← Chapters

အခန်း ၁၄၆၁

Vol. 98 Ch. 1461

အခန်း ၁၄၆၁

Vol. 98 Ch. 1461

အခန်း (၁၄၆၁) အမှန်တရား

ဟေးယွမ်သည် လိပ်နက်၏အခွံကို ဖြိုခွဲပြီးနောက်၊ ၎င်းသည် ကျိုးဟုန်ရွှဲ့ဆီသို့ တစ်ဖန် ပြေးဝင်သွားသည်။

ဘန်း..။

ကံကောင်းထောက်မစွာ၊ ချင်ယွင်သည် လေဟာနယ်ထဲသို့ ပြေးဝင်နေပြီဖြစ်ပြီး သူ့လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ချက်ခြင်းပင် ခုတ်ပိုင်းသွားကာ ဟေးယွမ်၏ လက်ဖဝါးရိုက်ချက်ကို ပိတ်ဆို့လိုက်သည်။

ချင်ယွင်၏ဓားချက်ထံမှ ဓားစွမ်းအား ပေါက်ကွဲမှုကြောင့် ဟေးယွမ်သည် နောက်သို့ တွန်းထုတ်ခံရသော်လည်း ဒဏ်ရာရရှိခြင်း မရှိခဲ့ပါဘူး။ မထီမဲ့မြင်ပြုဟန်ကို သူ့ပါးစပ် ထောင့်စွန်းတွင် ချိတ်ဆွဲထားရင်း သူ့မျက်လုံးများက ဆော့ကစားလိုဟန်နှင့်အတူ အမျက် ဒေါသများနှင့် ပြည့်နှက်နေသည်။

"မင်းကိုယ်တိုင် မြင်သွားပြီ မဟုတ်လား? ငါတစ်ယောက်ယောက်ကို သတ်ချင်တယ်ဆိုရင်, မင်း ငါ့ကိုတားလို့ မရဘူး။ ဒီလိပ်နက်ရဲ့အခွံကြောင့်သာ, မဟုတ်ရင်, ငါ့လက်ဖဝါး အောက်မှာ သူမသေသွားလိမ့်မယ်။" ဟေးယွမ်သည် နောက်ထပ် မလှုပ်မယှက်ဘဲ ရပ်နေသည့် ချင်ယွင်ကိုကြည့်ကာ သရော်သံဖြင့် ပြောလိုက်သည်။

ချင်ယွင်က မျက်မှောင်ကြုတ်သွားသည်။ သူသည် အစောပိုင်းက တိုက်ပွဲတွင် ဆိုးရွားသော အနေအထားသို့ ရောက်ရှိခဲ့သည်မှာ အမှန်ပင်။

ဟေးယွမ်သည် သူ့တိုက်ခိုက်မှုတွေကို ရှောင်ရှားပြီး သူ့မျက်လုံးတွေကို လှည့်စားနိုင်ရန် မည်သည့်နည်းလမ်းမျိုးကို အသုံးပြုသွားခဲ့သည်ကို သူ မသိခဲ့ပါဘူး။ လိပ်နက်နတ်ဘုရား သားရဲ၏ အချိန်မီတိုက်ခိုက်ခြင်းကြောင့်သာ မဟုတ်ပါက၊ ကျိုးဟုန်ရွှဲ့သည် ယခုအချိန်တွင် သေဆုံးသွားပေလိမ့်မည်။

သူသည် မူလက ဟေးယွမ်ကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု အထင်ရှိခဲ့သော် လည်း, ယခုအခါ သူသည် နတ်ဘုရားနန်းတော်ကြီးသုံးခုမှ လုပ်ကြံသတ်ဖြတ်သူများကို လျှော့တွက်သွားပုံရသည်။ တစ်ဖက်လူ၏ နည်းလမ်းများသည် သူထင်ထားသည်ထက် များစွာ အစွမ်းထက်နေသည်။

"အခုနက ငါ သတိလက်လွတ်ဖြစ်ခဲ့တာ ဝန်ခံပါတယ်၊ ဒါပေမယ့် မင်း သူမနောက်ကျောက ဆံပင်တစ်ချောင်းကိုတောင် ထိခွင့်မပေးနိုင်ဘူး" ချင်ယွင်က စူးရှသော အကြည့်ဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားတော့ ဟေးယွမ်သည် မထီမဲ့မြင် လှောင်ပြောင်ရယ်မောလိုက်ပြီး၊ သူ၏ရှည်လျားပြီး ကျဉ်းမြောင်းသော မျက်လုံးတွေက ပို၍ပင်ကျဉ်းမြောင်းသွားခဲ့သည်။

သူ၏ ထိုအမူအရာကို မြင်ဖူးသူအများစုသည် သေလူများ ဖြစ်သွားကြပြီ။ အကြောင်းမှာ ဟေးယွမ်သည် ထိုကဲ့သို့သောအမူအရာမျိုးကို ထုတ်ဖော်ပြသလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် သတ်ပစ်ရန် လုံးလုံးလျားလျား သွေးဆောင်ခံလိုက်ရပြီဟု ဆိုလိုခြင်း ဖြစ်သည်။

ချင်ယွင်၏မျက်လုံးများသည် တူညီစွာ အနှိုင်းမဲ့ အေးစက်နေပြီး လက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒက သူ့လက်ထဲရှိ မြူနှင်းချောက်နက်ဓားပေါ်မှာ ရစ်ပတ်လျက် ရှိနေသည်။

ဝေဖန်းနှင့် ဘိုင်ဟန်တို့သည် ဟေးယွမ်ကို တားဆီးရန် ရည်ရွယ်ချက် မရှိသလို, ဟေးယွမ်သည် ချင်ယွင်နှင့် ရင်ဆိုင်ရာတွင် အကူညီပေးရန်လည်း ရည်ရွယ်ချက် မရှိခဲ့ပေ။ သူတို့သည် ဤအရာအားလုံးကို တိတ်တဆိတ်သာ ကြည့်နေကြသည်။

သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် မတူကြပေ။ သူတို့အားလုံးသည် သူတို့၏ ကိုယ်တိုင်တိုက်ပွဲများကို ကိုယ်တိုင်သာ ဆင်နွှဲခဲ့ကြသည်။ ဟေးယွမ်က ချင်ယွင် ကို မသတ်သရွေ့ သူတို့အနေဖြင့် ဘာကိုမှ ဂရုမစိုက်ပါဘူး။ ထို့အပြင်, သူအောင်မြင် သွားမည်ဆိုလျှင် သူတို့သည် ပျော်ရွင်ကြလိမ့်မည်။ ထို့ကြောင့် သူတို့သည် ဤအရာ အားလုံးကို ပြဇာတ်လိုသဘောထားဖြင့် ကြည့်ရှုနေခဲ့ကြသည်။

"ဟမ်၊ အခု မင်းကိုသတ်ရမယ့် အချိန်မဟုတ်သေးဘူး။ မင်းနဲ့မင်းရဲ့အဖော်တွေကို ငါ အသက်ပိုရှည်ခွင့် ပေးလိုက်မယ်။"

သို့သော် ကြီးကျယ်သောတိုက်ပွဲကို ရှောင်လွှဲ၍မရနိုင်တော့ဟု လူတိုင်း တွေးထင်နေချိန် မှာ, ဟေးယွမ်သည် ရုတ်တရက် သူ၏သတ်ဖြတ်ချင်စိတ်ကို ထိန်းကာ ပြောလိုက်သည်။

ကျိုးလင်၊ ကျိုးယွမ်နှင့် အခြားသူများ အားလုံးသည် ဟေးယွမ် အဘယ်ကြောင့် ရုတ်တရက် ရပ်သွားသည်ကို နားမလည်ဘဲ ပဟေဠိဆန်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

ချင်ယွင်သည် ဟေးယွမ် အဘယ်ကြောင့် ရပ်တန့်သွားသည်ကို လျင်မြန်စွာ သဘော မပေါက်မီ ခဏလောက် စဉ်းစားခဲ့သည်။

အကယ်၍, ဤဟေးယွမ်သည် သူ့ကို အနိုင်ယူပြီး လူတစ်ယောက် သို့မဟုတ် နှစ်ယောက် ကို သူ့လက်ကနေ သတ်ပစ်နိုင်ခဲ့လျှင်ပင်, ဟေးယွမ်ကိုယ်တိုင်လည်း ပေးဆပ်ရလိမ့် မည်။ အနည်းဆုံးတော့၊ ၎င်းသည် ကြီးမားသော တန်ခိုးစွမ်းအားကို သုံးစွဲရလိမ့်မည်။

ယခုအချိန်တွင်၊ ဟေးယွမ် အမှန်တကယ် ဂရုစိုက်နေခဲ့သော ရန်သူများသည် ချင်ယွင် မဟုတ်ဘဲ ဘိုင်ဟန်နှင့် ဝေဖန်း‌တို့ ဖြစ်သည်။

ဟေးယွမ် အလွန်အမင်း စွမ်းအားကုန်ဆုံးသွားသည်နှင့်၊ နတ်ဘုရားဘုရင် ဆေးလုံးအတွက် တကယ့်တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် သူ့အတွက် အလွန်ခက်ခဲမည် ဖြစ်သည်။ ဤအရာက နတ်ဘုရားဘုရင်ဆေးလုံးကို တခြားသူတွေဆီ လွှဲပေးခြင်းနှင့် အတူတူပင် မဟုတ်ပါလား။ သေချာသည်မှာ၊ သူသည် ဤမျှအထိ မိုက်မဲနေမည် မဟုတ်ပေ။

ခပ်လှမ်းလှမ်းတွင် ဝေဖန်းနှင့် ဘိုင်ဟင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးပြကြသည်။

ဟေးယွမ်၏ အတွေးများကို သဘာဝအတိုင်း မြင်နိုင်သော်လည်း လူတိုင်းတွင် တူညီသော အတွေးများ ရှိကြသည်။

"ကောင်းပြီလေ၊ နတ်ဘုရားဘုရင်ဆေးလုံးကို ရဖို့အတွက် နည်းလမ်းတစ်ခုခု စဉ်းစား ကြည့်ရအောင်။ ငါတို့အားလုံးက နတ်ဘုရားဘုရင်ဆေးလုံးကို လိုချင်နေတာဆိုတော့ ငါတို့ရဲ့ကိုယ်ပိုင် အစွမ်းအစကိုပဲ အားကိုးကြရအောင်။" ဘိုင်ဟန်က ရယ်မောကာ ပြောလိုက်သည်။

"ကောင်းပြီ၊ ငါတို့ရဲ့ အစွမ်းအစကို အားကိုးကြရအောင်။ ဒီနတ်ဘုရားဘုရင်ဆေးလုံးက ဒီကြေးအိုးကြီးထဲမှာ ရှိသင့်တယ်။ ဒီကြေးအိုးကြီးပေါ်က ကန့်သတ်ချက်တွေကို ချိုးဖျက် နိုင်တဲ့ဘယ်သူမဆို ဒီနတ်ဘုရားဘုရင်ဆေးလုံးက သူ့အပိုင် ဖြစ်လိမ့်မယ်။" ဟေးယွမ် လည်း ခေါင်းညိတ်ကာ သဘောတူသည်။

ဘိုင်ဟန်နှင့် ဟေးယွမ်တို့သည် ခေါင်းညိတ်လိုက်ပြီး ဝေဖန်း‌ဆီကို လှည့်ကြည့်လိုက်သည်။ ချင်ယွင်နှင့် တခြားသူတွေကိုတော့ သူတို့သည် တိုက်ရိုက် လျစ်လျူရှုထားသည်။

"ကန့်ကွက်စရာမရှိပါဘူး။" ဝေဖန်း‌က ဘာသိဘာသာဖြင့် ပြောသည်။

"ဘယ်သူ အရင်ထွက်မှာလဲ" ဘိုင်ဟန်က မေးသည်။

သုံးယောက်သား တိတ်တဆိတ် ရပ်နေကြပြီး၊ ဦးစွာ မလုပ်ရှားလိုကြောင်း ထင်ရှားသည်။

ပထမဆုံးလှုပ်ရှားသူသည် နတ်ဘုရားဘုရင်ဆေးလုံးကို ရယူရန် အခွင့်အလမ်း မြင့်မား သော်လည်း, ကန့်သတ်ချက်ကို ကိုင်တွယ်ဖြေရှင်းရာမှာလည်း ပထမဆုံးသူအတွက် အလားတူပင် ဖြစ်သည်။ နောက်ဆုံးတွင်၊ ကန့်သတ်ချက်သည် ယခင်ကကဲ့သို့ အားကောင်းခြင်း ရှိမရှိကိုလည်း သူတို့ မြင်တွေ့နိုင်သည်။

"ခင်ပွန်း၊ ငါတို့ ဘာလုပ်ရမှာလဲ" ကျိုးလင်က ချင်ယွင်ကို မတတ်တာဘဲ အသံဖြင့် ပို့လွှတ်ကာ မေးလိုက်သည်။

ယခုအခါ, လုပ်ကြံသတ်ဖြတ်သူ သုံးယောက်သည် သူတို့ကို တိုက်ရိုက် လျစ်လျူရှုထား သဖြင့် သူတို့၏ အခြေအနေသည် ချက်ချင်းပင် အဆင်မပြေ ဖြစ်သွားသည်။

"စောင့်ကြည့်ရအောင်။ ဒါပေမယ့် ဒီနတ်ဘုရားဘုရင်ဆေးလုံးကို သူတို့ လွယ်လွယ်နဲ့ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။ စိတ်မပူပါနဲ့၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်။ ဒီလုပ်ကြံ သတ်ဖြတ်သူသုံးယောက်ရဲ့ ခွန်အားက မရိုးရှင်းဘူး။" ချင်ယွင်က အသံဖြင့် တုန့်ပြန်လိုက် သည်။

"ဟုတ်တယ်, ငါလည်း အဲလိုထင်တယ်။ သူတို့ ငါ့ကို သတ်ချင်ရင်တောင်, ပြောသလောက် လွယ်မှာမဟုတ်ဘူး။ ရှင့်မိန်းမက သက်သတ်လွတ်သမားလည်း မဟုတ်ဘူး။" ကျိုးလင်က အသံမှတဆင့် ပြောသည်။

ချင်ယွင်သည် ထိုစကားကိုကြားလိုက်သောအခါ နွေးထွေးသော ခံစားချက်တစ်ခု ထွက်ပေါ် လာသည်။ ကျိုးလင်က သူ့ကို စိတ်ချမ်းသာအောင် ပြောနေသည်ကို သူ သိပါသည်။ နောက်ဆုံးတွင် သူမ၏ ခွန်အားသည် မကြာသေးမီကမှ ပြန်လည်ကောင်းမွန်လာခဲ့ပြီး အထွက်အထိပ် ပြီးပြည့်စုံခြင်း အခြေအနေသို့ မရောက်ရှိသေးပေ။ ထို့ကြောင့် ထိုလုပ်ကြံ သတ်ဖြတ်သူများကို ကိုင်တွယ်ရန် ခက်ခဲနေပါသေးသည်။

သေချာသည်မှာ, သူမပြောသလိုပင်, ထိုလုပ်ကြံသတ်ဖြတ်သူများသည် သူမကို အလွယ်တကူ မသတ်ဖြတ်နိုင်ပါဘူး။ နောက်ဆုံးတော့, ကျိုးလင်၏ လက်ရှိ ခွန်အားသည် သာမန် အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူထက် များစွာ အားကောင်းနေပါသည်။

ချင်ယွင်သည် ဟေးယွမ်နှင့် အခြားလူများကို အဝေးမှ ကြည့်နေရင်း, ကန့်သတ်ချက်ကို အတင်းအကြပ် ချိုးဖြတ်ပြီး နတ်ဘုရားဘုရင်ဆေးလုံးကို မည်ကဲ့သို့ လုယူရမည်ကို သူ့စိတ်ထဲတွင် တွေးနေမိသည်။

သို့သော် ထိုအချိန်တွင် လျှိုဘို၏အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"ကောင်စုတ်လေး၊ မင်း အဲဒီ ကွဲနေတဲ့ ကြေးအိုးကြီးပေါ်က ကန့်သတ်ချက်ကို ချိုးဖျက်ဖို့ မစဉ်းစားနဲ့။ အဲဒီအလောင်းကို မင်းလက်ထဲရောက်အောင် နည်းလမ်းရှာလိုက်ပါ။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"အလောင်းလား၊ ဘာဖြစ်လို့လဲ၊ နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်ရဲ့ မူလအရင်းအမြစ်ကို နတ်ဘုရားဘုရင်ဆေးပြားအဖြစ် သန့်စင်ပြီးသွားပြီ မဟုတ်ဘူးလား။ ဒီအလောင်းကို ဘာအတွက် သုံးချမှာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

'"ဟမ့်၊ မင်း ငါ့ကို မယုံသေးဘူးပဲ။ နတ်ဘုရားဘုရင်ဆေးလုံးက အဲဒီကြေးအိုးကြီးထဲမှာ ရှိတယ်လို့ မင်း တကယ်ထင်နေတာလား။ တစ်ခါတလေ ပုံမှန်တွေးကြည့်စရာ မလိုပါဘူး။ ကြေးအိုးကြီးကို ကန့်သတ်ချက်တွေနဲ့ ဖုံးအုပ်ထားလို့ မင်းတို့ အဲဒီလို တွေးနေကြတာ။ နတ်ဘုရားဘုရင်ဆေးလုံးက နတ်ဘုရားဘုရင်ရုပ်ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်။ မယုံရင် သေသေချာချာ စစ်ဆေးကြည့်နိုင်တယ်။" လျှိုဘို၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာပြန်သည်။

ထိုစကားကို ကြားတော့ ချင်ယွင်သည် သူ့နတ်ဘုရားအာရုံကို လွှတ်လိုက်ပြီး နတ်ဘုရားဘုရင်ရုပ်ခန္ဓာကိုယ်ကို စူးစမ်းလိုက်သည်။ မကြာမီတွင်၊ သူသည် နတ်ဘုရား ဘုရင်ရုပ်ခန္ဓာကိုယ်ကို ကြည့်ရူစစ်ဆေးခဲ့သော်လည်း နတ်ဘုရားဘုရင်ဆေးလုံးဟု ခေါ်သည့်အရာကို ရှာမတွေ့ခဲ့ပေ။

ချင်ယွင်သည် တစ်ခုခုမှားနေပြီဟု ခံစားမိသည်။ လျှိုဘိုသည် အဓိပ္ပာယ်မဲ့စကားကို ပြောဆိုရန် မဖြစ်နိုင်သောကြောင့် သူသည် သေသေချာချာ ပြန်ရှာကြည့်သည်။ ဤတစ်ကြိမ်တွင် ချင်ယွင်သည် သဲလွန်စကို အမှန်တကယ် မြင်လိုက်ရသည်။

နတ်ဘုရားရှင်၏ဒန်တန်၏ နက်ရှိုင်းသောနေရာ၌, ဒန်တန်၏ နက်ရှိင်းသော အရပ်မှာ ဆေးလုံးတစ်လုံး လွင့်မျောနေသည်။ သို့ရာတွင်၊ ၎င်းအား နတ်ဘုရားဘုရင်ဆေးလုံး၏ စွမ်းအင်အတက်အကျလှိုင်းနှင့် အငွေ့အသက်များကို ကန့်သတ်မှုအလွှာတစ်ခုဖြင့် ဖုံးအုပ် ထားသည်။ အကယ်၍, ဂရုတစိုက် ကြည့်ရှုခြင်းမရှိပါက, နတ်ဘုရားဘုရင်ဆေးလုံး၏ တည်နေရာကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

"ဒါဆို ဒီနတ်ဘုရားဘုရင်ဆေးလုံးက နတ်ဘုရားဘုရင်ရုပ်ခန္ဓာကိုယ်ထဲမှာ တကယ် ရှိနေတာပေါ့" ချင်ယွင်က သူ့ကိုယ်သူ အံ့အားသင့်စွာ ရေရွတ်လိုက်သော်လည်း သူ့မျက်လုံး များ၏ နက်ရှိုင်းသောအရပ်မှာ အပြုံးရိပ်တစ်ခု ပေါ်လာသည်။

လုပ်ကြံသတ်ဖြတ်သူသုံးဦးသည် နတ်ဘုရားဘုရင်ဆေးလုံးက ဧရာမကြေးအိုးကြီးအတွင်း ၌ ရှိနေသည်ဟု ထင်နေကြသောကြောင့် အလောင်းကို လုံးဝ လျစ်လျူရှုထားကြသည်။ တကယ့် နတ်ဘုရားဘုရင်ဆေးလုံးက နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်ထဲမှာ ရှိနေဆဲပင်။

သို့သော် ချင်ယွင်၏စိတ်နှလုံးက သံသယစိတ်ဖြင့် လျင်မြန်စွာ ခုန်တက်သွားသည်။ သူသည် လျှိုဘိုသို့ အသံတစ်ခု ပေးပို့ပြီး မေးမြန်းလိုက်သည် "ဒါဆို ဒီကြေးအိုးကြီးထဲမှာ ဘာရှိနေလဲ။ ဘိုးဘေးနတ်ဘုရားက ဘာကြောင့် ဒီကန့်သတ်ချက်ကို ချမှတ်ခဲ့တာလဲ”။

All Chapters