← Chapters

အခန်း ၁၄၄၆

Vol. 97 Ch. 1446

အခန်း ၁၄၄၆

Vol. 97 Ch. 1446

အခန်း (၁၄၄၆) ကြမ်းတမ်းစွာလှုပ်ရှားခြင်း။

ပတ်ဝန်းကျင်မှလူများသည် အလွန်မင်း တုန်လှုပ်သွားကြသည်။ ချင်ယွင်၏ ကျင့်ကြံမှု အဆင့်ဖြတ်ကျော်သွားသည်ကို အားလုံးသိကြသော်လည်း အဆင့်ဖြတ်ကျော်ပြီးနောက် တွင် သူ့အား ဤမျှလောက် အစွမ်းထက်လာမည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

သူသည် ကြယ်ကိုးပွင့် ရှေးဟောင်းနတ်ဘုရား စစ်သည်တော်အဆင့် နဂါးနက်မြို့တော် သခင်ကိုပင် လွင့်ပျံစေလွှတ်နိုင်ခဲ့သည်။ ယခုအချိန်တွင် ချင်ယွင်သည် သူတို့၏ မျက်လုံးထဲတွင် မွန်းစတားတစ်ကောင် ဖြစ်သည်။

ချင်ယွင်၏ရုပ်အသွင်သည် လေထဲတွင် လွင့်မျောနေပြီး သူ့နောက်မှ နဂါးအမြီးသည် အနည်းငယ် ယိမ်းယိုင်နေသည်။ သူသည် သူ့လက်နှစ်ဖက်ကို ပိုက်ကာ နတ်ဘုရား ကျောက်တောင်အတွင်း မြှုပ်နှံထားသော အဝေးမှ နဂါးနက်မြို့တော်သခင်ကို ကြည့်လိုက် သည်။

နဂါးနက်မြို့တော်သခင်၏ အငွေ့အသက်သည် ပျောက်ကွယ်မသွားသေးပါဘူး။ အစောပိုင်းက သူ၏ နဂါးအမြီးရိုက်ချက်သည် အင်အားကြီးမားသော်လည်း ၎င်းသည် နဂါးနက်မြို့တော်သခင်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေရုံသာ တတ်နိုင်သည်။ နဂါးနက် မြို့တော်သခင်ကို သတ်ဖြတ်ဖို့ မလုံလောက်သေးပါဘူး။

တကယ်တော့ ချင်ယွင်သည် အစောပိုင်းက သူ၏နဂါးအမြီး တိုက်ခိုက်မူအပေါ် ထိုးထွင်း သိမြင်အချို့ ရှိနေပြီဖြစ်သည်။ အကယ်၍, သူသည် ချင်ယွင်၏ လက်သီးချက်တွေကို ပိတ်ဆို့ထားနိုင်လျှင် အဆင်ပြေပြီဟု ယူဆထားသည့် နဂါးနက်မြို့တော်သခင်၏ ပုံသေအတွေးများကို အသုံးချနိုင်ခဲ့သည်။ နဂါးနက်မြို့တော်သခင်သည် ချင်ယွင်၏ နဂါးအမြီးကို လျစ်လျူရှုထားခဲ့သည်။

သို့သော်၊ ဤလှုပ်ရှားမူသည် နောက်တစ်ကြိမ်လုပ်ဆောင်ရန် အလွန်ခက်ခဲလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် နဂါးနက်မြို့တော်သခင်သည် ချင်ယွင်၏နဂါးအမြီးကို သေချာစွာ ကာကွယ်ထားနိုင်သောကြောင့် ဖြစ်သည်။

"ဘုန်း..."

ကွဲအက်သွားသော အနက်ရောင် နတ်ဘုရားကျောက်တောင်ကြီးသည် ပေါက်ကွဲသွားပြီး သနားစဖွယ် ရုပ်အသွင်တစ်ခုသည် အတွင်းမှ ထွက်လာခဲ့သည်။ နဂါးနက်မြို့တော်သခင်၏ အနက်ရောင် နဂါးဝတ်ရုံသည် အနည်းငယ် စုတ်ပြဲသွားကာ သူ့နောက်မှ ဆံပင်များသည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသည်။

မှန်ပါသည်။ ထိုရုပ်အသွင်သည် ချင်ယွင်ကြောင့် လွင့်ပျံသွားရသော နဂါးနက်မြို့တော် သခင် ဖြစ်ပါသည်။ ချင်ယွင်၏နဂါးအမြီးက ဝမ်းဗိုက်ကို ထိမှန်ကာ နံရိုးသုံးချောင်း ကျိုးသွားခဲ့သည်။ သို့သော် ထိုပြင်းထန်သော တိုက်ခိုက်မူက သူ့ကို အနည်းငယ်မျှသာ ထိခိုက်စေပါသည်။ ၎င်းဒဏ်ရာက သူ့တိုက်ပွဲကို သိပ်ပြီး အတားအဆီး ဖြစ်စေမှာ မဟုတ်ပါဘူး။

သို့သော်လည်း ယခုအခိုက်အတန့်တွင်၊ နဂါးနက်မြို့တော်သခင်သည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေကာ အလွန်ပြင်းထန်သော အကြည့်က ချင်ယွင်ကို ဝါးမျိုးလို သည့်အလား ထူးထူးခြားခြား ပြင်းထန်လာနေသည်။

"ငါ မင်းကို သတ်မယ်။" နဂါးနက်မြို့တော်သခင်သည် ကောင်းကင်ယံသို့ ဟိန်းဟောက် လိုက်သည်။ ခန္ဓာကိုယ်အတွင်းမှ ရွှေကျီးကန်း စွမ်းအားများက အရူးအမူး မြင့်တက်လာ သည်။ အနက်ရောင် နဂါးတစ်ကောင်သည် သူ့ခန္ဓာကိုယ်မှ ခုန်ထွက်လာပြီး ကောင်းကင်သို့ ဟိန်းဟောက်ကာ ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါလိုက်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်သည် ချင်ယွင်ဆီသို့ တစ်ဖန် ပျံသန်းသွားပြန်သည်။ ဒီတစ်ကြိမ်မှာ တော့ နဂါးနက်မြို့တော်သခင်၏လက်သီးချက်သည် ကောင်းကင်ယံကနေ ထွက်ပေါ်လာ ခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ ရစ်ပတ်ထားသော ရွှေနက်ရောင် နတ်ဘုရားနဂါးကြီးသည် ချင်ယွင်ဆီသို့ ခုန်တက်သွားပြီး ချင်ယွင်နှင့် အပြင်းအထန် တိုက်ခိုက်တော့မည့်အလား ဟိန်းဟောက်လိုက်သည်။

ချင်ယွင်သည် တဟုန်ထိုး ထိုးထွက်လာနေသော ရွှေနက်ရောင်နဂါးကြီးကို ကြည့်ပြီး သူ့အကြည့်တွေ ရုတ်တရက် အလွန်မင်း စူးရှလာခဲ့သည်။

ဘန်း…။

အနှိုင်းမဲ့ အင်အားကြီးမားသော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်၏ရှေ့မှာ အနှိုင်းမဲ့ ထက်ရှသော လေဟာနယ်ဓားတစ်ချောင်းအဖြစ် သိပ်သည်းသွားခဲ့သည်။

ထိုလေဟာနယ်ဓားသည် မမြင်နိုင်သော်လည်း ၎င်း၏ ခံ့ညားသော အငွေ့အသက်က လူများကို သူတို့၏ နှလုံးသားအောက်မှ အေးစိမ့်သွားစေခဲ့သည်။

"ဝူဝမ်ဓားသိုင်းရဲ့ တတိယမြောက်ဓားကွက် ဓားအမှတ်သား!" ချင်ယွင်သည် လေဟာနယ် ဓားကို ထုတ်ဖော်လိုက်စဉ် ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ သူ့ရှေ့တွင် လွင့်မျော နေသော လေဟာနယ်ဓားသည် လျင်မြန်စွာ ပျံထွက်သွားပြီး အဆုံးမဲ့ဓားဆန္ဒက လေဟာနယ်ဓားထဲသို့ ချက်ခြင်း သွန်းလောင်းသွားသည်။

ဓားဆန္ဒပါရှိသော လေဟာနယ်ဓားသည် လေဟာနယ်ကို ခုတ်ပိုင်းသွားကာ ရွှေနက်ရောင် နတ်ဘုရားနဂါးကြီးနှင့် တိုက်မိသွားသည်။

"ဘန်း..."

ချင်ယွင်၏ လေဟာနယ်နတ်ဘုရားဓားသည် နဂါးနက်မြို့တော်သခင်၏ ရွှေကျီးကန်း တန်ခိုးစွမ်းအားကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်ကာ လုံးဝ ပြိုကျသွားခဲ့သည်။

သို့သော် ချင်ယွင်သည် ပျော်ရွှင်သော အမူအရာကို မဖော်ပြနိုင်ခင် သူ၏မျက်လုံးများသည် ရုတ်တရက် အလွန်စူးရှလာသည်။

ထို့နောက် ချင်ယွင်သည် လက်ဝဲဘက်မှ ထွက်ပေါ်လာသော ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရပြီး သူ့ကို ပြင်းထန်စွာ တိုက်ခိုက်လာသည်။

နဂါးနက်မြို့တော်သခင်သည် ချင်ယွင်က သူ၏ရွှေနက်ရောင် နတ်ဘုရားနဂါးကြီးကို ရင်ဆိုင်နေသည့် အခိုက်တွင်၊ သူသည် ချင်ယွင်၏ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထူထဲသော အနက်ရောင် မီးတောက်များနှင့် လက်သီးသည် ချင်ယွင်၏ မျက်နှာကို တည့်တည့် ပစ်ဝင်သွားသည်။

သူ၏နဂါးလက်သည်းသည် လျှပ်စီးလက်သလို လင်းလက်သွားစဉ်မှာ ချင်ယွင်၏ ပါးစပ်ထောင့်က သူ၏ ယုံကြည်မှုအပြည့်ဖြင့် လှောင်ပြုံးတစ်ခု ခိုတွဲနေသည်။

"ဘုန်း..."

နဂါးနက်မြို့တော်သခင်၏ လက်သီးသည် ချင်ယွင်၏ လက်ဖဝါးထံသို့ တိုက်ရိုက် ရောက်ရှိသွားပြီး စွမ်းအင်အတက်အကျများ ချက်ချင်း ပျံ့နှံ့သွားသည်။

ချင်ယွင်သည် နဂါးနက်မြို့တော်သခင်၏ လက်သီးချက်ကြောင့် မီတာတစ်ရာအထိ နောက်ပြန် ဆုတ်ခဲ့ရသည်။

နဂါးနက်မြို့တော်သခင်သည် အနည်းငယ် တုန်လှုပ်သွား၏။ သူ့လက်သီးထိုးနှက်ချက် ချေမှုန်းခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် သူသည် လက်သီးကို ရုတ်သိမ်းသွားတော့မည်။ သို့သော် ထိုအချိန်တွင် ချင်ယွင်၏ နဂါးလက်သည်းသည် ရုတ်တရက် အားစိုက်ထုတ်လိုက် ပြီး နဂါးနက်မြို့တော်သခင်၏ လက်သီးကို တိုက်ရိုက် ဆုပ်ကိုင်လိုက်လေသည်။

"အယ်?" နဂါးနက်မြို့တော်သခင်သည် ဤမြင်ကွင်းကို မြင်သောအခါ အံ့သြသော အမူအရာတစ်ခုကို ချက်ချင်း ထုတ်ဖော်လာသည်။

သို့သော် သူမည်မျှပင် ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်နေပါစေ ချင်ယွင်၏ နဂါးလက်သည်းက သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ပြန်လွှတ်ရန် ငြင်းဆန်နေခဲ့သည်။

နဂါးနက်မြို့တော်သခင်သည် အလွန်အမင်း စိုးရိမ်လာလေသည်။ သူသည် အခြား လက်တစ်ဖက်ကို အမြန်ဝှေ့ယမ်းကာ ချင်ယွင်ကို ရိုက်ချိုးလိုက်သည်။ သူသည် ချင်ယွင်နှင့် လုံး၀ လုံးထွေးရစ်ပတ်၍ မဖြစ်နိုင်ဘူးဆိုသည်ကို သူ သိထားသည်။ သူ လုံးထွေးရစ်ပတ်ခံရ သည်နှင့် တပြိုင်နက် အလွန်မင်း အရှက်ရစရာ အခြေအနေသို့ ရောက်သွားမှာ သေချာ သည်။ နောက်ဆုံးတွင်, ချင်ယွင်မှာ သူ့ထက် နဂါးအမြီးတစ်ချောင်း ပိုရှိနေသည်။

ထို့ကြောင့် ဤအခိုက်အတန့်တွင် သူသည် ချင်ယွင်ထံမှ လွတ်မြောက်စေရန်အတွက် သူ့ကို တွန်းထုတ်ရန် သူ့ခန္ဓာကိုယ်အတွင်းရှိ ရွှေကျီးကန်း စွမ်းအားအားလုံးကို စုစည်း လိုက်သည်။

သို့သော် ချင်ယွင်၏ ပါးစပ်ထောင့်စွန်းမှ လှောင်ပြောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူ့ပုံရိပ်သည် သူ့မူလနေရာမှ ထူးထူးခြားခြား ပျောက်ကွယ်သွားသည်။

"မကောင်းတော့ဘူး၊ ငါ အရူးလုပ်ခံရပြီ။" နဂါးနက်မြို့တော်သခင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ့ပတ်ဝန်းကျင်ကို အမြန်သတိထားလိုက်သည်။

သေချာပါသည်, ထိုအချိန်မှာပင်, သူသည် သူ့နောက်ကနေ ထွက်ပေါ်လာသော စွမ်းအင် အတက်အကျလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် အနှိုင်းမဲ့ထူထပ်သိပ်သည်းပြီး တောက်လောင်နေသော အငွေ့အသက်က သူ့နောက်မှ ထွက်ပေါ်လာခဲ့သည်။

သူသည် ယင်းအကြောင်းကိုပင် မတွေးနိုင်တော့ဘဲ သူ့လက်သီးကို တိုက်ရိုက် လွှဲကာ နောက်သို့ ရိုက်ချလိုက်သည်။

ဘန်း….။

သို့သော်လည်း သူ့နောက်မှ အသွင်အပြင်ကို လက်သီးချက် ထိုးမိခါနီးတွင် ထူးဆန်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ကောင်းကင်ကနေ ပျံ့ထွက်လာပြန်သည်။

ထို့နောက် လေဟာနယ်တစ်ခုလုံး အေးခဲသွားပြီး လေထဲတွင် လွင့်ပျံနေသော ဖုန်မှုန့်များ ပင် အဝေးမှာ အေးခဲသွားခဲ့သည်။

မှန်ပါသည်။ ချင်ယွင်သည် သူမွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီး အချိန်ကို ရပ်တန့်လိုက်သည်။

ဤအရာအားလုံးသည် ချင်ယွင်၏ အစီအစဉ်ထဲမှာ ရှိနေပြီးသား ဖြစ်ပါသည်။ သူ၏ ရည်ရွယ်ချက်မှာ နဂါးနက်မြို့တော်သခင်ကို အနီးကပ်တိုက်ခိုက်ပြီး ရပ်တန့်သွားစေရန် ဖြစ်သည်။

ထိုအချိန်ရပ်တန့်ခြင်းသည် နဂါးနက်မြို့တော်သခင်ကို ကြာရှည်စွာ ဖမ်းချုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အရေးကြီးဆုံး အခိုက်အတန့်ကို ရှာတွေ့ခဲ့ရပြီး၊ ထိုအခိုက်တန့်ကလည်း ဒီအချိန်ပင် ဖြစ်ပါသည်။

"ဘန်း...”

ချင်ယွင်၏လက်ထဲမှာ ပန်ဂုပုဆိန်က ပြုတ်ကျလာပြီး နဂါးနက်မြို့တော်သခင်၏ လည်ပင်းပေါ်ကို တိုက်ရိုက် ဆင်းသက်သွားပါသည်။

သို့သော် ချင်ယွင်၏လက်မှ ပန်ဂုပုဆိန်သည် လုံးလုံး မဝင်ရောင်နိုင်ခင် လေးလက်မခန့် ခုတ်ပိုင်းသွားခဲ့သည်။ သူသည် နဂါးနက်မြို့တော်သခင်၏ ဦးခေါင်းတစ်ခုလုံးကို မခုတ်ပိုင်း နိုင်ခဲ့ပေ။

နဂါးနက်မြို့တော်သခင်၏ ခန္ဓာကိုယ်သည် အရမ်းကို မာကျောလွန်းသည်။ အဆင့်မြင့် ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားပစ္စည်း ဖြစ်သည့် ပန်ဂုပုဆိန်နှင့်တောင်မှ နဂါးနက်မြို့တော် သခင်၏ ဦးခေါင်းတစ်ခုလုံးကို ရွှံ့တွေလို မဖြတ်တောက်နိုင်ခဲ့သေးပါဘူး။ သို့သော်၊ ၎င်းသည် နဂါးနက်မြို့တော်သခင်၏ တိုက်ခိုက်ရေးစွမ်းအားကို လုံးဝ ဆုံးရှုံးသွားစေရန် လုံလောက်ပါသည်။

“အား..…”

အမှန်တကယ်ပင်, နဂါးနက်မြို့တော်သခင်သည် ခုတ်ပိုင်းခံရပြီးနောက် အချိန်ရပ်တန့်ခြင်း စွမ်းအားသည် ပျောက်ကွယ်သွားခဲ့သည်။ နဂါးနက်မြို့တော်သခင်သည် အနှိုင်းမဲ့ သနားစဖွယ် အော်ဟစ်သံကို ထုတ်ဖော်လိုက်ပြီး သူ့လက်ထဲမှ ရွှေကျီးကန်း စွမ်းအားက ထွက်ပေါ်လာသည်။ သူသည် ချင်ယွင်၏လက်ထဲက နတ်ဘုရားပုဆိန်ကို အမြန် ဆွဲထုတ် လိုက်ပြီး အသဲအသန် နောက်ပြန် ဆုတ်သွားခဲ့သည်။

သူသည် လည်ပင်းတစ်ဝက်ခန့် ပြတ်တောက်သွားခဲ့ပြီး ဦးခေါင်းတစ်ခုလုံးနီးပါး ပြတ်တောက်သွားခဲ့သည်။ သွေးများက အဆက်မပြတ် ပန်းထွက်နေသည်။

နဂါးနက်မြို့တော်သခင်၏ မျက်လုံးများသည် ထိတ်လန့်မှုအပြည့်နှင့်ပင်။ သူက ရူးသွပ်စွာ နောက်ဆုတ်သွားသည်။ သူသည် သူ့လည်ပင်းကို လက်ဖဝါးဖြင့် အုပ်ထားသည်။ သူ့လက်ထဲက သွေးတွေ စီးကျနေဆဲပင်။ သို့သော် သူ့လက်တစ်ခုလုံး တုန်ရီနေသည်။ သူသည် ချင်ယွင်ကို သေမင်းနတ်ဘုရားကို မြင်လိုက်ရသည့်အလား ကြည့်နေခဲ့သည်။

သူ့လည်ပင်းတစ်ခြမ်း ပြတ်သွားသည်အထိ သူသည် အစောပိုင်းက ဖြစ်ပျက်ခဲ့သည်ကို နားမလည်သေးပါဘူး။

“ဘာဖြစ်နေတာလဲ…”

ပတ်ဝန်းကျင်က လူတွေအားလုံးလည်း ထိုမြင်ကွင်းကို အသက်မဲ့နေသည့် ဗလာမျက်လုံး များဖြင့် ကြည့်နေကြသည်။ နဂါးနက်မြို့တော်သခင်၏ ဦးခေါင်းသည် မျက်စိတစ်မှိတ် အတွင်းမှာပင် အဘယ့်ကြောင့် တစ်ဝက်လောက် ဖြတ်တောက်ခံလိုက်ရလဲ ဆိုသည်ကို သူတို့ နားမလည်ခဲ့ကြပါဘူး။

သို့သော် ချင်ယွင်သည် ပတ်ဝန်းကျင်လူများ၏ အံ့အားသင့်အကြည့်များကို လျစ်လျူရှုခဲ့ သည်။ သူ၏ရုပ်အသွင်သည် လေဟာနယ်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားပြီး နဂါးနက် မြို့တော်သခင်၏ နောက်သို့ အနီးကပ် လိုက်ပါလာသည်။ သူသည် နဂါးနက်မြို့တော်သခင် ၏ ဒဏ်ရာကို အခွင့်ကောင်းယူပြီး သူ့ကို လုံးဝ သတ်ပစ်ချင်ခဲ့သည်။

All Chapters