အခန်း ၁၄၄၃
Vol. 97 Ch. 1443
အခန်း (၁၄၄၃) နာကျင်မှုအမူအရာ။
ဤအလင်းတန်းသည် လျှိုဘို၏ နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားမှလွဲ၍ အခြားမဟုတ်ပေ။
နတ်ဆိုးနတ်ဘုရားကမ္ပည်းပြား၏ ပြန်ရောက်လာခြင်းသည် ချင်ယွင်ကို မြေကမ္ဘာ နတ်ဆိုး နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်နိုင်ရန် လုံလောက်သော ရွှေကျီးကန်းစွမ်းအင်ကို စုပ်ယူထားပြီးဖြစ်ကြောင်း ဆိုလိုသည်။
"ကောင်စုတ်လေး ငါ ပြန်လာပြီ။ မင်း အသက်ရှင်နေသေးလား" တစ်ချိန်တည်းမှာပင် လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်သည် လျှိုဘို၏အသံကို ကြားလိုက်သောအခါတွင် သူသည် အလွန်ခင်မင်ရင်းနှီးမှု ကို ခံစားလိုက်ရသည်။
"မင်း နောက်ကျမှ ပြန်လာရင် ငါသေမှာတောင် စိုးရတယ်" ချင်ယွင်က နောက်ပြောင်လိုက် သည်။
သို့သော် ယခုအချိန်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ အခုလေးတင်၊ နဂါးနက် မြို့တော်သခင် လက်သီးချက်က သူ့အသက်တစ်ဝက်နီးပါးလောက်ကို ယူဆောင်သွားခဲ့ပါ ပြီ။
"ကောင်စုတ်လေး၊ မင်း မသေသေးတာ ကောင်းပါတယ်။ မင်းအတွက် ရွှေကျီးကန်း စွမ်းအားကို ငါစုပ်ယူထားပြီးပြီ။ ငါ မင်းကို ဉာဏ်အလင်းပေးပြီး ဒီရွှေကျီးကန်းစွမ်းအားနဲ့ မင်းခန္ဓာကိုယ်နဲ့ နတ်ဆိုးအမြုတေကို လုံးဝ ဆေးကြောသန့်စင်ပစ်လိုက်ရင် မင်းက မြေကမ္ဘာနတ်ဆိုးနတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်မှာပါ" လျှိုဘို၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ဆက်လက် မြည်ဟီးလာသည်။
ထိုစကားကိုကြားတော့ ချင်ယွင်၏ နှလုံးသားသည် အနှိုင်းမဲ့ လှုပ်ရှားသွားရသည်။
"ကောင်းပြီ၊ မင်း ရွှေကျီးကန်း စွမ်းအားကို ဘယ်လောက် စုပ်ယူလာခဲ့လဲ" ချင်ယွင်က စိတ်ဝင်တစား မမေးမြန်းဘဲမနေနိုင်ခဲ့ပေ။
"မများပါဘူး၊ ရွှေနက်သတ္တုရိုင်းကြောတစ်ခုလုံးရဲ့ သုံးပုံတစ်ပုံပေါ့" လျှိုဘိုက ဘာသိဘာသာ ပြန်ဖြေသည်။
"ဘာလဲ? သုံးပုံတစ်ပုံ၊ ဒါက အလွန်ကြီးမားတဲ့ သတ္တုရိုင်းကြောကြီး မဟုတ်လား။ ငါ အဆင့်ချိုးဖြတ်ဖို့ ဒီလောက်များတဲ့ ရွှေကျီးကန်း စွမ်းအင်ကို စုပ်ယူနိုင်မှာလား" ချင်ယွင်က မျက်လုံးပြူးရုံမှ မတတ်နိုင်ခဲ့ပေ။
"မင်းအဆင့်ဖြတ်ကျော်ဖို့ သေချာပေါက် ဒီလောက်အများကြီး မလိုပါဘူး။ ဒါပေမယ့် ငါ မင်းကို အကြိမ်အနည်းငယ် ကူညီပေးခဲ့ပြီး စွမ်းအင်တွေ အများကြီး သုံးစွဲခဲ့ရတယ်။ နောက်ပြီး အဲဒီအမှောင်ညမန်တီတွေကို ပြုစုပျိုးထောင်ပေးဖို့ စွမ်းအင်တွေ အများကြီး လိုအပ်တယ်။ ဒါကြောင့် ငါနည်းနည်း ပိုစုပ်သွားခဲ့တာ။ နောက်ပြီး ဒီသတ္တုရိုင်း ကြောကြီး လီတစ်ရာကျော်ကမ ရှိတယ်။ ပြီးတော့ ငါ ရွှေနက်သတ္တုရိုင်း လီ ၇၀ ကျော် ချန်ထားခဲ့ပါ တယ်" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်သည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရ။ လျှိုဘိုသည် ဤစိတ်လှုပ်ရှားမူကို ခံစားနိုင်ရန် အချိန်တစ်နာရီသာ ကြာခဲ့သည်။ တကယ်တော့, သူသည် ရွှေကျီးကန်း စွမ်းအားကို စုပ်ယူဖို့ သက်သက် မဟုတ်ပေ။ သူသည် စွမ်းအားအများစုကို ဝါးမြိုခဲ့ခြင်း ဖြစ်သည်။
သို့သော် လျှိုဘို၏ သဘောသဘာဝကို တွေးကြည့်သောအခါ, သူသည် စိတ်သက်သာရာ ရသွားသည်။
"ကောင်းပြီ၊ စကားပြောရပ်လိုက်ရအောင်။ ငါကို ဉာဏ်အလင်း ဉာဏ်အလင်း အမြန်ပေးပါ။ နဂါးနက်မြို့တော်သခင်က ခဏနေရင် ပြန်တိုက်ခိုက်လိမ့်မယ်။" ချင်ယွင်က ကမန်းကတန်း တိုက်တွန်း လိုက်သည်။
"ကောင်းပြီ!" လျှိုဘိုက ပြတ်ပြတ်သားသား သဘောတူပြီးနောက် ချင်ယွင်ကို ရွှေကျီးကန်း စွမ်းအားဖြင့် ထည့်သွင်းပေးလိုက်သည်။
"ဘုန်း...."
တဟုန်ထိုးမြည်ဟီးသံနှင့်အတူ ချင်ယွင်သည် သူ့မျက်ခုံးကြားမှ အနက်ရောင်နှင့် ရွှေစွမ်းအင်များစွာ ထွက်ပေါ်လာသည်ကို ချက်ချင်းဆိုသလို ခံစားလိုက်ရပြီး၊ ၎င်းသည် ဆည်တစ်ခုမှ ရုတ်တရက် ပေါက်ထွက်ကာ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ လျှံတက် လာသည့် လျှံရေများကဲ့သို့ပင်။
“အား..…”
ချင်ယွင်က အပြင်းထန် အော်ဟစ်လိုက်ပြီး အလွန်နာကျင်သော အမူအရာကို ထုတ်ဖော် လိုက်သည်။
ရွှေကျီးကန်းစွမ်းအားသည် ပြင်းထန်သော စွမ်းအင်မဟုတ်သော်လည်း စွမ်းအင်များစွာ တစ်ပြိုင်နက် ထည့်သွင်းလိုက်လျှင် သာမန်လူတစ်ဦးသည် ၎င်းကို ခံနိုင်ရည်မရှိ ဖြစ်နိုင်ပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ်သည် ပြိုကျပျက်စီးသွားမည် ဖြစ်သည်။
ချင်ယွင် ခံနိုင်ရည်ရှိရသည့် အကြောင်းရင်းမှာ သူလေ့ကျင့်ထားသော အထူး ကျင့်ကြံခြင်း နည်းစနစ်ကြောင့် ဖြစ်သည်။
ဘန်း..။
ချင်ယွင်သည် သူ့သွားများကို တင်းတင်းကြိတ်ကာ နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံ လွှမ်းမိုးခြင်းပညာရပ်ကို အသဲအသန် ဖြန့်ကျက်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော ရွှေကျီးကန်း စွမ်းအားကို အပြင်းအထန် စုပ်ယူနိုင်စေခဲ့ သည်။
ရွှေကျီးကန်းစွမ်းအားသည် တုနှိုင်းမရလောက်အောင် အစွမ်းထက်သည်ဟု ဆိုရမည် ဖြစ်သည်။ ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်နှင့်၊ ၎င်းသည် ချင်ယွင်၏ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို အပြင်းအထန် ဆေးကြောသန့်စင်ပြီး သူ့အရိုးများအတွင်းသို့ စိမ့်ဝင်သွားကာ သူ့အရိုးများသည် သတ္တုသဖွယ် တောက်ပမှုကို ဖြစ်ပေါ်စေသည်။
တခဏအတွင်းမှာပင်, ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြောက်စရာကောင်းသည့် ရွှေကျီးကန်းစွမ်းအားများဖြင့် ပြည့်နှက်လာနေပြီး သူ့မျက်ခုံးကြားမှာ ရှိသည့် နတ်ဆိုး နတ်ဘုရားကမ္ပည်းပြားထံမှ စွမ်းအင်ပမာဏ များစွာကို အဆက်မပြတ် ထုတ်လွှတ်နေ တုန်းပင်။
သူ့ခန္ဓာကိုယ်မှ ထွက်လာသော ရောင်ရမ်းနေသည့် ခံစားမှုသည် ချင်ယွင်အား မယုံနိုင်လောက်အောင် နာကျင်စေသည်ဟု ဆိုနိုင်သည်။
"ဟမ့်၊ ချင်ယွင်၊ မင်း ရွေးချယ်မှု မှားသွားပြီလို့ ငါ ပြောထားပြီးသား။ မင်းက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်မှန်း အခု မင်းသိသွားပြီပေါ့။ ဒါပေမယ့် မင်း အခုနောင်တရနေရင်တောင် မင်းက ငါ့လက်နဲ့ မကြာခင်မှာ သေရတော့မှာမို့ အသုံးမကျဘူး" နဂါးနက်မြို့တော်သခင်က အပျက်အစီးပုံထဲမှာ လဲလျောင်းနေသော ချင်ယွင်ကို ကြည့်ပြီး သူ့ပါးစပ်ထောင့်စွန်းက လှောင်ပြောင်သည့် အမူအရာတစ်ခု ပေါ်လာသည်။
သို့သော် သူပြောပြီးသောအခါတွင် ချင်ယွင်ထံမှ မည်သည့် အဖြေမှ မရရှိခဲ့ပေ။
ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ရွှေကျီးကန်း၏ တန်ခိုးအစွမ်းဖြင့် အရူးအမူး သန့်စင်နေသည်။ သူသည် နဂါးနက်မြို့တော်သခင်၏ စကားကို ပြန်ဖြေရန် မည်သို့ ခွန်အားရှိမည်နည်း။
ချင်ယွင်က သူ့စကားတွေကို လျစ်လျူရှုထားကို မြင်လိုက်ရတော့ နဂါးနက်မြို့တော်သခင် မျက်လုံးတွေက ချက်ချင်း မည်းမှောင်သွားပြန်သည်။
"ငရဲဘုရင်ကိုတွေ့ဖို့ မင်းကို ပို့ရမယ့်အချိန်ရောက်ပြီ။" နဂါးနက်မြို့တော်သခင်က အေးစက်စွာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ရစ်ပတ်ထားသော အနက်ရောင်မီးတောက် တွေက တစ်ဖန်ပြန်လည် မြင့်တက်လာသည်။ သူ၏ ညာလက်မောင်းရှိ အနက်ရောင် မီးတောက်များသည် နဂါးနက်ငယ်လေးကဲ့သို့ သူ့လက်မောင်းတစ်လျှောက် လှည့်ပတ်လာ သည်။ ထို့နောက် နဂါးနက်မြို့တော်သခင်သည် ထပ်မံ ခြေဆောင့်လိုက်ပြန်သည်။
သူ့ခြေဖဝါးအောက်ရှိ မြေပြင်သည် မရေမတွက်နိုင်အောင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး နဂါးနက်မြို့တော်သခင်သည် ကဆုန်ပြေးနေသော နွားရိုင်းတစ်ကောင် ကဲ့သို့ ချင်ယွင်ဆီသို့ ဦးတည်သွားလေသည်။
ဤမြင်ကွင်းကို မြင်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ လူတိုင်း မျက်လုံးပြူးသွားကာ သူတို့၏ မျက်နှာများသည် အံ့ဩနေသည့် အမူအရာများ ထင်ရှားပေါ်လွင်နေသည်။
"ဒီချင်ယွင်က သေတော့မယ်ထင်တယ်။ အခု သူက ဒဏ်ရာအပြင်းအထန် ရသွားပြီ။ သူ ရှောင်တိမ်းလို့မရမှာ စိုးရတယ်။"
"မှန်တယ်။ တကယ်လို့ သူသာ နဂါးနက်မြို့တော်သခင်ရဲ့ ဒီလက်သီးချက်နဲ့ ထိုးခံရရင် သူ့အသက် ဆုံးရှုံးသွားနိုင်တယ်”။
"ဟမ့်၊ ဒါလည်း သူ့သေလမ်း သူရှာတာလေ။ ငါတို့နဂါးနက်မြို့တော်ကို သစ္စာဖောက်ဖို့ သူ့ကို ဘယ်သူ ပြောလဲ။”
…
ပတ်ဝန်းကျင်မှ လူအုပ်ကြီးလည်း ချင်ယွင်သည် ဤတစ်ကြိမ်တွင် လုံးဝ ပျက်စီးသွားပြီဟု သူတို့အားလုံးက ယုံကြည်ကြသည်။
ကျိုးလင်၏ မျက်ခုံးများက တွန့်သွားခဲ့သည်။ အကယ်၍ သူမသည် ချင်ယွင်က သူမထံ အသံပို့လွှတ်ခြင်းမှတဆင့် ရှေ့သို့ အလျင်စလို တက်မလာရန် ပြောမထားခဲ့လျှင်, သူမသည် ချင်ယွင်အတွက် နဂါးနက်မြို့တော်သခင်ကို တားဆီးရန် ပြေးသွားပေလိမ့်မည်။
အခု ချင်ယွင်သည် နာကျင်သော မျက်နှာနှင့် နက်ရှိုင်းသော တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး နဂါးနက်မြို့တော်သခင်၏ ထွက်ပေါ်လာသော အငွေ့အသက်များကို သူမ မြင်လိုက်ရသောအခါတွင် သူမ၏နှလုံးသားသည် အလွန်အမင်း တုန်လှုပ်သွားပုံရ သည်။
အကယ်၍, ချင်ယွင်သာ အမှန်တကယ် တစ်ခုခုဖြစ်ခဲ့လျှင် သူမတစ်ယောက်တည်း သေချာပေါက် အသက်ရှင်နေထိုင်မည် မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ နဂါးနက်မြို့တော်၏သခင်သည် ချဉ်းကပ်လာကာ သူ့ညာလက်မောင်းကို ချင်ယွင်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ဖြင့် ရိုက်ချလိုက်သည်။
လူတစ်ယောက်ကို မဆိုထားနှင့်။ အနက်ရောင်ကျောက်တောင်တန်းကြီးတောင် ထိုလက်သီးချက်ကြောင့် ချက်ချင်း ကွဲသွားလိမ့်မည်။
နဂါးနက်မြို့တော်သခင်၏ ပါးစပ်ထောင့်စွန်းက ချင်ယွင်ကို အသားကိတ်သဖွယ် ဖောက်ထွင်းခံရသည်ကို ကြိုမြင်ထားသည့်အလား၊ သူ့နှုတ်ခမ်းက ရက်စက်သော လှောင်ပြောင်မှုတစ်ခုအဖြစ် တွန့်ကွေးသွားသည်။
လူတိုင်း၏ နှလုံးသားများလည်း တင်းကျပ်လာပြီး နောက်ဆက်တွဲ သွေးထွက်သံယို မြင်ကွင်းကို မကြည့်ဝံ့ကြပေ။
"ဘုန်း..."
သို့သော်၊ ချင်ယွင်ကို နဂါးနက်မြို့တော်သခင်က လုံးဝ သတ်ပစ်တော့မည်ဟု လူတိုင်း တွေးထင်နေကြစဉ်မှာ ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး ပြင်းထန်သော ရွှေကျီးကန်းစွမ်းအင်က သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာကာ အစွမ်းထက်သော အကာကွယ် အလင်းတန်းတစ်ခု ဖြစ်လာသည်။
နဂါးနက်မြို့တော်သခင်၏ လက်သီးချက်သည် အနှိုင်းမဲ့ အစွမ်းထက်သော ရွှေကျီးကန်း စွမ်းအင်ဒိုင်းပေါ် ကျရောက်သွားပြီး ကြောက်စရာကောင်းသော ရွှေကျီးကန်း စွမ်းအင်သည် လှိုင်းဂယက်များကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားစေသည်။ အဆုံးတွင် ပေါက်ကွဲပြီး အားကောင်းသော မုန်တိုင်းတစ်ခု ဖြစ်လာခဲ့သည်။
ထိုမုန်တိုင်းသည် ပတ်ဝန်းကျင်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အနီးနားရှိ ကျောက်တုံးများ သည် အပိုင်းပိုင်းကွဲထွက်သွားစေကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲပြီး လေထဲသို့ လွင့်စင်သွားခဲ့သည်။
နဂါးနက်မြို့တော်သခင်ရုပ်အသွင်သည် ထိုကြောက်စရာကောင်းသော မုန်တိုင်းကြောင့် နောက်ပြန် ဆုတ်သွားပြီး ခြေလှမ်း ၁၀၀ ပြည့် နောက်ပြန်ဆုတ်သွားရသည်။
နဂါးနက်မြို့တော်သခင်သည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး မုန်တိုင်း၏ ဗဟိုချက်မတွင် ရှိနေသည့် ချင်ယွင်ကို ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ကြည့်နေလေသည်။
ထိုအချိန်တွင် ချင်ယွင်သည် တွင်းနက်ကြီးထဲမှ တွားသွားတက်နေလာပြီ ဖြစ်သည်။ သူ့ရုပ်အသွင်သည် ပြင်းထန်ပြီး နက်မှောင်သော ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းထားသည်။ ထိုမုန်တိုင်းက သူ့အ၀တ်တွေကို လှုပ်ခါစေပြီး သူ့နောက်ကျောမှာ ဆံပင်တွေက အရိုင်းဆန်ဆန် အဆက်မပြတ် ကခုန်နေသည်။
သူ၏အနက်ရောင်မျက်လုံးများသည် ယုံကြည်မှုအပြည့်နှင့် တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေပြီး သူ့စိတ်ဝိညာဉ်ကို လှုပ်ခါစေပါသည်။