အခန်း ၁၄၄၇
Vol. 97 Ch. 1447
အခန်း (၁၄၄၇) ရိုးဖြောင့်ပြီး သေသပ်မူ။
ဘန်း….
ချင်ယွင်သည် လေဟာနယ်ကို ဖြတ်သန်းသွားကာ နဂါးနက်မြို့သခင်၏ နောက်တွင် ပေါ်လာသည်။ သူ့လက်ထဲက ပန်ဂုပုဆိန်မှာ နည်းနည်းလေးမှ ဆန်းပြားမှုမရှိဘဲ နဂါးနက်မြို့တော်သခင်၏ နောက်ကျောဘက်ကို တိုက်ရိုက် ခုတ်ပိုင်းလာသည်။
နဂါးနက်မြို့တော်သခင်သည် ဘေးနားသို့ အလျင်အမြန် ရှောင်ထွက်သွားရင်း အလွန် ထိတ်လန့်သွားသည်။
ချင်ယွင်၏ နတ်ဘုရားပုဆိန်၏ စွမ်းအားကို သူမြင်ပြီးဖြစ်သောကြောင့် သူသည် ၎င်းကို ထိပ်တိုက် ရင်ဆိုင်ဝံ့ခြင်း မရှိပေ။
"ဖျန်း..."
သို့သော် သူ၏ လှုပ်ရှားမှုများသည် ထက်ဝက်ခန့် နှေးကွေးနေသေးသည်။ ချင်ယွင်၏ ပန်ဂုပုဆိန်သည် နဂါးနက်မြို့တော်သခင်၏ နောက်ကျောဘက်သို့ လျှောကျသွားဆဲ ဖြစ်ပြီး သူ၏နောက်ကျောတွင် ဒဏ်ရာကြီးကြီးမားမားတစ်ခု စုတ်ပြဲသွားခဲ့သည်။
ဒဏ်ရာက အရိုးတွေနှင့် သွေးများကို နေရာတိုင်းမှာ မြင်နိုင်လောက်အောင်ပင် နက်ရှိုင်းသည်။
နဂါးနက်မြို့တော်သခင်သည် အစွမ်းထက်မြက်သော ပုဆိန်၏စွမ်းအားကြောင့် လွင့်ပျံသွား ပြီး အဝေးထဲကို ပြင်းထန်စွာ ပစ်ကျသွားသည်။
ဤအခိုက်အတန့်တွင်၊ နဂါးနက်မြို့တော်သခင်သည် လုံးဝ သွေးစွန်းသောလူသားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ့လည်ပင်းပေါ်မှ ဒဏ်ရာသည် အမာရွတ်တစ်ခုအသွင် ဖြစ်နေ သော်လည်း, အနည်းငယ် လှုပ်ရှားမှုကပင် အနှိုင်းမဲ့ နာကျင်မှုကို ဖြစ်ပေါ်စေသလို သူ့နောက်ကျောက ဒဏ်ရာက ပို၍ပင် တုန်လှုပ်သွားစေပါသည်။
အဝေးကလူတွေအားလုံးသည် ထိုဒဏ်ရာတွေ မြင်လိုက်ရပြီး၊ သူတို့အားလုံး မျက်မှောင် ကြုတ်နေကြသည်။ သူတို့သည် ပန်ဂူပုဆိန်ကို ကိုင်ဆောင်နေသော ချင်ယွင်ကို ကြည့်ကာ သူတို့၏ မျက်လုံးများတွင် ပြင်းထန်သော အကြောက်တရားများ ပေါ်လာသည်။
ထိုအချိန်တွင် ချင်ယွင်သည် သူတို့၏မျက်လုံးများတွင် ပြိုင်ဘက်ကင်း ရူးသွပ်နေသော နတ်ဆိုးတစ်ဦး ဖြစ်သည်။ နတ်ဘုရားပုဆိန်ကို ကိုင်ဆောင်ထားခြင်းဖြင့် သူသည် ရှေးဟောင်း ကောင်းကင်နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်သည်။
သို့သော် ချင်ယွင်သည် ရပ်တန့်ရန် ရည်ရွယ်ချက် မရှိပေ။ သူသည် ခြေလှမ်းတစ်ချက် လှမ်းလိုက်သည်နှင့် သူ့ပုံရိပ်က ပေါ်လာသည်။
တခဏအတွင်းမှာပင် သူသည် နဂါးနက်မြို့တော်သခင်၏အနားသို့ ရောက်ရှိလာခဲ့သည်။ သူသည် သူ့လက်ထဲမှ ပန်ဂုပုဆိန်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းကာ နဂါးနက်မြို့တော် သခင်၏ ဦးခေါင်းကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။
နဂါးနက်မြို့တော်သခင်သည် အလွန်တုန်လှုပ်သွားလေသည်။ ပုဆိန်ကြီးကို ကိုင်ဆောင် ထားသော ချင်ယွင်ကို ကြည့်လိုက်ရင်း သူ့ရင်ထဲမှာ ကြောက်စိတ်တွေ ပြင်းထန်လာသည်။
သူ တကယ်ကို ကြောက်ရွှံ့သွားခဲ့ပြီ။ ယခင်က ပုဆိန်နှစ်ချက် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး ဖြစ်သည်။ အခု သူ့လှုပ်ရှားမှုတွေကို ပြင်းထန်စွာ ကန့်သတ်ခံလိုက်ရပါပြီ။ သူသည် ချင်ယွင်၏တိုက်ခိုက်မှုမှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
“ငါ့ကို မသတ်ပါနဲ့…”
နဂါးနက်မြို့တော်၏သခင်သည် မြေပြင်ပေါ်တွင် ဒူးထောက် ထိုင်လိုက်သည်။ သူသည် ခေါင်းငုံ့ကာ နောင်တရနေသကဲ့သို့ အလွန်နာကျင်သော အမူအရာကို ထုတ်ဖော်ထား သည်။
ချင်ယွင်လည်း အံ့ဩသွားသည်။ သူ့လက်ထဲက ပန်ဂုပုဆိန်သည် နဂါးနက်မြို့တော် သခင်၏ မျက်ခုံးကြားမှာ ရပ်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ပုဆိန်အလင်း သည် နဂါးနက်မြို့တော်သခင်၏ မျက်ခုံးနှင့် တစ်လက်မမျှသာ ဝေးတော့သည်။ နဂါးနက် မြို့တော်သခင်ကို သတ်လုနီးပါးပင်။
အဝေးကလူတွေအားလုံး မျက်လုံးတွေကို ပြူးကျယ်စွာ ဖွင့်ပြီး ထိုမြင်ကွင်းကို စိုက်ကြည့်နေကြသည်။ သူတို့သည် အလွန်မင်း တုန်လှုပ်သွားကြသည်။
နဂါးနက်မြို့တော်သခင်သည် အမှန်တကယ် ဒူးထောက် ထိုင်ချလိုက်သည် ။
ရွှေကျီးကန်းကမ္ဘာရှိ မြို့တော်သခင်သုံးဦး၏ အဆင့်အတန်းသည် လျှို့ဝှက်ဆန်းကြယ် သော ဘိုးဘေးနတ်ဘုရားမှလွဲရင် အမြင့်ဆုံးသုံးယောက်ထဲ တစ်ယောက် အပါဝင် ဖြစ်သည်။ ထို့ကြောင့် သူတို့၏မှတ်ဉာဏ်များတွင် နဂါးနက်မြို့တော်သခင်သည် ထိုမြင့်မြတ်သော တည်ရှိမှုမျိုး ဖြစ်သင့်သည်။ ယခုတော့ သူသည် အလွန်ထိတ်လန့်သွား ကာ မြေပြင်ပေါ်တွင် ဒူးထောက်ပြီး သနားညှာတာပေးရန် တောင်းဆိုနေသည်။
အကယ်၍, သူတို့ကိုယ်တိုင် မျက်စိဖြင့် မမြင်ခဲ့ဘူးဆိုလျှင်, သူတို့ကို သေသည်အထိ ရိုက်နှက်ခံရရင်တောင် အမှန်တရားဟု ယုံကြည်မှာ မဟုတ်ပါဘူး။
သို့သော် ထိုအကြောင်းကို တွေးကြည့်လျှင်, အကယ်၍, သူ့နေရာမှာ သူတို့ဆိုလျှင်ရော, ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားပုဆိန်နှင့် အနှိုင်းမဲ့ ရက်စက် ကြမ်းကြုတ်သော နည်းလမ်းများရှေ့တွင် ကြောက်ရွံ့စွာ ဒူးထောက်နေပေလိမ့်မည်။
အဝေးမှ ရွှေနက်မြို့တော်သခင်နှင့် မီးလျှံနက်မြို့တော်သခင်တို့လည်း ထိတ်လန့်သွား ကြသည်။ ချင်ယွင်နှင့် နဂါးနက်မြို့တော်သခင်တို့သည် နောက်ဆုံးတွင် ဤကဲ့သို့ အဆုံးသတ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
တစ်ချိန်တည်းမှာပင်, သူတို့သည် အကယ်၍, သူတို့သာ ချင်ယွင်ကို တိုက်ခိုက်ကြမည်ဆို လျှင်, မည်မျှအခြေအနေ ကောင်းနိုင်မလဲဆိုသည်ကို သူတို့စိတ်ထဲမှာ တွေးနေမိသည်။
သို့သော် သူတို့၏ နှလုံးသားထဲတွင် အဖြေမရှိပေ။ အကြောင်းမှာ သူတို့ရှေ့မှ ချင်ယွင်သည် သူတို့ ရန်စရန်မတတ်နိုင်သည့် ဖျက်ဆီးသူတစ်ဦးဖြစ်ကြောင်း သေချာပါသည်။
နဂါးနက်မြို့တော်သခင်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသည်။ ချင်ယွင်သည် သူ့အား ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး သူ၏ ခွန်အားကို များစွာ ပျက်စီးစေခဲ့သည်။ သူတို့၏ ရွှေကျီးကန်းကမ္ဘာမှလူများသည် ပြင်ပကမ္ဘာရှိ ချီကျင့်ကြံသူများထက် ပြန်လည်ကုစားရာ မှာ များစွာ အားနည်းကြပါသည်။ ထို့ကြောင့်, သူတို့ ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသည်နှင့် နေ့တစ်ဝက်လောက် မကုစားဘဲ လုံးလုံးပြန်ကောင်းလာရန်မှာ မဖြစ်နိုင်ပါဘူး။
ဒူးထောက်ပြီး သနားညှာတာမူကို တောင်းဆိုရခြင်းက မျက်နှာပျက်ရသော်လည်း၊ အကယ်၍, သူသာ သနားညှာတာမူကို မတောင်းခံဘူးဆိုလျှင်, သူ့အသက်က ဆုံးရှုံးသွားလိမ့်မည်။
ယခုတစ်ကြိမ်တွင် သူ့အသက်ကို ကယ်တင်နိုင်သရွေ့ သူ့ခန္ဓာကိုယ် လုံးဝ ပြန်လည် ကောင်းမွန်လာသောအခါတွင်, သူသည် ချင်ယွင်ကို ထပ်မံတိုက်ခိုက်ရန် မဖြစ်နိုင်ခြင်း မဟုတ်ပေ။ ထို့ကြောင့် သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ မဆိုင်းမတွ ရှုံးနိမ့်ခဲ့ ကြောင်း ဝန်ခံခဲ့သည်။
"ငါက မင်းကို ချမ်းသားပေးရမယ်။ ဘာလို့ ချမ်းသားပေးရမှာလဲ" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။
"ငါ နောက်ဆုတ်ပေးမယ်။ ဒီတစ်ကြိမ် ရွှေနက်သတ္တုရိုင်းကြောအတွက် နဂါးနက်မြို့တော် က နောက်ဆုတ်ပေးမယ်။ ဒီနည်းနဲ့ မင်း ငါ့ကို လွှတ်ပေးလို့ မရဘူးလား" နဂါးနက်မြို့တော်သခင်က ကမန်းကတန်း ပြောလိုက်သည်။
သူသည် ထိုစကားပြောနေစဉ်မှာ သူ့မျက်နှာက နာကျင်သည့် အမူအရာ ပေါ်လာပြီး သူ့ပါးစပ်ကို ဖွင့်လိုက်လျှင်ပင် သူ့လည်ပင်းမှ ဒဏ်ရာအပေါ် သက်ရောက်မူရှိနေသည်။
"နောက်ပြန်မှာလား?။ တကယ်လို့ ငါ မင်းကိုသတ်လိုက်ရင်လည်း မင်းရဲ့နဂါးနက်မြို့တော် က ဒီရွှေနက်သတ္တုရိုင်းကြောကို သိမ်းပိုက်လို့ မရတော့ဘူးလေ။" ချင်ယွင်က အေးစက်စက် အပြုံးဖြင့် ပြောသည်။
နဂါးနက်မြို့တော်သခင်သည် ထိုစကားကိုကြားသောအခါ သူ၏အမူအရာက ပျက်သွားခဲ့ သည်။ သူက မျက်လုံးများကို လှည့်ပတ်လိုက်ပြီး နောက်တစ်ခါ ထပ်ပြောသည် "မင်းရဲ့ အရင်တောင်းဆိုမှုကို ငါသဘောတူပြီး မင်းတို့ကို နတ်ဘုရားအမိန့်တော်နဲ့ ဒီကမ္ဘာထဲကနေ လွှတ်ပေးနိုင်တယ်။ မင်း ငါ့ကို လွှတ်ပေးသရွှေ့ပေါ့”။
"ဒါဆို, ငါက မင်းကိုသတ်ပြီး နတ်ဘုရားအမိန့်တော်ကို သိမ်းလိုက်ရင်ရော အဆင်ပြေမှာ မဟုတ်ဘူးလား။" ချင်ယွင်က ရယ်မောပြီး မေးလိုက်သည်။
“မဖြစ်နိုင်ဘူး၊ ဒါက မဖြစ်နိုင်ဘူး။ မင်းက ငါတို့ရဲ့ ရှေးဟောင်းနတ်ဘုရားကမ္ဘာက မဟုတ်ဘူး။ ငါတို့ရဲ့ သွေးမျိုးဆက်မပါဘဲ၊ မင်းအနေနဲ့ ဒီနတ်ဘုရားအမိန့်တော်ကို ပေါင်းစည်းနိုင်မှာ မဟုတ်ဘူး။” နဂါးနက်မြို့တော်သခင်က ပြောသည်။
"အိုး?" ချင်ယွင်သည် အဝေးမှ မီးလျှံနက်မြို့တော်သခင်အား သူ့မျက်လုံးများတွင် စူးစမ်းလိုစိတ်ဖြင့် လှည့်ကြည့်လိုက်သည်။
နဂါးနက်မြို့တော်သခင်ပြောသော စကားသည် အမှန်ဖြစ်ကြောင်းကို မီးလျှံနက်မြို့တော် သခင်က ခေါင်းညိတ်ပြသည်။
နဂါးနက်မြို့တော်သခင်သည် မီးလျှံနက်မြို့တော်သခင်က ခေါင်းညိတ်ပြသည်ကို မြင်သောအခါတွင် သူ့စိတ်နှလုံးသည် ရွှင်လန်းမှုအပြည့် ရှိလာခဲ့သည်။ သူက အလောတ ကြီး ထပ်ပြောလိုက်သည် "မင်းငါ့ကို လွှတ်ပေးပြီး ဒဏ်ရာတွေ ပြန်ကောင်းလာတာနဲ့ မင်းနဲ့ မင်းရဲ့ဆွေမျိုးတွေကို ငါ ချက်ချင်း လွှတ်လိုက်မယ်။ ငါနဂါးနက်မြို့တော်သခင်က ငါ့စကားကို တည်မှာပါ"
"ကောင်းပြီလေ!" ချင်ယွင်က ပြုံးပြီး သဘောတူလိုက်သည်။
ချင်ယွင် သဘောတူသည်ကို မြင်တော့ နဂါးနက်မြို့တော်သခင်သည် အလွန်ပျော်ရွှင်သည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပါသည်. သို့သော် သူ့မျက်လုံးများ၏ နက်ရှိုင်းဆုံးနေရာ တွင် အေးစက်မှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။
ခပ်လှမ်းလှမ်းရှိ လူတိုင်းလည်း သက်ပြင်းချကာ ချင်ယွင်က ပုဆိန်ဖြင့် နဂါးနက်မြို့တော် သခင်ကို သတ်ပစ်မည်ကို လေးလေးနက်နက် ကြောက်ရွံ့နေကြသည်။
"ဖျန်း...."
သို့သော် အားလုံးက လုံခြုံပြီး အဆင်ပြေသွားပြီဟု လူတိုင်း တွေးထင်နေကြစဉ်မှာ ကြောက်မက်ဖွယ်ကောင်းသော ပုဆိန်အလင်းတန်းတစ်ခုက လူတိုင်း၏ မျက်လုံးများ ရှေ့တွင် လင်းလက်သွားခဲ့သည်။
ထိုနောက်မှာတော့ နဂါးနက်မြို့တော်သခင်၏ မျက်ခုံးကြားမှာ သွေးထွက်သံယို ဒဏ်ရာ တစ်ခုကို လူတိုင်း တွေ့လိုက်ရသည်။ နဂါးနက်မြို့တော်သခင်၏ မျက်နှာက ပိုလို့တောင် အံ့သြနေသေးသည်။
နဂါးနက်မြို့တော်သခင်သည် မယုံကြည်နိုင်သည် အမူအရာတစ်ခု ဖော်ပြလာသည်။ သူသည် ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးဖြစ်သည်။ သို့သော် သူသည် အဘယ့်ကြောင့် ဤမျှ ရက်စက်ကြမ်းကြုတ်စွာ ရုတ်တရတ် လုပ်ရှားလိုက်ရသနည်း။
"မင်း" နဂါးနက်မြို့တော်သခင်သည် ချင်ယွင်ကို လက်ညိုးထိုးလိုက်သည်။ သို့သော် သူ့စကား တစ်ဝက်တစ်ပျက်မှာပင် မျက်လုံးပြူးပြီး လဲကျသွားသည်။
ထိုလဲကျအသံကြောင့် လူတိုင်း၏ နှလုံးသားသည် ခုန်ပေါက်သွားပုံရသည်။ သူတို့အားလုံး အဝေးမှာ လဲကျနေသော အလောင်းကောင်ကို ကြည့်ရင်း ပါးစပ်များကို ကျယ်လောင်စွာ ဖွင့်ကာ ပန်ဂူပုဆိန်ကိုကိုင်ကာ ပြောင်ပြောင်တင်းတင်း ရပ်နေသော ချင်ယွင်ကို ကြည့်လိုက်ကြသည်။ သူတို့သည် မထိန်းနိုင်ဘဲ တံတွေးတစ်လုတ် မျိုချပြီးနောက် သူတို့၏ နှလုံးများက ပြင်းထန်စွာ ခုန်လာခဲ့သည်။
အဆုံးတွင် ချင်ယွင်သည် နဂါးနက်မြို့တော်သခင်ကို သတ်ပစ်မည်ဟု သူတို့သည် အမှန်တကယ်ပင် မမျှော်လင့်ထားခဲ့ကြပေ။
အဝေးမှ ရွှေနက်မြို့တော်သခင်နှင့် မီးလျှံနက်မြို့တော်သခင်သည် အလားတူ ထိတ်လန့် တုန်လှုပ်သွားကာ ၎င်းတို့သည် ယုန်တစ်ကောင်နှင့် မြေခွေးတစ်ကောင်တို့၏ သေဆုံးခြင်းကဲ့သို့ သူတို့နှလုံးသားထဲတွင် ဝမ်းနည်းပူဆွေးမှုကို ခံစားခဲ့ရသည်။ (သဘာဝအတိုင်း ပဋိပက္ခဖြစ်နေသော ဆန့်ကျင်ဘက်အင်အားစု နှစ်ခု သို့မဟုတ် လူပုဂ္ဂိုလ် နှစ်ဦးစလုံးသည် အဆုံးစွန်သို့ ရောက်ရှိသွားသည့် အခြေအနေတစ်ရပ်ကို တင်စားပြောခြင်း ဖြစ်သည်။)
သူတို့သုံးဘောက်သည် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။ မရေမတွက်နိုင်အောင် တိုက်ပွဲများ ရှိခဲ့သော်ငြားလည်း တစ်ဖက်လူ၏ အသက်အိုးအိမ်စည်းစိမ်ကို မည်သူမျှ ထိခိုက်နစ်နာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ အခုချိန်မှာ နဂါးနက်မြို့တော်သခင် အသတ်ခံရသည်ကို တွေ့လိုက်ရတော့ သူတို့အတွက် လိုက်လျောညီထွေ ဖြစ်အောင် လုပ်ယူရန် ခက်ခဲနေပါသည်။
အခြားတစ်ဖက်တွင် ချင်ယွင်သည် သူ့လက်ထဲတွင် နတ်ဘုရားပုဆိန်ကို ကိုင်ထားကာ မြေပြင်ပေါ်ရှိ နဂါးနက်မြို့တော်သခင်အား သူ့မျက်လုံးများတွင် မထီမဲ့မြင်ပြုဟန်ဖြင့် ကြည့်လိုက်သည်။
ဤနဂါးနက်မြို့တော်သခင်သည် သူ့ဗိုက်ထဲတွင် ဓားတစ်ချောင်းနှင့် သူ့အပြုံးထဲတွင် ဓားတစ်ချောင်းကို လျှို့ဝှက်ထားရင်း ပျားရည်စမ်းစကား ပြောဆိုနေသည်။ ချင်ယွင်သည် ထိုလူမျိုးကို ထိန်းချုပ်ရန် မည်မျှခက်ခဲမည်နည်း။ အစောပိုင်းက သူပေးခဲ့သော ကတိစကားမှာ နဂါးနက်မြို့တော်သခင်၏ နိုးကြားသတိထားမှုကို ဖြေလျှော့သွားစေရန် သာ ဖြစ်ပြီး၊ သူ၏ နောက်ဆုံး လှုပ်ရှားမှုကို လျင်မြန်သပ်ရပ်စွာ ပြုလုပ်နိုင်စေရန် ဖြစ်သည်။