အခန်း ၁၄၄၄
Vol. 97 Ch. 1444
အခန်း (၁၄၄၄) အရပ်မျက်နှာအားလုံး တုန်ခါခြင်း။
"ဘုန်း…။
ချင်ယွင်က သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး သူ့ရှေ့က မုန်တိုင်းကြီးက ချက်ချင်း ပြန့်ကျဲသွားသည်။
ဝတ်စုံလက်မောင်းကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် မုန်တိုင်းကြီးကို ဖြေရှင်းပေးခဲ့သည်။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ အငွေ့အသက်သည် တုနှိုင်းမရလောက်အောင် အားကောင်းသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အပြောင်းအလဲများ က အရပ်မျက်နှာတိုင်းတွင် တုန်ခါနေသည်။
"တကယ်ကို သူ မသေသေးဘူးပဲ။ သူက ပိုသန်မာလာပုံရတယ်" အနီးနားရှိ ကြယ်ရှစ်ပွင့် ကျွမ်းကျင်သူများသည် ဟာရီကိန်းမုန်တိုင်းအတွင်းမှ ထွက်ခွာလာသည်ကို မြင်သော အခါတွင် သူတို့အားလုံး အလွန်အံ့အားသင့်ဖွယ် အပြုအမူများကို ထုတ်ဖော်လာကြသည်။
"ဟုတ်တယ်၊ သူက အဆင့်ချိုးဖြတ်လိုက်ရပုံရတယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ထဲက တန်ခိုးကြီးတဲ့ ရွှေနက်နတ်ဘုရားတန်ခိုးကို ငါ ဘာလို့ ခံစားရနေတာတုန်း" ကြယ်ရှစ်ပွင့် ရှေးဟောင်းနတ်ဘုရားစစ်သည်တော်က သံသယစိတ်ဖြင့် မေးသည်။
"ကျွန်တော်လည်း ဒီလိုပဲ ခံစားရတယ်။ သူ့ခန္ဓာကိုယ်ပေါ်က ရွှေနက်ရောင် အလင်းတန်းကို ကြည့်လိုက်ပါ။ ဒါက သူ့ခန္ဓာကိုယ်ထဲက ရွှေနက်နတ်ဘုရားတန်ခိုး စိမ့်ထွက်လာတဲ့ အခြေအနေဆိုတာ ထင်ရှားပါတယ်။ ပြင်ပကမ္ဘာက လူတွေက ငါတို့ရဲ့ ရွှေနက် နတ်ဘုရား တန်ခိုးကို စုပ်ယူလို့ မရဘူးလို့ ပြောကြတယ်မလား။ သူ့ခန္ဓာကိုယ်ထဲမှာ ရွှေနက် နတ်ဘုရားတန်ခိုးက ဘာလို့ ဒီလောက် ပြင်းထန်နေရတာလဲ" ဤအခိုက်အတန့်တွင် ဝေခွဲမရဖြစ်နေသော ရှေးဟောင်းနတ်ဘုရားစစ်သည်၏ဘေးမှ အဖော်ဖြစ်သူက စကားများပြောလာကာ သူ့မျက်နှာမှာလည်း ပြင်းထန်သော စိတ်ရှုပ်ထွေးမူများ ရှိနေသည်။
အဝေးမှာရှိနေသည့် ရွှေနက်မြို့တော်သခင်နှင့် မီးလျှံနက်မြို့တော်သခင်တို့သည် အံ့အားသင့်ဟန် အမူအရာကိုယ်စီ ထုတ်ဖော်ထားကြသည်။ သူတို့နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သံသယစိတ်များဖြင့် ပြည့်နှက်နေလေသည်။
ဟုတ်ပါသည်၊ အတုန်လှုပ်ဆုံးသူကတော့ နဂါးနက်မြို့တော်သခင် ဖြစ်ပါသည်။ မူလက ချင်ယွင်သည် ပြန်လည်တိုက်ခိုက်ရန် ခွန်အားမရှိတော့ပေ။ သို့သော်လည်း ချင်ယွင် မတ်တပ်ပြန်ထလာရုံသာမက သူ၏အငွေ့အသက်သည်လည်း ပို၍ပင် အားကောင်းလာခဲ့ သည်။ အရေးအကြီးဆုံးမှာ၊ သူ့ပြိုင်ဘက်၏ခန္ဓာကိုယ်အတွင်း ထည့်သွင်းလားသည့် စွမ်းအားမှာ သူတို့ရှေးဟောင်းနတ်ဘုရားကမ္ဘာ၏ အနက်ရောင် နတ်ဘုရားတန်ခိုး ဖြစ်နေသည်။
ဤအရာက သူ့ကို စိတ်ကူး၍မရနိုင်ဟု ခံစားရစေသည်။ ပြင်ပကမ္ဘာမှလူများသည် ဤအနက်ရောင် နတ်ဘုရားတန်ခိုးကို မည်သို့စုပ်ယူနိုင်သည်ကို သူ နားမလည်နိုင်ပါ။
ချင်ယွင် မတ်တပ်ရပ်နေပြီ ဖြစ်သော်လည်း လှုပ်ရှား၍ မရသေးပေ။ ယခုအချိန်တွင် သူ၏အဆင့်ဖြတ်ကျော်မူသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုနောက်မှာတော့ သူ့နတ်ဆိုးနတ်ဘုရားအမြုတေသည် ထက်ရှသော အသွင်ကူးပြောင်း မှုကို စတင်နေပါပြီ။ ပြင်းထန်သော အသွင်ကူးပြောင်းမှု ပြီးဆုံးသွားသည်နှင့်, သူသည် အစောပိုင်း မြေကမ္ဘာနတ်ဆိုးနတ်ဘုရားအဆင့်သို့ လုံးလုံးလျားလျား ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ ထိုအချိန်တွင် သူ့ခွန်အားသည် ကြီးမားလာပေလိမ့်မည်။
"ဟမ့်၊ မင်းက ဘယ်လိုပဲ လှည့်စားနေပါစေ ငါ ဂရုမစိုက်ဘူး။ ဒီနေ့ မင်းသေရမယ်" နဂါးနက်မြို့တော်သခင်က အေးစက်တဲ့ နှာချေမှုတ်ထုတ်လိုက်ပြီး သူ့ခြေဖဝါးအောက်က မြေပြင်ကို လက်သီးဖြင့် ထိုးချလိုက်ပါသည်။
"ဘုန်း.."
ကျယ်လောင်သော ပေါက်ကွဲအသံနှင့်အတူ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာ သည်။ သူ့ခြေဖဝါးအောက်က မြေပြင်ကလည်း တုန်ခါနေပြီး ဘေးပတ်ဝန်းကျင်က ကျောက်တုံးတွေက ပြိုကျကုန်သည်။
နဂါးနက်မြို့တော်သခင်၏ ခြေရင်းမှစ၍ ကြီးမားသော အက်ကွဲကြီးတစ်ခုသည် ချင်ယွင် ဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ကြီးမားပြင်းထန်သော ရွှေကျီးကန်း စွမ်းအားများ ပါရှိသော အက်ကွဲကြောင်းသည် လျင်မြန်စွာ ကူးခတ်နေသော နဂါးတစ်ကောင်ကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
ချင်ယွင်သည် လျင်မြန်စွာ ချဉ်းကပ်လာနေသော အက်ကွဲကြောင်းကြီးကို မြင်သောအခါ တွင် သူ့မျက်လုံးထဲမှာ အလင်းတန်းတစ်ခု ပေါ်လာသည်။
ခြေတစ်ချက် ဆောင့်နင်းမူနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု သူ့ခြေဖဝါး အောက်မှ ပျံ့နှံ့သွားခဲ့သည်။ ၎င်းသည် နဂါးနက်မြို့တော်သခင်၏ အပြင်း အထန် တိုက်ခိုက်ခြင်းမှ ထွက်ပေါ်လာသော စွမ်းအားနှင့် တိုက်မိပြီး မြေပြင်သည် အက်ကွဲသွားကာ ပြင်းထန်သော တုန်ခါသံများ ထွက်ပေါ်လာသည်။
ဝှီး....။
နဂါးနက်မြို့တော်သခင်၏ပုံရိပ်က ချက်ချင်း ရောက်ရှိလာသည်။ အနက်ရောင်မီးလျှံများ ဖုံးလွှမ်းနေသော လက်သီးတစ်ချက်က ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ လက်သီး၏လေလှိုင်းသည် ကြီးမားသော နဂါးကြီးကဲ့သို့ မြည်ဟီးနေသည်။
ချင်ယွင်သည် ပြင်ဆင်ထားပုံရပြီး၊ သူသည် ကြောက်မက်ဖွယ်ကောင်းသော ရွှေကျီးကန်း နတ်ဘုရားတန်ခိုးကို သူ၏ခန္ဓာကိုယ်ပေါ်တွင် စုစည်းထားသည်။ တခဏချင်းမှာပဲ၊ သူ့လက်မောင်းတစ်ခုလုံးသည် အနှိုင်းမဲ့ တောက်ပနေသော ရွှေကျီးကန်းစွမ်းအင် အလင်းတန်းများနှင့် ပွင့်ထွက်လာခဲ့ပြီး ထိုနောက်မှာတော့ နဂါးနက်မြို့တော်သခင်၏ လက်သီးနှင့် တွေ့ဆုံသွားခဲ့သည်။
"ဘုန်း.."
သူတို့ခြေထောက်အောက်မှ မြေကြီးသည် ပြိုကွဲသွားခဲ့ပြီး အချင်း မီတာတစ်ထောင်နီးပါး ရှိသည့် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ချင်ယွင်နှင့်နဂါးနက်မြို့တော်သခင်တို့ နှစ်ယောက်စလုံး နောက်ပြန် ဆုတ်သွားခဲ့ကြသည်။ သူတို့နှစ်ဦးသည် လက်ရည်ညီနေသည့် အရိပ်အယောင်များကို မြင်တွေ့နေရသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" နဂါးနက်မြို့တော်သခင်သည် ချင်ယွင်၏ လက်သီးချက်ကြောင့် ပျံသန်းသွားစဉ် သူ့မျက်လုံးများတွင် အလွန်မင်း ထိတ်လန့် တုန်လှုပ်သွားသည့် အမူအရာတစ်ခု ထွက်ပေါ်လာသည်။
ထင်ရှားသည်မှာ၊ ချင်ယွင်သည် ရုတ်တရက် အင်အားကြီးလာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ့လက်သီးချက်တွေကို တားဆီးနိုင်ရုံတင်မကပေ။ သူ့ခွန်အားက သူ့ကို မှီရန် အနည်းငယ် သာလိုပါတော့သည်။
ချင်ယွင်၏ ပါးစပ်ထောင့်က အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူက နဂါးနက်မြို့တော်သခင်ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည် "မဖြစ်နိုင်တာတွေ နောက်ထပ် လာလေးဦးမယ်။ မင်းရဲ့ ခွန်အားကို ငါ အရင် တွေ့မြင်ထားပြီးပြီ။ နောက်ပိုင်း ငါ့ခွန်အားအစစ်မှန်ကို မင်းကို ခံစားခွင့်ပေးမယ်”။
ချင်ယွင်၏ အသံက ကျယ်လောင်ပြီး အားကောင်းလှသည်။ သူပြောပြီးသည်နှင့်၊ အနှိုင်းမဲ့ နက်မှောင်သော နတ်ဆိုးနတ်ဘုရားအမြုတေက သူ့ခေါင်းထက်မှ တဖြည်းဖြည်း ထွက်ပေါ် လာသည်။ ၎င်းသည် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေ သည်။ မှောင်မိုက်သော ရွှေရောင်အလင်းတန်းတစ်ခုက ထွန်းလင်းတောက်ပလာကာ မခံမရပ်ဖြစ်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
မူလက နီမြန်းသော အနီရောင် နတ်ဆိုးနတ်ဘုရားအမြုတေသည် ရွှေကျီးကန်း နတ်ဘုရား တန်ခိုးဖြင့် ဆေးကြောခြင်းအောက်တွင် ၎င်း၏အသွင်အပြင် လုံးဝ ပြောင်းလဲသွားခဲ့သည်။ နတ်ဆိုးနတ်ဘုရားအမြုတေပင် အလွန်ခိုင်ခံ့ခဲ့ပြီး ပို၍ပင် မာကြောလာခဲ့သည်။
ဤအခိုက်အတန့်တွင်၊ နတ်ဆိုးနတ်ဘုရားအမြုတေ၏ မာကျောမှုသည် ထိပ်တန်း နတ်ဘုရားပစ္စည်းအဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ ထိပ်တန်း နတ်ဘုရားပစ္စည်း တစ်ခုက ချင်ယွင်၏ နတ်ဆိုးနတ်ဘုရားအမြုတေကို ဖျက်ဆီးလိုလျှင်ပင်၊ ယင်းသည် လွယ်ကူသော အလုပ် မဟုတ်တော့ပေ။
"ဒါက ဘာလဲ။ အဲဒါက ငါတို့ရဲ့ ရွှေနက်နတ်ဘုရားတန်ခိုးကို တကယ် စုပ်ယူနိုင်ပါ့မလား" အဝေးမှ ရှေးဟောင်းနတ်ဘုရား စစ်သည်များသည် ချင်ယွင်၏ ဦးခေါင်းထက်တွင် လွင့်မျောနေသော နတ်ဆိုးနတ်ဘုရားအမြုတေကို စိုက်ကြည့်ကာ အလွန်အမင်း ရှုပ်ထွေး သော အမူအရာများကို ထုတ်ဖော်လာကြသည်။
နဂါးနက်မြို့တော်သခင်သည်လည်း ချင်ယွင်၏ဦီးခေါင်းထက်တွင် လွင့်မျောနေသော အလင်းလုံးအား နားမလည်ဘဲ ခဏတာပင် မှင်သက်သွားခဲ့သည်။
"အဆင့်ချိုးဖြတ်မှုတစ်ခု ပြုလုပ်တော့မှာလား။ ဒါမှမဟုတ်, ဒါက အစောပိုင်း မြေကမ္ဘာ နတ်ဆိုးနတ်ဆိုးဘုရားလား။" ကျိုးလင်သည် ချင်ယွင်၏ ဦးခေါင်းထက်ရှိ အလင်းလုံးအား သဘာဝအတိုင်း သိရှိထားသည်။ သို့သော် ယခုအချိန်တွင် ချင်ယွင်သည် အဆင့်ဖြတ်ကျော် မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ထို့အပြင် သူမသည် သူ့ရှေ့တွင် ဤကမ္ဘာကြီး၏ စွမ်းအားကို ချေးငှားနေပုံရသည်။
ယခုတော့ ချင်ယွင်က သူမကို အဘယ့်ကြောင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ပြောခဲ့သည်ကို သူမ နားလည်သွားပါပြီ။ သူသည် စွမ်းအားတွေကို စုဆောင်းနေပုံရသည်။
သို့သော်လည်း ချင်ယွင်၏ အဆင့်ချိုးဖြတ်မှုသည် ကျိုးလင်အတွက် ကြည်နူးစရာ ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ ဤအရာက သူမ၏အဆင့်ဖြတ်ကျော်မှုထက်ပင် ပို၍ ပျော်စရာကောင်းသည်။
ယခုအချိန်တွင် ချင်ယွင်သည် သူ့အဆင့်ဖြတ်ကျော်မှု၏ နောက်ဆုံးအရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအချိန်တွင်၊ သူသည် မြေကမ္ဘာ နတ်ဆိုး နတ်ဘုရားနယ်ပယ် အစောပိုင်းအဆင့်နှင့် ပါးလွှာသော အမြှေးပါးဖြင့်သာ ပိုင်းခြားထား သည်။ ဤအမြှေးပါးကို ဖောက်ထွင်းဝင်ရောက်နိုင်သရွေ့၊ သူသည် မြေကမ္ဘာနတ်ဆိုး နတ်ဘုရားအဆင့်ကို လုံးဝ ဖြတ်ကျော်ဝင်ရောက်နိုင်မည် ဖြစ်သည်။
"ချိုးဖျက်လိုက်စမ်း" ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ ခန္ဓာကိုယ်အတွင်း ရှိ ရွှေကျီးကန်း စွမ်းအင်သည် အလင်းတိုင်တစ်ခုကဲ့သို့ ကောင်းကင်ယံသို့ တဟုန်ထိုး ပျံ့နှံ့တက်သွားခဲ့သည်။ ၎င်းသည် အစောပိုင်း မြေကမ္ဘာနတ်ဆိုးနတ်ဘုရားနယ်ပယ်ကို တစ်ရှိန်ထိုး ချိုးဖျက်လိုဟန်ဖြင့် သူ့ဦးခေါင်းထက်ရှိ နတ်ဆိုးနတ်ဘုရားအမြုတေထဲသို့ လောင်းထည့်လိုက်သည်။
"နဂါးနက်အိုကြီး၊ မြန်မြန် တိုက်ခိုက်တော့။ သူ အဆင့်မဖြတ်ကျော်ရသေးဘူး။ ငါတို့ သူ့ကို ဆက်ပြီး ဖြတ်ကျော်ခွင့် ပြုလို့မရဘူး" အဝေးမှ ရွှေနက်မြို့တော်သခင်သည် တစ်စုံတစ်ခု ကို တွေ့ရှိသွားပုံရပြီး နဂါးနက်မြို့တော်သခင်ကို လှမ်းအော်လိုက်သည်။
နဂါးနက်မြို့တော်သခင်သည်လည်း ဖြစ်ပျက်နေသည့်အရာကို နားလည်သွားပုံရသည်။ ရွှေကျီးကန်းစွမ်းအင် အများအပြားသည် သူ့ခန္ဓာကိုယ်မှ တစ်ဖန်ပြန်လည် ထွက်ပေါ်လာ ပြီး ချင်ယွင်ဆီသို့ တွန်းပို့လိုက်သည်။
သို့သော် ယခုတစ်ကြိမ်တွင် သူ့တိုက်ခိုက်မှု၏ပစ်မှတ်မှာ ချင်ယွင်၏ခန္ဓာကိုယ် မဟုတ်တော့ဘဲ ချင်ယွင်အထက်ရှိ လွင့်မျောနေသော နတ်ဆိုးနတ်ဘုရားအမြုတေ ဖြစ်သည်။
ချင်ယွင်၏ခေါင်းထက်မှာ လွင့်မျောနေသည့်အရာကို သူ မသိသော်လည်း ထိုအရာက အရမ်းအရေးကြီးသည်ဆိုသည်ကို သူ သိပါသည်။ ထို့အပြင်၊ ၎င်းသည် ချင်ယွင်၏ အဆင့်ဖြတ်ကျော်မှုနှင့် အလွန်ဆက်စပ်မှု ရှိနေသည်။ ဤအရာအား သူ ဖျက်ဆီးလိုက်လျှင် ချင်ယွင်ကို ပြင်းထန်စွာ ဒဏ်ရာရစေမည်မှာ သေချာသည်။
နဂါးနက်မြို့တော်သခင်၏ လှုပ်ရှားမှုတွေက အရမ်းကို မြန်ဆန်ပါသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် ချင်ယွင်နှင့် နီးကပ်လာခဲ့ပြီး သူ့လက်သီးက ချင်ယွင်၏ ဦးခေါင်း အထက်မှ နတ်ဆိုးနတ်ဘုရားအမြုတေဆီသို့ တိုက်ရိုက် ထိုးချလိုက်သည်။
အဝေးမှ လူအားလုံးသည် ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြပြီး ဖြစ်ပေါ်လာ မည့်အရာကို စောင့်မျှော်နေကြသည်။
"ဘုန်း..."
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ ဦးခေါင်းအထက်ရှိ နတ်ဆိုးနတ်ဘုရား အမြုတေ သည် တုနှိုင်းမရလောက်အောင် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခုနှင့်အတူ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ရေလှိုင်းကဲ့သို့ ပြင်းထန်သော စွမ်းအားတစ်ခု ပျံ့နှံ့သွားကာ စွမ်းအင်အလင်စက်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
နဂါးနက်မြို့တော်သခင်၏ လက်သီးချက်သည် စွမ်းအင် အလင်းစက်ကွင်းပေါ်သို့ ကျရောက်သွားပြီး သူ၏ အနှိုင်းမဲ့ အစွမ်းထက်သော တိုက်ခိုက်မှုကို ပြင်းထန်စွာ တားဆီးခဲ့သည်။