← Chapters

အခန်း ၁၄၄၈

Vol. 97 Ch. 1448

အခန်း ၁၄၄၈

Vol. 97 Ch. 1448

အခန်း (၁၄၄၈) ညီငယ်ကို အောင်နိုင်သူ။

ချင်ယွင်သည် နဂါးနက်မြို့တော်သခင်ကို ပုဆိန်ဖြင့် ခုတ်သတ်ပြီးနောက် သူသည် သူ့ပန်ဂု ပုဆိန်ကို မရုတ်သိမ်းခဲ့ပေ။ ယင်းအစား သူသည် ကြယ်ရှစ်ပွင့် ရှေးဟောင်း နတ်ဘုရား စစ်သည်တော်များကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။

နဂါးနက်မြို့တော်သခင်၏ နောက်လိုက်များသည် ချင်ယွင် ၎င်းတို့ဆီသို့ လှမ်းကြည့်နေ သည်ကို တွေ့လိုက်သောအခါ သူတို့၏ ခန္ဓာကိုယ်များသည် ပြင်းထန်စွာ တုန်လှုပ်သွား ကြသည်။ သူတို့သည် ချင်ယွင်၏မျက်လုံးများကို တိုက်ရိုက် မကြည့်ဝံ့ဘဲ၊ ခြေထောက်များ က အနည်းငယ် တုန်ရီနေသည်။

ဤအခိုက်အတန့်တွင် ချင်ယွင်ထံမှ ထုတ်လွှတ်နေသော သွေးရောင်အငွေ့အသက်သည် သူတို့၏ စိတ်နှလုံးထဲမှ ကြောက်ရွံ့ ထိတ်လန့်မှုကို ခံစားရစေသည်။ အထူးသဖြင့် ချင်ယွင်၏ စူးစူးရှရှ အကြည့်များက သူတို့ကို ပြင်းထန်သော ဖိအားများ ပေးနေခဲ့သည်။

ယခုအချိန်အတွင် သူတို့မျက်လုံးထဲမှာ ချင်ယွင်သည် ပြိုင်ဘက်ကင်း နတ်ဆိုးနတ်ဘုရား တစ်ပါးဖြစ်နေပြီ။

လူအုပ်ကြီး၏ ကြောက်လန့်သော အမူအရာများကို မြင်လိုက်ရသဖြင့် ချင်ယွင်၏ နှုတ်ခမ်းများက မထီမဲ့မြင်ပြုဟန်ဖြင့် ကွေးညွှတ်သွားသည်။ သူသည် သူတို့ကို လျစ်လျူ ရှုပြီး ရွှေနက်မြို့တော်သခင်ကို လှည့်ကြည့်လိုက်သည်။

ရွှေနက်မြို့တော်သခင်သည် ချင်ယွင်က လှည့်ကြည့်လသောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

နဂါးနက်မြို့တော်သခင်ကို သတ်ဖြတ်ခံရခြင်းက သူ့အတွက် ကောင်းသော ကိစ္စ မဟုတ်ပေ။ မီးလျှံနက်မြို့တော်သခင်နှင့် ချင်ယွင်တို့ကို အနိုင်ယူပြီး ရွှေနက် ကျောက်ဘုရင်ကို သိမ်းပိုက်ရန် သူ့အတွက် သိသိသာသာ မဖြစ်နိုင်တော့ပေ။

ထို့အပြင်၊ ချင်ယွင်သည် ယခုအချိန်တွင် သူ့ကို ပြင်းထန်သော ဖိနှိပ်မှုကို ပေးစွမ်းနေခဲ့ သည်။ အခုအချိန် နောက်ဆုတ်ခြင်းက အကောင်းဆုံးရွေးချယ်မှုဟု သူ့ကို ပြောနေခဲ့သည်။

"အပြင်ဘက်ကမ္ဘာက ကောင်စုတ်လေး၊ မင်းက ငါ့ကို မတူကွဲပြားတဲ့ အမြင်မျိုးနဲ့ ကြည့်လာအောင် လုပ်နိုင်ခဲ့တယ်။ မင်းလက်ထဲမှာ နဂါးနက်မြို့တော်သခင်တောင်မှ သေဆုံးခဲ့ရတယ်။ မင်း ဒီလောက် မာနကြီးနေတာ မဆန်းပါဘူး။ ဒီနေ့ ငါဟန်လင်းက ရှုံးနိမ့်မူကို ဝန်ခံတယ်။ ဒီတစ်ခါ ရွှေနက်သတ္တုရိုင်းကြောကို ငါက မင်းနဲ့ မီးလျှံနက်မြို့တော် ထံ ယူဆောင်ခွင့် ပြုလိုက်မယ်။" ရွှေနက်မြို့တော်သခင်သည် အေးစက်စွာ ပြောလိုက် သည်။

ထိုသို့ပြောပြီးသည်နှင့် သူသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး ရှေးဟောင်း သတ္တုတွင်းဧရိယာထဲမှ အလင်းတန်းတစ်ခုအဖြစ် ပျံထွက်သွားခဲ့သည်။

ရွှေနက်မြို့တော်မှ လူများသည်လည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သကဲ့သို့ ခံစားခဲ့ရ သည်။ ချင်ယွင်၏ ယခင်နည်းလမ်းများကြောင့် သူတို့သည် အလိုလို ထိတ်လန့်နေ ကြရ သည်။ သူတို့အနေဖြင့် မည်သို့လျှင် တိုက်ခိုက်လိုစိတ် ရှိဦးမည်နည်း။ အခု သူတို့သည် ရွှေနက်မြို့တော်သခင်၏စကားကို ကြားလိုက်သောအခါ၊ ဤနေရာတွင် အဘယ်ကြောင့် ကြာကြာနေဝံ့တော့မည်နည်း။ သူတို့အားလုံးသည် ရွှေနက်မြို့တော်သခင်နောက်ကို လိုက်ပါသွားကြသည်။

ရွှေနက်မြို့တော်မှ လူများ ထွက်ခွာသွားသည်နှင့် တပြိုင်နက် နဂါးနက်မြို့တော်မှ အစေခံ ငါးဦး၏ မျက်နှာများသည် လုံးဝ မည်းမှောင်သွားကြသည်။ အထူးသဖြင့် မင်တိုင်ဖြစ်သည်။ သူ့မျက်နှာက အလွန်ဖြူဖျော့နေသည်။ မုတ်ဆိတ်မွေးနှင့် အမျိုးသားလည်း ပိုကောင်ခြင်း မရှိပေ။ သူ့နဖူးမှာ ချွေးအေးတွေ စီထွက်လာသည်။

"သခင်၊ ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို လွှတ်ပေးတော်မူပါ။ ကျွန်ုပ်တို့က နဂါးနက် မြို့တော် သခင်ရဲ့ အမိန့်ကို လိုက်နာခြင်းသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့က သခင်ကို မရိုမသေ ပြုမိကြပါတယ်။ ကျွန်ုပ်တို့က သခင်ကို စော်ကားလိုစိတ် မရှိပါဘူး။ ကျွန်ုပ်တို့က သခင်ရဲ့အမိန့်တော်ကို နားထောင်လိုပါတယ်” နဂါးနက်မြို့တော် အစေခံတွေထဲမှာ တစ်ဦးတည်းသော အသက်ကြီးသူက မြေပြင်ပေါ် ချက်ချင်း ဒူးထောက်လိုက်ပါသည်။

"သခင်၊ ကျွန်ုပ်တို့​ကိုလည်း လွှတ်ပေး​တော်မူ​ပါ။ ကျွန်ုပ်တို့က သခင်​ရဲ့​အမိန့်​ကို နာခံ​ဖို့ ဆန္ဒရှိ​ပါတယ်။" ကျန်လေးယောက်လည်း အဘိုးကြီး ဒူးထောက်နေသည်ကို တွေ့လိုက်ရ လျှင်, သူတို့သစ္စာခံသည်ကို ပြသန်ရန် မြေပြင်ပေါ်မှာ ဒူးထောက်ကြသည်။

ချင်ယွင်က လူငါးယောက်ကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်ပြီး မျက်လုံးထဲမှာ ပေါ့ပါးတဲ့ အပြုံးတစ်ခု ပေါ်လာပါသည်။

"မင်းတို့ ငါ့အပေါ် သစ္စာရှိနိုင်တယ်၊ ဒါပေမယ့် မင်းတို့က လူတွေများလွန်းတယ်။ ငါက တစ်ယောက်ပဲ လိုချင်တယ်။" ချင်ယွင်က ဘာမှမထူးခြားဟန်ဖြင့် ပြောလိုက်သည်။

ချင်ယွင်၏စကားကို ကြားသောအခါ လူငါးယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ရုတ်တရက် ဒူးထောက်နေသည့် ဆံပင်ဖြူ အဘိုးအိုသည် ရုတ်တရက်ဆိုသလို သူ့မျက်လုံး များတွင် သတ်ဖြတ်လိုသည့်ဆန္ဒများ ထွက်ပေါ်လာသည်။ သူသည် တိုက်ပွဲဝင် အခြေအနေထဲသို့ ဝင်ရောက်ကာ မင်တိုင်၏ ခေါင်းကို အပြင်းအထန် ထိုးနှက်လိုက်သည်။

"ဘုန်း"

အဘိုးအိုက သူ့ဦးခေါင်းကို ဒီလက်သီးဖြင့် ထိုးနှက်လိုက်သည့်အခါ, မင်တိုင်သည် တုံ့ပြန်ဖို့ ပင် အချိန်မရခဲ့ပေ။

"ဘုန်း"

တစ်ချိန်တည်းမှာပင် တစ်ဖက်မှ အေးစက်စက် လူငယ်သည်လည်း မုတ်ဆိတ်မွေးနှင့် အမျိုးသားကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

မုတ်ဆိတ်မွေးနှင့် အမျိုးသား၏ တုံ့ပြန်မှုသည် အချိန်မီသော်လည်း သူ၏ အရှိန်ဟုန်မှာ အနည်းငယ် နှေးနေသေးသည်။ သူသည် သူ့ရင်ဘတ်အလယ်မှာ အေးစက်စက် လူငယ်၏ ထိုးနှက်ချက်ခံခဲ့ရပြီး သူ့နှလုံးသည် ပေါက်ကွဲသွားခဲ့သည်။ ထို့နောက် သူ့နားထင်ပေါ် ထိုးနှက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

လူငါးဦးတွင် နှစ်ဦးသည် ချက်ခြင်း သေဆုံးသွားခဲ့ပြီး အဘိုးကြီးတစ်ဦး၊ အေးစက်သော လူငယ်တစ်ဦးနှင့် လူလတ်ပိုင်းအရွယ်တစ်ဦးတို့သာ ကျန်ရစ်ခဲ့သည်။

"ဘုန်း"

အဘိုးအိုနှင့် အေးစက်စက် လူငယ်တို့သည် ၎င်းတို့နှစ်ဦးကို သတ်ဖြတ်ပြီးနောက် အတူတူ ပူးပေါင်းတိုက်ခိုက်ရန် လူလတ်ပိုင်းအရွယ် အမျိုးသားဆီကို ပြေးဝင်သွားခဲ့သည်။

လူလတ်ပိုင်းအရွယ် အမျိုးသား၏အကြည့်တွေက ရုတ်တရက် စူးရှလာပြီး သူ့လက်သီးများ သည် ကျားရဲတွေအလား အဘိုးအိုနှင့် အေးစက်စက်လူငယ်ကို ရင်ဆိုင်လိုက်သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် သူတို့ငါးယောက်ထဲမှာ အသန်မာဆုံးဆိုတာ သူတို့နှစ်ယောက်စလုံး သိထားကြသည်။ အကယ်၍, သူတို့ ရှင်သန်ချင်သည်ဆိုလျှင်, သူတို့သည် ဤလူလတ်ပိုင်းအရွယ် အမျိုးသားကို သတ်ဖြတ်ရန်အတါက် လက်ချင်း ချိတ်ဆက်ထားရမည်။ ထိုမှသာ သူတို့နှစ်ဦးသည် အသက်ရှင်ရန် အခွင့်အလမ်း ရှိပေလိမ့် မည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် တစ်ယောက်နှင့်နှစ်ယောက် ဆန့်ကျင်တိုက်ခိုက် နေပြီး သူ၏အရှိန်အဟုန်မှာ လုံးဝ အားမနည်းပေ။ သူသည် အမှန်တကယ်ပင် သူတို့နှစ်ဦး ကို အတူဆွဲခေါ်တိုက်ခိုက်နိုင်ခဲ့ပြီး အနည်းငယ်ပင် အသာစီး တိုက်ခိုက်နိုင်သလို ရှိနေသည်။

အနီးနားပတ်ဝန်းကျင်ရှိ လူတိုင်းသည် ဝင်ရောက်စွက်ဖက်ရန် ကြံရွယ်ချက်မပြဘဲ ဘေးချင်းကပ်လျက် စောင့်ကြည့်နေခဲ့ကြသည်။

သို့သော် သူ့စိတ်ထဲတွင် ချင်ယွင်ကို လုံးဝ ကြောက်သွားခဲ့သည်။ ချင်ယွင်၏စကားများ သည် နဂါးနက်မြို့တော်မှ လူတိုင်းကို သတ်ပစ်နိုင်သည်။ ဤကဲ့သို့သော အကြံအစည်နှင့် နည်းလမ်းများသည် အမှန်တကယ်ပင် ကြောက်စရာကောင်းပါသည်။

ချင်ယွင်သည် ဤအရာအားလုံးကို အေးစက်စွာ ကြည့်နေသည်။ အမှန်အတိုင်းပြောရလျှင် သူသည် ထိုကဲ့သို့ညစ်ပတ်သော နည်းလမ်းမျိုးကို မသုံးချင်သော်လည်း နဂါးနက်မြို့တော်မှ လူလတ်ပိုင်းအရွယ် အမျိုးသားမှလွဲ၍ ကျန်လူများသည် လူကောင်းများ မဟုတ်ကြပေ။

ထို့ကြောင့် ချင်ယွင်သည် လူတစ်ဦးသာ ကျန်ဖိုလိုသည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ သူ့ ရည်ရွယ်ချက်က ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကို ချန်ထားဖို့ပင် ဖြစ်သည်။ ချင်ယွင် သည် အခြားလေးယောက်ကို သေချာပေါက် အသက်မရှင်စေချင်ပေ။

ထိုလူတွေ မည်သို့ တုံ့ပြန်မလဲဆိုသည်ကို ကြည့်ရူရုံသာ ဖြစ်သည်။

ဘန်း…။

ချင်ယွင်သည် သူ၏လက်ချောင်းများကို ကွေးညွှတ်ပြီး လေဟာနယ်ဓားအလင်း နှစ်ခုကို ထုတ်လွှတ်သည်။ ၎င်းအလင်းတန်းသည် အဝေးမှာ လူလတ်ပိုင်းအရွယ် အမျိုးသားကို တိုက်ခိုက်နေသော အဘိုးအိုနှင့် အေးစက်စက် လူငယ်၏နဖူးကို တိုက်ရိုက် ထိုးဖောက် သွားပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြသည်။

တိတ်ဆိတ်ငြိမ်သက်ခြင်းကို နှစ်သက်သော လူလတ်ပိုင်းအရွယ် အမျိုးသားသည် လဲကျနေ သော နှစ်ယောက်စလုံးကို အံ့သြတကြီး ကြည့်ကာ သူ့မျက်လုံးထဲတွင် အံ့သြသွားမိသည်။ နောက်ဆုံးတွင် သူသည် ချင်ယွင်ကို ကြည့်ကာ ဒူးထောက်ပြီး "သခင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။

"အင်း၊ မင်းနာမည် ဘယ်လိုခေါ်လဲ" ချင်ယွင်သည် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကာ မေးသည်။

"သခင်, ကျွန်တော့်နာမည် လင်းပင် " လူလတ်ပိုင်းအရွယ် အမျိုးသားက အမှန်အတိုင်း ပြန်ဖြေသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး လင်းပင်ကို ကြည့်ကာ ပြောသည် "လင်းပင်၊ အခု နဂါးနက် မြို့တော်ရဲ့မြို့တော်သခင်က ကွယ်လွန်သွားပြီ။ မင်း ငါ့အပေါ် သစ္စာခံဖို့ ဆန္ဒရှိမရှိ ငါ သိချင်နေတယ် "

"ဟုတ်ကဲ့ ဆန္ဒရှိပါတယ်" လင်းပင်က မဆိုင်းမတွ ပြန်ဖြေပြီး သူ့မျက်လုံးတွေက ဆုံးဖြတ်ချက်ပြတ်သားမူ အပြည့်ရှိနေသည်။

သူ နှုတ်ဆိတ်နေတတ်သော်လည်း သူသည် ရှေးရိုးဆန်သူတစ်ဦး မဟုတ်ပေ။ သူက နဂါးနက်မြို့တော်သခင်နောက်ကို လိုက်နေခဲ့သော်လည်း နဂါးနက်မြို့တော်သခင်၏ လုပ်ရပ်များကို တစ်ခါမှ မကျင့်သုံးဖူးပါဘူး။ သူ့တွင် နဂါးနက်မြို့တော်သခင်အပေါ် သစ္စာစောင့်သိသည့် ခိုင်မာသော စိတ်ဓာတ်မရှိပေ။

ဆန့်ကျင်ဘက်အနေနှင့်၊ ချင်ယွင်၏နည်းလမ်းအရဖြစ်စေ သို့မဟုတ် ခွန်အားအရဖြစ်စေ သူသည် ခိုင်မာသောမျှော်လင့်ချက်ကို မြင်နိုင်သည်။ သူသည် ချင်ယွင်၏ နောက်ကို လိုက်ခြင်းဖြင့် အနာဂတ်တွင် တစ်စုံတစ်ရာ သေချာပေါက် အောင်မြင်မည်ဟု သူ ခံစားမိသည်။

"မင်း ဒီကိစ္စကို သေချာစဉ်းစားရမယ်။ ငါက ဒီကမ္ဘာကနေ အချိန်မရွေး ထွက်သွားနိုင်တယ်။ မင်းကို အချိန်တိုအတွင်း ကူညီပေးဖို့ မဖြစ်နိုင်ဘူး။ မင်း ငါ့အပေါ် သစ္စာရှိဖို့ ဆန္ဒရှိလား။" ချင်ယွင်က ဆက်မေးသည်။

"ဟုတ်ကဲ့ ဆန္ဒရှိပါတယ်" လင်းပင်က မဆိုင်းမတွ ပြန်ဖြေသည်။

ချင်ယွင်က ထွက်သွားချင်ကြောင်းကို သူ သိထားပြီးဖြစ်ကာ၊ ဤအချက်ကိုလည်း သူ ကြိုစဉ်းစားထားပြီးသား ဖြစ်သည်။

"ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ မင်း ဒီနဂါးနက်မြို့တော်သခင်တံဆိပ်ကို သန့်စင်လို့ရပြီ။ အခုကစပြီး မင်းက နဂါးနက်မြို့တော်သခင် ဖြစ်လာမှာဖြစ်ပြီး၊ နဂါးနက်မြို့တော်ကလည်း ငါ့အဖွဲ့ခွဲ ဖြစ်လာလိမ့်မယ်။" ချင်ယွင်က လင်းပင်ကိုကြည့်ကာ ပြောလိုက်သည်။ ထိုစကား ပြီးဆုံးသည်နှင့် သူသည် နဂါးနက်မြို့တော်သခင်ထံမှ ရရှိခဲ့သော နဂါးနက် နတ်ဘုရား တံဆိပ်ကို လင်းပင်သို့ ပစ်ပေးလိုက်သည်။

အရင်က သူသည် ဤနဂါးနက်နတ်ဘုရားတံဆိပ်ကို သန့်စင်ရန် ကြိုးစားကြည့်ဖူးသည်။ မျှော်လင့်ထားသည့်အတိုင်း နဂါးနက်မြို့တော်သခင်ပြောခဲ့သလို ဖြစ်နေခဲ့သည်။ သူသည် ၎င်းကို သန့်စင်ရန် အမှန်တကယ် မဖြစ်နိုင်ခဲ့ပေ။ ထိုကဲ့သို့ အလဟဿဖြစ်ခံမည့်အစား, သူသည် သူယုံကြည်ရသည့်သူကို ရှာဖွေပြီး သူ့ကိုယ်ပိုင်အင်အားစုကို ပြုစုပျိုးထောင်ခြင်း က ပိုကောင်းပါသည်။

လင်းပင်သည် ချင်ယွင်ပစ်ပေးလိုက်သော နဂါးနက်နတ်ဘုရားတံဆိပ်ကို လက်ခံယူလိုက် သည်။ ပထမတော့ သူသည် အနည်းငယ် မှင်သက်သွားခဲ့ပြီး၊ ထို့နောက်, သူ့မျက်နှာမှာ ရွှင်လန်းသည့်အသွင်အပြင် ပေါ်လာသည်။ သူက ချင်ယွင်အား ရိုသေလေးစားစွာဖြင့် ပြောလိုက်သည် "ကျွန်တော်လင်းပင်က ဒီအသက်နဲ့ ဒီဘဝတစ်လျှောက်လုံး သခင်အပေါ် သစ္စာစောင့်သိပါ့မယ်လို့ ကောင်းကင်ဘုံကို ကျိန်ဆိုပါတယ်။ သခင့်အပေါ် သစ္စာဖောက် ဖျက်ရင် ဘယ်တော့မှ ပြန်လည်မဝင်စားနိုင်ပါစေနဲ့”။

"အင်း၊ ထပါ။" ချင်ယွင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လင်းပင်ကို လျစ်လျူရှုကာ မီးလျှံနက်မြို့တော်သခင်၏ ဦးတည်ရာဆီသို့ လျှောက်သွားခဲ့သည်။

All Chapters