← Chapters

အခန်း ၁၄၅၄

Vol. 97 Ch. 1454

အခန်း ၁၄၅၄

Vol. 97 Ch. 1454

အခန်း (၁၄၅၄) အစီအရင်ဝင်္ကပါအခြေခံအုတ်မြစ်။

"ကောင်းတယ်၊ မင်းမှာ တိုက်ခိုက်ရေး ခွန်အားတွေ ရှိနေတယ်။ ဒါပေမယ့် ဒီမိုးရေဓားတွေ က မင်းကို အလွန်အင်အားကုန်ခမ်းအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ မင်းအနေနဲ့ ဒီဓား ဝင်္ကပါကို ချိုးဖျက်ဖို့ ဘာကို အသုံးပြုရမလဲဆိုတာ တကယ်ကို မသိသေးဘူးပဲ" အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ပြုံးပြီး သူမမျက်လုံးထဲတွင် မထီမဲ့မြင်ပြုဟန်ဖြင့် ပြောလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် ချင်ယွင်သည်လည်း အစီအရင်ဝင်္ကပါကို မည်သို့ ချိုးဖျက်ရမည် ကို အမှန်တကယ်ပင် မတွေးမိသေးပေ။ အစီအရင်ဝင်္ကပါ၏ အခြေခံအုတ်မြစ်ကို မဖျက်ဆီးနိုင်ဘဲ သူသည် အသုရာဓားမိုးဝင်္ကပါကို မည်ကဲ့သို့ ချိုးဖျက်ရမည်ကို မသိရှိသေး ပါ။ ဒုတိယအချက်မှာ ထိုဓားဝင်္ကပါ၏ တိုက်ခိုက်မှုကပင် သူ့အား ခေါင်းကိုက်နေပြီ ဖြစ်သည်။

"မင်းရဲ့ဓားဝင်္ကပါက အလွန်အစွမ်းထက်တယ်။ ဒါပေမယ့် မင်းအနေနဲ့ ငါ့ကိုသတ်ဖို့ကျ နည်းနည်းတော့ အလှမ်းဝေးနေသေးတယ်။" ချင်ယွင်က အေးစက်စွာ ပြောပြီး သူ့မျက်လုံးများက မောက်မာမူကို ဖော်ပြနေသည်။

သူသည်လည်း မာနကြီးသူတစ်ယောက် ဖြစ်သည်။ ယခု သူသည် အစစ်မှန် အဓိပ္ပာယ် တစ်ခု၏ လှောင်ပြောင်ခြင်းကို ခံနေရပြီး သူ့နှလုံးတွင်းရှိ သွေးစွမ်းအင်များသည် သဘာဝ အတိုင်း လှုံ့ဆော်ခံရကာ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခုက သူ့မျက်လုံးထဲသို့ တိုးဝင်လာခဲ့သည်။

"ဟမ်၊ မာနကြီးတဲ့သူတွေ အများကြီးကို ငါ တွေ့ဖူးတယ်။ နောက်ဆုံးတော့ သူတို့ရဲ့ ကံကြမ္မာက ကြေကွဲစရာအပြင် ဘာမှမရှိဘူး။ ငါ့အထင်တော့ မင်းက သူတို့နဲ့ မတူဘူး။ ကောင်စုတ်လေး၊ မင်းက လက်မခံသေးမှတော့ မင်းဆန္ဒတိုင်း ငါ လိုက်ပါပေးမယ်။" အဖြူရောင်ဝတ် အမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် သူမ၏ နက်ရှိုင်စွာဖြူဖတ်နေသော လက်က သူမရှေ့မှ လေဟာနယ် ကို ပုတ်လိုက်သည်။

ချက်ချင်းဆိုသလို သူမရှေ့ကောင်းကင်ယံရှိ မိုးရေများမှ ပုံရိပ်တစ်ခုအသွင် ထွက်ပေါ်လာ သည်။ ဤပုံရိပ်သည် အလင်းရိပ်တစ်ခုကဲ့သို့ လျင်မြန်ပြီး မိုးရေဓားကို သူ့လက်ထဲတွင် ကိုင်ဆောင်ကာ ချင်ယွင်ဆီသို့ လျင်မြန်စွာဖြစ့် ပြင်းထန်စွာ ထိုးလိုက်လေသည်။

မိုးရေဓားသည် ကြောက်မက်ဖွယ်ကောင်းသော ဓားအငွေ့အသက်ကို ထုတ်လွှတ်သည်။ ချင်ယွင်၏ ဦးရေပြားသည် စူးရှသော အငွေ့အသက်ကြောင့် ထုံကျင်နေပါသည်။

"ဘယ်လောက်တောင် ထက်ရှလိုက်တဲ့ ဓားလဲ။ ထိုဓားသည် ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများနှင့် ယှဉ်လုနီးပါးပင် မဟုတ်ပါလား။" ချင်ယွင်သည် အဝေးက မိုးရေဓားက လျင်မြန်စွာ နီးကပ်လာသည်ကို ကြည့်နေပြီး သူ့အကြည့်တွေက အလွန်မင်း စူးရှလာခဲ့သည်။

ဘန်း..။

ချင်ယွင်သည် သူ့လက်ထဲတွင် မြူနှင်းချောက်နက်ဓားကို ဝှေ့ယမ်းကာ မိုးရေများမှ သိပ်သည်းထားသော ထိုရုပ်အသွင်ဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် ဝူဝမ်ဓားသိုင်း၊ တတိယမြောက်ဓားကွက် ဓားအမှတ်အသားကို တိုက်ရိုက် ဖော်ဆောင်လိုက်သည်။

ဓားအလင်းတန်းသည် ဇောက်ထိုးကျနေသော ကြယ်မြစ်တစ်စင်းကဲ့သို့ လွင့်ထွက်သွားပြီး မိုးရေလိုက်ကာကို ချက်ချင်း ဖွင့်ကာ ဖြတ်တောက်ပစ်လိုက်သည်။

မိုးရေထဲမှ သိပ်သည်းထားသော ထိုပုံရိပ်သည် အသက်ရှင်နေပုံရသည်။ သူသည် သူ့လက်ထဲမှ ရေဓားကို ဆွဲထုတ်ပြီး ချင်ယွင်ကို ဓားအလင်းဖြင့် ခုတ်ပိုင်းလိုက်သည်။

"ဘုန်း"

ရေဓားသည် ပေါက်ကွဲသွားပြီး ဓားစွမ်းအားသည် ကောင်းကင်သို့ ပျံတက်သွားသည်။

ချင်ယွင်၏ ဓားအလင်းကြောင့် မိုးရေများမှ သိပ်သည်းထားသော ထိုပုံရိပ်သည် ထက်ခြမ်း ကွဲသွားခြင်းမရှိရုံသာမက, ၎င်းအစား ချင်ယွင်၏ဓားအလင်းကို ဖြိုခွင်းကာ ချင်ယွင်ဆီသို့ ဆက်လက် ပြေးလာနေသေးသည်။

"ဘာလဲ?" ချင်ယွင်သည် အလွန်အံ့အားသင့်သွားသည့် အမူအရာကို ချက်ချင်း ထုတ်ဖော် လိုက်သည်။

သူ၏ဓားအမှတ်သားသည် အမှန်တကယ် ကျိုးပျက်သွားခဲ့သည်။ ဤသည်မှာ သူ ယခုအချိန်အထိ ကျွမ်းကျင်ခဲ့သမျှ အပြင်းထန်ဆုံးသော ဓားသိုင်းကွက် ဖြစ်သည်။ ၎င်း၏ စွမ်းအားသည် အနှိုင်းမဲ့ အစွမ်းထက်သည်။ မိုးရေများ သိပ်သည်းထားသော ထိုပုံရိပ်ကြောင့် အမှန်တကယ်ပင် ပြိုကွဲသွားခဲ့သည်။

ဘန်း…။

ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်နေစဉ်မှာ မိုးရေများမှ သိပ်သည်းထားသည့် ထွင်းဖောက်မြင်နိုင်သော ထိုပုံရိပ်သည် ချင်ယွင်၏ရှေ့ကို ရောက်လာပြီး သူ့လက်ထဲက ရေဓားသည် ချင်ယွင်ဆီကို တိုက်ရိုက် ခုတ်ပိုင်းသွားပါသည်။

ဓားရောင်ခြည်သည် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကို ထုတ်လွှတ်လိုက်ရာ လူများ၏ နှလုံးသားကို အေးခဲသွားစေခဲ့သည်။

ချင်ယွင်သည် ထိတ်လန့်သွားပြီး ပိတ်ဆို့တားဆီးရန် သူ့လက်ထဲက မြူနှင်းချောက်နက် ဓားကို အမြန် ဝှေ့ယမ်းလိုက်သည်။ သို့သော်၊ သူ၏ မြူနှင်းချောက်နက်ဓားသည် ရေဓားနှင့် ထိတွေ့မိသည့်အခိုက်တွင် မြူနှင်းချောက်နက်ဓားမှတစ်ဆင့် အနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအင်ကို ခံစားလိုက်ရပြီး သူ့နှလုံးသားနှင့် ပါးစပ်ကို တုန်လှုပ်သွားစေခဲ့သည်။

"ဘုန်း...."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရေရုပ်အသွင်သည် ရုတ်တရက် ပေါက်ကွဲသွားပြီး ၎င်း၏ ရုပ်အသွင်ပြင်တစ်ခုလုံးသည် ချက်ချင်းပင် ထောင်ပေါင်းများစွာသော ရေဓားများ အဖြစ်သို့ ပြောင်းလဲသွားလေသည်။

"ဘန်း.."

ချင်ယွင်၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်ပျံသွားကာ သူ့ခန္ဓာကိုယ်ပေါ်တွင် မရေမတွက် နိုင်သော သွေးစွန်းထွက်ပေါက်များ ထါက်ပေါ်လာသည်။ အဆုံးတွင် သူသည် မိုးရေထဲသို့ သည်းထန်စွာ ကျသွားသည်။

မိုးတွေက ရွာသွန်းချလိုက်ပြီး ချင်ယွင်ကို လွှမ်းခြုံထားသည် နတ်ဘုရားအလင်းတန်းတွေ လည်း ကွယ်ပျောက်သွားခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် မိုးရေကြောင့် ချက်ချင်းပင် စိုစွတ်လာသည်။

သွေးနှင့်မိုးရေတို့က ရောနှောကာ ကြီးမားကျယ်ဝန်းသော ဧရိယာကို အနီရောင်ဆိုးသွားခဲ့ သည်။

"ခင်ပွန်း!"

ချင်ယွင် ဒဏ်ရာအပြင်းအထန် ရနေသည်ကို မြင်တော့ ကျိုးလင်၏ လှပသောမျက်နှာက အလွန်မင်း စိုးရိမ်နေသည့် အမူအရာ ပေါ်လာသည်။ ထို့နောက် သူမသည် လိပ်ခွံထဲမှ အပြေးအလွှား ပြေးထွက်လာတော့မည် ဖြစ်သော်လည်း ကျိုးယွမ်က သူမကို နောက်ပြန် ဆွဲထားခဲ့သည်။ သူမသည် ထွင်းဖောက်မြင်နိုင်သော လိပ်ခွံထဲတွင်သာ လှဲလျောင်းနေရင်း မိုးရေထဲတွင် လဲလျောင်းနေသော ချင်ယွင်ကို ကြည့်လိုက်သည်။

ကျိုးဟုန်ရွှဲ့သည် သူမ၏ မျက်လုံးကြီးများက မြူမှုန်များနှင့်အတူ စတင်တောက်ပလာပြီး၊ သူမပါးစပ်ကို မအုပ်ထားဘဲ မနေနိုင်ခဲ့ပေ။

ချင်ယွင်သည် မိုးရေထဲတွင် လဲလျောင်းနေသည်။ သွေးတွေက မိုးရေတွေနှင့် ရောနေခဲ့ပြီ။ သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်လိုက်သည်နှင့် သူ့နှလုံးသားက တဆစ်ဆစ် နာကျင်လာ သည်။

"ဘယ်လောက် သန်မာလိုက်တဲ့ ဓားစွမ်းအားလဲ၊ ဒီဓားဝင်္ကပါ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတယ်။" ချင်ယွင်က အံကြိတ်ကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သူသည် ဖြည်းဖြည်းချင်း မတ်တတ်ပြန်ထရန် ကြိုးစားသည်။

ခုနက မိုးရေကနေ ပေါင်းစည်းထားသည့် ပုံရိပ်သည် တကယ်ကို အစွမ်းထက်သည့် ဓားစွမ်းအားကို အပြည့်အဝ ပေါင်းစည်းထားခဲ့သည်။ အဆုံးတွင် ထိုမိုးရေပုံရိပ်သည် လုံးလုံး ပေါက်ကွဲသွားခဲ့သည်။ ဤအချက်က ထိုသိုင်းကွက်၏ တကယ့်စွမ်းအား ဖြစ်သည်။

ဤမျှနီးကပ်သော အကွာအဝေးတွင်၊ သူ့မျက်နှာပေါ်သို့ ထိုးကျလာသော ဓားစွမ်းအားသည် အခြားသူတစ်ဦးဖြစ်လျှင်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

'"မဟုတ်ဘူး၊ အစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့ ငါ နည်းလမ်း စဉ်းစားရမယ်။ ငါ့ခန္ဓာကိုယ်က ထာဝရ အသက်ရှင်နေနိုင်ရင်တောင် ငါ့ရဲ့နတ်ဘုရားတန်ခိုး စွမ်းအားတွေက အနှေးနဲ့ အမြန် ကုန်ဆုံးသွားလိမ့်မယ်။ ဒါဆို ငါတိုက်ခိုက်နိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် အသုရာဓားမိုးဝင်္ကပါကို ငါ ဘယ်လိုချိုးဖျက်နိုင်မလဲ။" ချင်ယွင်က ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

ကောင်းကင်မှာ တိမ်မည်းတွေ ဖုံးလွှမ်းနေပြီး မိုးရေစက်တွေက ကောင်းကင်ကနေ အဆက်မပြတ် ကျဆင်းနေပါသည်။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် မိုးရေစက်များကို ပိတ်ဆို့ရန် သူ၏နတ်ဘုရားတန်ခိုးကို အသုံးမပြုခဲ့ပေ။ ယင်းအစား သူသည် သူ့ခန္ဓာကိုယ်ပေါ် မိုးရေစက်တွေ ကြွေကျဖို့ ခွင့်ပြုထားသည်။

မိုးရေစက်က သူ့ခန္ဓာကိုယ်ကို ရွှဲရွှဲစိုစေပြီး အဓိပ္ပါယ်မဖော်နိုင်သော လွတ်လပ်မှုကို ပေးစွမ်းနေသည်။

"အသုရာဓားမိုးဝင်္ကပါ, အသုရာလား? ဒီဓားဝင်္ကပါက အသုရာစစ်မှန်သော အဓိပ္ပါယ်နဲ့ ပေါင်းစပ်ထားတယ်။ ဒါကြောင့် ဓားစွမ်းအားက ကြောက်စရာကောင်းတဲ့ တန်ခိုးစွမ်းအား ကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့ ဒီအစီအရင်ဝင်္ကပါက အသုရာစစ်မှန်သော အဓိပ္ပါယ်နဲ့ တစ်ခုခုတော့ သက်ဆိုင်နေလောက်တယ်။" ချင်ယွင် ရုတ်တရက် တစ်ခုခုကို တွေးမိပြီး သူ့မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။ သူ့ရှေ့က ထီးကိုကိုင်ထားသော အဖြူရောင်၀တ်စုံနှင့် အမျိုးသမီးကို ကြည့်ရန် သူ့ခေါင်းကို မြှောက်လိုက်သည်။

အဖြူရောင်ဝတ်စုံ အမျိုးသမီးသည် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသေးသော် လည်း သူမအပြုံးတွင် လှောင်ပြောင်သရော်သည့် အရိပ်အမြွက်ကို ဖော်ပြနေသည်။

ရုတ်တရက် ချင်ယွင်က ရယ်မောလိုက်သည်။ သူသည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး ကို မြင်သောအခါတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။

"ဘာ ရယ်တာလဲ?" ချင်ယွင်ရယ်နေသည်ကို မြင်သောအခါ အဖြူရောင်ဝတ် အမျိုးသမီးက ပြောသည်။

"မင်းရဲ့စကားတွေကို တကယ်ကြီး ယုံစားခဲ့မိလို့ ငါ့မိုက်မဲမှုကို ငါ ရယ်နေတာပါ" ချင်ယွင် က ပြန်ဖြေသည်။

"အိုး..ဘာပြောလိုက်တာလဲ?" အဖြူရောင်ဝတ် အမျိုးသမီးက သိချင်စိတ်ပြင်းပြစွာ မေးသည်။

"အသုရာဓားမိုးဝင်္ကပါရဲ့ အခြေခံအုတ်မြစ်ကို ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းနဲ့ ပေါင်းစပ်ထားတယ်လို့ မင်းပြောခဲ့တယ်လေ။ မင်းရဲ့ အဓိပ္ပါယ်မဲ့စကားကို ငါ တကယ် ယုံကြည်မိခဲ့တယ်။ ဒီအသုရာဓားမိုး ဝင်္ကပါရဲ့ အခြေခံအုတ်မြစ်က ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းတစ်ခုလုံး မဟုတ်ဘူး" ချင်ယွင်က ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။

"ဒါဆို အစီအရင်ဝင်္ကပါရဲ့ အခြေခံအုတ်မြစ်က ဘယ်ဟာလို့ထင်လဲ" အဖြူရောင်ဝတ် အမျိုးသမီးက ပြုံးပြီး မေးသည်။

"အဲဒါက မင်းရဲ့ အသုရာ အစစ်မှန်ဆန္ဒပဲ။ အတိအကျ ပြောရမယ်ဆိုရင် မင်းရဲ့ အသုရာ အစစ်မှန်ဆန္ဒက မင်းလက်ထဲက ထီးပဲ။ မင်း ဒီထီးကို ကိုင်ထားရတဲ့ အကြောင်းရင်းက မိုးရေကို တားဆီးဖို့ မဟုတ်ဘဲ အစီအရင်ဝင်္ကပါကို ထိန်းချုပ်ဖို့ပဲ" အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးကို စိုက်ကြည့်နေစဉ် ချင်ယွင်၏ မျက်လုံးများက ဓါးများကဲ့သို့ စူးရှလာသည်။

အဝေးက လိပ်ခွံအတွင်းရှိ လူတိုင်းလည်း အံ့အားသင့်နေသည့် အမူအရာကိုယ်စီ ဖော်ပြလာ ကြသည်။ အသုရာ စစ်မှန်သော အဓိပ္ပာယ်အဖြစ်မှ ပြောင်းလဲထားသော အမျိုးသမီး၏ လက်ထဲရှိ ထီးသည် တကယ်ကို အစီအရင်ဝင်္ကပါ၏ အခြေခံအုတ်မြစ် ဖြစ်နေမည်ဟု သူတို့ မထင်ထားခဲ့ပေ။ ဤအရာအားလုံးကို ပုံရိပ်ယောင်အဖြစ် အသွင်ပြောင်းထားခြင်းဟု သူတို့ ထင်ထားခဲ့သည်။

"ဟား...၊ ဟား....၊ မင်း ဒီလောက်တောင် ထက်မြက်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်း မြင်နိုင်ပြီပဲ။ မှန်တယ်၊ ဒီဆီစက္ကူထီးက အသုရာဓားမိုးဝင်္ကပါရဲ့ အခြေခံအုတ်မြစ်ပဲ။ အဲဒီတော့ ဘာဖြစ်လဲ။ မင်းသိသွားရင်တောင် ငါ့လက်ကထီးကို မဖျက်ဆီးနိုင်ဘူး၊ မင်း ငါ့ အနားတောင် မကပ်နိုင်တော့မှာ ငါကြောက်မိတယ်။"

အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ စကားလုံးများသည် ချင်ယွင်ကို စူးရှသော မျက်လုံး တစ်စုံဖြင့် စိုက်ကြည့်နေစဉ် ပြင်းထန်သော လှောင်ပြောင်မှုကို ဖြစ်ပေါ်စေသည်။

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများသည်လည်း ထူးထူးခြားခြား စူးရှနေသည်။ သူသည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးကို ကြည့်ပြီး စကားလုံးတစ်လုံးချင်း ပြောလိုက်သည် "ဒါဆို ငါလုပ်နိုင်မလား စမ်းကြည့်ရအောင်!"။

All Chapters