အခန်း ၁၄၃၉
Vol. 96 Ch. 1439
အခန်း (၁၄၃၉) တစ်နာရီကြာ တိုက်ပွဲ။
"ချင်ယွင်၊ ငါ မင်းကို ပျော်ရွှင်ဖွယ်ရာ အခြေအနေတစ်ခု ပေးခဲ့တယ်။ ဒါပေမယ့် မင်းက မရွေးချယ်ချင်ခဲ့ပဲ ခြေနင်းသစ်သားတံတားတစ်ခုအဖြစ်ပဲ ခံယူချင်ခဲ့တယ်။ မင်း ငါ့ကို တားနိုင်မယ်လို့ တကယ် ထင်နေတာလား။" နဂါးနက်မြို့သခင်သည် ချင်ယွင်၏ အဓိပ္ပာယ်မဲ့ စကားများကို ကြားသောအခါ၊ သူ့မျက်လုံးများတွင် လှောင်ပြောင်သည့် အကြည့်များ ပေါ်လာသည်။
"ငါ့တို့က မင်းရဲ့ ပျော်ရွှင်ဖွယ်ရာ အခြေအနေနောက်ကို လိုက်ပါရမှာလား။ အဲဒါက အဝါရောင်စမ်းချောင်းဆီ ကြွမြန်းရာလမ်းလို့ ငါ ထင်တယ်" ချင်ယွင်က ထုံကျင်နေသော လက်မောင်းများကို လှုပ်ရှားရင်း လှောင်ပြောင်လိုက်သည်။ (အဝါရောင်စမ်းချောင်းဟူ သည် တရုတ်ဒဏ္ဍာရီ၏မရဏကမ္ဘာကို ရည်ညွှန်းပါသည်။)
ချင်ယွင်သည် နဂါးနက်မြို့တော်သခင်နှင့် ရန်သူဖြစ်ခြင်းအတွက် နောင်တမရခဲ့ပေ။ အဆုံးတွင်, အကယ်၍, သူသာ နဂါးနက်မြို့တော်သခင်နှင့် အတူတူပူးပေါင်းပြီး လုပ်ဆောင်ခဲ့မည်ဆိုလျှင်, သူ့ကံကြမ္မာက အခုထက် သေချာပေါက် ပိုကောင်းလာမည် မဟုတ်ပေ။
နဂါးနက်မြို့တော်သခင်သည် ချင်ယွင်၏စကားကို ကြားသောအခါ၊ သူသည် မသိစိတ်မှ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးများ ၏ နက်ရှိုင်းအရပ်မှာ တောက်ပလာသည်။
"မူလက, မင်း ငါ့ကိုကူညီပြီး ရွှေနက်သတ္တုရိုင်းကြောကို သိမ်းပိုက်ပေးပြီးနောက် ငါ့လက်အောက်ခံအဖြစ် နေမယ်ဆိုရင်, မင်းရဲ့အသက်ကို ချမ်းသာပေးမယ်လို့ ငါ တွေးထားခဲ့တာ။ ဒါပေမဲ့ အခု ငါ မင်းကို စိတ်ဆင်းရဲစွာနဲ့ သေစေရတော့မှာပေါ့။ အရမ်းသနားစရာ အခြေအနေကဘာလဲဆိုတာ မင်းနားလည်အောင် ငါပြောပြပေးမယ်။ ပြီးရင်, ငရဲဘုရင်ကိုတွေ့ဖို့ မင်းရဲ့နောက်လိုက် အားလုံးကို စေလွှတ်ပေးလိုက်မယ်။ ဒါတွေအားလုံးက မင်း ငါ့ကို သစ္စာဖောက်တဲ့ ရလာဒ်ပဲ" နဂါးနက်မြို့တော်သခင်၏ အသံ က နက်ရှိုင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိကာ သူ့မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လို စိတ်တစ်ခု ရှိနေခဲ့သည်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးခဲသွားသည်။ နဂါးနက် မြို့တော်သခင်၏ စကားများသည် သူ့နှလုံးသားအတွင်းမှ အမျက်ဒေါသကို နှိုးဆွပေးခဲ့သည်။
နဂါးနက်မြို့တော်သခင်သည် သူ့ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ, သူ ဂရုမစိုက်သော် လည်း, သူသည် ကျိုးလင်ကို နည်းနည်းလေးတောင်မှ ထိခိုက်နာကျင်စေရန် ခွင့်ပြုမည် မဟုတ်ပေ။ နဂါးနက်မြို့တော်သခင်၏ စကားတွေက သူ့ပြောင်းပြန်ကြေးခွံကို လုံးဝ ထိခိုက်စေခဲ့သည်။
"မင်းကို ငါ့ပတ်ဝန်းကျင်ကလူတွေကို ဆံပင်တစ်ချောင်းတောင် ထိခိုက်ခွင့်မပြုဘူး။ ငါတို့ က ရန်သူတွေ ဖြစ်နေပြီဆိုတော့ ဒီနေ့ ငါသေရင်တောင် မင်းကို သတ်ပစ်မယ်" ချင်ယွင်က သူ့နောက်ကျောကို တည့်တည့်မတ်မတ် ဆန့်လိုက်ပြီး၊ နဂါးနက်မြို့တော်သခင်အား စူးစူးရှရှကြည့်ကာ ပြောလိုက်သည်။ သူ့အသံက အနှိုင်းမဲ့ ခိုင်မာပြီး ပြင်းပြင်းထန်ထန် စိတ်ပိုင်းဖြတ်ထားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။
"ဟမ့်၊ မင်းက ငါ့ကို သတ်မယ်။ မင်း တစ်ယောက်တည်းနဲ့လား" နဂါးနက်မြို့တော်သခင်က ရယ်မောလိုက်သည်။
ချင်ယွင်၏ စွမ်းအားသည် သာမန် ကြယ် ၈ ပွင့် စစ်သည်တော်များထက် အားကောင်း သော်လည်း သူနှင့် အတော်လေး အလှမ်းဝေးနေသေးသည်။
ကြယ်ရှစ်ပွင့်နှင့် ကြယ်ကိုးပွင့်ကြားတွင် ကြီးမားသော အတားဆီးကြီးတစ်ခု ရှိနေပါသည်။ သူတို့နှစ်ယောက်ကြားမှ ခြားနားချက်က လွယ်လွယ်ကူကူနှင့် ပေါင်းကူးတံတား ထိုးလို့ရ သည့်အရာ မဟုတ်ပါဘူး။ ထို့ကြောင့် ချင်ယွင်၏စကားကို ကြားသောအခါ နဂါးနက် မြို့တော်သခင်သည် ရူးသွပ်စွာ ရယ်မောလိုက်လေသည်။
"မင်းရဲ့ကျင့်ကြံမှု မြင့်မားနေတော့ရော ဘာဖြစ်လဲ။ ငါ့အတွက် ကျင့်ကြံမူအခြေခံ ကွာခြားချက်က လုံးဝ အဓိပ္ပါယ်မရှိဘူး" ချင်ယွင်၏ ဓားဆန္ဒက ထက်ရှသထက် ထက်ရှ လာသည့်အလား သူ့အသံက အကြွင်းမဲ့ တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နေခဲ့သည်။
"ဟမ်၊ မင်းက သေချင်နေမှတော့ ငါ မင်းရဲ့ဆန္ဒကို ဖြည်းဆည်းပေးမယ်။" နဂါးနက် မြို့တော်သခင်၏ မျက်လုံးများသည်လည်း မည်းမှောင်သွားစဉ်, သတ်ဖြတ်လိုသည့်ဆန္ဒက ပေါက်ကြားလာခဲ့သည်။
ဘန်း…။
နဂါးနက်မြို့တော်သခင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ရွှေကျီးကန်းစွမ်းအားက ပေါက်ကွဲ ထွက်လာခဲ့သည်။ ရွှေကျီးကန်းစွမ်းအားသည် နဂါးနက်မြို့တော်သခင်၏ လက်များကို ရစ်ပတ်ထားပြီး အနက်ရောင် နဂါးနှစ်ကောင်သည် သူ့လက်မောင်းများတွင် ထိုင်နေသကဲ့ သို့ အနှိုင်းမဲ့ စွမ်းအားကြီးသော အငွေ့အသက်တစ်ခု ထွက်လာသည်။
ချင်ယွင်သည် ပင်လယ်ကဲ့သို့ ကျယ်ပြောလှသော နဂါးနက်မြို့တော်သခင်ကို ကြည့်ကာ သူ့အကြည့်သည် လေးနက်လာသည်။
"လျှိုဘို၊ ငါ့ရဲ့ကျင့်ကြံမှုကို ဖြစ်နိုင်ချေရှိဆုံး အတိုဆုံးနဲ့ ဖြတ်ကျော်နိုင်ဖို့ နည်းလမ်းရှိလား" ချင်ယွင်သည် လျှိုဘိုကို စိတ်ထဲကနေ အသံလွှင့်ပြီး မေးလိုက်ပါသည်။
သူသည် အချိန်အတော်ကြာကတည်းက တွေးတောထားပြီး ဖြစ်သည်။ ယခုအခါ, အကယ်၍, သူသည် နဂါးနက်မြို့တော်သခင်ကို အနိုင်ယူလိုပါက၊ သူသည် သူ့နည်းလမ်း အားလုံးကို အသုံးပြုလျှင်ပင် သူသည် နဂါးနက်မြို့တော်သခင်၏ ပြိုင်ဘက်ဖြစ်မည် မဟုတ်ပေ။ အဆင့်ဖြတ်ကျော်ပြီးမှသာ အနိုင်ရဖို့ အခွင့်အရေး ရှိလာလိမ့်မည်။
နောက်ဆုံးတွင်၊ အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ်နှင့် အစောပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ်ကြားမှ ကွာဟချက်သည် တွင်းနက်ကြီးတစ်ခုလိုပင်။ သူသည် လေဟာနယ် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း၊ သူသည် လေဟာနယ်ကို ထိန်းချုပ်သူ ဖြစ်လာသည်မှာ မကြာသေးပေ။ ထို့အပြင် သူသည် လေဟာနယ်စွမ်းအားနှင့် ပတ်သက်ပြီး မည်သည့်နတ်ဘုရားစွမ်းရည်ကိုမှ မလေ့ကျင့်ထားသောကြောင့်, သူသည် လေဟာနယ် စွမ်းအင်၏ စွမ်းအားကို အမြင့်ဆုံးအထိ အသုံးမချနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် အဆင့်ချိုးဖြတ်မူတစ်ခုကို ရှာဖွေရန် အခြားနည်းလမ်းတစ်ခုကိုသာ ရှာဖွေနိုင်ပါ သည်။
'"မဟုတ်ဘူး၊ မင်းက အဆင့်ဖြတ်ကျော်ထားတာ မကြာသေးဘူး။ မင်းအချိန်တိုလေး အတွင်းမှာ အဆင့်ဖြတ်ကျော်လို့ မရတော့ဘူး။ တကယ်လို့, မင်းအနေနဲ့ အတင်းအကြပ် ဖြတ်ကျော်ခဲ့ရင်, မင်းရဲ့အခြေခံအုတ်မြစ်ကို မတည်မငြိမ် ဖြစ်စေလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့နတ်ဆိုးနတ်ဘုရားကျင့်ကြံမှုကတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်ဆုံး, မင်းမှာ သန်မာတဲ့ နတ်ဆိုးနတ်ဘုရားကျင့်ကြံမှု အခြေခံရှိနေသရွေ့ မင်း အဆင့်ဖြတ်ကျော်နိုင် လိမ့်မယ်။ မင်းရဲ့အခြေခံအုတ်မြစ်လည်း မတည်မငြိမ် ဖြစ်စရာမရှိဘူး" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ကောင်းလိုက်တာ။ ဒါဆို ငါ့ရဲ့ နတ်ဆိုးနတ်ဘုရားကျင့်ကြံမှုကို ဘယ်လိုဖြတ်ကျော်နိုင် မလဲ။ စွမ်းအင်ပမာဏ အများကြီးကို ဘယ်မှာ ရနိုင်မလဲ" ချင်ယွင်သည် လျှိုဘို၏စကားကို ကြားသောအခါတွင် သူသည် ချက်ချင်းပင် အလွန်ဝမ်းသာသွားပြီး အလျင်အမြန် မေးလိုက်သည်။
ယခုအချိန်တွင် သူ၏နတ်ဆိုးနတ်ဘုရား ကျင့်ကြံမှုသည် ကြယ်နတ်ဆိုးနတ်ဘုရား အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍, သူသာ ထပ်ပြီး အဆင့်ဖြတ်ကျော်သွားပါက၊ သူသည် အစောပိုင်း မြေကမ္ဘာနတ်ဆိုးနတ်ဘုရားအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ ဤနယ်ပယ်သည် အစောပိုင်း ကောင်းကင်နတ်ဘုရား အဆင့် နှင့် မယှဉ်နိုင်သော်လည်း၊ ချင်ယွင်အတွက် လုံလောက်နေပြီ ဖြစ်သည်။
သူသည် မြေကမ္ဘာနတ်ဆိုးနတ်ဘုရားနယ်ပယ်၏ အစောပိုင်းအဆင့်သို့ ဖြတ်ကျော်ပြီး သည်နှင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အဆင့်တစ်ခုအထိ တိုးမြင့်လာမည် ဖြစ်သည်။ ထိုအချိန်တွင်၊ သူသည် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့မည်ဆိုလျှင်၊ သူ၏စွန့်စား လှုပ်ရှားမှု များဖြင့်ဆိုပါက, သူသည် နဂါးနက်မြို့တော်သခင်ကို အနိုင်ယူရန်မှာ မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။
နောက်ဆုံးတွင်၊ ချင်ယွင်သည် နဂါးနက်မြို့တော်သခင်ကို ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်ယူ ရန်မှာ အလွန်ဝေးကွာလွန်းသည်ဟု မထင်တော့ပေ။ အကယ်၍, အဆင့်ဖြတ်ကျော်သွား မည်ဆိုလျှင်ပင်, သူသည် သူ့ကို ထိပ်တိုက် အနိုင်ယူရန်မှာ မဖြစ်နိုင်သေးပေ။ ဤအခိုက် အတန့်တွင် အဆင့်ချိုးဖြတ်ရန် အခွင့်အလမ်းအချို့ ရှာဖွေခြင်းသည် ထိုစွန့်စားမူအတွက် မျှော်လင့်ချက်အချို့တော့ သူ့ကို ပေးစွမ်းနိုင်ပါသည်။
"မင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်ကို ဖြတ်ကျော်ချင်ရင်တော့ မင်းအနေနဲ့ စွမ်းအင် ပမာဏ အများကြီး လိုအပ်တယ်။ အခု ဒီမှာ အစွမ်းထက်တဲ့ စွမ်းအင်တွေလည်း ရှိနေတယ်။" လျှိုဘို၏အသံက တုန့်ပြန်လာသည်။
'"မင်းဆိုလိုတာက ရွှေနက်သတ္တုရိုင်းကြောလား။ ဒါပေမယ့်, ငါ အဲဒီရွှေကျီးကန်း စွမ်းအား ကို လုံးဝ စုပ်ယူလို့ မရနိင်ဘူးလေ။ တကယ်လို့, ငါ ကနဦးစကြာဝဠာရဲ့ စွမ်းအားကို အသုံးပြုထားရင်တောင် ကြေးဝါအပိုင်းအစက စုပ်ယူနေတုန်းပဲ။ ငါ့အတွက် စွမ်းအင် တစွန်းတစတောင် မရှိတော့ဘူးလေ။" ချင်ယွင်အား ကူကယ်ရာမဲ့အသံဖြင့် စိတ်ပိုင်းဆိုင် ရာ ပို့လိုက်သည်။
“ဟမ့်၊ မင်းကို ကနဦးစကြဝဠာရဲ့ စွမ်းအားကို အသုံးပြုရမယ်လို့ ဘယ်သူ ပြောလို့လဲ။ မင်းမှာ ငါ့ရှိသေးတယ် မဟုတ်လား? ရွှေကျီးကန်းသတ္တုရိုင်းကြောထဲက စွမ်းအားတွေကို ငါ စုပ်ယူပြီးတာနဲ့ ငါ မင်းဆီကို ပြန်ပို့ပေးဖို့ ငါ ကူညီပေးနိုင်တယ်။ မင်းကို အစောပိုင်း မြေကမ္ဘာကြယ်နတ်ဆိုနတ်ဘုရားအဆင့်အထိ ဖြတ်ကျော်နိုင်စေမှာ သေချာတယ်။ လျှိုဘို၏ မာနကြီးသော အသံက ချင်ယွင်စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"တကယ်ဆို ကောင်းလိုက်တာ။" ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်လုံးတွေက စိတ်လှုပ်ရှားမှုနှင့်အတူ ချက်ချင်း တောက်ပလာခဲ့သည်။
"ဒါပေမယ့်, မင်း စိတ်လှုပ်ရှားမနေဦး။ ဒီရွှေကျီးကန်းသတ္တုရိုင်းတွင်းကနေ မင်းအတွက် စွမ်းအားတွေကို ဆွဲထုတ်ယူနိုင်ပေမယ့် အချိန်အတိုင်းအတာတစ်ခုတော့ ယူရလိမ့်မယ်။ အချိန် တစ်နာရီခန့် ကြာကောင်းကြာနိုင်တယ်။ ဒါကြောင့် မင်းက တစ်နာရီကြာအောင် ခံနိုင်ရည်ရှိမှ ရမယ်။" လျှိုဘို၏အသံက ထပ်၍ ထွက်ပေါ်လာပြန်သည်။
"ကောင်းပြီ, တစ်နာရီဆိုလည်း တစ်နာရီပေါ" ချင်ယွင်က ချက်ချင်း သဘောတူပြီး မကြုံစဖူးသော ဆုံးဖြတ်ချက်တစ်ခုက သူ့မျက်လုံးထဲသို့ တိုးဝင်လာသည်။
လျှိုဘိုသည် ချင်ယွင်၏စကားကို ကြားသောအခါတွင် သူသည် စကားမပြောတော့ပေ။ ယင်းအစား၊ သူသည် သေးငယ်သော အလင်းတန်းတစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲ ကာ ရွှေကျီးကန်းသတ္တုရိုင်းတွင်းသို့ တူးဝင်သွားခဲ့သည်။
လျှိုဘိုသည် ရွှေကျီးကန်း၏ စွမ်းအားကို စတင်စုပ်ယူနေပြီကို ချင်ယွင်သိသည်။ သူသည် နဂါးနက်မြို့တော်သခင်၏လက်မှာ အချိန်တစ်နာရီခန့်သာ ထိန်းထားနိုင်ရန် လိုအပ်သည်။
"ဟမ့်၊ ချာတိတ်လေး၊ မင်း ငါ့နဲ့တိုက်ခိုက်ချိန်မှာတောင် ငွေးငိုင်နေတုန်းပဲလား။ မင်း သေမလား မသေမလားမှန်းတောင် မသိနိုင်တော့ဘူး။ မင်းက သေဖို့ အရမ်း အလျင်လိုနေ မှတော့ ငါ မင်းကို အနောက်ကောင်းကင်ဘုံကို အခုချက်ချင်း ပို့ပေးလိုက်မယ်။" နဂါးနက်မြို့တော်သခင်က အေးစက်စွာ အော်လိုက်သည်။ ထို့နောက် သူသည် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထား သည့် ရွှေကျီးကန်းစွမ်းအားက ပို၍ပင် မြင့်တက်လာသည်။
ချင်ယွင်သည် နဂါးနက်မြို့တော်သခင် ပြေးလာသည်ကို မြင်သောအခါ သူ့မျက်လုံးများက ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်ဖြင့် တောက်ပလာသည်။ ရှေးဟောင်း အဖြူရောင် ကျောက်စိမ်း နတ်ဘုရားလျှပ်စီးကြောင်းက သူ့ခန္ဓာကိုယ်ကနေ ရုတ်တရက် ထွက်လာပြီး သူ့တစ်ကိုယ်လုံးကို တိုက်ရိုက် ဖုံးလွှမ်းသွားခဲ့သည်။
"ဟမ့်၊ ငါ မင်းနဲ့ တစ်နာရီ တိုက်ခိုက်ရမယ်ဆိုရင်ရော ဘာဖြစ်လဲ?။ ဒီတစ်နာရီအတွင်း ငါချင်ယွင်က မင်းလိုချင်သလို ထိုးဆိတ်လို့ရတဲ့ ပျော့ပျောင်းတဲ့ ပန်းသီးတစ်လုံး မဟုတ်ဘူးဆိုတာ မင်းကို အသိပေးလိုက်မယ်။" ချင်ယွင်သည် သူ့စိတ်နှလုံးထဲတွင် အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး နဂါးနက်မြို့တော်သခင်ကို ရင်ဆိုင်တွေ့ရန် အပြေးအလွှား ပြေးထွက်သွားခဲ့သည်။