← Chapters

အခန်း ၁၄၅၈

Vol. 98 Ch. 1458

အခန်း ၁၄၅၈

Vol. 98 Ch. 1458

အခန်း (၁၄၅၈) နတ်ဘုရားဘုရင်တိုက်ပွဲပုံစံ

အလွန်လျင်မြန်စွာ၊ ချင်ယွင်သည် အသုရာ စစ်မှန်သော အလိုဆန္ဒ အမွေနှစ်အားလုံးကို ကျိုးလင်သို့ လွှဲပြောင်းပေးခဲ့သည်။

ဤအမွေနှစ်သည် ချင်ယွင်၏စိတ်ထဲတွင် ရှိထားပြီးဖြစ်ကာ, ချင်ယွင်နှင့်သာ သက်ဆိုင် သောကြောင့် ချင်ယွင်သည် အခြားသူထံသို့ သဘာဝအတိုင်း လွှဲပေးနိုင်သည်။

"ဒီအသုရာ စစ်မှန်သော အဓိပ္ပာယ်က အတော်ကို လွှမ်းမိုးနိုင်စွမ်း ကြီးမားတယ်။ မင်း အဲဒါကို ဆင်ခြင်တဲ့အခါ သတိထားရမယ်။" ချင်ယွင်က ကျိုးလင်ကို ပြောသည် ။

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ပွန်း။" ကျိုးလင်က သူမမျက်နှာပေါ်တွင် ပြုံးရင်း ပြောသည်။

ချင်ယွင်သည် ကျိုးလင်၏ ချစ်စရာကောင်းသော မျက်နှာကို ပွတ်သပ်ပြီး ပြုံးကာ "သွားကြရအောင်။ ဆဋ္ဌမမြောက် ကောင်းကင်ဘုံနန်းတော်သို့ ဆက်သွားကြစို့။"

ကျိုးလင်က ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။

လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်လျှင် ကူရာမဲ့ ခေါင်းယမ်းနေကြပြီး ဆဋ္ဌမမြောက် ကောင်းကင်ဘုံ နန်းတော်ဆီ ပြေးသွားကြပါသည်။

ချင်ယွင်နှင့် ကျိုးလင်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြပြီးနောက် လိုက်ပါသွားကြသည်။

ဤဆဋ္ဌမအဆင့် ကောင်းကင်ဘုံနန်းတော်သည် ဤလှေကားထစ်များ၏ အထက်တွင် တည်ရှိနေသည်။ ထိုလှေကားနှင့်ပတ်သက်ပြီး အထူးအဆန်း မရှိသောကြောင့် ချင်ယွင်နှင့် အခြားသူများသည် ဤဆဋ္ဌမအဆင့် ကောင်းကင်ဘုံနန်းတော်သို့ လျင်မြန်စွာ ရောက်ရှိ လာကြသည်။

သို့သော် ကောင်းကင်ဘုံနန်းတော်၏ ဆဋ္ဌမအထပ်သို့ ရောက်သောအခါ သူတို့ရှေ့က မြင်ကွင်းက သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။

ချင်ယွင်လည်း ရှေ့ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများက အံ့အားသင့်စွာဖြင့် တောက်ပနေသည်။

ဆဌမမြောက် ကောင်းကင်ဘုံနန်းတော်သည် ကြီးမားသော စတုရန်းစင်မြင့်ကြီး ဖြစ်နေဆဲ ဖြစ်သော်လည်း ထိုစတုရန်းစင်မြင့်သည် ယခင်ကနှင့် မတူပေ။

ထိုစင်မြင့်အလယ်တွင် ကြီးမားသော ယဇ်ပလ္လင်ကြီးတစ်ခု ရှိနေသည်။

ထိုယဇ်ပလ္လင်ကြီးသည် အဝိုင်းပုံသဏ္ဍာန် ရှိသည်။ ထူးဆန်းသော နတ်ဘုရားမှော်သင်္ကေတ များဖြင့် ဖုံးအုပ်ထားသည့် ရှေးဟောင်း အစိမ်းရောင် ကျောက်တုံးများဖြင့် ခင်းကျင်းထား သည်။

ထိုနတ်ဘုရားမှော်သင်္ကေတများသည် လျှို့ဝှက်ဆန်းကြယ်ပြီး မီးခိုးရောင် ဖြစ်သည်။ ချင်ယွင်နှင့် အခြားသူများသည် ၎င်းတို့ကို နားလည်နိုင်စွမ်း မရှိခဲ့ကြပေ။ ထိုနတ်ဘုရား မှော်သင်္ကေတများအပြင် ၎င်းတို့တွင် ထူးဆန်းသော စာလုံးအချို့လည်း ရှိနေသေးသည်။ ဤစာလုံးများသည် အလွန်မင်း ရှေးကျသည်။

၎င်းစာလုံးများသည် ဓားမြှုပ်နှံခြင်းတောင်တန်း၏ နတ်ဘုရားကျောက်တောင်ကြီး ကိုးခု တွင် ချင်ယွင်နှင့် အခြားသူများ မြင်တွေ့ခဲ့ရသည့် စာလုံးကိုးလုံးနှင့် အလွန်ဆင်တူသည်။ ၎င်းတို့သည် တူညီသော အရေးအသားမျိုးနှင့် သက်ဆိုင်သင့်သည်။

သို့သော် ချင်ယွင်နှင့် အခြားသူတို့ကို စွဲဆောင်စေသည့် အရာမှာ ထိုစာများလုံးများ မဟုတ်ဘဲ၊ ကြီးမားသော ကြေးအိုးကြီးတစ်လုံး ဖြစ်နေသည်။

ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် ကြီးမားသော ရှေးဟောင်း ကြေးအိုးကြီးတစ်လုံး ရှိနေသည်။ ထိုရှေးဟောင်း ကြေးအိုးကြီးသည် အလွန်ကြီးမားသည်။ အချင်းသုံးမီတာ ခန့်ရှိပြီး လူဆယ်ဦးနီးပါး ဝင်ထိုင်နိုင်သည်။

ဧရာမကြေးအိုးကြီး ပတ်ပတ်လည်ကို လက်နှစ်ဖက်အထူရှိသော သံကြိုးများစွာ ရစ်ပတ် ထားသည်။ ထိုသံကြိုးတွေကို တစ်ချက်ကြည့်လိုက်ရုံဖြင့် တုနှိုင်းမရအောင် ပြင်းထန်သော ခံစားချက်ကို ပေးစွမ်းနေပြီး၊ ထိုသံကြိုးများသည် လူတစ်ယောက်ကို ချည်နှောင်ထားကြ သည်။

ပို၍တိတိကျကျ ပြောရလျှင် အလောင်းတစ်လောင်း ဖြစ်သည်။

ထိုအလောင်းသည် လူလတ်ပိုင်းအရွယ် ဖြစ်ပြီး။ သူ့ဆံပင်တွေ ရှုပ်ပွနေကာ၊ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းကတော့ အဝတ်ဗလာနှင့် ဖြစ်သည်။ သူ့အသားအရေက ကြေးဝါရောင် ရှိသည်။ သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများသည် အလွန်ထင်ရှားသည်။ သူ၏ ကြွက်သားတစ်မြောင်း စီသည် ပြီးပြည့်စုံသော အနုပညာလက်ရာ တစ်ခုကဲ့သို့ ပြီးပြည့်စုံပြီး အချိုးကျနေပါသည်။

ထို့အပြင်, သူ့ခန္ဓာကိုယ်သည် လွှမ်းမိုးနိုင်သည့် နဂါးတစ်ကောင်ကဲ့သို့ ကြီးစိုးလွန်းပြီး တန်ခိုးကြီးသည့် အငွေ့အသက်ကို ထုတ်လွှတ်လိုက်နေသောကြောင့် လူတွေကို ထိတ်လန့် စေနိုင်သည်။

ချင်ယွင်သည် ဤလူ မသေဆုံးခင် ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံသူဖြစ်ကြောင်း ဆုံးဖြတ်နိုင် သည်။ ထိုသို့မဟုတ်ရင် သူသေပြီးနောက်, သူ့ခန္ဓာကိုယ်က ပြင်းထန်ပြီး လွှမ်းမိုးနေသော အငွေ့အသက်ကို ထုတ်လွှတ်ရန်မှာ မဖြစ်နိုင်ပါဘူး။

ပုံမှန်အားဖြင့်၊ ချီကျင့်ကြံသူများ သေဆုံးပြီးနောက်၊ သူတို့၏ခန္ဓာကိုယ် အတွင်းရှိ နတ်ဘုရား တန်ခိုးစွမ်းအားများသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ကွယ်ပျောက်သွားမည် ဖြစ်သည်။ သူတို့ခန္ဓာကိုယ်သည် ဖောက်ပြန်ပျက်စီးသွားခြင်း မရှိသော်လည်း၊ ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံသူများကဲ့သို့ အစွမ်းထက်သော အငွေ့အသက်ကို လုံးဝ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် အမျိုးသားသည် နှစ်ပေါင်းများစွာ ကြာပြီးနောက် ထိုကဲ့သို့ ကြီးစိုးနိုင်စွမ်းရှိသော အငွေ့အသက်ကို ထိန်းထားနိုင်သေးသည်။ သူ မသေခင်မှာ ရုပ်ခန္ဓာကိုယ် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည်မှာ သေချာပါသည်။ သူ၏ကြံ့ခိုင်မှုကတော့ လုံးဝ မပျော့ညံ့ပါဘူး။ အနိမ့်ဆုံး၊ သူသည် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဖြစ်သည်။

"ဘာလို့ ဒီမှာ အလောင်းကြီးတစ်လောင်း ရှိနေတာလဲ။ သူ့ကို ဘာလို့ ဒီကြေးအိုးထဲမှာ ချည်နှောင်ထားတာလဲ။" ကျိုးဟုန်ရွှဲ့က အံ့သြစွာ မေးလိုက်သည်။

သို့သော် လူတိုင်းလည်း ဆွံ့အနေဆဲဖြစ်သောကြောင့် သူမမေးခွန်းကို မည်သူမျှ မဖြေနိုင်ခဲ့ ပေ။

ခွေးဝါကြီးသည် ဤအခိုက်အတန့်တွင် အံ့အားသင့်ဖွယ် အကြည့်ကို ထုတ်ဖော်လိုက် သည်။ ထို့နောက်, သူသည် လိုချင်မက်မောသည့် အမူအရာ ပေါ်လာသည်။ သေချာသည် မှာ, သူသည် တစ်စုံတစ်ခုကို နားလည်ပြီးသား ဖြစ်သည်။

"ဟေး နံစော်နေတဲ့ခွေးကြီး၊ နင် တခုခု သိထားတယ် မဟုတ်လား?။ နင် ထုတ်ပြောဖို့ ငါ အကြံပေးလိုက်မယ်။ မဟုတ်ရင် နင်ရဲ့အသားသွေးတွေ ဆိုးဆိုးဝါးဝါး ခံစားသွားရအောင် ငါ မလွဲဧကန် လုပ်ပစ်ရလိမ့်မယ်” ခွေးဝါကြီး၏ မကောင်းသည့် အမူအရာကို မြင်တော့ ကျိုးဟုန်ရွှဲ့က ထိုခွေးကြီး အတွေးဆိုးများ တွေးနေသည်ကို သိရှိလိုက်သောကြောင့် သူ့ကို အလျင်အမြန် ခြိမ်းခြောက်လိုက်ပါသည်။

ခွေးဝါကြီးသည် ကျိုးဟုန်ရွှဲ့၏ ခြိမ်းခြောက်မှုကို ကြားသောအခါ၊ လိုချင်မက်မောသည့် အမူအရာအား အလျှင်အမြန် ရုတ်သိမ်းလိုက်ပြီး အပြစ်ကင်းဟန်ဆောင်ကာ ပြောသည် "ငါ ဘာမှ မမြင်ရဘူးနော်။ ငါ ပြောပြီးပါပြီ။ မင်းတို့အားလုံးလိုပဲ ငါလည်း ဒီနေရာကို မရောက်တာ ကြာလှပြီ။ ငါလည်း ဒီနေရာအကြောင်း ဘာမှ မသိတော့ဘူး"။

သူ ထိုစကားပြောနေစဉ်တွင် သူ၏ခွေးဝါကြီး၏ မျက်လုံးကြီးများသည် တစ်ခုခုကို ဖုံးကွယ်ရန် ကြိုးစားနေကြဆဲ ဖြစ်သည်။

"မြန်မြန်ပြော, နင် မပြောရင် နင့်နားရွက်ကို ငါ ဖြတ်ပစ်လိုက်မယ်" ကျိုးဟုန်ရွှဲ့က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ခွေးဝါကြီး၏ နားရွက်ကြီးအား ဆုပ်ကိုင်လိုက်သည်။

ခွေးဝါကြီးသည် ငြင်းဆန်ချင်နေပုံရသော်လည်း ချင်ယွင်၏ စူးရှသော မျက်လုံးများကို သူ မြင်လိုက်ရသောအခါတွင် သူသည် ဘာကိုမှ ဖုံးကွယ်ဝံ့ခြင်း မရှိတော့ပေ။ သူက ပြောသည် “မင်းတို့ မြင်နေရတဲ့ အလောင်းက အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ကျွမ်းကျင်သူ ဖြစ်တယ်။ သူ့ကို အသုရာဘိုးဘေးနတ်ဘုရားက ဖမ်းထားတာဖြစ်သင့်တယ်”။

"အသုရာဘိုးဘေးနတ်ဘုရားက ဘာလို့ သူ့ကို ဖမ်းဆီးတာလဲ။" ကျိုးဟုန်ရွှဲ့က ကမန်းကတန်း မေးလိုက်သည်။

လူတိုင်းမှာ ဝေခွဲမရဖြစ်နေသည့် အမူအရာကိုယ်စီ ရှိနေခဲ့ကြသည်။

ပုံမှန်အားဖြင့်၊ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူများသည် ကောင်းကင်နတ်ဘုရား အဆင့် ကျွမ်းကျင်သူများကို တိုက်ခိုက်ရန်အတွက် ၎င်းတို့၏ အဆင့်အတန်းကို နှိမ့်ချလိမ့် မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် အသုရာ ဘိုးဘေး နတ်ဘုရားကိုယ်တိုင် တိုက်ခိုက်ရန် စွမ်းဆောင်နိုင်သည်မှာ လွန်စွာမှ ထူးခြားပါသည်။

"မှန်တယ်၊ သူက တကယ်တော့ ကောင်းကင်နတ်ဘုရားဖြစ်လို့ မဟုတ်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ သူက ထူးခြားတဲ့ ရုပ်ခန္ဓာကိုယ်ဖြစ်တဲ့ နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလို့ပဲ" ခွေးဝါကြီးက ပြောပါသည်။

"နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်လား?" ကျိုးလင်နှင့် ကျိုးယွမ်တို့သည် အလွန်မင်း အံ့အားသင့်သွားသည့် အမူအရာများကို ထုတ်ဖော်ခဲ့ကြသည်။

"နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်က ဘာလဲ" ချင်ယွင်၊ ကျိုးဟုန်ရွှဲ့နှင့် နေသာဧကရာဇ် တို့သည်လည်း ၎င်းတို့၏ မျက်နှာများတွင် ရှုပ်ထွေးသော အမူအရာများ ရှိသည်။

"ဒီနတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်က နတ်ဘုရားကမ္ဘာမှာ အလွန်အစွမ်းထက်တဲ့ ရုပ်ခန္ဓာ ကိုယ်ဖြစ်တယ်။ ဒီရုပ်ခန္ဓာကိုယ်က နတ်ဘုရားကမ္ဘာမှာ ထိပ်တန်း တိုက်ပွဲဝင် ရုပ်ခန္ဓာကိုယ်အဖြစ် ချီးကျူးခံရပြီး အလွန်အစွမ်းထက်တဲ့ တိုက်တိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်။ ဒီရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူတွေဟာ ၎င်းတို့ရဲ့အဆင့်ထက် ကျော်လွန်သူတွေကို စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ အဆိုရှိကြတယ်။" ကျိုးလင်က ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့ကို ရှင်းပြသည်။

'"မှန်ပါတယ်။ အဲဒီအချိန်တုန်းကဆို, နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်က အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်ကို မဖြတ်ကျော်နိုင်ခင်မှာ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေကို တိုက်ထုတ်နိုင်နေပြီလို့ ပြောလို့ရတယ်။ သူတို့ရဲ့ အစွမ်းက ကောင်းကင်နတ်ဘုရား အလယ်လတ်အဆင့်ကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာ တော့ ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့်က ကျွမ်းရှင်ပညာရှင်တွေကို အလွယ်တကူ သတ်ပစ်နိုင်နေပြီ။" ခွေးဝါကြီးက ဖြည့်စွက်ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရား အလယ်လတ်အဆင့်နှင့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တွေကို အလွယ်တကူ သတ်ဖြတ်နိုင်ခြင်း။

ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့ နှစ်ယောက်စလုံးက အံ့အားသင့်နေသည့် အမူအရာတွေကို ဖော်ပြလာကြပါသည်။

ကျိုးယွမ်က သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ "နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်ဟာ ဒဏ္ဍာရီ ဆန်ဆန် ကောလဟာလတစ်ခုလို့ပဲ မူလက ငါ ထင်ထားခဲ့တာ။ ဒါပေမယ့် အခု တကယ်ရှိနေမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။"

"ဒါဆို သူ့ကို အသုရာဘိုးဘေးနတ်ဘုရားက ဘာလို့ ဖမ်းခဲ့တာလဲ။ သူက နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်ကြောင့် ဖြစ်နိုင်ပါ့မလား" ကျိုးဟုန်ရွှဲ့က အံ့သြတကြီး မေးလိုက်သည်။

"မဟုတ်ပါဘူး၊ သူက အသုရာဘိုးဘေးနတ်ဘုရားကို စော်ကားတဲ့အတွက်ကြောင့်ပါ။ သူက ကောင်းကင်နတ်ဘုရားနယ်ပယ်က ကျွမ်းကျင်သူတချို့ကို သတ်ပြီးနောက်မှာ သူက မာနကြီးလာခဲ့တယ်။ သူက အသုရာဘိုးဘေးနတ်ဘုရားကို အမျက်ထွက်အောင်လုပ်ပြီး အသုရာဘိုးဘေးနတ်ဘုရားနဲ့ တိုက်ခိုက်ချင်တာပါ။ ဒါပေမယ့် အသုရာဘိုးဘေး နတ်ဘုရား က သူ့စိတ်ဝိညာဉ်ကို ကီလိုမီတာ သန်းပေါင်းများစွာ အကွာအဝေးကနေ သတ်ပစ်ခဲ့တာ" ခွေးဝါကြီးက ရှင်းပြသည်။

"ဒါဆို အသုရာဘိုးဘေးနတ်ဘုရားက သူ့ကို ဘာလို့ ဒီမှာ ချည်နှောင်ထားတာလဲ။" ချင်ယွင်က မတတ်တာဘဲ စိတ်ဝင်တစား မေးမြန်းလိုက်ရသည်။

ခွေးဝါကြီးသည် ချင်ယွင်၏မေးခွန်းကို ကြားသောအခါ၊ သူ့ပါးစပ်ထောင့်မှ ဆိုးသွမ်းသော အပြုံးတစ်ခု ထွက်ပေါ်လာပြီးနောက် သူက စကားလုံးနှစ်လုံးကို ထုတ်ပြောလိုက်သည် "မှော်ဆေးလုံး”။

All Chapters