎င်းတို့၏ ရှေးဟောင်းနတ်ဘုရားကမ္ဘာ ကျင့်ကြံသူတစ်ဦးထံမှ ပြင်းထန်သော လက်တစ်သီးတစ်ချက် ကို ပိတ်ဆို့တားဆီးရန်အတွက် လက်တစ်ဖက်တည်းကို အမှန်တကယ် အသုံးပြုခဲ့သည်။ ဤအရာက မည်သို့ ဖြစ်နိုင်ပါမည်နည်း?။

လူတိုင်းသည် သူတို့မျက်လုံးတွေကိုပင် မယုံနိုင်ခဲ့ကြပါဘူး။ ရှင်းရှင်းပြောရလျှင်, သူတို့သည် ချင်ယွင်က လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည်ဟုပင် မမျှော်လင့်ထားပေ။

သူတို့၏အတွေးထဲမှာ ပြင်ပကမ္ဘာမှလူများသည် အစွမ်းထက်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားကြသော်လည်း၊ ယေဘုယျအားဖြင့် ၎င်းတို့သည် တန်ခိုးကြီးသော နတ်ဘုရား စွမ်းရည်များနှင့် ထူးဆန်းသော နတ်ဘုရားတန်ခိုးစွမ်းအားများကိုသာ အားကိုးကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုက အတော်လေး အားနည်းပါ သည်။

ထို့ကြောင့် ချင်ယွင်၏ ထိုလက်သီးချက်အား ခံနိုင်ရည်ရှိမှုက ၎င်းတို့၏ မျှော်မှန်းချက်များ ထက် ကျော်လွန်နေခဲ့သည်။

ထိုအချိန်တွင်, မင်တိုင်သည် သူ့မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာတစ်ခု ရှိနေသည်။ ထိုလက်သီးချက်မှာ သူ့ခွန်အား၏ ကိုးဆယ် ရာခိုင်နှုန်းကို အသုံးပြုခဲ့သော် လည်း, အမှန်တကယ်ပင် သူ့ရှေ့မှ ဤချာတိတ်၏ လက်တဖက်ဖြင့် တားဆီးခြင်း ခံခဲ့ရပါသည်။ ဤအရာက စိတ်ကူး၍ပင်မရနိုင်ဟု သူ့ကို ခံစားရစေသည်။

ချင်ယွင်၏ နှုတ်ခမ်းထောင့်များသည် အထက်သို့ ကွေးညွတ်သွားသည်။ သူက ထိတ်လန့် တုန်လှုပ်နေသော မင်တိုင်ကို ကြည့်ပြီး လှောင်ပြောင်လိုက်သည် "ဒါ မင်းရဲ့ အစစ်မှန် ခွန်အားလို့ ခေါ်တဲ့အရာလား။"

ချင်ယွင်၏ စကားများသည် ဧရာမ တူကြီးတစ်လက်နှင့်တူပြီး၊ မင်တိုင်၏ စိတ်နှလုံးကို စကားလုံးတစ်လုံးချင်း ရိုက်ခတ်သွားကာ၊ မင်တိုင်၏ စိတ်နှလုံးကို ပြင်းထန်စွာ တုန်လှုပ် သွားစေခဲ့သည်။

တကယ်တော့၊ ချင်ယွင်သည် မင်တိုင်၏ တိုက်ခိုက်မှုကို လက်တစ်ဖက်တည်းဖြင့် တားဆီး နိုင်ခဲ့သည့် အကြောင်းရင်းက သူ့ရုပ်ခန္ဓာကိုယ် ခွန်အားသက်သက်ကြောင့် မဟုတ်ပါဘူး။

သူ့လက်ဖဝါးသည် မင်တိုင်၏လက်သီးနှင့် ထိတွေ့လိုက်သောအခါတွင်၊ သူသည် ရှေးဟောင်းအဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီးကို အသုံးပြုလိုက်ပြီး၊ လျှပ်စီးပြိုလဲ ခြင်းနတ်ဘုရားစွမ်းရည်ဖြင့် ခွန်အားစိုက်ထုတ်ကာ ချက်ချင်းဆိုသလို မင်တိုင်၏ လက်သီး မှထွက်ပေါ်လာသော စွမ်းအားအားလုံးကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် မင်တိုင်၏ ထိုးနှက်ချက်အား အလွယ်တကူ တားဆီးနိုင်ခဲ့သည်။

ရွှေကျီးကန်းကမ္ဘာမှ လူများသည် ပြင်ပကမ္ဘာအကြောင်းကို အနည်းငယ်သာ သိသော ကြောင့် ချင်ယွင်၏လုပ်ရပ်များကို မမြင်နိုင်ခဲ့ကြပေ။

ချင်ယွင် ယခုလိုလုပ်ရသည့် အကြောင်းရင်းက သူသည် မင်တိုင်စိတ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ချင်သောကြောင့် ဖြစ်ပါသည်။ အမှန်တကယ် ရုပ်ခန္ဓာကိုယ် ခွန်အားသက်သက်ဆို လျှင် သူ၏ ရုပ်ခန္ဓာကိုယ် ခွန်အားသည် သဘာဝအတိုင်း မင်တိုင်ထက် နိမ့်ကျနေပေလိမ့် မည်။

သေချာသည်မှာ၊ မင်တိုင်သည် ချင်ယွင်၏နည်းလမ်းများဖြင့် ခြိမ်းခြောက်ခြင်း ခံခဲ့ရပြီး သူ၏တိုက်ခိုက်ရေး စိတ်ဓာတ်သည် စတင် ယိမ်းယိုင်သွားခဲ့သည်။

ချင်ယွင်၏ မျက်လုံးများသည် အပြုံးမပျက် တောက်ပလာပြီး သူ့မျက်လုံးများသည် ရုတ်တရက် အေးစက်သွားသည်။ ထိုပုံရိပ်သည် ချက်ချင်းပင် နောက်ယောင်ခံ ပုံရိပ်အဖြစ် သို့ ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ချင်ယွင်၏ လှုပ်ရှားမှုတွေက လျှပ်စီးလက်သလို မြန်ဆန်ပြီး သူ့အရှိန်ဟုန်ကလည်း တောင်ကြီးသဖွယ် ကျယ်ပြောလှပါသည်။

"ဘုန်း”။

တံတောင်ဖြင့် တိုက်ခိုက်ခြင်းနှင့်အတူ ချင်ယွင်၏ တံတောင်ဆစ်သည် မင်တိုင်၏ ဝမ်းဗိုက် ထဲသို့ တိုက်ရိုက် ထိမှန်သွားခဲ့ပြီး၊ မင်တိုင်၏ ဝမ်းဗိုက်တစ်ခုလုံး နစ်မြုပ်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးသည် တောင့်တင်းလာပြီး အလွန်နာကျင်သော အမူအရာ ပေါ်လာသည်။

မင်တိုင်၏ရုပ်ခန္ဓာသည် အဆင့်မြင့်နတ်ဘုရားပစ္စည်းများနှင့် ယှဉ်နိုင်သော်လည်း၊ သူ့ဝမ်းဗိုက်သည် လူသားခန္ဓာကိုယ်၏ အပျော့ဆုံး အစိတ်အပိုင်းဖြစ်နေဆဲ ဖြစ်သည်။

ချင်ယွင်၏ တံတောင်ဆစ်တိုက်ခိုက်မှုတွင် အနှိုင်းမဲ့ ပြင်းထန်သော ရှေးဟောင်း အဖြူရောင် ကျောက်စိမ်းနတ်ဘုရား လျှပ်စီးများ ပါဝင်နေသည်။ လျှပ်စီးပြိုလဲခြင်း နတ်ဘုရားစွမ်းရည်ကိုပါ အသုံးပြုထားခြင်းဖြင့်, ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တစ်ခုသည် မင်တိုင်၏ဝမ်းဗိုက်အတွင်း ချက်ချင်း ပေါက်ကွဲသွားကာ သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက် ထုံကျင်သွားစေသည်။

"ဘုန်း…"

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ပေါက်ကွဲသွားပြီး မင်တိုင်၏ တစ်ကိုယ်လုံး နောက်ပြန် ဆုတ်သွားခဲ့သည်။ သူသည် မျဉ်းဖြောင့်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အဝေးမှ ကျောက်တောင်ကြီးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားပြီး၊ ကျောက်တောင်တစ်ခုလုံးကို ကွဲကြေသွားစေခဲ့သည်။

ထိုကျောက်တောင်ကြီးသည် အနှိုင်းမဲ့ မာကျောလှသည်။ ကျောက်တောင်ကြီးကို ဖြိုခွဲပြီး၊ နောက်ပြန် လွင့်ထွက်သွားသည့် စွမ်းအားက ပေါ့သေးသေး မဟုတ်သည်မှာ သေချာပါ သည်။

မင်တိုင်သည် မတ်တပ်ထရပ်ရန် ရုန်းကန်ရင်း ပါးစပ်ထဲမှ အဆုံးမဲ့ သွေးများ အန်ထွက်ကာ အပျက်အစီးများကြားထဲတွင် လဲလျောင်းနေရသည်။ ထို့အပြင်, သူသည် အကြိမ်ပေါင်းများ စွာ ထရပ်ရန် ကြိုးစားသော်လည်း မထနိုင်ခဲ့ပေ။ သူသည် အဝေးမှာ ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေသော ချင်ယွင်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးတွေက ပြင်းထန်သော လက်မခံလို သည့် ဆန္ဒများဖြင့် ပြည့်နေခဲ့သည်။

အဝေးကလူတိုင်းသည် မျက်လုံးတွေ ပြူးကျယ်နေကြပြီး၊ မယုံကြည်နိုင်သည့် အမူအရာ များ ဖြစ်ပေါ်နေကြသည်။ ချင်ယွင်သည် ဤမျှလောက် အစွမ်းထက်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။ ကြယ် ၈ ပွင့် စစ်သည်တော် မင်တိုင်သည် ချင်ယွင်၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

နဂါးနက်မြို့တော်သခင်လည်း မျက်မှောင်ကြုတ်သွားသည်။ ချင်ယွင်၏ ခွန်အားသည် သူ့မျှော်လင့်ချက်ထက် အနည်းငယ် ကျော်လွန်နေသည်။

အနီးနားရှိ ရွှေနက်မြို့တော်သခင်သည် အပျော်သဘောဖြင့် ပြုံးနေသည်။ သူ့မျက်လုံးများ တွင် ဆော့ကစားလိုဟန် အကြည့်များက စိတ်ဝင်စားစရာကောင်းသော သားကောင်ကို တွေ့ရှိသွားသလိုပင်။

မီးလျှံနက်မြို့တော်သခင်သည် လေးစားသည့်အမူအရာကို ဖော်ပြနေသည်။ ချင်ယွင် အားကောင်းလေလေ၊ သူ့ဆုံးဖြတ်ချက်က မမှားလေဖြစ်ပြီး၊ သူ ပို၍ကံကောင်းလေ ဖြစ်သည်။

"မြို့သခင်မို၊ ဒီရွှေနက်ကျောက်ဘုရင်ကို မြန်မြန် သန့်စင်လိုက်ပါ။" ချင်ယွင်က မီးလျှံနက် မြို့တော်သခင်ကို ပြောလိုက်သည်။

မီးလျှံနက်မြို့တော်သခင်က ချင်ယွင်၏စကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ချင်ယွင်၏ ဦးတည်ရာဆီသို့ လျှောက်သွားသည်။

နဂါးနက်မြို့တော်သခင်နှင့် အဝေးမှ ရွှေနက်မြို့တော်သခင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် ရွှေနက်ကျောက်တုံးဘုရင်ကို လုယူရန် ပြင်ဆင်လိုက်သည့်အလား တစ်ချိန်တည်းတွင် သူတို့နှစ်ဦးစလုံးသည် ပြေးထွက် သွးကြသည်။

သူ့နောက်လိုက်များသည်လည်း တိုက်ပွဲဝင်ပုံစံ အခြေအနေသို့ ဝင်ရောက်ကာ မီးလျှံနက် မြို့တော်၏ နောက်လိုက် လေးဦးဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြပါသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကာ မီးလျှံနက်မြို့တော် သခင် အနားတွင် ပေါ်လာပြီး ရွှေနက်ကျောက်တုံးဘုရင်ကို သူ့လက်ထဲသို့ အပ်လိုက်သည်။

ရလာဒ်အနေဖြင့် ချင်ယွင်၏ လက်တွင်ရှိသော ရွှေနက်ကျောက်ဘုရင်ကို မိုချန်း၏ လက်ထဲ မှ မီးလျှံနက်နတ်ဘုရားတံဆိပ်က တိုက်ရိုက် ထုတ်ယူသွားခဲ့သည်။

သူသည် နတ်ဘုရားအမိန့်တော်ကို စတင်အသက်သွင်းခဲ့ပြီး ရွှေနက်ကျောက်တုံးဘုရင်၏ မှော်သင်္ကေတများကို စုပ်ယူသည်။

ရွှေနက်ကျောက်တုံးဘုရင်ကို သန့်စင်ပြီး စုပ်ယူပြီးမှသာ အခြားမြို့တော် နှစ်ခုသည် ဆုတ်ခွာသွားမည် ဖြစ်သည်။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား ချမှတ်ခဲ့သော စည်းမျဉ်းဖြစ်သည်။

မီးလျှံနက်နတ်ဘုရားတံဆိပ်သည် ရွှေနက်ကျောက်တုံးဘုရင်ထံမှ ရွှေကျီးကန်း စွမ်းအင် အနှစ်သာရကို ထုတ်ယူပြီးနောက် အစွမ်းထက်သော အလင်းတန်းများကို အဆက်မပြတ် ထုတ်လွှတ်ကာ ရွှေနက်ကျောက်တုံးဘုရင်အောက်တွင် လွင့်မျောနေပါသည်။

ဤနတ်ဘုရားအမိန့်တော်၏ စုပ်ယူမှုအမြန်နှုန်းအရ၊ ၎င်းသည် အနည်းဆုံး သုံးနာရီအထိ ကြာနိုင်မည်ဖြစ်ပြီး ဤသုံးနာရီအတွင်း ၎င်းသည် လုံးဝ အနှောင့်အယှက် ဖြစ်၍ မရပေ။ သို့မဟုတ်ပါက အရာအားလုံး အစမှ ပြန်စတင်ရပေလိမ့်မည်။

"ဝှီး…။

အဝေးမှ လေတိုးသံနှစ်ချက် ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် ရွှေနက်မြို့တော် သခင်နှင့် နဂါးနက် မြို့တော်သခင်တို့သည် ရောက်ရှိလာကြပြီး၊ ရွှေနက်ကျောက်တုံး ဘုရင်အတွက် တိုက်ပွဲဝင် ဝင်လိုဟန်ဖြင့် ရွှေနက်ကျောက်တုံး ဘုရင်ထံသို့ တည့်တည့် ဦးတည်သွားကြသည်။

ချင်ယွင်နှင့် မီးလျှံနက်မြို့တော်သခင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ နှစ်ယောက်စလုံး၏ မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်လိုစိတ်များကို ပေါ်လွင်စေ သည်။

"နဂါးနက်မြို့သခင်ကို ငါ့တာဝန် ထားလိုက်ပါ။ ရွှေနက်မြို့တော်သခင်ကို အစ်ကိုမိုအတွက် ထားပေးလိုက်မယ်။" ချင်ယွင်က မီးလျှံနက်မြို့တော်သခင်ကို ပြောလိုက်သည်။

"ကောင်းပြီ ညီအစ်ကိုချင် သတိထားပါ" မီးလျှံနက်မြို့တော်သခင်က သဘောတူသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်တွေက ချက်ချင်း စူးရှလာသည်။ ထို့နောက် သူသည် နဂါးနက်မြို့တော်သခင်ဆီသို့ ပြေးသွားခဲ့သည်။

မီးလျှံနက်မြို့တော်သခင်သည် ရွှေကျီးကန်းအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ရွှေနက်မြို့တော်သခင်ကို နှုတ်ဆက်သည်။

ဘေးမှာရှိနေသည့် ကျိုးလင်သည် သဘာဝအတိုင်း ဘာမှမလုပ်ဘဲ မနေခဲ့ပေ။ သူမသည် သူမ၏နတ်ဘုရားဓားကို တိုက်ရိုက် ဆွဲထုတ်ကာ တိုက်ပွဲတွင် ကြယ်ရှစ်ပွင့် စစ်သည်တော် များနှင့် ပူးပေါင်းခဲ့သည်။

မီးလျှံနက်မြို့တော်သခင်ဘက်မှာ ကြယ်ရှစ်ပွင့် စစ်သည်လေးဦးသာ ရှိပြီး ရွှေနက်မြို့တော် သခင်နှင့် နဂါးနက်မြို့တော်သခင်တို့၏ ပူးပေါင်းမှုတွင် စုစုပေါင်း စစ်သည် ၁၁ ဦး ရှိသည်။

ဟုတ်ပါသည်, မင်တိုင်သည် ဒဏ်ရာရသွားပြီး မတိုက်နိုင်တော့ပေ။ သို့သော်ငြားလည်း ပြိုင်ဘက်အုပ်စုမှာ ကြယ်ရှစ်ပွင့် စစ်သည်တော် ဆယ်ယောက် ရှိနေဆဲဖြစ်ပြီး၊ ၎င်းတို့သည် အရေအတွက်များစွာဖြင့် အသာစီး ရယူထားသည်။ ထို့ကြောင့် မီးလျှံနက် မြို့တော်သည် အများဆုံး ခုခံကာကွယ်မူကို အားကိုးပြီး တစ်ဆင့်ပြီးတစ်ဆင့် ဆုတ်ခွာနေရ သည်။

သို့သော် ကျိုးလင်၏ပူးပေါင်းမှုက မီးလျှံနက်မြို့တော်မှ လူများ၏ နောက်သို့ ဆုတ်ခွာနေရ ခြင်း၏ ဟန်ချက်ကို ဖြေလျှော့ပေးခဲ့သည်။

ကျိုးလင်သည် သူမ၏လက်ထဲတွင် နတ်ဘုရားဓားတစ်ချောင်းကို ကိုင်ထားသည်။ သူမသည် ထူးထူးခြားခြား ပြေပြစ်ကျော့ရှင်းနေပြီး၊ သူမ၏ ဓားရောင်ခြည်အလင်းတန်း သည် ၁၀လီအတွင်း အေးဓာတ်များ ပျံ့နှံ့နေပြီး၊ အမှန်တကယ်ပင် သူမသည် လေးယောက် ကို ဆန့်ကျင်တိုက်ခိုက်နိုင်သည်။ ထို့အပြင် သူမသည် အားနည်းဟန် လုံးဝ မရှိခဲ့ပေ။ ယင်းက မီးလျှံနက်မြို့တော်အတွက် ဖိအားကို အများကြီး သက်သာရာရစေခဲ့ပါသည်။

ယင်းကြောင့် မီးလျှံနက်မြို့တော်မှ လူတိုင်းသည် ကျိုးလင်၏ ပုံပန်းသဏ္ဍာန်ကို စိတ်လှုပ်ရှားသော အမူအရာများဖြင့် ကြည့်ရှုခဲ့ကြသည်။

ကျိုးလင်သည် အသုံးမဝင်သည့် ပန်းအိုးမျှသာဟု မူလက သူတို့ ထင်ခဲ့ကြသော်လည်း သူမသည် ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ဤအရာက သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်များကို ချက်ချင်း လောင်ကျွမ်းစေသည်။ သူတို့လေးယောက် သည် လူခြောက်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေရသော်လည်း နည်းနည်းလေးမှ မရှုံးနိမ့်ပါဘူး။

ကျိုးလင်သည် အခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေစွာ လှည့်ပတ်တိုက်ခိုက်ရင်း သူမကိုယ်ပိုင်ခွန်အားကို အသုံးပြုနေစဉ်မှာ၊ ချင်ယွင်နှင့် မီးလျှံနက်မြို့တော်သခင်တို့၊ နဂါးနက်မြို့တော်သခင်နှင့် ရွှေနက်မြို့တော်သခင်တို့လည်း အပြင်းအထန် တိုက်ခိုက် နေကြသည်။

မီးလျှံနက်မြို့တော်သခင်သည် ရွှေနက်မြို့တော်သခင်နှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်သည်။

တစ်ဖက်ရှိ ချင်ယွင်ဘက်မှာမူ များစွာ ခံစားနေရသည်။

"ဘုန်း…"

ချင်ယွင်၏ လက်သီးများသည် နဂါးနက်မြို့တော်သခင်နှင့် အပြင်းအထန် ထိမိသွားပြီး ခပ်လှမ်းလှမ်းမှ တုန်ခါသံတစ်ချက် ထွက်ပေါ်လာသည်။

နဂါးနက်မြို့တော်သခင်သည် မလှုပ်မယှက်ဘဲ ရပ်နေသော်လည်း ချင်ယွင်ကို ခြေလှမ်း ဆယ်နှင့်ချီပြီး နောက်ပြန်ဆုတ်သွားရကာ သူ့လက်တစ်ခုလုံး ထုံကျင်သွားသည်။

All Chapters