← Chapters

အခန်း ၁၄၆၂

Vol. 98 Ch. 1462

အခန်း ၁၄၆၂

Vol. 98 Ch. 1462

အခန်း (၁၄၆၂)။ လှုပ်ရှားခြင်း။

"ကောင်စုတ်လေး၊ ဒီကြေးအိုးကြီးထဲမှာ ဘာရှိနေလဲဆိုတာ မင်း မသိချင်ဖို့ ငါ အကြံပေး လိုက်မယ်။ မင်း တစ်ချက်နားလည်ထားရမှာက, တကယ်လို့, သူတို့သာ ဒီကြေးအိုးကြီးရဲ့ ကန့်သတ်ချက်ကို အမှန်တကယ် ချိုးဖောက်နိုင်ခဲ့မယ်ဆိုရင် သူတို့ ဒုက္ခရောက်မှာကို ငါ စိုးရိမ်မိတယ်။" လျှိုဘိုက အသံဖြင့် ပြန်ဖြေသည်။

"ဘေးဆိုးကြီးလား။ ဒီကြေးအိုးကြီးထဲမှာ ကြောက်စရာကောင်းတဲ့ တစ်ခုခု ရှိနေလို့လား?" ချင်ယွင်က ထိတ်လန့်သွားပြီး အလျင်စလို မေးလိုက်သည်။

"မှန်တယ်။ ဒီကြေးအိုးကြီးအပေါ်က ကန့်သတ်ချက်က နတ်ဘုရားဘုရင်ဆေးလုံး မလွတ်မြောက်အောင် တားဆီးဖို့ မဟုတ်ဘူး။ အထဲမှာ ကြောက်စရာကောင်းတဲ့ အရာကို စည်းတံဆိပ်ခတ်ဖို့ပဲ။ တကယ်လို့, ဒီကန့်သတ်ချက်သာ ပွင့်သွားခဲ့ရင် အတွင်းထဲမှာ ရှိတဲ့ အရာရဲ့ တိုက်ခိုက်မူကို ခံရလိမ့်မယ်။ ဒါဆို သူတို့တင်မကဘူး မင်းတိုလည်း ကံဆိုးလိမ့် မယ်။" လျှိုဘိုက ဆက်၍ဖြေသည်။

ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်း ရှုံ့တွသွားသော်လည်း သူ့နှလုံးသားမှာ အံ့ဩခြင်း များဖြင့် ပြည့်နှက်နေသည်။

လျှိုဘိုက ကြောက်စရာကောင်းသည်ဟု ပြောစေနိုင်သည့်အရာက သာမန်အရာ မဟုတ်သည်မှာ သေချာပါသည်။

"ကောင်းပြီ ငါ အရင်သွားလိုက်မယ်။" ထိုအချိန်မှာပင် ဘေးမှ လုပ်ကြံသတ်ဖြတ်သူ သုံးယောက်သည် မည်သူ အရင်တိုက်ခိုက်မလဲဆိုသည်ကို ဆုံးဖြတ်ပြီးသွားပြီ။ ထိုအချိန်မှာ ရှေ့ထွက်ရပ်လာသည့်လူက ဟေးယွမ် အတိအကျပင်။

ဟေးယွမ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လို သည့်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင် နတ်ဘုရားတန်ခိုးတစ်ခုက သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားပြီး အနက်ရောင် မြူခိုးတစ်ခုကဲ့သို့ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထား သည်။

"ငါ သူတို့ကို တားလိုက်ရမလား?" ချင်ယွင်သည် တိုက်ခိုက်တော့မည့် ဟေးယွမ်ကို ကြည့်လိုက်ပြီး လျှိုဘိုထံသို့ သူ့စိတ်ထဲမှ အသံလွှင့်ကာ မေးလိုက်သည်။

"မလိုပါဘူး၊ သူတို့ကို စိတ်ကြိုက် လုပ်ခွင့်ပေးလိုက်ပါ။ ဒီကြေးအိုးကြီးရဲ့ ကန့်သတ်ချက်က သူတို့ဆန္ဒရှိသလို ချိုးဖျက်နိုင်တဲ့အရာ မဟုတ်ဘူး။ အခု မင်းစဉ်းစားရမှာက နတ်ဘုရား ဘုရင်ရုပ်ခန္ဓာကိုယ်ကို သူတို့သတိမထားမိဘဲ ဘယ်လိုရနိုင်မလဲဆိုတာပဲ" လျှိုဘိုက ပြန်ပြောသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး လျှိုဘို ပြောသည်မှာ မှန်သည်ဟု ခံစားရသည်။

ခွေးဝါကြီးသည် ယခင်က ကြေးအိုးကြီးပေါ်မှ ကန့်သတ်ချက်များကြောင့် ဒဏ်ရာရခဲ့သည်။ ခွေးဝါကြီးသည် တိုက်ခိုက်ရာတွင် အလွန်ကောင်းမွန်ခြင်း မရှိသော်လည်း၊ သူသည် အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ သူသည် ကြေးအိုးကြီးပေါ်မှ ကန့်သတ်ချက်များကြောင့် ဒဏ်ရာရခဲ့သည်။ ဤလုပ်ကြံသတ်ဖြတ်သူသုံးဦးတွင် နည်းလမ်းများ မည်မျှပင်ရှိစေကာမူ ရှေးခေတ် ကြေးအိုးကြီး၏ ကန့်သတ်ချက်ကို ချိုးဖျက်၍ မရနိုင်ပေ။

သို့သော် ယခု သူစဉ်းစားရန် လိုအပ်သည်မှာ သူသည် ဤနတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်ကို မည်သို့ ရယူနိုင်မလဲဆိုတာ အတိအကျပင်။

အကယ်၍, သူသာ ယခုလိုပုံစံမျိုးဖြင့် နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်ကို ပွင့်ပွင့်လင်းလင်း လုယူခဲ့လျှင်, ထိုလုပ်ကြံသတ်ဖြတ်သူ သုံးယောက်သည် သူ့ကို သေချာပေါက် သတိထားမိ ကြလိမ့်မည်။ ထိုအချိန်တွင် တိုက်ပွဲကြီးတစ်ခု ဖြစ်လာမည်မှာ သေချာသည်။

တစ်ယောက်နှင့်သုံးယောက် တိုက်ခိုက်ခြင်း။ ချင်ယွင်၏ လက်ရှိအင်အားသည် လုံလောက်ရန် အဝေးကြီးလိုပါသေးသည်။

"ကြည့်ရတာ, ငါ အခြေအနေအရ လုပ်ရှားရမယ့်ပုံပဲ။" ချင်ယွင်သည် ဟေးယွမ်ကို ဆက်လက် စိုက်ကြည့်ရင်း သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။

ဘန်း…။

ထူထပ်သော အနက်ရောင် နတ်ဘုရားတန်ခိုးသည် ဟေးယွမ်၏ လက်ဖဝါးထဲသို့ တိုးဝင် လာသည်။ ထို့နောက်, သူ့မျက်လုံးတွေကို တစ်ချက် စွေကြည့်ရင်း, သူသည် ရှေးခေတ် ကြေးအိုးကြီးဆီသို့ တဟုန်ထိုးပြေးဝင်သွားစဉ် သူ၏ရုပ်အသွင်သည် နောက်ဆက်တွဲ ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ဟေးယွမ်၏ အရှိန်ဟုန်က မယုံနိုင်လောက်အောင် မြန်ဆန်သည်။ မျက်စိ တစ်မှိတ်အတွင်း မှာပင် သူသည် ရှေးဟောင်း ကြေးအိုးကြီးရှေ့သို့ ရောက်ရှိသွားသည်။

သူသည် ရှေးခေတ်ကြေးအိုးကြီး၏ ကန့်သတ်ချက်ကို တိုက်ခိုက်ရမည့်အစား ကြေအိုးကြီး၏ ကိုယ်ထည်ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။

နတ်ဘုရားတန်ခိုးနှင့် ပြည့်နှက်နေသော သူ၏လက်ဖဝါးသည် ရှေးဟောင်း ကြေးအိုးကြီး ဆီသို့ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်စဉ် ပြင်းထန်သော နတ်ဘုရားတန်ခိုးစွမ်းအားကို သယ်ဆောင်လာသည်။

ဤမြင်ကွင်းကို လူတိုင်းသည် မျက်တောင်မခတ်ဘဲ ကြည့်ရှုနေခဲ့ကြပြီး ဤဟေးယွမ် တိုက်ခိုက်မှုသည် အလုပ်ဖြစ်မဖြစ် သိရှိလိုကြသည်။

"ဘုန်း..."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဟေးယွမ်၏ လက်ဖဝါးသည် ရှေးဟောင်း ကြေးအိုးကြီး၏ မျက်နှာပြင်ပေါ်သို့ ကျရောက်သွားသည်။

သို့သော် သူ၏လက်ဖဝါးသည် ကြေးအိုးကြီးကို မထိခင်မှာ, ရှေးခေတ်ကြေးအိုးကြီးထံမှ အနှိုင်းမဲ့ ပြင်းထန်သော အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် တွင်၊ ရှေးခေတ်ကြေးအိုးကြီးမှ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာ ပြီး ဟေးယွမ်ဆီသို့ ပြင်းထန်စွာ တိုက်ခိုက်လာသည့် ကြီးမားသော စွမ်းအင်ရောင်ခြည် အလင်းဖြစ် ထွက်ပေါ်လာသည်။

ဟေးယွမ်၏ အမူအရာသည် သူ့သူငယ်အိမ်များ ကျဉ်းမြောင်းလာသည်နှင့်အမျှ သိသိ သာသာ ပြောင်းလဲသွားပြီး ယခင်က အသုံးပြုခဲ့သည့် သူ့လျှို့ဝှက်နည်းပညာကို ချက်ချင်း အသုံးပြုခဲ့သည်။

စွမ်းအင်ရောင်ခြည်သည် ဟေးယွမ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး သူ့ခန္ဓာကိုယ်ကို အနက်ရောင်မီးခိုးများအဖြစ်သို့ ဖြိုခွဲပစ်လိုက်သည်။

"အော့.."

ဟေးယွမ်၏ရုပ်အသွင်သည် ထူးဆန်းစွာပေါ်လာသည်။ သူပေါ်လာသည်နှင့် တပြိုင်နက် ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာက အနှိုင်းမဲ့ ဖြူဖပ်ဖြူရော် ဖြစ်သွား ပြီး သူ့မျက်လုံးတွေက ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင် ပေါ်လွင်နေသည်။

သူသည် ကန့်သတ်ချက်၏ တုံ့ပြန်တိုက်ခိုက်မှုကို ရှောင်ရှားရန် သူ၏ လှုပ်ရှားမှုပညာကို အသုံးပြုထားပြီးဖြစ်သော်လည်း စွမ်းအင်ရောင်ခြင်းကြောင့် ဒဏ်ရာရရှိသွားဆဲ ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူ၏နတ်ဘုရားခန္ဓာကိုယ်သည် ဒဏ်ရာရသွားပြီး တခဏအတွင်း ပြန်လည်ကုစားရန် ခက်ခဲပေလိမ့်မည်။ ယင်းက သူ၏တိုက်ခိုက်ရေး စွမ်းအားကိုလည်း အတိုင်းအတာတစ်ခုအထိ ထိခိုက်စေခဲ့သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ့မျက်နှာက တည်ငြိမ်နေသော် လည်း သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုက ပျံ့နှံ့လာခဲ့သည်။

အကယ်၍ ဟေးယွမ်သာ ဒဏ်ရာရရှိသွားပါက၊ သူသည် နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ် အတွက် ယှဉ်ပြိုင်ရန် ပိုမိုကောင်းမွန်သော အခွင့်အလမ်းတစ်ခု ရှိလာမည်ဖြစ်သည်။

"ဒီကန့်သတ်ချက်က ကြောက်စရာကောင်းတယ်။ ဒီကန့်သန့်ချက်နဲ့ပတ်သက်ပြီး ငါလည်း ဘာမှမတတ်နိုင်ဘူး။ မင်းတို့ အဲဒါကို ချိုးဖျက်နိုင်ရင် နတ်ဘုရားဘုရင်ဆေးလုံးကို မင်းတို့ ပိုင်လိမ့်မယ်။ ငါ စွန့်လွှတ်လိုက်ပြီ။" ဟေးယွမ်က ဘိုင်ဟန်နှင့် ဝေဖန်း‌ကို ပြောသည်။

ဘိုင်ဟန်နှင့် ဝေဖန်း‌တို့သည် ဟေးယွမ်၏စကားကိုကြားသောအခါတွင် သူတို့သည် မပျော်ရုံသာမက ပို၍လေးနက်သော အမူအရာများကို ဖော်ပြလာကြသည်။

သူတို့ထဲ ဘယ်သူကမှ အရူးတွေ မဟုတ်ပါဘူး။ သူတို့လုပ်နိုင်သည့်အရာ ဘာမှ မရှိဘူးဆို သည်ကို သူတို့ သိသည်။ ဟေးယွမ်သည် ဤမျှလွယ်လွယ်နှင့် စွန့်လွှတ်ရန်မှာ မဖြစ်နိုင်ပါ ဘူး။ ယခု ထိုစကားများကိုသာ ဟေးယွမ်က ပြောနိုင်တော့မည်ဆိုလျှင် ထိုကန့်သတ်ချက် သည် အလွန်အစွမ်းထက်မည်မှာ သေချာပါသည်။

"အစ်ကိုဝေ၊ ငါတို့သုံးယောက်ထဲမှာ မင်းက အသန်မာဆုံးပဲ။ ဟေးယွမ်နဲ့ ငါက တန်းတူရှိ တယ်။ ဟေးယွမ်က စွန့်လွှတ်လိုက်ပြီဆိုတော့ ငါ ကြိုးစားဖို့ မလိုတော့ဘူး။ ငါ မင်းကို ဘာလို့ ခွင့်မပြုနိုင်ရမှာလဲ။" ဘိုင်ဟန်က ဝေဖန်း‌ကို ကြည့်ပြီး ပြောလိုက်သည်။

ဝေဖန်း‌က မထီမဲ့မြင် ပြုံးလိုက်သည်။ ဘိုင်ဟန်က သူ့ကို လှံတစ်ချောင်းအဖြစ် အသုံးပြုဖို့ ကြိုးစားနေသည်ကို သူ ဘယ်လိုလုပ် နားမလည်နိုင်ဘဲ နေမည်နည်း။

သို့သော် သူ မငြင်းခဲ့ပါ။ ယင်းအစား သူသည် ယဇ်ပလ္လင်ဆီသို့ တိုက်ရိုက်သွားခဲ့သည်။

လူတိုင်း၏အကြည့်များသည် ဝေဖန်း‌ထံသို့ တဖန် ရောက်ကျသွားပြီး သူတို့၏နှလုံးသား များက အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။

ယခင်က ဟေးယွမ်၏ တိုက်ခိုက်မှုကို လူတိုင်း မျက်မြင်ကိုယ်တွေ့ မြင်ဖူးပြီးသား ဖြစ်ပါသည်။ သူသည် ထိုကန့်သတ်ချက်ကို နည်းနည်းလေးတောင် မလှုပ်ခါနိုင်ခဲ့ပါဘူး။ ယခုအခါ ဝေဖန်းသည် အမှန်တကယ် တိုက်ခိုက်ချင်နေသေးသည် ။

ဝေဖန်း‌သည် ရှေးခေတ် ကြေးအိုးကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ ယခင်က ဟေးယွမ်ကဲ့သို့ သူသည် ရှေးခေတ် ကြေးအိုးကြီးအား ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ခဲ့ဘဲ ရှေးခေတ် ကြေးအိုးကို ဂရုတစိုက် ကြည့်ရူစစ်ဆေးနေခဲ့သည်။

ဝေဖန်း‌သည် နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိမည်ကို လေးလေးနက်နက် ကြောက်ရွံ့နေသည့်အတွက် ချင်ယွင်သည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။

ကံကောင်းထောက်မစွာ၊ ဝေဖန်း‌သည် နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်ကို တစ်ချက်ကြည့် လိုက်ပြီး ၎င်းကို ဖယ်ထုတ်ပစ်ရန် ရွေးချယ်ခဲ့သည်။ သူသည် နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်ကို စိတ်ဝင်စားမှု လုံးဝ မပြတော့ပေ။

ဘန်း…။

ဝေဖန်း‌သည် သူ လုံလုံလောက်လောက် ကြည့်ရူစစ်ဆေး၍မရဟု ခံစားရပုံပေါ်ပြီး၊ သူ့ပုံရိပ် က လေထဲကို ဖြည်းဖြည်းချင်း မြင့်တက်သွားခဲ့သည်။ သူသည် ရှေးခေတ် ကြေးအိုးကြီး အထက်သို့ ရောက်ရှိလာပြီး အပေါ်စီးမှ ကြေးအိုးကြီးထဲသို့ လှမ်းကြည့်လိုက်သည်။

သို့သော်, သူသည် အပေါ်စီးမှ အောက်ကို ငုံ့ကြည့်လိုက်သော်လည်း မည်းမှောင်နေပြီး ဘာမှ မမြင်ရသေးပါဘူး။

ဝေဖန်း‌သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူ့မျက်နှာပေါ်တွင် တွေးတောနေသည့် အမူအရာတစ်ခု ပေါ်လာသည်။

"ဟမ့်၊ သူကများ ကန့်သတ်ချက်ရဲ့ အားနည်းချက်ကို ရှာချင်နေသေးတယ်။ တကယ်လို့, သူ တွေ့ခဲ့ရင်တောင် သူချိုးဖျက်နိုင်တဲ့အရာ မဟုတ်ဘူး။" လျှိုဘို၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွကင် ပြုံးပြီး လျှိုဘို၏မေးခွန်းကို ပြန်မဖြေပါ။ ယင်းအစား သူက ဝေဖန်း‌၏ ဦးတည်ရာဆီကို ဆက်ကြည့်နေခဲ့သည်။

ရုတ်တရက် ဝေဖန်း‌၏ အကြည့်သည် အလွန်စူးရှလာပြီး သူ့လက်ထဲတွင် နတ်ဘုရား ဓားတစ်လက် ပေါ်လာသည်။

ဓား၏အစွန်းသည် ထူထပ်ပြီး ဓားစွမ်းအားက ကြီးမားကျယ်ပြန့်ပြီး အကန့်အသတ် မရှိပေ။

ပညာရှင်ဓား။

ပညာရှင်ဓားစွမ်းအားသည် ကောင်းကင်မှ ဆင်းသက်လာပြီး၊ ပြင်းထန်သော ဓားစွမ်းအား ကို သယ်ဆောင်လာရင်း ရှေးခေတ် ကြေးအိုးကြီး၏ အဝဆီသို့ အပြင်းအထန် တိုက်ခိုက် သည်။

ကြေးအိုးကြီး၏အဝသည် အမှန်ပင် ကန့်သတ်ချက်၏ အားအနည်းဆုံးအပိုင်း ဖြစ်သည်။ ဝေဖန်း‌သည် ကန့်သတ်ချက်၏ အားနည်းချက်ကို ဖြတ်ကျော်ပြီး ထိုကန့်သတ်ချက် တစ်ခုလုံးကို ဖြတ်ကျော်လိုသည်မှာ ထင်ရှားသည်။

ဝေဖန်း‌သည် ရှေးခေတ် ကြေးအိုးကြီး၏ အားအနည်းဆုံးပိုင်းကို အမှန်တကယ် ချိုးဖျက် နိုင်မလားဆိုသည်ကို လူတိုင်း၏ မျက်လုံးများက စိုက်ကြည့်နေကြသည်။

ဘန်း…။

ဝေဖန်း‌၏ဓားချက်ကို အောက်သို့ ထိုးဖောက်လိုက်ပြီးနောက်၊ ရှေးခေတ် ကြေးအိုးကြီး သည် ပြင်းထန်စွာ ထိုးနှက်ခံရပုံရပြီး ကြေးအိုးကြီး၏မျက်နှာပြင်သည် စွမ်းအင်လှိုင်း အလွှာတစ်ခုပြီးတစ်ခု လှုပ်ယမ်းသွားလေသည်။

All Chapters