← Chapters

အခန်း ၁၄၅၇

Vol. 98 Ch. 1457

အခန်း ၁၄၅၇

Vol. 98 Ch. 1457

အခန်း (၁၄၅၇) ကိုယ့်ကိုယ်ကိုယ် နားလည်ခြင်း။

ဆီစက္ကူထီးရိုး ဖြတ်တောက်ခံရခြင်းကြောင့် အစီအရင်ဝင်္ကပါ၏ အခြေခံအုတ်မြစ်လည်း ပျက်ဆီးသွားကာ အသုရာဓားမိုး ဝင်္ကပါလည်း ပျက်ဆီးခဲ့ရသည်။

အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော ဆီစက္ကူထီးကို စိုက်ကြည့်ရင်း၊ သူမမျက်နှာက မယုံနိုင်စရာများဖြင့် ပြည့်နှက်နေ၏။

"မင်း ဘယ်လိုလုပ် လိုက်တာလဲ?" အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက မေးသည်။ ဤအရာအားလုံး သူမ လက်မခံနိုင်သေးပါဘူး။

သူမရှေ့မှ ဤလူသား၏ ကျင့်ကြံမှုသည် မြင့်မားခြင်း မရှိသလို၊ သူ၏ ခွန်အားမှာလည်း ကောင်းကင်နတ်ဘုရား၏ အစောပိုင်းအဆင့်မှာပင် မရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် သူသည် အသုရာဓားမိုးဝင်္ကပါကို အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့သည်။

"ကံကောင်းလို့ပါ။ လေဟာနယ်ဓားစွမ်းအားကို ငါ နားလည်သွားခဲ့တယ်လေ။ ဒါကြောင့် မင်းရဲ့ အသုရာဓားမိုးဝင်္ကပါကို ဖြတ်ကျော်နိုင်ခဲ့တယ်" ချင်ယွင်က ပြုံးပြီး ပြောပြီး မြူနှင်း ချောက်နက်ဓားကို သူ့လက်ထဲမှ ဖယ်ရှားလိုက်သည်။

ဤစမ်းသပ်မှုသည် အတိအကျ အသုရာဓားမိုးဝင်္ကပါကို ဖျက်ဆီးရခြင်းပင် ဖြစ်သည်။ ယခု ဓားဝင်္ကပါကျိုးပျက်သွားပြီ ဖြစ်သဖြင့် ဤစမ်းသပ်မှု အပြီးတိုင် အောင်မြင်သွားခဲ့ပြီ။ အဖြူရောင်၀တ်စုံ အမျိုးသမီးသည် သူတို့အတွက် ခက်ခဲသော အရာများကို သဘာဝ အတိုင်း ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။

"ကံကောင်းလို့လား၊ လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်နဲ့ ဓားစွမ်းအားပညာရပ်ကို သုံးရက် အတွင်း ကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုတာ ကံတရားဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ရှင်းပြလို့ မရတဲ့ အရာ မဟုတ်ဘူး။ လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ရဲ့ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားတောင် အဲဒီတုန်းက ဒီလျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ကို ဒီလောက် မြန်မြန်ဆန်ဆန် နားမလည်နိုင်ခဲ့မှာကို ငါ ကြောက်မိတယ်။" အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ချင်ယွင်ကို ကြည့်ရင်း ပြောလိုက်သည်။

ချင်ယွင်က ပြုံးလိုက်သည်။ သူသည် ကျိုးနွံတတ်သူ မဟုတ်ပေ။ သို့သော်, တစ်ခါတစ်ရံမှာ အလွန်အကျွံနှိမ့်ချခြင်းကလည်း ဝင့်ကြွားခြင်းတစ်မျိုး ဖြစ်သည်။

အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ထိုအကြောင်းနှင့် ပတ်သက်ပြီး မရပ်သေးပေ။ ယင်းအစား၊ သူမက ချင်ယွင်ကို ကြည့်ကာ "မင်းက ဒီဓားဝင်္ကပါကို ချိုးဖျက်ပြီးသွားပြီ ဆိုတော့၊ မင်းက ပဉ္စမမြောက် ကောင်းကင်ဘုံနန်းတော် စမ်းသပ်မှုကို ပြီးမြောက်သွားပြီ။ ဆိုတော့, မင်းက အသုရားဘိုးဘေးနတ်ဘုရားရဲ့ အစစ်အမှန် အမွေနှစ်ကို ရရှိလိမ့်မယ်" ဟု ပြောလိုက်သည်။

"အင်း!" ချင်ယွင် ခေါင်းညိတ်လိုက်သည်။

သူသည် ဤအမှန်တရားများဟု ခေါ်ဝေါ်သောအရာကို အမြဲတမ်း စိတ်ဝင်စားနေခဲ့ပြီး ၎င်းတို့သည် အဘယ်အရာဖြစ်သည်ကို သိချင်ခဲ့သည်။ (ဤနေရာ၌ အမှန်တရားဆိုသည် မှာ အစစ်မှန်အဓိပ္ပာယ်ကို ရည်ညွန်းပါသည်။ အစစ်မှန်အဓိပ္ပာယ် အစစ်မှန်ဆန္ဒ, အမှန်တရား. အနှစ်သာရ အားလုံး အတူတူပင် ဖြစ်ပါသည်။ မူရင်းကိုက အသုံးနှုန်းခြင်း မတူသည့် အတွက် အလျဉ်းသင့်သလို ပြန်ဆိုထားပါသည်။)

အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ချင်ယွင် ခေါင်းညိတ်သဘောတူသည်ကို မြင်သော အခါတွင် သူမရုပ်အသွင်က လင်းလက်သွားပြီး ချင်ယွင်၏စိတ်ထဲသို့ အလင်းတန်း စီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲဝင်ရောက်သွားခဲ့သည်။

သူမသည် မူလကတည်းက အသုရာ စစ်မှန်သော အဓိပ္ပာယ်၏ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်။ သူမသည် အစစ်မှန်လူသား မဟုတ်သလို လိင်ပိုင်းဆိုင်ရာလည်း မပိုင်ဆိုင်ထား ပေ။ သူမသည် ချင်ယွင်၏စိတ်ထဲသို့ ပျံသန်းသွားပြီး ချင်ယွင်၏ စစ်မှန်သော အဓိပ္ပါယ် အမွေနှစ်တစ်ခု ဖြစ်လာခဲ့သည်။

အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ အလင်းရောင်သည် ချင်ယွင်၏ စိတ်ထဲသို့ ပျံ့လွင့်လာ ချိန်တွင် ချင်ယွင်သည် သူ၏ နီဝမ်နန်းတော်ထဲတွင် တစ်ခုခု ရှိနေသည်ကို ခံစားလိုက်ရ သည်။

ဤသည်မှာ ကွင်းဆက်ဥပဒေသများ ထူထပ်စွာပါဝင်နေသော ထူးဆန်းသော အလင်းအလုံးတစ်ခု ဖြစ်သည်။ ထိုကွင်းဆက်ဥပဒေသများတွင် ချင်ယွင် လုံးဝ နားမလည်သော ဥပဒေသများ ပါဝင်နေပါသည်။

"အယ်၊ ဒီအစစ်မှန်အဓိပ္ပါယ်ဆိုတာက ဥပဒေသတွေလား။" ချင်ယွင်သည် လျှိုဘိုကို အသံထုတ်လွှင့်ပြီး မမေးမြန်းဘဲ မနေနိုင်တော့ပေ။

"မှန်တယ်။ ဒီလောကမှာရှိတဲ့ အရာအားလုံးဟာ ဥပဒေသတွေ ပျံ့နှံ့မှုကနေ ခွဲထွက်လို့ မရနိုင်ဘူး။ အရာအားလုံးက ဥပဒေတွေကနေ ဖြစ်ပေါ်လာကြတာပဲ။ ဒါကြောင့် မင်းရဲ့ ကျင့်ကြံမှုဟာ ကမ္ဘာလောကကြီးရဲ့ ဥပဒေသတွေကို နားလည်သဘောပေါက်တဲ့ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်တယ်။ စွမ်းအားကို စုပ်ယူဖို့နဲ့ ကိုယ့်ကိုကိုယ် အားကောင်းစေဖို့ အတွက် ဥပဒေသတွေကို အသုံးချရခြင်းပဲ။" လျှိုဘိုက ပြောသည်။

"ဒါဆို ဒီစစ်မှန်တဲ့ အဓိပ္ပါယ်နဲ့ ငါ အရင်နားလည်ခဲ့တဲ့ တော်ဝင်တာအိုနဲ့ ကောင်းကင်တာအို ကြားမှာ ဘာကွာခြားလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"မင်း ဘယ်လိုလုပ် ဒီလောက် တုံးအရတာလဲ။ သေချာပေါက် ကွာခြားတာပေါ့။ ဒါက ကောင်းကင်တာအိုထက် ပိုအဆင့်မြင့်တဲ့ ဥပဒေသတစ်ခုပဲ။ ကောင်းကင်တာအိုက အဆုံးသတ်လို့ မင်း ထင်နေတာလား။ အဲဒီလိုဆိုရင် မင်းမှားနေပြီ။ မင်းစကြာဝဠာရဲ့ ကနဦးဆင့်ကဲဖြစ်စဉ်ဟာ ကောင်းကင်တာအို ဒါမှမဟုတ် အစစ်မှန်တာအိုကို လွှမ်းမိုးနိုင် တဲ့ ဥပဒေသတွေကို တည်ဆောက်ရတဲ့ လုပ်ငန်းစဉ်ပဲ မဟုတ်လား" လျှိုဘိုက ဆက်လက် ရှင်းပြသည်။

"ဒီစစ်မှန်တဲ့ အဓိပ္ပာယ်က ကောင်းကင်တာအိုကို လွှမ်းမိုးနိုင်တဲ့ ဥပဒေသလို့ မင်း ပြောလိုက်တာလား။ ဒါဆို ဒီဥပဒေက အဆင့် ဘယ်နှစ်ဆင့်ရှိလဲ။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

“ဥပဒေသတွေကို နားလည်သဘောပေါက်ခြင်းမှာ အဆုံးမရှိဘူးလို့ ဆိုနိုင်တယ်။ ငါတောင်မှ ဥပဒေသတွေရဲ့ အဆုံးသတ်ကို မသိနိုင်ဘူး။ ငါသိသလောက်ဆိုရင်, စုစုပေါင်း အဆင့်ငါးဆင့် ရှိသည်။ အဲဒါတွေက, တော်ဝင်တာအို, ကောင်းကင်တာအို, သေးငယ်သော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအို, ကြီးမားသော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအို, ပြည့်စုံခြင်းကောင်းကင်ဘုံတာအိုတို့ပဲ။ ပြီးတော့ ဒီသေးငယ်သော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအိုနဲ့ ကြီးမြတ်သော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအိုတို့က မင်းပြောခဲ့တဲ့ အစစ်အမှန်အဓိပ္ပာယ်တွေပဲ" လျှိုဘိုက ရှင်းပြသည်။

ချင်ယွင်၏ နှလုံးသားသည် ရုတ်တရတ် နားလည်သဘောပေါက်လာသည်။

တော်ဝင်တာအိုနှင့် ကောင်းကင်တာအိုတို့သည် အတိမ်အနက်ဆုံး ဥပဒေသများသာ ဖြစ်ပေသည်။ ၎င်းတို့နောက်မှ လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအိုများသည် အစစ်မှန်ဥပဒေသတွေ ဖြစ်ပြီး၊ သူ့စကြဝဠာ ဥပဒေသတွေထက်ပင် ပိုမြင့်နေသေးသည်။

စကြဝဠာ၏ဥပဒေသတွေထက် ပိုပြီးလေးနက်သည့် ဥပဒေသတွေ ရှိနေပါသလား။

လျှိုဘိုသည် သိကောင်းမှသိလိမ့်မည်ဟု ချင်ယွင် မခန့်မှန်းနိုင်သော်လည်း လျှိုဘိုက ၎င်းကို ပြောပြရန် ဆန္ဒမရှိနိုင်သည်ကို သူသိသည်။

ထိုလျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအိုတွေကို အစစ်မှန်အဓိပ္ပာယ်ဟု ခေါ်သည်။ ထိုလျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအိုတွေကို နားလည်သူတွေသာ ၎င်းတို့နှင့်အတူ ထိုလျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအိုတွေကို ယူဆောင်လာနိုင်မည် ဖြစ်ပြီး၊ ထိုလျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအိုတွေကို နားလည်သူများသည် လျှို့ဝှက် ဆန်းကြယ် ကောင်းကင်ဘုံတာအိုပိုင်ရှင် ဘိုးဘေးနတ်ဘုရားများ ဖြစ်လာကြမှာ ဖြစ်ပြီး၊ ပြီးပြည့်စုံသော ကောင်းကင်ဘုံတာအိုကို နားလည်သူများသည် ပြီးပြည့်စုံခြင်းအဆင့် ဘိုးဘေးနတ်ဘုရားများ ဖြစ်လာကြပါမည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် နတ်ဘုရားကမ္ဘာတွင် ပြီးပြည့်စုံခြင်းအဆင့် ဘိုးဘေးနတ် ဘုရား ရှိမရှိကို မသိသေးပေ။ သို့သော်လည်း ချင်ယွင်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် ကြီးမြတ်သော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအို ဘိုးဘေးနတ်ဘုရားအဆင့်တွင် ရှိနေရမည်ကို သေချာသိသည်။

ဘိုးဘေးနတ်ဘုရားမချင်းယောင်နှင့် အသုရာဘိုးဘေးနတ်ဘုရားတို့အနေဖြင့်မူ, သူတို့ နှစ်ဦးစလုံးသည် သေးငယ်သော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအိုအဆင့် ဘိုးဘေးနတ်ဘုရားများ ဖြစ်ကြသည်။

ဘန်း…။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏စိတ်ထဲမှ အမွေဆက်ခံသော အလင်းအလုံးသည် အမှန်တကယ်ပင် သေးငယ်သော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအို၏ ဥပဒေသကြိုးများ ဖြစ်နေသည်။ သို့သော် ချင်ယွင်၏ လက်ရှိစွမ်းရည်များဖြင့် ထိုဥပဒေသကြိုးများအတွင်း ပါရှိသော ဥပဒေသများ၏ အဓိပ္ပါယ်များကို မမြင်နိုင်သေးပေ။

သို့သော်, အကယ်၍, သူသည် နောင်အနာဂတ်တွင် ၎င်းတို့ကို မကြာခဏ နားလည်ဆင်ခြင် ပါက၊ ထိုဥပဒေသကြိုးများတွင်ပါရှိသော ဥပဒေသများကို နားလည်လာနိုင်မည် ဖြစ်သည်။ ယင်းက ဥပဒေသကြိုးများကို ပေါင်းစည်းသိပ်သည်းနိုင်ရန် ၎င်းတို့၏ ကိုယ်ပိုင်ဥာဏ်ကို မှီခိုအားထားသူများထက် ပိုမိုလွယ်ကူပါသည်။

အလင်းအလုံး ဆက်လက် ကျယ်ပြန့်လာသည်နှင့်အမျှ ဥပဒေသ ကွင်းဆက်များလည်း စတင် ထွက်ပေါ်လာသည်။

အနာဂတ်တွင်၊ ချင်ယွင်သည် ထိုဥပဒေကြိုးများကို နားလည်ပြီး သူနှင့်သက်ဆိုင်သည့် ဥပဒေသကြိုးအသစ်များကို ပေါင်းစည်းလိုက်သောအခါ၊ သူသည် သေးငယ်သော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအို ဘိုးဘေးနတ်ဘုရားနယ်ပယ်ထဲသို့ တရားဝင် ဝင်ရောက်နိုင်မည် ဖြစ်သည်။

ဘန်း..။

ချင်ယွင်သည် ထိုအမွေဆက်ခံမူမှ မနိုးထခင်အထိ ဤဖြစ်စဉ်သည် သုံးနာရီနီးပါး ကြာမြင့်ခဲ့သည်။

ယခုအချိန်တွင် ကျိုးလင်နှင့် အခြားသူများသည် ချင်ယွင်ကို ဝိုင်းရံထားပြီး သူ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

"ခင်ပွန်း၊ ရှင် အဆင်ပြေရဲ့လား" ကျိုးလင်က ချင်ယွင်ကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက် သည်။

"ငါ အဆင်ပြေပါတယ်။ ဒီအစီအရင်ဝင်္ကပါက ငါကြောင့် ပျက်စီးသွားပြီ။ ငါ ဒီအမွေနှစ်ကို လက်ခံပြီးသွားပြီ။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

"အစစ်မှန် အမွေနှစ်လား?" ကျိုးလင် အံ့သြသွားသည်။

အစစ်မှန်သော အဓိပ္ပါယ်၏ အမွေဆက်ခံမှုသည် သူတို့အတွက် မရရှိနိုင်သောအရာ ဖြစ်သည်။ ချင်ယွင်သည် စစ်မှန်သော အဓိပ္ပါယ် အမွေဆက်ခံခြင်း အကြောင်း ပြောသည် ကို ကြားသောအခါ သူ၏လှပသော မျက်နှာပေါ်တွင် သဘောကျသည့် အမူအရာက သဘာဝအတိုင်း ပေါ်လာခဲ့သည်။ သို့သော် ဤသဘောကျသည့် အရိပ်အယောင်သည် တခဏမျှသာ တောက်ပသွားခြင်းဖြစ်ပြီး၊ သူမမျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် ချင်ယွင်အတွက် စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်ခြင်း ဖြစ်သည်။

သို့သော် ချင်ယွင်သည် ထိုသဘောကျသည့် အရိပ်အယောင်ကို မြင်နေရဆဲ ဖြစ်သည်။ ချင်ယွင်က ညင်သာစွာ ပြုံးလိုက်ပြီး လျှပ်စီးလက်သလို ကျိုးလင်၏ မျက်ခုံးနှစ်ခုကြားကို လက်ညှိုးဖြင့် တိုက်ရိုက် ညွှန်လိုက်သည်။

ဥပဒေသကြိုးများသည် ချင်ယွင်၏လက်ချောင်းမှတဆင့် ကျိုးလင်၏စိတ်ထဲသို့ စီးမျောသွားခဲ့သည်။

ကျိုးလင်သည် ချက်ချင်းပင် တုန်လှုပ်သွားပြီး "အယ်၊ ခင်ပွန်း၊ ဒါက…"

"မလှုပ်နဲ့၊ ဒီအမွေနှစ်က ငါ့အတွက် အများကြီး အဓိပ္ပာယ်မရှိဘူး။ ငါလည်း မင်းအတွက် ထားပေးလို့ ရတယ်။ နောက်ပြီး ဒီအမွေနှစ်ကို စပြီးတာနဲ့ အနှောင့်အယှက် ဖြစ်ခံလို့မရဘူး။ ဒါကြောင့် အခု ငြင်းချင်ရင်တောင် မင်း ငြင်လို့မရတော့ဘူး။" ချင်ယွင်က ညင်သာစွာ ပြုံးလိုက်သည်။

ချင်ယွင်၏ စကားကိုကြားတော့ ကျိုးလင်သည် နှုတ်ခမ်းလှုပ်လိုက်သော်လည်း သူမ ပြောမည့်စကားများကို မျိုချရုံသာ တတ်နိုင်ပါသည်။ သူမနှလုံးသားထဲတွင် ပြင်းထန်သော ခံစားချက်တစ်ခု ပေါ်လာသည်။

စစ်မှန်သော အဓိပ္ပါယ်၏ ဤအမွေနှစ်သည် ချင်ယွင်အတွက် အသုံးမဝင်နိုင်ကြောင်း သူမ သိသည်။ အသုရာ စစ်မှန်သော အဓိပ္ပါယ်သည် ချင်ယွင်အတွက် များစွာ အသုံးမဝင် သော်လည်း ၎င်းကို သူကိုယ်တိုင် လုံးလုံး ဆင်ခြင်နိုင်သည်။

ချင်ယွင်သည် သူမ၏ သဘောကျ နှစ်ခြိုက်သော အမူအရာကို ပြတ်ပြတ်သားသား မြင်လိုက်ရသည့်အတွက် သူမထံသို့ ပေးအပ်ခြင်း ဖြစ်သည်။

အမှန်စင်စစ် ဤအဓိပ္ပါယ်၏ အမွေဆက်ခံမှုသည် ဘိုးဘွားဘုရားသခင်နယ်ပယ်သို့ တိုးဝင်ရန် အရည်အချင်းများရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ချင်ယွင်က ကျိုးလင်ကို ဒီအရည်အချင်းကို ပေးနိုင်ရင် ဘယ်လိုမှ မလှုပ်နိုင်တော့ဘူး။

ချင်ယွင်က ဘာသိဘာသာ ပြုံးလိုက်သည်။ အသုရာ စစ်မှန်သော အဓိပ္ပါယ်သည် မည်မျှပင် အဖိုးတန်စေကာမူ ၎င်းသည် ကျိုးလင်နှင့်နှိုင်းယှဉ်ရင် သူ့နှလုံးသားထဲတွင် တစ်ထောင်ပုံ တစ်ပုံပင် မရှိပါချေ။

All Chapters