အခန်း ၁၄၅၁
Vol. 97 Ch. 1451
အခန်း (၁၄၅၁) အသုရာစစ်မှန်သော အဓိပ္ပါယ်။
ချင်ယွင်, သူ့အဖွဲ့လူခြောက်ယောက်နှင့် ခွေးတစ်ကောင်သည် လေဟာနယ်ဝဲဂယက်မှ ထွက်ခွာသွားပြီးနောက် သူတို့၏ခန္ဓာကိုယ်များသည် ပျောက်ကွယ်နေသော နတ်ဘုရား ကျွန်းသို့ တစ်ဖန် ပြန်ရောက်သွားကြသည်။ သူတို့ပေါ်လာသည့် တည်နေရာသည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း ကောင်းကင်ဘုံနန်းတော်၏ ပဉ္စမအဆင့်လည်း ဖြစ်ပါသည်။
ရွှေကျီးကန်းကမ္ဘာသည် စတုတ္ထအဆင့် ကောင်းကင်ဘုံနန်းတော် ဖြစ်သည်။ ယခု သူတို့သည် ရွှေကျီးကန်းကမ္ဘာမှ အောင်မြင်စွာ ပြန်ထွက်လာကြပြီးဖြစ်ကာ, ပဉ္စမအဆင့် ကောင်းကင်ဘုံနန်းတော်တွင် သဘာဝအတိုင်း ပေါ်လာကြမည် ဖြစ်ပါသည်။
ချင်ယွင်နှင့် အခြားသူများသည် ပဉ္စမအဆင့် ကောင်းကင်ဘုံနန်းတော်ကို ကြည့်ရှုကြ သည်။ သို့သော် ကြီးမားသော စင်မြင့်တစ်ခုသာရှိပြီး အခြားဘာမျှမရှိပေ။
"ဘာဖြစ်နေတာလဲ၊ ဒီပဉ္စမအဆင့် ကောင်းကင်ဘုံနန်းတော်မှာ ဘာလို့ ဘာတစ်ခုမှ မရှိရတာလဲ" ကျိုးယွမ်က လွတ်နေသော ရင်ပြင်ကို ကြည့်ပြီး မေးသည်။
သို့သော် ကျိုးလင်နှင့် အခြားသူများသည်လည်း မည်သည့်သဲလွန်စမျှ မတွေ့ရသည့် အတွက် ဆွံ့အနေကြပါသည်။
"ဟေ့ ခွေးဝါကြီး၊ နင်က ဒီနေရာကို အရင်းနှီးဆုံးပဲ။ ဒီပဉ္စမအဆင့် ကောင်းကင်ဘုံ နန်းတော် မှာ ဘယ်လိုစမ်းသပ်မှုမျိုးတွေ ရှိလဲ။" ကျိုးဟုန်ရွှဲ့က ခွေးဝါကြီးကို ကန်ထုတ်ပြီး မေးလိုက် သည်။
"ငါ ဘယ်လိုလုပ် သိမလဲ။ ပဉ္စမအဆင့် ကောင်းကင်ဘုံနန်းတော်ကို ငါ ရောက်ခဲ့ဖူးတာဖြင့် ကြာလှပြီ။ ဘိုးဘေးနတ်ဘုရားက ဒီနေရာမှာ ဘယ်လိုစမ်းသပ်မှုမျိုးတွေ ပြုလုပ်ထားလဲ ဆိုတာ ငါတောင် သိချင်နေတာ။" ခွေးဝါကြီးသည် သူ့မျက်လုံးများကို လှိမ့်ပတ် ကစားလိုက်သည်။
ထိုစကားကိုကြားတော့ လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။
ပုံမှန်မဟုတ်သောအရာကို နတ်ဆိုးဟုခေါ်သည်။ ယခုအခါ ပဉ္စမအဆင့် ကောင်းကင်ဘုံ နန်းတော်သည် အချည်းနှီးဖြစ်နေသဖြင့် သူတို့အား ပြင်းထန်သော ဖိနှိပ်ခြင်းခံစားမူကို ပေးစွမ်းနေခဲ့သည်။
"ဖြစ်နိုင်တာက ဒီနေရာမှာ ချမှတ်ထားတဲ့ ပြင်းထန်တဲ့ ကန့်သတ်ချက်အချို့ ရှိနေလို့လား" နေသာဧကရာဇ်က မထိန်းနိုင်ဘဲ မေးလိုက်သည်။
"ဒါက ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ကန့်သတ်ချက် စွမ်းအင်အတက်အကျလှိုင်းကို မတွေ့ရဘူး။" ကျိုးယွမ်က ပြန်ဖြေသည်။
လူတိုင်း ဖြစ်ပျက်နေသည်ကို သိချင်ဟန်ဖြင့် ရှေ့ကို ကြည့်နေကြသည်။
သို့သော် မည်မျှပင် စောင့်ကြည့်နေစေကာမူ, သူတို့သည် အနည်းငယ်မျှသော စွမ်းအင် အတက်အကျလှိုင်း သို့မဟုတ် ထူးခြားသော စွမ်းအင်အတက်အကျလှိုင်းများကို မတွေ့နိုင် ပေ။ အရာအားလုံးက အရမ်းကို သာမန်ဖြစ်လွန်းသည်။
"သွားရအောင်၊ တစ်ချက်လောက် သွားကြည့်ကြစို့။ ရှေ့မှာ ဘာဖြစ်မလဲဆိုတာ ငါတို့ သိနိုင်လိမ့်မယ်။" ချင်ယွင်က လူအုပ်ကို ပြောပြီး ရှေ့ကို လျှောက်သွားသည်။
လူတိုင်းသည် ကျိုးကြောင်းဆီလျော်သည်ဟု ယူဆကြပြီး ချင်ယွင် နောက်သို့ လိုက်သွား ကြသည်။
ထို့ကြောင့် လူအုပ်ကြီးသည် ဂရုတစိုက် ရှေ့သို့ လျှောက်သွားကြသည်။ သို့သော် မီတာတစ်ထောင် လမ်းလျှောက်ပြီးနောက်တွင် အတားအဆီး သို့မဟုတ် ပြဿနာ တစ်စုံတစ်ရာမှ မခံစားရသေးပေ။ ဤအချက်က သူတို့ကို အဆုံးမဲ့ အံ့သြစေသည်။
သို့သော် သူတို့သည် ရှေ့သို့ ဆယ်မိနစ်ခန့် လျှောက်သွားနေသေးသည်။ ယခုအချိန်တွင် သူတို့သည် စင်မြင့်၏ အလယ်ဗဟိုနီးပါး ရောက်ရှိနေပြီဖြစ်သော်လည်း အစမှအဆုံးအထိ မည်သည့်ကန့်သတ်ချက်မျိုးမှ မကြုံတွေ့ခဲ့ရပေ။
"ပဉ္စမအဆင့် ကောင်းကင်ဘုံနန်းတော်မှာ တကယ်ပဲ ဘာမှမရှိဘူးလို့များ ဖြစ်နိုင်မလား" ကျိုးဟုန်ရွှဲ့က မည်သည့်ခံစားချက်မှ မဖော်ပြဘဲ ပြောလိုက်သည်။
"ဖြစ်နိုင်မယ်ထင်တယ်။ ပဉ္စမအဆင့် ကောင်းကင်ဘုံနန်းတော်မှာ စမ်းသပ်မှုတစ်ခုမှ ရှိမှာ မဟုတ်ဘူး ထင်တယ်။" ကျိုးယွမ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
ကျိုးလင်နှင့် ချင်ယွင်တို့သည် တိတ်ဆိတ်နေပြီး သူတို့၏မျက်လုံးများတွင် သံသယများဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်နှင့် ကျိုးလင်တို့သည် ပဉ္စမအဆင့် ကောင်းကင်ဘုံနန်းတော်အတွက် ကန့်သတ် ချက်များ မရှိရန်မှာ မဖြစ်နိုင်ကြောင်း ခံစားမိကြသည်။ စတုတ္ထအဆင့် ကောင်းကင်ဘုံ နန်းတော်သည် သူတို့အတွက် ဖြတ်ကျော်ရန် အလွန်ခက်ခဲခဲ့သည်။ ထို့ကြောင့် ပဉ္စမအဆင့် ကောင်းကင်ဘုံနန်းတော်တွင် စမ်းသပ်မှုတစ်ခုမှ မရှိဘူးဆိုသည်မှာ မည်သို့ ဖြစ်နိုင်မည် နည်း။
သို့သော် သူတို့သည် ယခုအချိန်အထိ မည်သည့်သဲလွန်စမျှ မတွေ့သေးပေ။ ထို့ကြောင့်, သူတို့သည် မှားယွင်းနေသည့်အရာကို မပြောနိုင်သေးပေ။
"သွားကြရအောင်။ ငါတို့ရှေ့မှာ ကန့်သတ်ချက်တွေ မရှိဘူးဆိုရင် ကောင်းတာပေါ့။ တကယ်လို့ ရှိနေရင်လည်း ငါတို့ ဖြတ်ကျော်ကြရုံပေါ့။" ချင်ယွင်က လူတိုင်းကို ပြောလိုက် သည်။
သူစကားပြောပြီးသည်နှင့် သူသည် နောက်တကြိမ် ရှေ့ခြေတလှမ်းတိုးရန် ပြင်ဆင်လိုက် ပြီး၊ ချင်ယွင်၏ခြေဖဝါးသည် အောက်သို့ ချနင်းလိုက်သည်။
ချင်ယွင်၏ ခြေဖဝါးအောက်မှ အားကောင်းသော စွမ်းအင်အတက်အကျ လှိုင်းတစ်ခု ပျံ့နှံ့ ထွက်ပေါ်လာပြီးနောက် ပြင်းထန်သော မုန်တိုင်းတစ်ခုသည် ရင်ပြင်တစ်ခုလုံးတွင် ပျံ့နှံ့ ထွက်ပေါ်လာသည်။
ကောင်းကင်ကြီးသည် ရုတ်တရက် မည်းမှောင်သွားသည်။ အနက်ရောင် တိမ်တိုက်တွေက တရွေ့ရွေ့နှင့် လှိမ်းတက်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
"ဖျောက်...၊ ဖျောက်... ဖျောက်....။”
ထို့နောက် ကောင်းကင်ယံမှ မိုးသည်းထန်စွာ ရွာသွန်းလာသည်။ မိုးရေစက်အားလုံးသည် ပဲပိစပ်စေ့ကဲ့သို့ ကြီးမားပြီး စင်မြင့်ကြီးကို ဖြိုခွဲပစ်လိုက်သည်။
သူတို့အားလုံးသည် ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြပြီး ဖြစ်ပျက်ခဲ့သည်ကို နားမလည်ကြပါဘူး။
ဤမိုးရေစက်များသည် သာမန်မိုးရေစက်များနှင့် မတူပေ။ ထို့အပြင်, သူတို့သည် ထိုမိုးရေစက်များကို သူတို့အပေါ်သို့ ကျရောက်ခွင့် မပြုရဲကြပေ။
ဘန်း…။
ထိုအချိန်တွင် ချင်ယွင်နှင့် အခြားလူများ၏ ရှေ့တွင် အဖြူရောင်ပုံရိပ်တစ်ခုသည် ဖြည်းဖြည်းချင်း သက်ဆင်းလာခဲ့သည်။
ဤပုံရိပ်မှာ အဖြူရောင်၀တ်စုံဖြင့် ချောမောသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့ခါးက ဖြောင့်တန်းနေပြီး၊ ချောမောသော သူ့မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ခိုတွဲနေ သည်။ သူ့လက်ထဲတွင် ဆီစိမ်စက္ကူထီးတစ်လက်ကို ကိုင်ဆောင်ထားသည်။
မိုးရေစက်များသည် ဆီစိမ်စက္ကူထီးကို ရိုက်ခတ်ကာ မြည်သံများ ထွက်ပေါ်နေသည်။
ဤအဖြူရောင်ရုပ်အသွင်ကို တွေ့လိုက်ရသောအခါတွင် သူတို့အားလုံး သတိရှိလာကြ သည်။
မိုးရွာသွန်းက ရုတ်တရတ်ဆန်ပြီး ထူးဆန်းလွန်းနေကာ အဖြူရောင်ဝတ်စုံဝတ် လူငယ်မှာ လည်း ရုတ်တရက် ထူးဆန်းလွန်းသည်။
ချင်ယွင်သည် အဝေးမှ အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို ဂရုတစိုက် ကြည့်ရူလိုက်သည်။ သို့သော် အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် သူ့အပေါ်တွင် မည်သည့်နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းမှ မရှိကြောင်း သူ တွေ့ရှိခဲ့သည်။ ထိုမျှတင်မကဘဲ၊ သူ့စိတ်ဝိညာဉ်တောင်မှ နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်း နည်းနည်းလေးမှ မရှိပါဘူး။
"မင်းက လူသား မဟုတ်ဘူးမလား?" ချင်ယွင်သည် လှေကားပေါ်မှ ဆင်းသက်လျှောက် လာသော အဖြူရောင်ဝတ် လူငယ်ကို ကြည့်ပြီး ပြောလိုက်သည်။
အဖြူရောင်ဝတ် လူငယ်သည် ချင်ယွင်၏စကားကို ကြားသောအခါ၊ ချင်ယွင်နှင့် အခြားလူများထံမှ ပေသုံးထောင်အကွာတွင် ရပ်လိုက်သည်။ သို့သော် သူ့မျက်နှာပေါ်ရှိ အပြုံးက အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပေ။
"မှန်တယ်၊ ငါက လူသားမဟုတ်ဘူး၊ ပိုပြီးတိကျအောင်ပြောရရင် ငါက သက်ရှိ သတ္တဝါ မဟုတ်ဘူး" အဖြူရောင်ဝတ် လူငယ်က ပြုံးပြုံးလေး ပြောသည်။
"သက်ရှိသတ္တဝါ မဟုတ်ဘူးလား?" ထိုးစကားကိုကြားတော့ လူတိုင်း အံ့သြသွားကြသည်။
အကယ်၍ သူသည် သက်ရှိသတ္တဝါ မဟုတ်ပါက၊ သူသည် လူသားပုံစံအဖြစ် မည်သို့ ပြောင်းလဲနိုင်ပြီး စကားပြောနိုင်ရမည်နည်း။
"မင်းက ပစ္စည်းဝိညာဉ်လား" ကျိုးယွမ်က မေးသည်။
အဖြူရောင်ဝတ်စုံဝတ် လူငယ်က ပြုံးပြီး ခေါင်းယမ်းပြသည်။
"ဒါဆို မင်းက ရုပ်သေးလား" ကျိုးဟုန်ရွှဲ့ကလည်း မေးသည်။
အဖြူရောင်ဝတ် လူငယ်က ပြုံးပျော်ရွှင်စွာဖြင့် ခေါင်းယမ်းပြသည်။
"ပစ္စည်းဝိညာဉ်လည်း မဟုတ်ဘူး။ ရုပ်သေးလည်း မဟုတ်ဘူး။ သက်ရှိသတ္တဝါလည်း မဟုတ်ပြန်ဘူး။ မင်းက ဘာကောင်လဲ။" ကျိုးဟုန်ရွှဲ့လည်း ဆွံ့အသွားရသည်။
ခွေးဝါကြီးသည် မျက်ခုံးပင့်ကာ ဆင်ခြင်စဉ်းစားနေဟန် အမူအရာကို ထုတ်ဖော်လိုက် သည်။ အဖြူရောင်ဝတ် လူငယ်၏ ကိုယ်ရေးအချက်ကို သူသည် ယောင်ဝါးဝါး မှန်းဆနိုင်ပုံ ရသော်လည်း အတည်မပြုဝံ့ပေ။
"မင်းဆိုလိုတာက" သို့သော် ယခုအချိန်တွင် ကျိုးလင်က ရုတ်တရက် ပြောလိုက်၏။
အဖြူရောင်ဝတ် လူငယ်သည် ထိုစကားကိုကြားသောအခါတွင် တောက်ပသော အပြုံး တစ်ခုကို ထုတ်ဖော်လိုက်သည်။ သူက ပြောသည် "ထက်မြက်တယ်။ တကယ်တော့, ငါက ငါ့အစစ်မှန်အဓိပ္ပါယ်ရဲ့ ပုံရိပ်ယောင်တစ်ခုပဲ။” ဒီတော့, ငါ့ရဲ့ စစ်မှန်သော အဓိပ္ပါယ်က ဘာလဲဆိုတာ ခန့်မှန်းကြည့်ကြစမ်း။"
အဖြူရောင်ဝတ် လူငယ်က ပြုံးပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူသည် အဖြူရောင်ဝတ်ထားသည့် လူငယ်ဘဝမှ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသော်လည်း သူမ၏ ရုပ်ရည်အသွင်အပြင်မှာ ကျိုးလင်နှင့် လုံးဝ တူနေသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် အနည်းငယ် မျက်မှောင် ကြုတ်သွားသည်။ သေချာသည်မှာ, သူသည် စစ်မှန်သော အဓိပ္ပါယ်က ကျိုးလင်၏ ရုပ်ရည် အသွင်အပြင် ပြောင်းလဲခြင်းကို သဘောမကျသည်မှာ ထင်ရှားသည်။
"မိုးရွာသွန်းခြင်းက အစစ်အမှန် အဓိပ္ပါယ်လား" ကျိုးဟုန်ရွှဲ့က အဖြေပေးရန် ကြိုးစားသည်။
အဖြူရောင်ဝတ် အမျိုးသမီးက ခေါင်းယမ်းပြသည်။
"ကျောက်စိမ်းရေ အစစ်အမှန် အဓိပ္ပါယ်လား" ကျိုးလင်ကလည်း အစမ်းသဘောဖြင့် မေးသည်။
အဖြူရောင်ဝတ် အမျိုးသမီးက ခေါင်းခါနေတုန်းပင်။
ချင်ယွင်သည် တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက် သည်။
ဤအခိုက်အတန့်တွင် ခွေးဝါကြီးသည် ရုတ်တရက် ခေါင်းကို မြှောက်ကာ၊ သူ့မျက်လုံးများ က စူးစူးရဲရဲ တောက်ပလာပြီး အော်ပြောလိုက်သည် "အသုရာ အစစ်အမှန် အဓိပ္ပာယ်။၊ မင်းက အသုရာဘိုးဘေးနတ်ဘုရားရဲ့ အသုရာ အစစ်အမှန် အဓိပ္ပါယ်ပဲ"။
"အသုရာ အစစ်အမှန် အဓိပ္ပါယ်လား။" ထိုစကားကို လူတိုင်းကြားသောအခါ သူတို့အားလုံး အံ့အားသင့်ပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။
သူတို့သည် ရွာသွန်းနေသောမိုးကို လှည့်ပတ်ကြည့်ရင်း စစ်မှန်သော အဓိပ္ပါယ်သည် မိုးနှင့် ပတ်သက်နေသည်ဟု ထင်ခဲ့ကြသော်လည်း ၎င်းသည် အသုရာ စစ်မှန်သော အဓိပ္ပါယ် ဖြစ်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
“အသုရာစစ်မှန်သော အဓိပ္ပါယ်” နားထောင်လိုက်ရုံဖြင့် လူတစ်ယောက်၏ ဆံပင်တွေကို အဆုံးထိ ထောင်သွားစေလောက်သည်။
ရုတ်တရက်ဆိုသလို၊ ချင်ယွင်သည် ရှေ့ကို မျှော်ကြည့်ရန် ရုတ်တရက် ခေါင်းကို မော့လာစဉ်၊ ကျိုးလင်အဖြစ် ပြောင်းလဲသွားသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ရက်စက်ကြမ်းကြုတ်သောအပြုံးကို ထုတ်ဖော်လာပြီး၊ သူမ၏မျက်လုံးတစ်စုံသည် ပြင်းထန်သော ညှို့ငင်ခြင်းဆွဲအားတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ဘန်း…
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွား၏။ ထို့နောက် လေထဲတွင် မိုးစက်များက ရုတ်တရက် ရပ်သွားသည်။ မိုးရေစက်များ အားလုံးသည် ရုတ်တရက် လေထဲတွင် လွင့်ပျံကာ မလှုပ်မယှက် ဖြစ်နေသည်။ ထို့နောက် တွင်၊ ပြင်းထန်သော သတ်ဖြတ်ခြင်းအငွေ့အသက်က စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွား တော့သည်။