← Chapters

အခန်း ၁၄၄၂

Vol. 97 Ch. 1442

အခန်း ၁၄၄၂

Vol. 97 Ch. 1442

အခန်း (၁၄၄၂) ဗုဒ္ဓတိုက်ပွဲဝင်နည်းဗျူဟာ

ချင်ယွင်လည်း ခပ်လှမ်းလှမ်းမှနေ၍ အနက်ရောင်မီးလျှံများဖြင့် ဖုံးလွှမ်းနေသော နဂါးနက် မြို့တော်သခင်ကို အံ့ဩမှုအချို့နှင့် လှမ်းကြည့်လိုက်သည်။

ယခုအချိန်တွင် နဂါးနက်မြို့တော်သခင်သည် ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိနေခဲ့ ပြီ ဖြစ်သည်။ သူသည် အမှန်တကယ်ပင် ငရဲမှထွက်လာသော နဂါးနက်ဘုရင် ဖြစ်လာခဲ့ သည်။

ဘန်း..။

ချင်ယွင်သည် နတ်ဘုရားသတ် အစီအရင်ဝင်္ကပါကို ချက်ချင်း ပြန်လည် အသက်သွင်းလိုက် သည်။ ချက်ခြင်းပင်၊ နတ်ဘုရားသတ် အစီအရင်ဝင်္ကပါမှ ပြင်းထန်သော စွမ်းအားတစ်ခု ပျံ့နှံ့သွားသည်။ ထို့နောက်တွင်၊ အနက်ရောင် အရိပ်ဓားသုံးစင်းသည် ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။ အနက်ရောင် အရိပ်ဓားတိုင်းတွင် အားကောင်းသော ဓားဆန္ဒများ ပါရှိနေ သည်။

အဝေးက နဂါးနက်မြို့တော်သခင်သည် ချင်ယွင်က အနက်ရောင်အရိပ်ဓား ၃ ချောင်း ဆင့်ခေါ်ထားသည်ကို တွေ့လိုက်သော်လည်း၊ သူ့ပါးစပ်ထောင့်က မထီမဲ့မြင်ပြုဟန် အမူအရာ ပေါ်လာသည်။

"သွား!"

ချင်ယွင်သည် သူ့လက်ကိုကို ဝှေ့ယမ်းလိုက်ပြီး သူ့ရှေ့တွင် လွင့်မျောနေသော အနက်ရောင် အရိပ်ဓားသုံးစင်းသည် ချက်ချင်းပင် ပျံထွက်သွားသည်။ တခဏအတွင်းမှာပင် ၎င်းတို့သည် ပေထောင်ပေါင်းများစွာ အကွာအဝေးကို ပျံသန်းသွားကြပြီး နဂါးနက်မြို့တော်သခင်ထံသို့ ဦးတည်သွားခဲ့ကြသည်။

"ဘုန်း....၊ ဘုန်း....၊ ဘုန်း....၊ ဘုန်း..."

နဂါးနက်မြို့တော်သခင်က တဟားဟား ရယ်မောပြီး လက်သီးသုံးချက် ပစ်လွှတ်ကာ၊ အနက်ရောင် အရိပ်ဓားသုံးစင်းကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်သည်။ နဂါးနက်မြို့တော် သခင်သည် ဒဏ်ရာကင်းစွာ ရပ်နေပြီး သူ၏ခါးသည် လှံကဲ့သို့ ဖြောင့်တန်းနေသည်။

"နဂါးနက်မြို့တော်သခင်က မျှော်လင့်ထားသလိုပါပဲ။ ဒါက မြို့တော်သခင်ရဲ့ အစစ်အမှန် ခွန်အားပဲ။"

"ဟုတ်တယ်၊ မြို့တော်သခင်က အစောပိုင်းက သူ့ရဲ့ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ ဘူး။ မဟုတ်ရင်, ဒီအစီအရင်ဝင်္ကပါက သူ့အတွက် ဘာမှမဟုတ်ဘူး"

"မြို့တော်သခင်က တကယ်ပဲ ကြီးစိုးနိုင်လွန်းတယ်။ ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားစွမ်းအားက သူ့ရှေ့မှာ ထိုးနှက်ချက်တစ်ခုကိုတောင် ခံနိုင်ရည်မရှိခဲ့ဘူး။ ချင်ယွင်တော့ ဒီတစ်ကြိမ် ကျိန်းသေပေါက် ဆုံးရှုံးလိမ့်မယ်"

…

ထိုမြင်ကွင်းကို မြင်တော့ လူတိုင်းက နဂါးနက်မြို့တော်သခင်ကို ချီးကျူးစ ပြုလာကြပြီး နဂါးနက်မြို့တော်သခင်ကို ကြည့်နေသည့် သူတို့၏ အကြည့်တွေကလည်း ကြည်ညိုလေး စားမှု အပြည့်နှင့်ပင်။

ထိုမြင်ကွင်းကို ချင်ယွင် မြင်လိုက်ရသောအခါ သူ့မျက်လုံးများက အံ့အားသင့်နေသည့် အမူအရာ ပေါ်လွင်နေသည်။ နဂါးနက်မြို့တော်သခင်သည် သူ့ခွန်အားကို အပြည့်အဝ အသုံးမချရသေးဟု သူ မျှော်လင့်ထားသော်လည်း၊ သူ့ခွန်အားကို အပြည့်အဝ အသုံးပြုပြီး နောက်, တကယ်ကို အစွမ်းထက်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပါဘူး။

ဒီသတ်ဖြတ်ခြင်းအစီအရင်က သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ဘူး။

"ချင်ယွင်၊ ငါ မင်းကို ကြိုးစားအားထုတ်နေတာ ရပ်တန့်လိုက်ဖို့ အကြံပေးချင်တယ်။ ငါက ဗုဒ္ဓတိုက်ပွဲဝင်ပညာရပ်ကို အသုံးပြုထားပြီးပြီ။ မင်းရဲ့အစီအရင်က ငါ့အပေါ် သက်ရောက်မှု မရှိတောဘူး။ ငါ မင်းကို အခု နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ မင်း ငါ့လက်အောက် ခိုဝင်လိုက်တာနဲ့ မင်းရဲ့အသက်ကို ငါ ချမ်းသာပေးမယ်။ မင်း ဘယ်လိုထင်လဲ" နဂါးနက် မြို့တော်သခင်၏ ခန္ဓာကိုယ်သည် အနက်ရောင်မီးတောက်များဖြင့် ဖုံးလွှမ်းနေဆဲဖြစ်ပြီး သူ၏ အငွေ့အသက်သည် အဆက်မပြတ် တိုးလာနေသည်။ သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း အထင်သေးလာခဲ့သည်။

"လက်အောက်ခံရမယ်လား..။ ငါချင်ယွင် အရှုံးပေးအညံ့ခံရအောင် လုပ်ဆောင်နိုင်တဲ့လူ မမွေးသေးဘူး။" ချင်ယွင်က ရယ်မောကာ ပြန်ဖြေသည်။

"ဒါဆိုလည်း သွားသေလိုက်တော့" ချင်ယွင်က ငြင်းဆိုသည်ကို မြင်တော့ နဂါးနက် မြို့တော်သခင်သည် ချက်ချင်းပင် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ့တစ်ကိုယ်လုံး ချင်ယွင်ဆီသို့ ဦးတည် ပြေးသွားလေသည်။

သူ့ပုံရိပ်သည် လျင်မြန်သော အလင်းရုပ်အသွင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ အမြန်နှုန်းသည် ယခင်အမြန်နှုန်းထက် သုံးဆပိုမြန်သည်။ ပေတစ်သောင်း အကွာအဝေး သည် တခဏသာလေး ဖြစ်သည်။

“ဘုန်း…"

နဂါးနက်မြို့တော်သခင်သည် ချင်ယွင်ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး အနက်ရောင် မီးတောက်များ ဖုံးလွှမ်းနေသော လက်သီးက ချင်ယွင်၏ ရင်ဘတ်ဆီသို့ ကောင်းကင် တုန်ခါကာ မြေကြီးကွဲအက်သွားလောက်သည့် အရှိန်ဖြင့် ရိုက်ချလိုက်လေသည်။

ချင်ယွင်၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ နဂါးနက်မြို့တော်သခင်၏ အမြန်နှုန်းသည် သူ့မျှော်လင့်ချက်ထက် အနည်းငယ် သာလွန်နေသည်။ နဂါးနက် မြို့တော်သခင်သည် ဗုဒ္ဓတိုက်ပွဲဝင်ပညာရပ်ဟုခေါ်သော ပညာရပ်ကို အသုံးပြုပြီးနောက် သူ့အမြန်နှုန်းက အမှန်တကယ် တိုးလာလိမ့်မည်ဟု သူ အမှန်တကယ် မမျှော်လင့်ထားပေ။

ဘန်း…။

အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ ချင်ယွင်သည် နဂါးတစ်ပိုင်းအခြေအနေသို့ တိုက်ရိုက် ဝင်ရောက်ခဲ့သည်။

သူသည် နဂါးနက်မြို့တော်သခင်၏ ပြင်းထန်သော ထိုးနျက်ချက်တွေကို တားဆီးရန် အတွက် သူ့လက်တွေကို သူ့ရင်ဘတ်အပေါ် ကန့်လန့်ဖြတ် ကာလိုက်သည်။

"ဘုန်း..."

မိုးခြိမ်းသံကဲ့သို့ အသံတစ်ချက် ထွက်ပေါ်လာပြီး ချင်ယွင်၏လက်မောင်းပေါ်ရှိ ခရမ်းရောင် နဂါးအကြေးခွံများသည် တိုက်ရိုက် ပေါက်ကွဲသွားသည်။ သူ့တစ်ကိုယ်လုံးဟာ ကြိုးပြတ်သွားသည့် စွန်အလား နောက်သို့ အလျင်အမြန် လွင့်ပျံသွားခဲ့သည်။

သူ့လက်တွေက ပြင်းထန်စွာ ထုံကျင်သွားပြီး အရိုးများပင် နေရာတော်တော်များများ ကျိုးသွားခဲ့သည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ခွန်အားလဲ။ ငါ နဂါးတစ်ပိုင်း အသွင်ပြောင်း ခြင်း အခြေအနေထဲ ဝင်ရောက်ထားတယ်။ ငါ့ခန္ဓာကိုယ်က ကြောက်စရာကောင်းတဲ့ အဆင့်ကို ရောက်ရှိနေပြီ။ ဒါပေမယ့် သူ့လက်သီးချက်တွေကို ငါ မတားဆီးနိုင်သေးဘူး။" ချင်ယွင်သည် အလွန်တုန်လှုပ်သွားသည်။

"ဘုန်း…"

ချင်ယွင်၏ခန္ဓာကိုယ်သည် သူ့နောက်မှ တောင်တန်းထဲသို့ ပစ်တိုက်သွားပြီး အနက်ရောင် ကျောက်တောင်တန်းမှာ အပေါက်ကြီးတစ်ခုကို တိုက်ရိုက် ဖန်တီးသွားသည်။ အက်ကွဲကြောင်းတွေက ပင့်ကူမျှင်ကဲ့သို့ ပျံ့နှံ့သွားသည်။

"ဟင်။ သူ တကယ်မသေသေးဘူးပဲ။ အဲဒါလည်း ငါ့ဆီက နောက်ထပ် လက်သီးတစ်ချက် ကို ခံယူလိုက်ဦး။" နဂါးနက်မြို့တော်သခင်က ကျယ်လောင်စွာ အော်လိုက်ပြီး နောက်တစ်ကြိမ် ပြေးထွက်သွားပြန်သည်။

ချင်ယွင်၏ အမူအရာသည် ပြောင်းလဲသွားပြီး လျင်မြန်စွာ ကြီးထွားနေသော ရုပ်အသွင်ကို အဝေးမှ ကြည့်ရင်း ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို အလျင်အမြန် အသုံးပြုကာ ဘေးတဘက်သို့ ရှောင်ထွက်သွားလိုက်သည်။

"ဘုန်း...."

ချင်ယွင်သည် ဘေးတဘက်နားသို့ ရှောင်တိမ်းသွားစဉ်တွင် နဂါးနက်မြို့တော်သခင်သည် သူရှိနေခဲ့သည့် မူလနေရာ၌ ပေါ်လာသည်။ သူသည် တောင်တန်းထဲကို ထိုးဖောက်ပြီး ပေါက်ကွဲသွားကာ အနှိုင်းမဲ့ ကြီးမားသော အပေါက်တစ်ခု ဖန်တီးလိုက်သည်။

ကျောက်တုံးများက လွှင့်ထွက်ပြီး ပေါက်ကွဲအသံက မြေကြီးကွဲအက်လောက်သည်။

ချင်ယွင်၏ နှလုံးသားသည် ကြောက်ရွှံ့ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ဤနဂါးနက်မြို့တော်သခင်သည် ယခုအခါ သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ သည်။

"ငါတို့ ထိပ်တိုက်ရင်ဆိုင်လို့ မရဘူး။ ငါ အချိန်ဆွဲနိုင်ဖို့ပဲ လိုတယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။ သူသည် ဤနဂါးတစ်ဝက်အခြေအနေသို့ ဝင်ရောက်ထားသော်လည်း၊ နဂါးနက်မြို့တော်သခင်နှင့် မယှဉ်နိုင်သေးပါ။ ထို့ကြောင့် သူသည် နဂါးနက်မြို့တော် သခင်နှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင် သူ သေသွားလိမ့်မည်။

ယခုအစီအစဥ်အရ၊ သူသည် လျှိုဘို ပြန်လာပြီး၊ စွမ်းအားကို စုပ်ယူမည့်အချိန်ထိ တမင်တကာ အချိန်ဆွဲနိုင်ရန် သူ့လှုပ်ရှားမှုပညာရပ်ကိုသာ အားကိုးနိုင်ပါတော့သည်။

"ဟမ့်၊ မင်း ထွက်ပြေးချင်တာလား။ မင်း ဘယ်လောက်ကြာကြာ ရှောင်နေနိုင်လဲဆိုတာ ငါ ကြည့်ချင်မိတယ်" သူ့လက်သီးချက်တွေက လွှဲချော်သွားသည်ကို မြင်လိုက်ရတော့ နဂါးနက်မြို့တော်သခင်သည် ချင်ယွင်ဆီ တစ်ဖန် ပြေးထွက်သွားသည်။

ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်သောအခါတွင်၊ သူ့နောက်မှ နဂါးအမြီးသည် ပစ်လွှတ်ပြီး၊ ကျောက်တောင်ပေါ်သို့ ချက်ခြင်း ရိုက်ချကာ ထိုအနက်ရောင် ကျောက်တုံးများကို ပျံသန်းလာနေသော နဂါးနက်မြို့တော်သခင်၏ အမြန်နှုန်းကို တားဆီးလိုဟန်ဖြင့် လွင့်ပျံသွားစေလိုက်သည်။

သို့သော်လည်း နဂါးနက်မြို့တော်သခင်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဟုန် ဖြင့် သူ့ဆီသို့ ပျံသန်းလာသော အနက်ရောင် ကျောက်တုံးများကို မြင်သောအခါ ရှောင်တိမ်းခြင်းမပြုဘဲ ၎င်းတို့ဆီ တိုက်ရိုက် ပစ်ဝင်လိုက်လေသည်။ ထိုအနက်ရောင် ကျောက်တုံးများသည် သူ့ခန္ဓာကိုယ်နှင့် အပြင်းအထန် တိုက်မိသောအခါတွင် အတားအဆီးမရှိ အမှုန့်ဖြစ်သွားကြသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ ချင်ယွင်သည် ခဏတာ မှင်သက်သွားခဲ့သည်။ သူသည် 'ဖောက်ပြန်နေတဲ့ကောင်' ဟု ကျိန်ဆဲပြီးနောက်၊ ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို လွန်ကဲစွာ အသုံးပြုကာ ပြီးပြည့်စုံသော ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော်လည်း နဂါးနက်မြို့တော်သခင်၏ အရှိန်ဟုန်သည် ချင်ယွင်ထက် အားမနည်းပေ။ သူသည် ချင်ယွင်ထက်ပင် အနည်းငယ် ပိုမြန်နေသည်။

ချင်ယွင်သည် တစ်နေရာရာသို့ ရှောင်တိမ်းလိုက်တိုင်း နဂါးနက်မြို့တော်သခင်၏ ရုပ်အသွင်က သူ့နောက်သို့ အနီးကပ်လိုက်လာခဲ့ပြီး ကောင်းကင်ဘုံကို ဖြိုဖျက်ပြီး၊ မြေကြီး ပြိုကျစေလောက်သည့် လက်သီးဖြင့် ထိုးနှက်လေသည်။

"ဘုန်း...၊ ဘုန်း....၊ ဘန်း... ဘန်း..."

ပေါက်ကွဲသံများ အဆက်မပြတ် ကြားနေရသည်။ ချင်ယွင် ပေါ်လာတိုင်း၊ ထိုနေရာသည် သေချာပေါက် ပြိုကွဲသွားရသည်။ ထို့နောက် နက်ရှိုင်းသော တွင်းနက်ကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာနေသည်။

အနီးနားရှိ လူအုပ်ကြီးသည် လူနှစ်ယောက် ပြေးလွှား ပုန်းအောင်းတမ်း ကစားနေသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့၏ မျက်လုံးများသည် ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေသည်။

တစ်ယောက်က အနှိုင်းမဲ့ ကြီးစိုးပြီး ရဲရင့်ကာ၊ နောက်တစ်ယောက်က ကြယ်ကိုးပွင့် စစ်သည်တော်တစ်ဦး၏ လက်ထဲမှာ အချိန်အကြာကြီး ခံနိုင်ရည်ရှိနေခဲ့သည်။ ဤအရာ တစ်ခုတည်းကပင် သူ၏ခွန်အားသည် ထူးထူးခြားခြား ဖြစ်ပြီး သူတို့လို ကြယ်ရှစ်ပွင့် စစ်သည်များ နှိုင်းယှဉ်နိုင်သည့် အရာထက် သာလွန်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

"ဘုန်း..”

သို့သော်လည်း ယခုအချိန်တွင် နဂါးနက်မြို့တော်သခင်၏ အရှိန်သည် အမှတ်တမဲ့ တိုးမြင့်လာသည်။ သူသည် မရှောင်တိမ်းနိုင်ခင်မှာ ချင်ယွင်ကို အမှန်တကယ် မှီသွားပြီး နောက် ရင်ဘတ်ကို တိုက်ရိုက် ထိုးလိုက်သည်။

"ဖူး.."

ချင်ယွင်၏ ရင်ဘတ်ရှိ နဂါးအကြေးခွံများ ပေါက်ကွဲသွားပြီး နံရိုးများစွာ တိုက်ရိုက် ကျိုးသွားခဲ့သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ကြွေကျနေသော ဥက္ကာပျံကဲ့သို့ အဝေးရှိ တောင်တန်းတစ်ခုထဲသို့ ထိုးကျသွားသည်။

ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ချင်ယွင်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေသည်။ သူ၏ နတ်ဘုရားခန္ဓာကိုယ်သည် ပြင်းထန်စွာ ပျက်စီးသွားပြီး သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်တိုင်း သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ပြင်းထန်စွာ နာကျင်စေသည်။

"လခွမ်း၊ အမိခံလို့မရဘူး။ ဒီလက်သီးချက်က အရမ်းကို ပြင်းထန်လွန်းတယ်။ လက်သီး တစ်ချက်တည်းနဲ့တောင် ငါ မတ်တပ် မရပ်နိုင်တော့ဘူး။" ချင်ယွင်က သူ့စိတ်ထဲမှာ ပြင်းပြင်းထန်ထန် ကျိန်ဆဲပြီး သူ့မျက်နှာက နာကျင်မှုများနှင့် ပြည့်နေခဲ့သည်။

ဘန်း…။

ထိုအချိန်တွင် မည်သူမျှ သတိမထားမိခင်မှာ အလင်းတန်းတစ်ခုက ချင်ယွင်၏ ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

ထိုအလင်းတန်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသဖြင့် ချင်ယွင်၏ နှလုံးသားက ချက်ခြင်းပင် စိတ်အားတက်ကြွမူ ပေါက်ဖွားလာခဲ့သည်။ ယခုအချိန်မှာ သူ့ခန္ဓာကိုယ်မှ နာကျင်မှုတွေတောင် တော်တော်လေး သက်သာသွားပုံရပါသည်။

All Chapters