← Chapters

အခန်း ၁၄၄၁

Vol. 97 Ch. 1441

အခန်း ၁၄၄၁

Vol. 97 Ch. 1441

အဓိပတိအင်မော်တယ်သခင် စာစဉ် (၉၇)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၄၄၁) ရူးသွပ်သွားခြင်း။

နဂါးနက်မြို့တော်သခင်သည် အံ့သြတုန်လှုပ်သွားသည်။ အနက်ရောင် အရိပ်ဓားမှ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို သူ ခံစားနိုင်သည်။

အေးစက်စက် နှာခေါင်းရှုံ့သံနှင့်အတူ သူ့လက်ထဲက ရွှေကျီးကန်းစွမ်းအင်သည် ရုတ်တရက် ထွက်လာပြီး အနက်ရောင် အရိပ်ဓားအား တိုက်ရိုက် ထိုးနှက်လိုက်သည်။

ချွင်…။

အနက်ရောင် အရိပ်ဓားသည် သူ့လက်သီးနှင့် တိုက်မိသွားပြီး သန့်စင်သည့် သံမဏိ ချင်းချင်းထိတွေ့သံများ ထွက်ပေါ်လာသည်။ အနှိုင်းမဲ့ အစွမ်းထက်သော ဓားစွမ်းအားသည် ချက်ချင်းပင် ပြန့်ကျဲသွားသည်။

အနက်ရောင် အရိပ်ဓားသည် ကွဲအက်သွားသည်။ သို့သော်လည်း နဂါးနက်မြို့တော်သခင် သည် အနက်ရောင် အရိပ်ဓားမှ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကြောင့် တုန်လှုပ် သွားခဲ့ရသည်။ သူသည် ပေသုံးထောင်အထိ ခုန်ဆုတ်လိုက်ရကာ, ရပ်တန့်ပြီးနောက်, မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရသည်။

နဂါးနက်မြို့တော်သခင်သည် သူ့ညာလက်ဖမိုးကို ထိတ်လန့်စွာ ကြည့်နေသည်။ သူ့လက်ဆစ်တွေ လုံးဝ ပျက်စီးသွားသည်။ သွေးတွေက သူ့လက်သီးတွေကို ဖုံးလွှမ်းသွား ပြီး သွေးကြားထဲမှာ အဖြူရောင် အရိုးတွေကိုတောင် မြင်နေရသည်။

နဂါးနက်မြို့တော်သခင်၏ စိတ်နှလုံးသားသည် မယုံကြည်မှုများနှင့် ပြည့်နှက်နေပါသည်။ သူသည် သူ့ရှေ့က ရုပ်အသွင်ကို မော့ကြည့်ရန် ခေါင်းကို မြှောက်လိုက်လျှင်, ချင်ယွင်၏ ရုပ်အသွင်သည် လေထဲတွင် လွင့်မျောနေကာ သူ့ခြေဖဝါးအောက်ရှိ မြေပြင်ပေါ်မှာ ထူးဆန်းသော အစီအရင်ပုံစံများဖြင့် ဖုံးအုပ်ထားသည်ကို သိလိုက်ရသည် ။

ထိုအစီအရင်ပုံစံများသည် အနက်ရောင်များ ဖြစ်ကြသော်လည်း ၎င်းတို့မှ ထုတ်လွှတ်သော ပြင်းထန်သော အငွေ့အသက်များက လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။

နတ်ဘုရားသတ် အစီအရင်ဝင်္ကပါ။

ဤသည်မှာ ချင်ယွင် မြို့တော်သခင် လင်းထန်ဘထံမှ ရရှိသော တန်ခိုးကြီးသော နတ်ဘုရား အစီအရင်ဝင်္ကပါ ပုံကြမ်းဖြစ်သည်။ ချင်ယွင်သည် ၎င်းကို ဒုတိယအကြိမ်အဖြစ် အသုံးပြုခဲ့ခြင်းလည်း ဖြစ်သည်။

ဤနတ်ဘုရားသတ် အစီအရင်ဝင်္ကပါသည် မူလက ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကို ချေမှုန်းနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ၎င်းသည် အနည်းငယ် ပျက်ဆီးနေပုံရပြီး ၎င်း၏စွမ်းအားမှာ အလွန်အားနည်းသွားခဲ့သည်။ သို့သော်လည်း နဂါးနက်မြို့တော်သခင်၏ ခွန်အားကို ကုန်ခမ်းစေရန်အတွက် ၎င်းသည် အသင့်တော်ဆုံး ဖြစ်သည်။

ဘန်း..။

အတွေးတစ်ချက်ဖြင့် ချင်ယွင်သည် သူ၏လက်များကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက် သည်။ ချက်ချင်းပင် တူညီသော အနက်ရောင်အရိပ်ဓားနှစ်စင်း သူ့ရှေ့တွင် လွင့်ပျံလာ သည်။

အနက်ရောင် အရိပ်ဓားများသည် လေထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကြောက်မက်ဖွယ် ကျယ်လောင်သော အသံကို ထုတ်လွှတ်လိုက်သည်။ ထက်မြက်သော ဓားများသည် ပတ်ဝန်းကျင်ကို ဖုံးအုပ်ထားသည်။

အဝေးမှာ တိုက်ပွဲဝင်နေကြသည့် ကြယ်ရှစ်ပွင့် စစ်သည်တော်တွေတောင် ထိုကြောက်စရာ စွမ်းအင်အတက်အကျလှိုင်းကြောင့် ထိတ်လန့်နေကြရသည်။ သူတို့အားလုံး တိုက်ပွဲကို ရပ်ပြီး ချင်ယွင်နှင့် နဂါးနက်မြို့တော်သခင်ဆီသို့ မျှော်ကြည့်ကြသည်။

ချင်ယွင်၏ရှေ့မှာ အနက်ရောင်အရိပ်ဓားတွေကို တွေ့လိုက်ရတော့ သူတို့၏စိတ် နှလုံးများ ကိုယ်စီ တုန်လှုပ်သွားသည်။ ကြောက်ရွံ့မှု စိတ်ခံစားချက်က သူ့အလိုလို ပေါ်လာသည်။ သူတို့သည် အနက်ရောင်အရိပ်ဓားများ၏ ခွန်အားကို ခံစားနိုင်သည်။ အကယ်၍, အနက်ရောင် အရိပ်ဓားများသာ သူတို့အား တိုက်ခိုက်လာပါက သူတို့အနေဖြင့် အသက်ရှင် ရန် လမ်းစရှိမည်မဟုတ်ကြောင်း သံသယမရှိပေ။

အဝေးမှ ဒဏ်ရာပြင်းထန်စွာရနေခဲ့သော မင်တိုင်သည် မတ်တပ်ရပ်နေပြီ ဖြစ်သည်။ သို့သော် သူသည် အဝေးမှာ လွင့်မျောနေသော ချင်ယွင်ကို ကြည့်လိုက်စဉ်, ရှုပ်ထွေးနေ သော အမူအရာတစ်ခုက သူ့မျက်လုံးထဲတွင် ပေါ်လာသည်။

တစ်ဖက်လူက သူ့ကို မျက်လုံးထဲ ဘယ်တော့မှ ထည့်မထားခဲ့တာ အံ့သြစရာ မရှိတော့ပေ။ အဘယ့်ကြောင့်ဆိုသော် တဖက်လူသည် သူ့ကို နှိမ့်ချအထင်သေးနိုင်သည့် အရည်အချင်း ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်ပါသည်။

"သွား!"

ချင်ယွင်သည် ပတ်ဝန်းကျင်မှ လူများ၏ အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှု လိုက်သည်။ ယင်းအစား၊ သူသည် အဝေးမှ နဂါးနက်မြို့တော်သခင်ကို ကြည့်ကာ နတ်ဘုရားသတ်ဝင်္ကပါကို အသက်သွင်းကာ သူ့ရှေ့တွင် လွင့်နေသော အနက်ရောင် အရိပ်ဓားများကို လွင့်ပျံသွားစေခဲ့သည်။

အနက်ရောင် အရိပ်ဓားနှစ်စင်းသည် ကောင်းကင်ယံကို ဖြတ်သန်းကာ နဂါးနက်မြို့တော် သခင်ထံသို့ ဦးတည်သွားခဲ့သည်။

နဂါးနက်မြို့တော်သခင်၏ မျက်လုံးများသည် အနှိုင်းမဲ့ တည်ငြိမ်လာခဲ့သည်။ ရွှေကျီးကန်း စွမ်းအင်က သူ့ခန္ဓာကိုယ်မှ အရူးအမူး ခုန်ထွက်လာပြီး သူ့ခန္ဓာကိုယ် ပေါ်ရှိ နတ်ဘုရား ဝတ်ရုံသည် ပို၍ပင် တဖျပ်ဖျပ် ခတ်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင် ရွှေအလင်းတန်းဖြင့် ဖုံးလွှမ်းထားသလိုပင်။

နဂါးနက်မြို့တော်သခင်သည် ချက်ချင်းပင် လက်သီးနှစ်ဖက်ဖြင့် ထိုးလိုက်သည်။ နဂါး နှစ်ကောင်သည် ပင်လယ်ပြင်မှ ပျံထွက်သွားသည့်အလား အနက်ရောင်အရိပ်ဓားများကို လက်သီးဖြင့် ထပ်မံ တိုက်မိပြန်သည်။

"ချွင်….။

နဂါးနက်မြို့တော်သခင်၏ လက်သီးနှစ်ဖက်သည် အနက်ရောင်အရိပ်ဓားများနှင့် အပြင်းအထန် တိုက်မိပြီး သတ္တုကောင်းနှစ်စင်း တိုက်မိသည့်အသံကို ထွက်ပေါ်လာသည်။

အနက်ရောင် အရိပ်ဓားများသည် ကြေမွသွားကာ ပတ်ဝန်းကျင်ကို ဖြတ်သွားသော ဓားချီမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

နဂါးနက်မြို့တော်သခင်က ခပ်အုပ်အုပ် အသံတစ်ချက် ထုတ်ဖော်လိုက်ရသည်။ သူ့တစ်ကိုယ်လုံး ချက်ချင်း နောက်ပြန် လွင့်သွားသည်။ သူ့ခန္ဓာကိုယ်က အဝေးမှ တောင်နံရံကို ပစ်ရိုက်ပြီး၊ ယင်းကြောင့် သူ့လည်ချောင်းထဲမှ သွေးတွေက ထိန်းမနိုင် သိမ်းမရ စီးထွက်လာခဲ့သည်။

သူ့အနောက်က တောင်နံရံလည်း အက်ကြောင်းတွေနှင့် ဖုံးလွှမ်းသွားကာ၊ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါနေသည်။

အဝေးကလူတွေအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မယုံနိုင်ဟန်ဖြင့် မျက်လုံးတွေ ပြူးကျယ်သွားကြသည်။

ဤသည်မှာ နဂါးနက်မြို့တော်သခင်၏ မြို့တော်သခင်ဖြစ်သည်။ ကြယ်ကိုးပွင့်အဆင့် ရှေးဟောင်း နတ်ဘုရားစစ်သည်တော်၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် အခြေအနေသို့ ရောက်ရှိနေခဲ့သော်လည်း၊ အနက်ရောင် အရိပ်ဓားနှစ်လက်ကြောင့် သွေးအန်ထွက်သည်အထိ အမှန်တကယ် လှုပ်ခါနိုင်ခဲ့သည်။

အဝေးက နဂါးနက်မြို့တော်သခင် သွေးအန်နေသည်ကို မြင်တော့ ချင်ယွင်က သူ့မျက်နှာ တွင် အပြုံးမပျက် ပေါ်လာသည်။

သို့သော် သူ စိတ်မကျေမနပ် ဖြစ်ခဲ့သည်။ ဤသတ်ဖြတ်ခြင်းအစီအရင်သည် နဂါးနက် မြို့တော်သခင်ကို အမှန်တကယ် ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သူ မထင်ပေ။

ပထမဆုံးအနေဖြင့်, ချင်ယွင်သည် အနက်ရောင်အရိပ်ဓား မည်မျှများများ အသုံးပြုနိုင် သည်ကို မဆိုထားနှင့်၊ ချင်ယွင်က ၎င်းအရိပ်ဓားတွေကို ဆက်သုံးနိုင်လျှင်ပင်, နဂါးနက် မြို့တော်သခင်မှာ သူအသုံးမပြုရသေးသည့် လျှို့ဝှက်နည်းလမ်းတွေ ရှိနေရမည်ဟု သူ ယုံကြည်ထားသည်။။ သူ ပေါက်ကွဲထွက်သည်နှင့် သူ့သတ်ဖြတ်ခြင်းဝင်္ကပါသည် လုံးဝ အသုံးဝင်တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် သူသည် ပြင်းထန်သော တိုက်ပွဲကို ရင်ဆိုင်ရနိုင်သေးသည်။ လျှိုဘို ပြန်ရောက်မလာခင် အချိန်နာရီဝက်ခန့် ကျန်နေသေးသည်။ နဂါးနက်မြို့တော်သခင်သည် စွန့်စားပြီးတိုက်ခိုက်လာသည်နှင့် တစ်ပြိုင်နက် ချင်ယွင်သည် နောက်ထပ် အချိန်နာရီဝက် ကြာအောင် ခံနိုင်ရည်ရှိလိုပါက သူသည် ပြင်းထန်သော တန်ဘိုးကို ပေးဆောင်ရမည် ဖြစ်ပါသည်။

"ချင်ယွင်၊ မင်း ငါ့ကို အောင်မြင်စွာနဲ့ ဒေါသထွက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ။ ငါ မမှားရင်, မင်းအသုံးပြုနေတာက မင်းတို့အပြင်ပကမ္ဘာ ပြောပြောနေတဲ့ အစီအရင်ဝင်္ကပါ မဟုတ်လား။” ထိုအချိန်တွင်၊ နဂါးနက်မြို့တော်သခင်သည် တံတိုင်းအတွင်း စိတ်ဓာတ်ကျ ခြင်း အခြေအနေမှ ရုန်းထွက်နိုင်နေပြီ ဖြစ်သည်။

သူ့နောက်ကျောမှ အနက်ရောင်ဆံပင်များသည် ပြန့်ကျဲနေပြီး လေပြင်းများက တိုက်ခတ် လာသည်။ သူ့မျက်လုံးတစ်စုံသည် ဖော်မပြနိုင်သော သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နေခဲ့ပြီး သူ့မျက်လုံးတစ်စုံက လုံးဝ အေးစက်သွားခဲ့ပြီ ဖြစ်သည်။

'"မှန်တယ်။ ဒါ ငါတို့ အပြင်ဘက် ကမ္ဘာကလူတွေ ပြောနေကြတဲ့ အစီအရင်ဝင်္ကပါပဲ။ ဒီအစီအရင်ဝင်္ကပါနဲ့ ပတ်သက်ပြီး နဂါးနက်မြို့တော်သခင် ဘယ်လိုထင်လဲ။ အစီအရင် ဝင်္ကပါရဲ့ စွမ်းအားက မဆိုးဘူး မဟုတ်လား။ ဒါ့ပြင် ဒါက မပြည့်စုံတဲ့ အစီအရင်ဝင်္ကပါ လေးတစ်ခုပဲ။ ပြီးပြည့်စုံသွားခဲ့ရင် သူ့ရဲ့စွမ်းအားက အခုထက် ဆယ်ဆလောက် ပိုကြီးနေလိမ့်မယ်။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

"ဆယ်ဆလား?" ပတ်ဝန်းကျင်ရှိ ရှေးဟောင်းနတ်ဘုရားကမ္ဘာမှ စစ်သည်တော် အားလုံး၏ နှလုံးသားများသည် မယုံကြည်နိုင်မှု အမူအရာများကို ထုတ်ဖော်ပြသကြသည်။

မင်တိုင်၏မျက်နှာက ဖြူဖျော့သွားသည်။ ယခုအချိန်မှာ သူသည် ရေတွင်းအောက်ခြေက ဖားတစ်ကောင်လို ခံစားရသည်။ ချင်ယွင်နှင့် ပြင်ပကမ္ဘာရှိ အခြားသူများနှင့် နှိုင်းယှဉ်ပါက သူသည် ကောင်းကင်ကြီး၏ လက်ဖဝါးဆုပ်လောက်ကိုသာ မြင်နိုင်သော ရေတွင်း အောက်ခြေမှ ဖားတစ်ကောင်နှင့် တူနေသည်။ သူသည် ရေတွင်းထဲမှာ ထိုင်ပြီး ကောင်းကင်ကြီးကို မော့ကြည့်ရုံသာ တတ်နိုင်သည်။ သူတို့ရှေးဟောင်းနတ်ဘုရားကမ္ဘာ၏ ရုပ်ခန္ဓာကိုယ်သည် ကောင်းကင်အောက်၌ ပြိုင်ဘက်ကင်းပြီး တွန်းလှန်နိုင်စွမ်းမရှိဟု သူ ထင်ခဲ့သည်။

၎င်းကိုကြည့်ခြင်းအားဖြင့် ဤအပြင်ဘက်ကမ္ဘာသည် သူထင်ထားသည်ထက် များစွာပို၍ အားကောင်းနေခဲ့သည်။

"ချင်ယွင်၊ မင်းရဲ့နည်းလမ်းတွေက ငါမျှော်လင့်ထားတာထက် ကျော်လွန်နေတယ်။ ဒါပေမယ့် မင်းမှာ တခြားနည်းလမ်းတွေ မရှိတော့ဘူးဆိုရင်တော့, ဝမ်းနည်းပါတယ်။ မင်းရဲ့တိုက်ပွဲက ဒီမှာပဲ အဆုံးသတ်သွားလိမ့်မယ်။" နဂါးနက်မြို့တော်သခင်က ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

ထိုစကားကို ပြောပြီးနောက်၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားမှော်သင်္ကေတများသည် ပွက်ပွက်ဆူ လောင်ကျွမ်းနေသော ရွှေနက်ရောင် အဆင်းသဏ္ဍာန် ထွက်ပေါ်လာသည်။ ပြင်းထန်သောအနက်ရောင် မီးတောက်တစ်ခုသည် သူ့တစ်ကိုယ်လုံးကို လောင်ကျွမ်းနေ သော မီးတောက်များကဲ့သို့ပင်။

"ဘုန်း..."

နဂါးနက်မြို့တော်သခင်၏ နောက်ကွယ်မှ တောင်တန်းသည် ချက်ချင်း ပေါက်ကွဲသွား သည်။ ဖော်မပြနိုင်သော အငွေ့အသက်သည် သူ့ခန္ဓာကိုယ်မှ အမှန်တကယ် ထွက်ပေါ် လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားစေပြီး ကောင်းကင်ယံတစ်ခုလုံးသည် တိမ်မည်းများကို စုစည်းလာ စေသည်။ ထိုအချိန်တွင် လေပြင်းများ တိုက်ခတ်လာကာ သဲများနှင့် ကျောက်တုံးများ လွင့်ပျံလာကြသည်။

နဂါးနက်မြို့တော်သခင်၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကြောင့် ပတ်ဝန်း ကျင်ရှိလူတိုင်း ထိတ်လန့်တုန်လှုပ်သွားကာ ၎င်းတို့အားလုံး အံ့အားသင့်ဖွယ် အမူအရာများ ကို ထုတ်ဖော်ပြသခဲ့ကြသည်။

အဝေးမှ ရွှေနက်မြို့တော်သခင်နှင့် မီးလျှံနက်မြို့တော်သခင်တို့ပင်လျှင် ဤအစွမ်းထက် သော အငွေ့အသက်ကြောင့် ဆွဲဆောင်ခံခဲ့ရပါသည်။ သူတို့အားလုံး တိုက်ပွဲကို ရပ်လိုက်ပြီး နဂါးနက်မြို့တော်သခင်ဆီသို့ မျှော်ကြည့်ကြသည်။

"အယ်၊ နဂါးနက်ကိ ဒီလောက်အထိ တကယ်ပဲ တွန်းအားပေးနိုင်ခဲ့တာလား?" ရွှေနက် မြို့တော်သခင်က အံ့သြစွာ ပြောလိုက်ပြီး၊ သူ့မျက်နှာမှာ မယုံနိုင်မူများဖြင့် ပြည့်နှက်နေပါ သည်။

မီးလျှံနက်မြို့တော်သခင်လည်း အံ့သြသွားပြီး အဝေးက ချင်ယွင်ကို ငေးကြည့်ရင်း အံ့သြနေတော့သည်။

All Chapters