← Chapters

အခန်း ၁၄၄၅

Vol. 97 Ch. 1445

အခန်း ၁၄၄၅

Vol. 97 Ch. 1445

အခန်း (၁၄၄၅) ကြောက်မက်ဖွယ်အစွမ်း။

နဂါးနက်မြို့တော်သခင်၏ လက်သီးသည် လုံးလုံးမပြိုကွဲမီ သုံးစက္ကန့်ကြာ စွမ်းအင် အလင်းစက်ကွင်းကို ခံနိုင်ရည်ရှိခဲ့သည်။

နဂါးနက်မြို့တော်သခင်၏ ရုပ်အသွင်အား စွမ်းအင်အလင်းစက်ကွင်း၏ စွမ်းအားက ပြန်လည် တွန်းထုတ်ခဲ့သည်။

လူအားလုံး ထိတ်လန့်တုန်လှုပ်သွားပြီး ချင်ယွင်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်ကြသည်။

နဂါးနက်မြို့တော်သခင်က သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး ချင်ယွင်၏ ဦးတည်ရာဆီကို အံ့သြသည့်အမူအရာဖြင့် ကြည့်လိုက်သည်။

ဘန်း…။

ထိုအချိန်တွင် ချင်ယွင်၏ဦးခေါင်းအထက်ရှိ အနက်ရောင် နတ်ဆိုးနတ်ဘုရား အမြုတေ သည် တုနှိုင်းမရအောင် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ပါသည်။ ဤအလင်းသည် အလွန်ပူပြင်းသော နေလုံးငယ်လေးတစ်ခုလိုပင်။ သို့သော် ဤအလင်း သည် အဖြူမဟုတ်ဘဲ နက်မှောင်သောရွှေရောင် ဖြစ်နေသည်။

ထို့နောက်တွင်၊ တန်ခိုးကြီးသော နတ်ဆိုးနတ်ဘုရားစွမ်းအင်သည် နတ်ဆိုးနတ်ဘုရား အမြုတေမှ ပျံ့နှံ့သွားပြီး ကီလိုမီတာရာနှင့်ချီ၍ ပျံ့နှံ့သွားလေသည်။

ထိုမြင်ကွင်းကို လူအုပ်ကြီး မြင်လိုက်ရသောအခါ သူတို့မျက်လုံးတွေက အံ့အားသင့်သွား ကြသည်။

ထိုအခိုက်တွင် ချင်ယွင်သည် ဤနက်မှောင်သော ရွှေစွမ်းအင်ဖြင့် ဖုံးအုပ်ထားသကဲ့သို့ ခံစားရပြီး သူ့အသားအရေကိုပင် သတ္တုတောက်တောက်ဖြင့် တောက်ပြောင်နေသည်။

ဘန်း…။

နတ်ဆိုးနတ်ဘုရားအမြုတေသည် ဖြည်းညှင်းစွာ ဆင်းသက်လာပြီး နောက်ဆုံးတွင် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။ နတ်ဆိုးနတ်ဘုရားအမြုတေ ပေါင်းစည်းလိုက်သောအခါတွင်၊ ချင်ယွင်၏အငွေ့အသက်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

သူ့တစ်ကိုယ်လုံးသည် တုနှိုင်းမရအောင် အင်အားကြီးမားသော နတ်ဆိုးနတ်ဘုရား တစ်ပါး ကဲ့သို့ ထိုနေရာတွင် ရပ်နေလေသည်။

သူသည် အဆင့်ချိုးဖြတ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ မြေကမ္ဘာနတ်ဆိုးနတ်ဘုရားနယ်ပယ်၏ အစောပိုင်းအဆင့်အထိ ပြီးပြည့်စုံသော အဆင့်ချိုးဖြတ်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။

"ဒီလောက်ကြံ့ခိုင်တဲ့ ရုပ်ခန္ဓာခွန်အား။" ချင်ယွင်သည် သူ့ခန္ဓာကိုယ်တွင်းမှ ပြောင်းလဲမှု များကို ခံစားလိုက်ရပြီး သူ့နှလုံးသားသည် အနှိုင်းမဲ့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ သည်။

ဤအဆင့်ချိုးဖြတ်မှုသည် သူ၏ခန္ဓာကိုယ်ကို အလွန်အားကောင်းစေခဲ့ပြီး ၎င်းသည် ယခင် အဆင့်ချိုးဖြတ်မှုများထက်ပင် ပိုမိုအားကောင်းခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရွှေကျီးကန်းစွမ်းအားကို စုပ်ယူပြီးနောက်၊ သူ၏ နတ်ဆိုး နတ်ဘုရားအမြုတေသည် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင်၊ ချင်ယွင်၏အရေပြားသည် အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်းများ ကဲ့သို့ မာကျောရုံတင်မကတော့ဘဲ၊ ၎င်းသည် အဆင့်မြင့် နတ်ဘုရားပစ္စည်း၏ အရည်အသွေးနှင့်ပင် နီးစပ်သွားခဲ့ပြီ။ သူ့အရိုးများ၏ မာကျောမှုသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းနှင့် အကန့်အသတ်မရှိ နီးကပ်သွားသည့် အဆင့်မြင့် နတ်ဘုရားပစ္စည်း အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ရုပ်ခန္ဓာကိုယ်တစ်ခုတည်းအရဆိုလျှင် ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် နဂါးနက် မြို့တော်သခင်နှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း နီးကပ်သွားခဲ့ပြီ။ ယခုအချိန်တွင်၊ သူသည် သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားတစ်ခုတည်းကို အားကိုးရုံဖြင့်ပင် နှောင်းပိုင်း မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို ရင်ဆိုင်တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။

ဤသည်မှာ နဂါးအသွင်ကူးပြောင်းခြင်း အခြေအနေ မဟုတ်သေးပေ။ သူသည် နဂါးအသွင် ကူးပြောင်းခြင်း အခြေအနေသို့ ဝင်ရောက်ပြီးသည်နှင့်၊ ချင်ယွင်သည် ၎င်း၏ ရုပ်ပိုင်းဆိုင် ရာ ခွန်အားဖြင့် အထွတ်အထိပ် မြေကမ္ဘာနယ်ပယ် ကျွမ်းကျင်ပညာရှင်ကို တိုက်ခိုက်နိုင် မည် ဖြစ်သည်။

နတ်ဘုရားတန်ခိုးနှင့် အစွမ်းထက်သော နည်းလမ်းများကိုပါ ပေါင်းထည့်ခြင်းဖြင့်၊ သူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၌ ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု ဖြစ်ကြောင်း သေချာပါ သည်။ အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်ကို ကျင့်ကြံသူများကိုပင်လျှင် တိုက်ခိုက်နိုင်လောက်သည်။

"ဘုန်း”။

ချင်ယွင်သည် လေဟာနယ်ထဲကို လက်သီးတစ်ချက် ပစ်ထိုးလိုက်ပြီး လက်သီး၏ ကြောက်စရာကောင်းသော လေပြင်းသည် ဧရာမနဂါးကြီးဟိန်းဟောက်ကဲ့သို့ မြည်ဟီး သွားသည်။

သူ့ခန္ဓာကိုယ်ထဲမှာ ရွှေကျီးကန်း စွမ်းအားတွေ အများကြီး ကျန်နေပါသေးသည်။ ဤရွှေကျီးကန်း စွမ်းအားသည် သူ့လက်သီးထဲသို့ သွန်းလောင်းသွားပြီး ၎င်း၏အရှိန်သည် ပို၍ပင် ပြင်းထန်လာသည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ချင်ယွင်၏အစွမ်းပြောင်းလဲမှုကို သဘာဝအတိုင်း ခံစားခဲ့ရပြီး ၎င်းတို့၏မျက်နှာများသည် ရှုပ်ထွေးသော အမူအရာများကို ထင်ရှား ပေါ်လွင်နေသည်။

တိုက်ပွဲအတွင်းမှာ အဆင့်ချိုးဖြတ်မူသည် သာမန်လူတွေ မလုပ်နိုင်သည့် အရာတစ်ခု ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ထိပ်တန်းအဆင့် ပါရမီရှင်များသာ လုပ်ဆောင်နိုင်ပါသည်။

ထို့အပြင် ချင်ယွင်သည် အဆင့်မဖြတ်ကျော်နိုင်ခင်၊ သူသည် နဂါးနက်မြို့တော်သခင်ကို အတိုင်းအတာတစ်ခုအထိ တွန်းအားပေးနိုင်ခဲ့ပြီး ဖြစ်သည်။ အခု သူ အဆင့် ဖြတ်ကျော်သွားပြီးနောက် ဘာများဆက်ဖြစ်လာမည်နည်း?။

နဂါးနက်မြို့တော်သခင်သည် အလွန်အမင်း မျက်မှောင်ကြုတ်နေပြီ။ အကြောင်းတစ်ခုခု ကြောင့် ချင်ယွင်ကို နှိုးဆော်ခြင်းအတွက် သူ နောင်တရစပြုလာသည်။

အစကတည်းက သူသည် စစ်မှန်သော ရိုးသားမှုကို ပြသခဲ့မည်ဆိုလျှင်၊ ယခုအချိန်တွင် ရွှေနက်ကျောက်ဘုရင်သည် သူ့လက်ထဲတွင် ရှိနေပေလိမ့်မည်။

သို့သော် သူနှင့် ချင်ယွင်တို့ကြားက ဆက်ဆံရေးသည် နောက်ပြန်မဆုတ်နိုင်သော အဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် သူသည် ဆက်လက်တိုက်ပွဲဝင်ရုံသာ တတ်နိုင်ပါ သည်။

ရွှေနက်ကျောက်ဘုရင်သည် မီးလျှံနက်နတ်ဘုရားအမိန့်တော်၏ သန့်စင်မူကို တစ်နာရီခွဲ နီးပါးကြာအောင် ခံထားရပြီးဖြစ်သောကြောင့် နဂါးနက်မြို့တော်သခင်အတွက် အချိန် မကျန်တော့ပါ။

"မြန်မြန်၊ မြန်မြန်" နဂါးနက်မြို့တော်သခင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူပြောပြီး သည်နှင့် သူသည် အဝေးမှ ချင်ယွင်ကို လှမ်းကြည့်လိုက်ပြီး အေးစက်သော သတ်ဖြတ်လို စိတ်များက သူ့မျက်လုံးထဲတွင် ပေါ်လာသည်။

ချင်ယွင်၏ ပါးစပ်ထောင့်များသည် ကွေးညွှတ်သွားပြီး ရွှေကျီးကန်း နတ်ဘုရား အလင်းတန်းက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ဘန်း…။

ချင်ယွင်သည် နဂါးတစ်ဝက်အခြေအနေသို့ အခြေအနေသို့ တစ်ဖန်ဝင်ရောက်လာပြန် သည်။ ယခင်က သူသည် နဂါးနက်မြို့တော်သခင်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး နဂါးတစ်ဝက်အသွင်ပြောင်းခြင်း အခြေအနေသည် ပျောက်ကွယ်သွားခဲ့ရသည်။ ယခု သူ ပြန်လည်အသုံးပြုလိုက်သည်နှင့်၊ ချင်ယွင်၏ နဂါးတစ်ဝက် အသွင်ပြောင်းခြင်း အခြေအနေ သည် လုံးဝ ပြောင်းလဲသွားခဲ့သည်။

ချင်ယွင်သည် လူတစ်ဝက်နှင့် နဂါးတစ်ဝက်အခြေအနေထဲတွင် ရှိနေဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် ခရမ်းရောင်ရှိနေဆဲ ဖြစ်သည်။ သို့သော် ခရမ်းရောင်အတွင်း၌ နက်ရှိုင်းသော ရွှေနက်ရောင် ရှိနေသည်။

ဤရွှေနက်ရောင်အလင်းသည် သိပ်သည်းမှု မရှိသော်လည်း၊ ၎င်းသည် ချင်ယွင်၏ အကြေးခွံများကို ခိုင်ခံ့သောသတ္တုဖြင့် မာကြောအောင် ပြုလုပ်ပေးထားသည်။ အကြေးခွံ များ၏ မာကျောမှုသည် အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခု၏ အရည်အသွေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဘုန်း.."

ချင်ယွင်၏ နောက်ကျောမှ နဂါးအမြီးက မြေပြင်ကို ထိမှန်သွားမှာ စိုးရိမ်နေသည့်အလား ညင်သာစွာ လှုပ်ယမ်းသွားပြီး မြေကြီးပေါ်မှာ တွင်းကြီးတစ်ခု ချက်ချင်း ဖန်တီးလိုက်သည်။

ရုတ်တရက် ချင်ယွင်၏ အကြည့်များက အေးစက်သွားသည်။ အမှန်တကယ်တော့ သူသည် အရင် လှုပ်ရှားလိုက်သည်။ သူ့ရုပ်အသွင်က နောက်ကွယ်မှာ ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းသွားပြီး သူရှိနေသည့် နေရာကနေ ပျောက်ကွယ်သွားသည်။

မူလက တိုက်ခိုက်ရန် ပြင်ဆင်ထားသည့် နဂါးနက်မြို့တော်သခင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်မင်း တုန်လှုပ်သွားသည့် အမူအရာကို ဖော်ပြလာသည်။

တိုက်ပွဲစပြီးကတည်းက ချင်ယွင်သည် အမြဲတမ်း ခုခံကာကွယ်သည့် အခြေအနေတွင် ရှိနေခဲ့သည်။ ယခု သူသည် အရင်ဆုံး တိုက်ခိုက်ရန် အမှန်တကယ် အစပြုလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

နဂါးနက်မြို့တော်သခင်က လေးနက်သည့် အမူအရာကို ဖော်ပြလာပြီး၊ သူ့မျက်လုံးတွေက ပတ်ဝန်းကျင်ကို သတိထားနေခဲ့ပါသည်။

ဘန်း..။

ရုတ်တရက် လေဟာနယ်အတွင်းမှ လှိုင်းလုံးကြီးတစ်ခု ပေါ်လာသည်။ ထို့နောက် ချင်ယွင်၏ ရုပ်အသွင်သည် လေဟာနယ်မှ ထွက်ပေါ်လာခဲ့သည်။ အနှိုင်းမဲ့ခက်ထန်သော နဂါးလက်သည်းက လက်သီးကိုဆုပ်ထားပြီး နဂါးနက်မြို့တော်သခင်၏ မျက်နှာဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။

အစောပိုင်းက ချင်ယွင်သည် မလှုပ်ရှားနိုင်ခဲ့ပေ။ အခု သူ၏ ပထမဆုံး လှုပ်ရှားမှုက ကြမ်းတမ်းပြီး ပြတ်သားသည်။ ထိုလက်သီးမှာပါဝင်နေသည့် ထိုးစစ်စွမ်းအားက အလွန်ကို တုန်လှုပ်စရာပင်။

သို့သော်၊ နဂါးနက်မြို့တော်သခင်သည် ကြယ်ကိုးပွင့် စစ်သည်တော် ဖြစ်သည်၊ ထို့ကြောင့် သူ၏တုံ့ပြန်မှု အရှိန်သည် သဘာဝအတိုင်း မပျော့ညံ့ပေ။ ထို့ကြောင့် ချင်ယွင် ပေါ်လာ သည့်အခိုက်တွင် ချင်ယွင်၏တိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူသည် လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်။

"ဘုန်း...."

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ချက်ချင်း ပေါက်ကွဲသွားပြီး အသံသည် နှင်းတောင်များ ပြိုကျနေသလိုပင်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအားသည် သူတို့၏ လက်သီးများကြားမှပင် ပျံ့နှံ့သွားခဲ့သည်။

ချင်ယွင်နှင့် နဂါးနက်မြို့တော်သခင်တို့၏ ခန္ဓာကိုယ်များ တုန်လှုပ်သွားကြသည်။ ချင်ယွင်၏ ရုပ်အသွင်သည် လေဟာနယ်ထဲ ပြန်ဝင်သွားကာ နဂါးနက်မြို့တော် သခင်၏ ရုပ်အသွင်သည် နောက်ပြန်ဆုတ်သွားခဲ့သည်။

လူတိုင်းသည် အနှိုင်းမဲ့ ထိတ်လန့်သွားကြသည်။ ယခုလေးတင် သူတို့သည် တိုက်ပွဲကို မြင်သောအခါ ချင်ယွင်သည် အသာစီးရနေသည်မှာ ထင်ရှားသည်။

ဘန်း..။

သို့သော် သူတို့၏စိတ်နှလုံးများ တုန်လှုပ်ခြောက်ခြား၍ မပြီးဆုံးခင်မှာ, ချင်ယွင်၏ ရုပ်အသွင်သည် အမှန်တကယ်ပင် လေဟာနယ်ကို ထိုးဖောက်ဝင်ရောက်လာပြန်သည်။ ဤတစ်ကြိမ်တွင် သူသည် နဂါးနက်မြို့တော်သခင်၏ ဘယ်ဘက်ခြမ်းတွင် တိုက်ရိုက် ပေါ်လာသည်။ ကောင်းကင်ယံတုန်ခါလောက်သည့် လက်သီးတစ်ချက်က နဂါးနက် မြို့တော်သခင်အား ထပ်မံ တိုက်ခိုက်ခဲ့သည်။

နဂါးနက်မြို့တော်သခင်သည် အေးစက်စက် နှာချေမှုတ်ထုတ်လိုက်ပြီး ချင်ယွင်ဆီသို့ နောက်ထပ် လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

"ဘုန်း...."

သူ့လက်သီးများသည် ချင်ယွင်၏လက်သီးများနှင့် ထပ်မံ တိုက်မိသွားကာ လေဟာနယ်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော နဂါးအမြီးသည် လေဟာနယ်မှ ရုတ်တရက် လွင့်ထွက်လာသည်။ နဂါးနက်မြို့တော်သခင်ပင်လျှင် ၎င်းကို တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။

ယခင်လက်သီးထိုးတိုက်ခိုက်မှုသည် အယောင်ပြသက်သက်သာ ဖြစ်ကြောင်း ပေါ်လွင်နေပြီး ဤနဂါးအမြီးတိုက်ခိုက်မှုသည် ချင်ယွင်၏ခွန်အား အားလုံးဖြင့် အားဖြည့်ထားသည်။

နတ်ဆိုးနတ်ဘုရား၏တန်ခိုး၊ ရွှေကျီးကန်း၏တန်ခိုး၊ ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီးတန်ခိုးနှင့် ပေါင်းစပ်ထားသည့် နတ်ဘုရားတန်ခိုး အားလုံးတို့သည် နဂါး၏အမြီးထဲသို့ သွန်းလောင်းထားခဲ့ပြီး လျှပ်စီးပြိုလဲခြင်း နတ်ဘုရားစွမ်းရည်ကိုပါ အသုံးပြုထားသည်။

"ဘုန်း...."

နဂါးနက်မြို့တော်သခင်၏ ဝမ်းဗိုက်တွင် အကန့်အသတ်မရှိသော စွမ်းအားတစ်ခု ပေါက်ကွဲသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ပျံ့နှံ့သွားသည်။

နဂါးနက်မြို့တော်သခင်၏ မျက်နှာတစ်ခုလုံးသည် ထိတ်လန့်သော အမူအရာ ထင်ရှား ပေါ်လွင်နေသည်။ သူ့မျက်လုံးများက ပြူးကျယ်သွားပြီးနောက် သူ့အမူအရာမှာ ထိတ်လန့် ခြင်းမှ နာကျင်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။ သူသည် နောက်သို့ လွင့်ပျံသန်းသွားသော အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့ပြီး အဝေးမှ အနက်ရောင် နတ်ဘုရားကျောက်တောင်ကြီးသို့ တိုးဝင်သွားသည်။ ဧရာမကျောက်တောင်ကြီးသည် ပြိုကျသွားသည်။

အနီးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ပေါက်ကွဲနေသော နတ်ဘုရားကျောက်တောင်ကြီး ကို ငေးကြည့်ရင်း လုံးဝ ဆွံ့အသွားကြသည်။

All Chapters