← Chapters

အခန်း ၁၄၅၅

Vol. 97 Ch. 1455

အခန်း ၁၄၅၅

Vol. 97 Ch. 1455

အခန်း (၁၄၅၅) လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်

ချင်ယွင်၏စကားများသည် အနှိုင်းမဲ့ အစွမ်းထက်ပြီး ခမ်းနားထည်ဝါသော အငွေ့အသက် ကို သယ်ဆောင်လာသည်။ ပတ်ဝန်းကျင်ရှိ မိုးရေများပင်လျှင် သူ၏ ပြင်းထန်သော အငွေ့အသက်ကြောင့် ပြင်းထန်စွာ လွင့်စင်သွားပြီး အရပ်ရပ်သို့ လွင့်စင်သွားသည့် မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

ချင်ယွင်အနေဖြင့်မူ၊ သူသည် အလင်းဓားတစ်လက်ကဲ့သို့ ဖြစ်ခဲ့ပြီး၊ သူ၏ထက်ရှသော ဓားစွမ်းအားသည် ကောင်းကင်ယံတိုင် တည့်မတ်စွာ တိုးဝင်သွားခဲ့သည်။

"စိတ်ဝင်စားဖို့ ကောင်းတယ်။ မင်းရဲ့ ခွန်အားက မင်းရဲ့ပါးစပ်က ပြောသလောက် မာကျော မနိုင်လား ငါ သိချင်မိတယ်။ အဖြူရောင်ဝတ် အမျိုးသမီးက လှောင်ပြောင်သည်။

ဘန်း…။

အတွေးတစ်ချက်ဖြင့် သူမရှေ့တွင် ဓားမိုးရွာချလာသည်။

သို့သော် ယခုတစ်ကြိမ် ဓားမိုးသည် ယခင်ကနှင့် မတူတော့ပေ။ ဤတစ်ကြိမ်တွင်၊ ဓားမိုး သည် ထွင်းဖောက်မြင်ခြင်းမရှိတော့ဘဲ သွေးများကဲ့သို့ ပျစ်ခဲနေပြီး ကြက်သွေး ရောင်သမ်း နေသည်။

ဤသွေးနီရောင်ဓားမိုးသည် ပြင်းထန်ပြီး ကြောက်စရာကောင်းသော အငွေ့အသက်ဖြင့် လွှမ်းခြုံထားသည်။ ယခင်ဓားမိုးထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းသည်။

ချင်ယွင်သည် သွေးနီရောင်ဓားမိုးကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက် သည်။ သို့သော် သူ့မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားမှု အရိပ်အယောင်များ ပေါ်လာပြီး အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးဆီသို့ ပြေးသွားခဲ့သည်။

သူသည် အဖြူရောင်ဝတ် အမျိုးသမီး၏ လက်ထဲက ဆီစက္ကူထီးကို ဖြတ်တောက်ပစ်ချင်ခဲ့ သည်။ အသုရာစစ်မှန်သောအနှစ်သာရနှင့် ဆီစက္ကူထီးကြား ချိတ်ဆက်မှုကို ဖြတ်တောက် ခြင်း သို့မဟုတ် ဆီစက္ကူထီးကို လုံးဝ ဖျက်ဆီးခြင်းဖြင့်သာလျှင်, သူသည် အသုရာဓားမိုး ဝင်္ကပါကို ဖျက်ဆီးနိုင်မည် ဖြစ်သည်။

အဖြူရောင်ဝတ် အမျိုးသမီးသည် ချင်ယွင်က သူမဆီသို့ အပြေးအလွှား ပြေးဝင်လာသည် ကို မြင်သောအခါတွင် သူမမျက်နှာတွင် ဒေါသအနည်းငယ်မျှပင် မရှိရုံသာမက, အေးစက်စက် အပြုံးကိုပင် ထုတ်ဖော်လိုက်သည်။

"အသုရာဓားမိုးဝင်္ကပါ အစစ်အမှန်က ဘာလဲဆိုတာ မင်းကို ငါ ကြည့်ခွင့်ပေးမယ်။" အဖြူရောင်ဝတ် အမျိုးသမီးက အေးစက်စွာ ဟစ်အော်ကာ လေထဲတွင် လက်ကို ဝှေ့ယမ်း လိုက်သည်။ သူ့ရှေ့တွင် တွဲလောင်းကျနေသော သွေးနီရောင် အသုရာဓားမိုးသည် ချက်ချင်း ပျံထွက်သွားသည်။

အသုရာဓားမိုးသည် ပျံထွက်သွားပြီး ချင်ယွင်၏ နဖူးဆီသို့ တည့်တည့် ပစ်ဝင်သွားသည့် အနီရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်း မိုးရေစက်များသည် အသုရာဓားမိုးကြောင့် ပြိုကွဲသွားခဲ့သည်။

ဘန်း…။

ချင်ယွင်သည် မကြုံစဖူးသော အန္တရာယ်ကို ချက်ချင်း ခံစားလိုက်ရသည်။ သွေးနီရောင် ဓားမိုးအတွင်းပါရှိသော ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို သူ ခံစားနိုင်သည်။ ထိုဓားဆန္ဒက သူ့ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်နိုင်ပါသည်။

"ချိုးဖျက်စမ်း" ချင်ယွင်က သူ့ကိုယ်သူ နည်းနည်းလေးမှ လျစ်လျူမရှုဝံ့ပေ။ သူ့ခန္ဓာကိုယ်ရှိ စွမ်းအင်များ အားလုံး တဟုန်ထိုး ပွင့်ထွက်သွားပြီး သူ့လက်ထဲမှ မြူနှင်းချောက်နက်ဓား တွင် စုစည်းသွားကာ မြူနှင်းချောက်နက်ဓားကို အနှိုင်းမဲ့ လင်းလက်တောက်ပသော အလင်းရောင်ဖြင့် ပွင့်လန်းစေခဲ့သည်။

ထို့နောက် ချင်ယွင်၏လက်မှ မြူနှင်းချောက်နက်ဓားသည် တိုက်ရိုက် ခုတ်ပိုင်းသွားပြီး သွေးနီရောင်ဓားမိုးကို တိုက်ရိုက် ခံယူကာ အတူတူ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

"ဘုန်း...."

ဓားသွားနှစ်စင်သည် အချင်းချင်း ထိမှန်သွားကာ အလွန်ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်တွင် မိုးရေစက်များ ပြန့်ကျဲနေပုံရပြီး စင်မြင့်တစ်ခုလုံး သည် ချက်ချင်းပင် ကွက်လပ်ဖြစ်သွားသည်။

ချင်ယွင်၏ မျက်နှာသည် အလွန်နာကျင်သော အမူအရာ ပေါ်လာသည်။ သွေးနီရောင် ဓားမိုးတွင်ပါရှိသော စွမ်းအားသည် အမှန်တကယ် ပြင်းထန်လွန်းလှသည်။ သူသည် ခွန်အားရှိသမျှကို အသုံးချခဲ့သော်ငြားလည်း ခံနိုင်ရည်မရှိခဲ့ပေ။

"ဘန်း....!"

နောက်ဆုံးတွင်၊ ချင်ယွင်သည် မထိန်းနိုင်ဘဲ သွေးနီရောင်ဓားမိုး၏ ဓားစွမ်းအားကြောင့် လွင့်ပျံသွားခဲ့ရသည်။

ချင်ယွင်သည် အဝေးမှ စင်မြင့်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့ပြီး မြေပြင်မှ ပေထောင်ပေါင်းများစွာ အကွာအထိ လျှောတိုက်လွင့်စင်သွားသည်။

"အော့....!"

ချင်ယွင်သည် ပါးစပ်ထဲမှ သွေးတပွက် အန်ထုတ်လိုက်ရပြီး သူ့ခန္ဓာကိုယ် အတွင်းအင်္ဂါ အစိတ်အပိုင်းများသည် ဤအစွမ်းထက်သော ဓားစွမ်းအားကြောင့် ကွဲကြေသွားခဲ့သည်။ အကယ်၍ သူ့ခန္ဓာကိုယ်သည် ရွှေကျီးကန်ကမ္ဘာတွင် မြေကမ္ဘာနတ်ဆိုးနတ်ဘုရား နယ်ပယ်၏ အစောပိုင်းအဆင့်အထိ ချိုးဖြတ်သွားခဲ့ပြီး အလွန်မင်း အားကောင်းလာခဲ့ခြင်း ကြောင့်သာ မဟုတ်ပါက, ယခုအခါ, သူ့အတွင်းအင်္ဂါများ ကွဲကြေသွားသလို ရိုးရှင်းမည် မဟုတ်ပေ။ ထိုဓားစွမ်အားကြောင့် သူ့တစ်ကိုယ်လုံး အပိုင်းပိုင်းကွဲသွားမှာပင် သူ စိုးရိမ်မိပါ သည်။

"ကောင်စုတ်လေး,၊ ဒီအသုရာဓားမိုးဝင်္ကပါဟာ အခု ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ မင်း သိပြီမဟုတ်လား။ မင်းရဲ့အစွမ်းက ဒီဝင်္ကပါကိုချိုးဖျက်ဖို့ မလုံလောက်သေး ဘူး။ မင်းရဲ့ အသွေးအသားနဲ့ နာကျင်မူဝေဒနာကို ရှောင်ရှားနိုင်ဖို့အတွက် မင်းရဲ့ သေခြင်း တရားကို နာခံစွာနဲ့ စောင့်ဆိုင်းဖို့ ငါ အကြံပေးချင်တယ်။" အဖြူရောင်၀တ်စုံဝတ် အမျိုးသမီးက ပြောလိုက်သော်လည်း သူမမျက်လုံးများက ပြင်းထန်သော လှောင်ပြောင် ရယ်မောသံများဖြင့် ပြည့်နှက်နေသည်။

"သေခြင်းတရားကို နာခံစွာ စောင့်ဆိုင်းရမှာလား။ ငါချင်ယွင်က ဒီလောက်လေးနဲ့ တကယ်ကို မကြောက်သေးဘူး။ ငါချင်ယွင်က တိုက်ပွဲထဲမှာ သေဖို့ပဲရှိတယ်။ ငါက သေခြင်းတရားကို စောင့်နေမှာမဟုတ်ဘူး။" ချင်ယွင်က အေးစက်စက် နှာခေါင်းရှုံ့ပြီး တုံ့ပြန်လိုက်ကာ၊ သူ့မျက်နှာမှာ မခံမရပ်နိုင်ဖြစ်သည့် စိတ်ဆန္ဒများဖြင့် ပြည့်နေသည်။

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများက ကျဉ်းမြောင်းလာပြီး သူ့နှလုံးသားထဲတွင် အတွေး တစ်ခု ပေါ်လာသည်။

ယခု သူသည် လေဟာနယ်တန်ခိုးစွမ်းအားကို ဖမ်းဆုပ်နိုင်ထားခဲ့ပြီ။ ထို့နောက် သူသည် လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ကို လုံး၀ လေ့ကျင့်နိုင်မည် ဖြစ်သည်။ ဤလျှို့ဝှက် နတ်ဘုရားကျမ်းစာအုပ်ကို လေ့ကျင့်နိုင်ရန် ဤအချိန်ကို အခွင့်ကောင်းယူခြင်းသည် ပိုကောင်းပါသည်။ သူသည် ဤအသုရာဓားမိုးဝင်္ကပါကို ကိုင်တွယ်ဖြေရှင်းကောင်း ဖြေရှင်းနိုင်လိမ့်မည်။

လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်သည် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အစွမ်းထက်ဆုံး လျှို့ဝှက်ပညာရပ်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ပြိုင်ဘက်ကင်း စွမ်းအားကို ပိုင်ဆိုင် ထားသည်။ အကယ်၍, တစ်စုံတစ်ယောက်သည် အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့ပါက, သူတို့သည် အခြားလူများမြင်တွေ့နိုင်ခြင်းမရှိဘဲ သတ်ဖြတ်နိုင်မည်မှာ သေချာပါသည်။

"ကောင်းပြီ၊ ဒီအတိုင်းပဲ လုပ်ရအောင်။" ချင်ယွင်သည် နောက်ဆုံးတွင် သူ့စိတ်ကို ဆုံးဖြတ်လိုက်ပြီး၊ ထို့နောက်တွင် လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ပါ အကြောင်းအရာများ ကို တိုက်ရိုက် ပြန်အာရုံပြုလိုက်သည်။

သူသည် လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ကို ယခင်က ဖတ်ရှုခဲ့ပြီးဖြစ်၍ မှတ်သားထား သည့်အရာများကို သူ့စိတ်ထဲတွင် မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ယခုအချိန် တွင် အတွင်းမှ နက်ရှိုင်းသောအရာများကို နားလည်သဘောပေါက်ရန်သာ လိုတော့သည်။

ဘန်း…။

အတွေးတစ်ချက်ဖြင့် ချင်ယွင်၏ရုပ်အသွင်သည် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်သည် အမှန်တကယ်ပင် အလွန်မင်း အစွမ်းထက်သော လေဟာနယ်ဆိုင်ရာ နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။ ၎င်းတွင် မှတ်တမ်းတင်ထား သည့် အကြောင်းအရာများကို လှုပ်ရှားမှုပညာရပ်နှင့် ဓားသိုင်းပညာများအဖြစ် ပိုင်းခြား ထားသည်။

လှုပ်ရှားမူပညာရပ်အခန်း၏ အကြောင်းအရာသည် လေဟာနယ်အတွင်း ဖြတ်သန်းသွား လာနိုင်ရန် လေဟာနယ်စွမ်းအားကို မည်သို့မည်ပုံ အသုံးပြုရမည့်အကြောင်းကို မှတ်တမ်း တင်ထားသည်။ ထို့ကြောင့် လှုပ်ရှားမှုနည်းပညာကို ထူးဆန်းပြီး ရန်သူအား သတိမပြုမိ အောင် လုပ်ဆောင်နိုင်ပေးသည်။

ဓားသိုင်းပညာရပ်အခန်းသည် လေဟာနယ်စွမ်းအားကို ဓားစွမ်းအားနှင့် ပေါင်းစပ်နည်း အကြောင်းဖြစ်ပြီး၊ ချက်ခြင်း ပေါက်ကွဲထွက်လာသော စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခုအဖြစ်သို့ ရောက်ရှိနိုင်စေရန်အတွက် ဖြစ်သည်။

ဤအရာအားလုံးသည် အလွန်ရိုးရှင်းပုံပေါက်သော်လည်း၊ အကယ်၍, လူတစ်ယောက်က ၎င်း၏အနှစ်သာရကို နားလည်ပြီး တကယ့်လက်တွေ့ တိုက်ပွဲအဖြစ် ပြောင်းလဲချင်သည် ဆိုလျှင်တော့ အနှစ်တစ်ရာ ဒါမှမဟုတ် တစ်ထောင်တောင် လေ့ကျင့်ခြင်းမရှိဘဲ ပြီးမြောက် ရန်မှာ မဖြစ်နိုင်ပါဘူး။

သေချာသည်မှာ, အစမှအဆုံးအထိ ချင်ယွင်သည် ခြွင်းချက် ဖြစ်ပါသည်။ သူ၏ သင်ယူမှုနှင့် နားလည်နိုင်စွမ်းသည် အခြားသူများထက် အဆပေါင်းများစွာ သာလွန်သည်။ ထို့ကြောင့် နောက်ဆုံးအခိုက်အတန့်တွင် သူ့အတွက် အများပြားလေ့လာသင်ယူနိုင်ပြီး အောင်မြင်ရန် မှာ မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။

ဘန်း..။

ချင်ယွင်၏ရုပ်အသွင်သည် လေဟာနယ်အတွင်း ထိုးဖောက်ဝင်ရောက်သွားပြီး အမျိုးသမီး ၏ ဘယ်ဘက်တွင် ထူးထူးခြားခြား ပြန်ပေါ်လာသည်။ သူ့လက်ထဲက ချွန်ထက်သည့် ဓားက အမျိုးသမီး၏လက်ထဲမှ ဆီစက္ကူထီးရိုးကို မဆိုင်းမတွ ခုတ်ထစ်လိုက်ပါ သည်။

"ဟမ့်!"

သို့သော် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ချင်ယွင်ကို ထွက်ပေါ်လာမည်ကို မျှော်လင့်ထားပုံရသည်။ သူမသည် ရုတ်တရက် ချင်ယွင်၏ ဦးတည်ရာဆီသို့ လှည့်ကြည့် လိုက်ရင်း သူမ၏မျက်လုံးများမှ ပြင်းထန်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာ သည်။ ထို့နောက် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးထံမှ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ချက်ခြင်း ထွက်လာခဲ့သည်။

ချင်ယွင်၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ထီးရိုးနှင့် ခြေတစ်လှမ်းသာ ဝေးတော့ သည့်အခိုက်မှာ ထိုကြောက်စရာကောင်းသော စွမ်းအားကြောင့် ချက်ခြင်း ပိတ်ဆို့ခံလိုက်ရ သည်။

"ထွက်သွားစမ်း”။

အဖြူရောင်ဝတ်အမျိုးသမီးက အော်ဟစ်လိုက်ပြီး အဖြူရောင်ဝတ် အမျိုးသမီးဆီမှ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။ ထို့အပြင်, ချင်ယွင်သည် ဤစွမ်းအားကြောင့် လွင့်ပျံသွားခဲ့သည်။

ဤတစ်ကြိမ်တွင် ချင်ယွင်၏ ဒွါရခုနစ်ပေါက်သည် သွေးများထွက်နေပြီး သူ့မျက်နှာသည် အလွန်ရက်စက်ခက်ထန်နေပုံရသည်။

ချင်ယွင်၏ရုပ်အသွင်သည် အဝေးသို့ လွင့်ပျံသွားခဲ့သည်။ သူသည် လဲကျသွားခြင်း မရှိဘဲ၊ သူ့မျက်လုံးများက ထူးထူးခြားခြား အံ့အားသင့်သည့် အမူအရာ ပေါ်လွင်နေသည်။

စောစောက အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး ထုတ်ဖော်လိုက်သည့် စွမ်းအားသည် အလွန်မင်း အစွမ်းထက်လွန်းသည်။ အမှန်တကယ်ပင်, ထိုစွမ်းအာသည် သူ့ခန္ဓာကိုယ်မှာ ရှိသည့် ဆဲလ်တိုင်းကို ထိခိုက်ဒဏ်ရာ ရစေပါသည်။

သို့သော်လည်း ချင်ယွင်သည်လည်း ကြီးမားသောတိုးတက်မှုကို ရရှိခဲ့ပါသည်။ အနည်းဆုံး တော့ သူသည် ဆီစက္ကူထီးနှင့် တစ်ပေလောက်သာ ဝေးခဲ့ပြီး၊ ၎င်းကို ခုတ်ဖြတ်နိုင်လုနီးပါး ပင်ဖြစ်ခဲ့သည်။

"နောက်တစ်ကြိမ်၊ ငါက လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ကို ယခုမှ နားလည်စပဲရှိသေး တယ်။ ငါ လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ရဲ့ အကြောင်းအရာတွေကို ပိုမိုနားလည်လာ တာနဲ့ မင်းရဲ့ ဆီစက္ကူထီးကို မထိနိုင်ဘူးလို့ ငါ မယုံဘူး။" ချင်ယွင်က သူ့နှလုံးသားထဲမှာ အခိုင်အမာ ပြောလိုက်ပြီး သူ့မျက်လုံးတွေက ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ တဖန် ပြန်ပေါ်လာသည်။

ထို့နောက်တွင် သူ၏ရုပ်အသွင်သည် လေဟာနယ်ထဲတွင် တစ်ဖန် ပုန်းအောင်းနေပြီး တိုက်ခိုက်ရန် အချိန်နှင့် တည်နေရာကို ရှာဖွေနေသည်။ တစ်ချိန်တည်းမှာပင် သူသည် လေဟာနယ်စွမ်းအားကို ဓားစွမ်းအားနှင့် ပေါင်းစပ်ရန် အဆက်မပြတ် ကြိုးစားခဲ့သည်။

စာစဉ် (၉၇) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။ (၁၈.၂.၂၀၂၅)

All Chapters