← Chapters

အခန်း ၁၄၄၀

Vol. 96 Ch. 1440

အခန်း ၁၄၄၀

Vol. 96 Ch. 1440

အခန်း (၁၄၄၀) အဆုံးမဲ့လှုပ်ရှားခြင်း။

"ဘုန်း…!"

ချင်ယွင်၏ လက်သီးချက်သည် နဂါးနက်မြို့တော်သခင်နှင့် အပြင်းအထန် ထိမှန်သွားပြီး ပြင်းထန်သော တုန်ခါသံများ ထွက်ပေါ်လာသည်။

ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီးနှင့် ရွှေကျီးကန်း၏ စွမ်းအား တို့သည် တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိသွားကာ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုများနှင့် ပြင်းထန်သောလှိုင်းဂယက်များကို ဖြစ်ပေါ်စေသည်။

ချင်ယွင်သည် နောက်တစ်ကြိမ် တွန်းထုတ်ခံလိုက်ရပြန်သည်။ သူ၏ခြေဖဝါးများသည် မြေပြင်ပေါ်ကနေ ပေရာပေါင်းများစွာအကွာသို့ ချောတိုက်သွားသွားပြီး ရှည်လျားသော ခြေစွပ်ကြောင်းနှစ်ခုသည် မြေပြင်ပေါ်မှ တိုက်ရိုက် ဆွဲထုတ်သွားခဲ့သည်။

ချင်ယွင်၏ လက်မောင်းတစ်ခုလုံး ထုံကျင်နေပြီး သူ့လက်မောင်းအရိုးများ ကွဲအက်သွား သည် ။

သို့သော် ယခုတစ်ကြိမ်တွင်၊ နဂါးနက်မြို့တော်သခင်သည် ချင်ယွင်၏ ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီး၏ ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲ ခြင်းစွမ်းအားကြောင့် ခြေသုံးလှမ်းခန့် နောက်ပြန်ဆုတ်သွားခဲ့ရပြီး နက်ရှိုင်းသော ခြေထောက်ရာ သုံးခုသည် မြေပြင်ပေါ်တွင် ပေါ်လာခဲ့သည်။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ ခန္ဓာကိုယ်လဲ။ အဲဒါက တကယ်ကို နတ်ဘုရား သံမဏိနဲ့ သွန်းလုပ်ထားတဲ့ ခန္ဓာကိုယ်ပဲ" ချင်ယွင်သည် သူ့စိတ်ထဲတွင် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

သူ့လက်သီးသည် နဂါးနက်မြို့တော်သခင်၏ လက်သီးပေါ်သို့ ကျရောက်သွားသည်နှင့် ၎င်းသည် နတ်ဘုရားသံမဏိနံရံကြီးကို ရိုက်ချိုးလိုက်သကဲ့သို့ လှုပ်ခါရန် ခဲယဉ်းလွန်း သည်။

နဂါးနက်မြို့တော်သခင်သည် ကြယ်ကိုးပွင့်အဆင်သို့ တက်လှမ်းပြီးနောက်၊ သူ၏အရိုးများ သည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်း၏ မာကျောမှုအဆင့်သို့ ရောက်ရှိသွားကာ သူ၏အရေပြားသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသောရုပ်ခန္ဓာသည် အမှန်တကယ် လူသတ်စက်ရုပ် တစ်ခု ဖြစ်သည်။

ဤအရာက ရွှေကျီးကန်းကမ္ဘာမှ လူများ၏ ကြောက်စရာကောင်းသည့် အရာလည်း ဖြစ်ပါသည်။ သူတို့ကိုယ်ခန္ဓာသည် အစွမ်းထက်ဆုံး လက်နက်ဖြစ်သောကြောင့် သူတို့သည် မည်သည့်လက်နက်ကိုမှ အသုံးမပြုခဲ့ကြပေ။

"ဟမ့်၊ ချာတိတ်လေး၊ မင်းရဲ့ ခွန်အားက မဆိုးပါဘူး။ ဒါပေမယ့် ငါ့နဲ့ ယှဉ်ရင်တော့, မင်းက အလှမ်းဝေးနေပါသေးတယ်။ အခု ငါ့ရဲ့ ခွန်အားအစစ်မှန်ကို မင်းကို ငါ ခံစားခွင့်ပေးမယ်။" နဂါးနက်မြို့တော်သခင်သည် ချင်ယွင်ကို လုံးဝ ဒေါသထွက်သွားပုံရပြီး အေးစက်စက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ထို့နောက်, သူသည် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။ တခဏချင်းမှာပင် မြေကြီးတစ်ခုလုံး ကွဲအက်ပြီး မြေကြီးသည် ချိုင့်ဝင်သွားခဲ့သည်။ ထိုကျောက်တုံးများသည် အပြင်ကမ္ဘာထက် ပိုမာကျောပါသည်။

အထွတ်အထိပ် ကြယ်နတ်ဘုရား ကျွမ်းကျင်သူများ၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ခြင်း ကပင် ကျောက်တုံးများကို မဖြိုခွဲနိုင်ပါ။

အခုအချိန်မှာတော့ နဂါးနက်မြို့တော်သခင်သည် သူ့ခြေထောက်ကို ဆောင့်နင်းလိုက် သည်နှင့် မြေကြီးသည် အက်ကွဲသွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ အက်ကြောင်းများက ဆယ်မိုင်ပတ်လည်ကို ဖုံးလွှမ်းသွားသည်။ သူ့ခြေရင်းအောက်ရှိ တောင်ကျောက်တုံးများ သည် ဤဆောင့်နင်းချက်တွင် ပါဝင်နေသည့် ပြင်းထန်သော စွမ်းအားဖြင့် လွင့်ပျံသွားကြ သည်။

"ဘုန်း"

နဂါးနက်မြို့တော်သခင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ပျံထွက်သွားသည်။ သူ့ပတ်ဝန်း ကျင်ရှိ ကျောက်တုံးများသည် အောက်သို့မပြုတ်ကျခင်မှာ, ၎င်းတို့သည် နဂါးနက်မြို့တော် သခင်၏ ရူးသွပ်ဖွယ် လှုပ်ရှားမှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာမောင်း အဖြစ် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးကြောင့် လွင့်မျောပါသွားကြလေသည်။

နဂါးနက်မြို့တော်သခင်သည် ရှေ့သို့ အရှိန်မြှင့်လိုက်သည်။ သူ့ပုံရိပ်သည် အနက်ရောင် အရုပ်တစ်ခုကဲ့သို့ ဖြစ်နေပြီး၊ သူ့အရှိန်အဟုန်သည် ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည့် လျှပ်စီးလက်တစ်သိန်းအလား ထင်မှတ်ရသည်။

ချင်ယွင်သည် ပြင်းထန်သော လျှပ်စီးသဖွယ် အရှိန်ဟုန်နှင့်အတူ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသော နဂါးနက်မြို့တော်သခင်ကို ကြည့်လိုက်ရင်း သူ့မျက်လုံးများက လေးနက်သော အမူအရာ ပေါ်လာသည်။

ချင်ယွင်သည် ခုခံကာကွယ်ရန် သူ့စွမ်းအားအားလုံးကို အလျင်အမြန် စုဆောင်းလိုက်သည်။ ရှောင်တိမ်းရန် နည်းလမ်းမရှိဘူးဆိုသည်ကို သူ သိပါသည်။ ထိပ်တိုက်တိုက်ခိုက်မူကို ရှောင်ရှားပြီး ခုခံခြင်းကသာလျှင် ဆုံးရှုံးမှုကို လျှော့ချနိုင်မည် ဖြစ်သည်။ သို့သော် ခံစစ်ကစားမည်ဆိုလျှင်ပင် လွယ်ကူသည့် အလုပ်တော့ မဟုတ်ပါဘူး။

ဘန်း…။

ချင်ယွင်၏ကိုယ်ခန္ဓာမှ နတ်ဘုရားတန်ခိုးစွမ်းအားများ ချက်ချင်းဆိုသလိုပင် တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာပြီး သူ့ရှေ့တွင် အကာကွယ် အလင်းဒိုင်းအလွှာတစ်ရာကို ဖြစ်ပေါ်လာ သည်။ တစ်ချိန်တည်းမှာပင် သူသည် လေဟာနယ်အတားဆီး အများအပြားကို ဖန်တီးပြီး လေဟာနယ် အကာကွယ်ကိုလည်း အသုံးပြုခဲ့သည်။ ဤအရာအားလုံး ပြီးသွားသည့်အခါ နဂါးနက်မြို့တော်သခင်၏ ရုပ်အသွင်က ချဉ်းကပ်လာခဲ့ပြီ။

"ဘုန်း.."

နဂါးနက်မြို့တော်သခင်၏ လက်သီးချက်သည် ချင်ယွင်၏ အကာကွယ်အလင်းဒိုင်းနှင့် လေဟာနယ် အတားဆီးတို့ကို တိုက်ရိုက် ထိမှန်ပြီး ကျဆင်းသွားသည့် အသံတစ်ချက် ထွက်လာသည်။

အကာကွယ်အလင်းဒိုင်းအလွှာတစ်ရာသည် နဂါးနက်မြို့တော်သခင်အား မည်သည့် အတားအဆီးမှ မဖြစ်စေခဲ့ပေ။ သူ့လက်သီးတွေက အကာကွယ်အလင်းဒိုင်းကို ထိလိုက် သည်နှင့် အကာကွယ်အလင်းဒိုင်းသည် အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။

သူ၏လက်သီးချက်များသည် လေဟာနယ် အတားအဆီးများပေါ်သို့ ကျရောက်သောအခါ ထိုလက်သီးချက်ကို အတိုင်းအတာတစ်ခုအထိ ဟန့်တားထားခဲ့သည်။ သို့သော်လည်း နဂါးနက်မြို့တော်သခင်၏ လက်သီးချက်၏အစွမ်းကြောင့် ထိုလေဟာနယ် အတားဆီးများ ကို တိုက်ရိုက် ကွဲထွက်သွားစေရန် မဖြစ်နိုင်ပေ။

ချင်ယွင်သည် နဂါးနက်မြို့တော်သခင်၏ လက်သီးချက်ဖြင့် မတွေ့ဆုံမီ လျှပ်စီးပြိုလဲခြင်း နတ်ဘုရား စွမ်းရည်ကို ပြင်းထန်စွာ လှည့်ပတ်ပြီး ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီးကို စုစည်းထားခဲ့သည်။

"ဘုန်း.."

ချင်ယွင်သည် နဂါးနက်မြို့တော်သခင်၏ လက်သီးမှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ငှားယူလိုက်ရင်း သူ၏ရုပ်အသွင်သည် လျှင်မြန်စွာ နောက်ပြန် လွင့်သွားခဲ့ သည်။ နဂါးနက်မြို့တော်သခင်၏ ရုပ်အသွင်လည်း ချင်ယွင်ကြောင့် ခြေလှမ်းအနည်းငယ် ပြန်တွန်းထုတ်ခံခဲ့ရသည်။

အတားအဆီး အလွှာပေါင်းများစွာကြောင့်ပင် နောက်ဆုံးလက်သီးချက်က နဂါးနက် မြို့တော်သခင်ကို ခြေလှမ်းအနည်းငယ်သာ နောက်ပြန် ဆုတ်စေနိုင်ခဲ့သည်။ ဤနဂါးနက် မြို့တော်သခင်သည် မည်မျှကြောက်စရာကောင်းသည်ကို တွေးကြည့်နိုင်သည်။

"ဟမ့်!"

နဂါးနက်မြို့တော်သခင်သည် သူ၏လက်သီးသုံးချက်က ချင်ယွင်အား ကြီးကြီးမားမား ထိခိုက်မှု တစ်စုံတစ်ရာ မပြုနိုင်လုပ်သေးကြောင်း မြင်လိုက်ရသည်။ သူက အေးစက်စက် နှာခေါင်းရှုံ့ပြီး သူ့ရုပ်အသွင်က ထပ်မံ၍ ပြေးထွက်မလာခင် မြေပြင်ပေါ် ခြေဆောင့်နင်း လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင် ရွှေကျီးကန်း၏ အနှိုင်းမဲ့ အင်အားကြီးမားသော စွမ်းအားသည် သူ့လက်သီးထဲသို့ တိုးဝင်လာပြီး သူ့လက်သီးတစ်ခုလုံးကို ဖုံးအုပ်ထားသည်။ ၎င်းသည် တောက်လောင်နေသော အနက်ရောင်မီးလျှံနှင့်တူပြီး ချင်ယွင်ကို တိုက်ရိုက် အပြင်းအထန် တိုက်ခိုက်လာရင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ သယ်ဆောင်လာသည်။

ချင်ယွင်၏ရုပ်အသွင်သည် အဝေးသို့ လွင့်ပျံသွားပြီး သူ့အကြည့်များက အလားတူ စူးရှသည်။

သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်တစ်ခုလည်း ထွက်ပေါ်လာသည်။ သူ့ခြေဖဝါး အောက်တွင် အားကောင်းသော အငွေ့အသက်တစ်ခု ပျံ့နှံ့သွားပြီး ဘက်ပေါင်းစုံသို့ ရုတ်တရက် ပျံ့နှံ့သွားသော ဟာရီကိန်းမုန်တိုင်းအဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။

ထို့နောက် ချင်ယွင်နောက်ကွယ်မှ ကြီးမားပြီး ဝေဝေဝါးဝါး ရုပ်အသွင်အပြင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်ကြီးသည် ပေတစ်သောင်း မြင့်သည်။

ဓမ္မရုပ်အသွင်အပြင် ကောင်းကင်နှင့်မြေကြီး။

ဤသည်မှာ အနှိုင်းမဲ့ တန်ခိုးကြီးသော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။ နေသာ ဧကရာဇ်သည် ဤနတ်ဘုရားစွမ်းရည်ကို ကောင်ကင်တုန်လှုပ်ခြင်းနတ်ဘုရား နန်းတော်၏ ကြီးကျယ်ခမ်းနားသော နတ်ဘုရားစွမ်းရည်သုံးမျိုးထဲမှ တစ်ခုအဖြစ် စာရင်းသွင်းထား ကြောင်း တစ်ချိန်က ပြောခဲ့ဖူးသည်။ ဤနတ်ဘုရားစွမ်းရည်၏ အနှစ်သာရနှင့် နက်ရှိုင်းမူ က အကန့်အသတ်မရှိပေ။

ယခင်က ချင်ယွင်သည် သူ့ကိုယ်ပိုင်နားလည်မူဉာဏ်ကို အားကိုးပြီး အပေါ်ယံကိုသာ လေ့လာနိုင်ခဲ့သည်။ သူသည် ဤနတ်ဘုရားစွမ်းရည်ကို အချိန်အတော်ကြာ လေ့လာနေ ခဲ့ပြီး၊ ယခုအခါ၊ ဤနတ်ဘုရားစွမ်းရည်အပေါ် သူ၏နားလည်သဘောပေါက်မှုသည် ယခင်ကထက် ပိုမိုနက်ရှိုင်းလာခဲ့ပြီ။

"ငါ့လက်က ကောင်းကင်ဘုံကို ထောက်ထားနိုင်သလို ကောင်းကင်ဘုံကိုလည်း လှုပ်ခါစေ နိုင်တယ်။ အနန္တအသွင်ပြင်နှင့် လျှို့ဝှက်နတ်ဘုရားလက်သီး" ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ပြီး သူကိုယ်ကိုယ် နားလည်ထားသော လက်သီးပညာရပ်က ထွက်ပေါ်လာ သည်။

သူ့နောက်ကွယ်က ဧရာမအသွင်ပြင်ကြီးသည်လည်း ထိုအချိန်မှာ အသက်ဝင်လာပုံရ သည်။ အဆုံးမဲ့ နတ်ဘုရားတန်ခိုးနှင့် အငွေ့အသက် အားလုံးကို ချင်ယွင်၏ ခန္ဓာကိုယ်ထဲ သို့ ပေါင်းထည့်လိုက်သောကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် မကြုံစဖူး အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ချင်ယွင်၏လက်သီးချက်သည် ပေတစ်သောင်းခန့်ရှိသော နတ်ဘုရားအလင်းကို သယ်ဆောင်လာသည်။ သူ၏လက်မောင်းတစ်ခုလုံးသည် ဖန်မီးတောက်ကဲ့သို့ ဖြစ်နေပြီး ၎င်း၏ စွမ်းအားသည် ကြီးမားလှသည်။

"ဘုန်း…"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူတို့ခြေထောက်အောက် မြေပြင်သည် ရုတ်တရက် နစ်ဝင်သွားခဲ့သည်။

ချင်ယွင်၏နောက်ကွယ်မှ တုန်လှုပ်ချောက်ချားဖွယ် ပုံရိပ်ကြီးသည် တိုက်ရိုက် ကွဲအက်သွားပြီး သူ့တစ်ကိုယ်လုံး နောက်ပြန် ဆုတ်သွားခဲ့ရသည်။ သူသည် အဝေးမှ တောင်နံရံကို ပစ်ရိုက်ပြီး သူ့ပါးစပ်ထောင့်မှ သွေးများ ထွက်ကျလာသည်။

သို့သော်လည်း ချင်ယွင်သည် ဤအကြိမ်တွင် နဂါးနက်မြို့တော်သခင်အား ပေတစ်ထောင် အထိ ဆုတ်ခွာသွားရန် တွန်းအားပေးနိုင်ခဲ့သောကြောင့် သူ့ပါးစပ်ထောင့်စွန်းက အပြုံးရိပ် တစ်ခု ခိုတွဲနေသည်။

နဂါးနက်မြို့တော်သခင်၏ရုပ်အသွင်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် လွင့်သွားခဲ့ သည်။ နောက်ဆုံးတွင် သူသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ဆောင့်နင်းပြီး သူ့ခန္ဓာကိုယ်ကို မရပ်တန့်မီ ဒါဇင်လောက်နက်သော တွင်းပေါက်ကြီးအဖြစ် ပေါက်ထွက်သွားသည်။

နဂါးနက်မြို့တော်သခင်သည် ရုတ်တရက် ခေါင်းမော့ကာ ချင်ယွင်၏ မျက်နှာကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

သူသည် စတုတ္ထအကြိမ်မြောက် တိုက်ခိုက်သော်လည်း မအောင်မြင်နိုင်သေးပေ။ သူက ချင်ယွင်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် မပေးနိုင်ခဲ့ရုံသာမက သူ့အားသာချက်သည်ပင် သေးငယ်သထက် သေးလာသည်။

"ဘယ်လောက်တောင် ထူးဆန်းလိုက်တဲ့ ချာတိတ်လေးလဲ။ သူ့နည်းလမ်းတွေက အားမနည်းဘူး။ မဟုတ်ဘူး၊ ငါတို့ သူ့ကို အမြန်ဆုံး သတ်ပစ်ရမယ်။ မဟုတ်ရင်, ငါ သူ့ကို အချိန်ဆွဲမိလေ ငါတို့အတွက် ပိုဆိုးလာလေ ဖြစ်လိမ့်မယ်။" နဂါးနက်မြို့တော်သခင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့မျက်လုံးထဲမှာ သတ်ဖြတ်ချင်စိတ်က ပိုပြင်းထန်လာခဲ့ သည်။

ဘန်း…။

သို့သော် ထိုအခိုက်အတန့်တွင် သူ့ရှေ့မှ သူ့ဦးရေပြား ထုံကျင်သွားလောက်သည့် စူးရှသော အငွေ့အသက်တစ်ခု ထွက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့အကြည့်တွေ က ရုတ်တရက် စူးရှလာပြီး ရှေ့ကို လှမ်းကြည့်လိုက်ပါသည်။

အနှိုင်းမဲ့ ထက်မြက်သော အနက်ရောင် ဓားအရိပ်တစ်ခုသည် မြေပြင်မှ လျင်မြန်စွာ ချဉ်းကပ်လာသည်။ ဓားဖြတ်သန်းရာတစ်လျှောက် လေဟာနယ်က တုန်လှုပ်သွားသည်။ ၎င်းဓားသည် အရာအားလုံးကို စုတ်ဖြဲချင်သည့်အလား ကြောက်စရာကောင်းသည့် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းနှင့်ရွှေနက်ရောင်သည် ပေတစ်ထောင်အကွာမှ နဂါးနက်မြို့တော်သခင်၏ မျက်ခုံးအလယ်ဗဟိုဆီကို တည့်တည့် ပျံသန်းသွားပါသည်။

စာစဉ် (၉၆) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။ (၁၅.၂.၂၀၂၅)

All Chapters