← Chapters

အခန်း ၁၄၆၃

Vol. 98 Ch. 1463

အခန်း ၁၄၆၃

Vol. 98 Ch. 1463

အခန်း (၁၄၆၃) ငါ မင်းကိုပေးလိုက်မယ်။

ဝေဖန်း‌၏ခန္ဓာကိုယ်သည် ဆေဘာတစ်ချောင်းကဲ့သို့ ပုံသဏ္ဍာန်ရှိနေခဲ့ပြီး၊ သူ့လက်ထဲက ဓား၏အသွားသည် မီးလျှံကဲ့သို့ နီရဲနေကာ၊ အနှိုင်းမဲ့ ပြိုးပြိုးပြက်ပြက် လင်းလက်နေသည့် အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။

ဓား၏ချွန်ထက်သောထိပ်ဖျားသည် ရှေးခေတ် ကြေးဝါအိုးကြီးအပေါ်မှ ကန့်သတ်ချက်နှင့် အတူ အပြင်းအထန် တိုက်မိသွားကာ နှိုင်းစာ၍မရအောင် ခမ်းနားထည်ဝါလှသော ဓားစွမ်းအင်ရောင်ခြည်တန်းကို ထုတ်လွှတ်သည်။

၎င်းတို့နှစ်ခုသည် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေမှာ ပိတ်မိနေခဲ့ပြီး ကြောက်မက် ဖွယ်ရာ တုန်ခါသံများ အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် အဆက်မပြတ် ထွက်ပေါ်လာသည်။

ဘန်း…။

ရှေးခေတ်ကြေးအိုးကြီးအောက်မှ ဝေဖန်း‌၏ ချွန်ထက်သော ဓားထိပ်ဖျားကို အဆက်မပြတ် တွန်းလှန်နေသည့် စွမ်းအင်များ ထွက်ပေါ်လာသည်။

လူတိုင်း ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့အားလုံးသည် အံ့အားသင့်နေသည့် အမူအရာတွေကို ထုတ်ဖော်လာကြပါသည်။

တစ်စုံတစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ရှေးဟောင်းကြေးအိုးကြီးသည် တစ်ချက် လှုပ်ရုံဖြင့် ထိုလူကို တန်ပြန်တွန်းထုတ်ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ပင် ရရှိခဲ့သည်။ သို့သော် ဝေဖန်သည် ရှေးခေတ်ကြေးအိုးကြီးပေါ်ရှိ ကန့်သတ်ချက်ဖြင့် ရင်ဆိုင်ရာတွင် ရှေးမတိုး နောက်မဆုတ်သာအခြေနေတွင် ကြာရှည်စွာ ရပ်တည်နိုင်ခဲ့သည်။ ယင်းက ဝေဖန်း၏ ခွန်အားသည် သာမန်မဟုတ်ကြောင်း ပြသရန် လုံလောက်သည်။

ချင်ယွင်၏ မျက်လုံးများတွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ ဤဝေဖန်း‌၏ ဓားဆန္ဒမှာ အားကောင်းပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒနှင့် ရောနှောနေကာ မူလက ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်ထားသော တန်ခိုးကြီးသော အငွေ့အသက်သည် ဆိုးယုတ်ပြီး ကြောက်မက်ဖွယ် ဖြစ်လာစေခဲ့သည်။

"သူ ဒီရှေးခေတ်ကြေးအိုးကြီးရဲ့ ကန့်သတ်ချက်ကို တကယ်ချိုးဖျက်နိုင်ပါ့မလား" ကျိုးယွမ်က မျက်လုံးများကို ပြူးကျယ်ဖွင့်ကာ ပြောလိုက်သည်။

သူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်တိုင် ဝေဖန်း‌၏ ခွန်အားသည် သူ့ထက် အဆများစွာ ပြင်းထန်သည်။

အကယ်၍, သူသည် ဝေဖန်း‌နှင့် တိုက်ခိုက်မည်ဆိုလျှင် သူသည် ဝေဖန်း၏ပြိုင်ဘက် မဟုတ်သည်မှာ သေချာပါသည်။ ဤမျှကြီးမားသော ကွာဟချက်က ကျိုးယွမ်အား အားကိုးရာမဲ့ပြီး နိမ့်ကျသွားစေခဲ့သည်။

"အောင်း..."

သို့သော် ထိုအချိန်တွင် ရှေးခေတ် ကြေးအိုးကြီးထဲမှ ကြောက်စရာကောင်းသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုဟိန်းဟောက်သံသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေခဲ့သည်။ ရှေးခေတ် ကြေးအိုးကြီးအောက်ရှိ မြေပြင်သည်ပင် ကွဲအက်သွားကာ လှည့်ပတ်သွားနေသော မြွေများကဲ့သို့ အက်ကြောင်းများ ပေါ်လာသည်။

နတ်ဘုရားဓားကို ကိုင်ဆောင်ကာ ချိုးဖြတ်သွားတော့မည့် ဝေဖန်းသည် ဤကြောက်မက် ဖွယ်ကောင်းသော သားရဲ၏ ဟိန်းဟောက်သံကို ထိပ်တိုက် ခံစားရလေသည်။ သူ့ဒွါရ ခုနှစ်ပေါက်မှ သွေးများ ချက်ချင်း စီးကျလာသည်။ ဤကြောက်စရာကောင်းသော ဟိန်းဟောက်သံကြောင့် သူသည် တန်ပြန်ရိုက်ခတ်ခြင်း ခံလိုက်ရသည်။ သူသည် သူ့ရှေ့က ရှေးခေတ် ကြေးအိုးကြီးကို စိုက်ကြည့်ရင်း, သူ့မျက်နှာက တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေသည်။

လူတိုင်းလည်း ထိတ်လန့်တုန်လှုပ်သွားကာ သူတို့မျက်လုံးများသည် နွားမျက်လုံးများကဲ့သို့ ပြူးကျယ်သွားကြသည်။

"အဲဒါ... စောစောက သားရဲဟိန်းဟောက်သံလား။ ငါ နားကြားများ မှားနေသလား" ကျိုးဟုန်ရွှဲ့က အံ့သြစွာ မေးလိုက်သည်။

"ငါကြားတာတော့ မှန်တယ်။ ငါလည်း ကြားရတယ်။ အရမ်းကြောက်ဖို့ ကောင်းတယ်။ အဲဒါက တုနှိုင်းမဲ့ ကြောက်စရာကောင်းတဲ့ သားရဲတစ်ကောင်ပဲ။" နေသာဧကရာဇ်က ပြန်ဖြေသည်။

အဝေးမှ ဟေးယွမ်နှင့် ဘိုင်ဟန်တို့သည် အံ့သြဖွယ်ရာ အမူအရာများကို ကိုယ်စီ ထုတ်ဖော် လာကြသည်။ အဖြစ်ပျက်တွေကို သူတို့ နားမလည်နိုင်ကြပါဘူး။

ချင်ယွင်လည်း ဤအခိုက်အတန့်တွင် အနည်းငယ် အံ့သြသွားသည်။ ဤရှေးခေတ် ကြေးအိုးကြီးသည် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါအချို့ကို ဖုံးကွယ်ထားကြောင်း သူ သိထားပြီးဖြစ်သော်လည်း၊ ထိုသားရဲ ဟိန်းဟောက်လိုက်သောအခါတွင် သူသည် ထိတ်လန့်နေဆဲ ဖြစ်သည်။

အစောပိုင်းက ဟိန်းဟောက်သံသည် အမှန်တကယ် ကြောက်စရာကောင်းလွန်းသည်။ ချင်ယွင်တောင်မှ သူ့နှလုံးသားထဲမှာ ကြောက်ရွံ့မှုအရိပ်အယောင်ကို မခံစားရဘဲ မနေနိုင်ခဲ့ပါချေ။

"ဒီရှေးခေတ် ကြေးအိုးကြီးထဲမှာ စည်းတံဆိပ်ခတ်ထားတဲ့ သားရဲအမျိုးအစားက ဘာ့ကြောင့် ဒီလောက် ကြောက်စရာကောင်းနေတာလဲ။" ချင်ယွင်သည် လျှိုဘိုကို မတတ်တာဘဲ မေးလိုက်ရသည်။

ထိုဟိန်းဟောက်သံကြောင့် ရှေးခေတ် ကြေးအိုးကြီးအတွင်းမှာ စည်းတံဆိပ်ခတ်ထား သည့် နတ်ဘုရားသားရဲ အမျိုးအစားကို သူမသိသော်လည်း ဤနတ်ဘုရားသားရဲသည် အလွန်အစွမ်းထက်ကြောင်း သူ သေချာသည်။

လျှိုဘိုသည် ချင်ယွင်၏မေးခွန်းကို မဖြေခဲ့ပါ။ သို့သော် ခွေးဝါကြီးသည် ရုတ်တရက် ဟောင်လိုက်သည်။

"ဖြစ်​နိုင်တာက အဲဒါများ​ဖြစ်နေမလား...?" ထိုအချိန်တွင် ခွေးဝါကြီး၏ ဒဏ်ရာများ အများစုမှာ ပြန်လည်ကောင်းမွန်လာပြီး သူ့မျက်နှာသည် အလွန်တုန်လှုပ်ခြောက်ခြားဖွယ် အမူအရာတစ်ခု ထွက်ပေါ်လာသည်။

"အဲဒါက ဘာလဲ?" ကျိုးယွမ်နှင့် အခြားလူများက ကမန်းကတန်း မေးလိုက်သည်။

ဤခွေးဝါကြီး ပြောလာမည့် အကြောင်းအရာကို သိချင်နေသည့်အလား လူတိုင်း၏ အကြည့်များက ခွေးဝါကြီးထံ စူးစူးစိုက်စိုက် ကြည့်နေကြသည်။

ချင်ယွင်လည်း လှည့်ကြည့်ပြီး ခွေးဝါကြီးကို သူ့မျက်လုံးများဖြင့် မေးခွန်းထုတ်လိုက်သည်။

"ငါ့ရဲ့ မှန်းဆချက်က မှန်သလားတော့ မသိဘူး။ တကယ်လို့, မှန်နေရင်တော့ အထဲမှာရှိတဲ့ အရာက လုံးဝ ကြောက်စရာကောင်းတယ်။ မင်းတို့ မနှိုးဆော်ကြတာ ပိုကောင်းလိမ့်မယ်။ အဲဒါ လွှတ်သွားတာနဲ့ ငါတို့အားလုံး ဒီနေရာမှာ သေကုန်ကြလိမ့်မယ်။ နတ်ဘုရားကမ္ဘာကြီး တစ်ခုလုံးတောင် ဒုက္ခရောက်ကုန်မယ်။ ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ကိုယ်တိုင် မလှုပ်ရှားဘူးဆိုရင်, အဲဒီအရာကို ဘယ်သူမှ မတားနိုင်ဘူး။" ခွေးဝါကြီးက အလွန်လေးနက်သော အမူအရာဖြင့် ပြောသည်။

ထိုစကားကိုကြားသောအခါ လူတိုင်း ရင်မောသွားကြသည်။

ဘိုးဘေးနတ်ဘုရားကိုယ်တိုင် သူ့လက်ဖြင့်သာ တားဆီးနိုင်သော အရာတစ်ခု။ ဤရှေးခေတ် ကြေးအိုးကြီးအတွင်းမှ ထိုအရာသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဟေးယွမ်, ဘိုင်ဟန်နှင့် ဝေဖန်း‌တို့သည် ထူးထူးခြားခြား အံ့အားသင့်နေသည့် အမူအရာများကို ဖော်ပြနေကြသည်။ ဤရှေးခေတ် ကြေးအိုးကြီးအတွင်းမှာ ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော အရာတစ်ခုကို စည်းတံဆိပ်ခတ်ထားမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

သူတို့သည် ရှေးခေတ် ကြေးအိုးကြီးပေါ်မှ စည်းတံဆိပ်ကိုဖွင့်ပြီး အတွင်းမှာရှိသည့် အရာကို လွှတ်ပေးချင်နေသေးသည်။ မည်မျှ ရယ်စရာကောင်းလိုက်သနည်း။ ယခုတော့ ထိုသို့ပြုလုပ်ခြင်းက လုံးဝ ကိုယ့်ကိုယ်ကို သတ်သေသည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု ထင်ရပါသည်။

သူတို့သုံးယောက်သည် ရှုပ်ထွေးသော အမူအရာများဖြင့် ရှေးခေတ် ကြေးအိုးကြီးဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ယခုအခါတွင်၊ သူတို့သည် ရှေးခေတ်ကြေးအိုးကြီး၏ စည်းတံဆိပ်ကို ဖွင့်လှစ်ရန် စိတ်ကူး ကို လုံး၀ စွန့်လွှတ်လိုက်ကြသည်။ ထို့အပြင်, သူတို့ဖွင့်ချင်လျှင်လည်း ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်ပေ။ အမှန်တော့၊ ထိုကဲ့သို့ အစွမ်းထက်သော သားရဲတစ်ကောင်ကို ပိတ်လှောင် ထားနိုင်သည့် စည်းတံဆိပ်တစ်ခုသည် သူတို့ ဖြတ်ကျော်ရန် လုံးဝ မဖြစ်နိုင်ပေ။

"ဒီရှေးခေတ် ကြေးအိုးကြီးထဲမှာ အတိအကျ ဘာကို တံဆိပ်ခတ်ထားလဲဆိုတာ နင် မပြောသေးဘူးလား။ အစောပိုင်းက အဲဒီသားရဲရဲ့ ဟိန်းဟောက်သံက အရမ်းကို ထူးဆန်းနေတယ်။ အဲဒါက ဘယ်လိုသတ္တဝါလဲဆိုတာ ငါ မပြောနိုင်သေးဘူး။" ကျိုးဟုန်ရွှဲ့ က ခွေးဝါကြီးကို ပြောသည်။

လူတိုင်း၏အကြည့်များသည် ခွေးဝါကြီးပေါ်သို့ တစ်ဖန်ပြန်ကျလာပြီး သူတို့၏ နှလုံးသား များသည် ထိုသားရဲ၏ ကိုယ်ရေးအချက်လက်နှင့်ပတ်သက်၍ စူးစမ်းလို စိတ်များဖြင့် ပြည့်နှက်နေပါသည်။

"အဲဒါက ဘာကောင်လဲ ငါမသိဘူး" ဒါပေမယ့် သူ့ဇာစ်မြစ်ကိုတော့ ငါသိတယ်။ စကြာဝဠာ ကို ဖြတ်သန်းသွားစဉ်တွင် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား ယူလာခဲ့တဲ့ သားရဲတစ်ကောင်ပဲ။ ဘိုးဘေးနတ်ဘုရားက အဲဒီသားရဲကို အညံ့ခံစေပြီး သူ့ရဲ့နတ်ဘုရား အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဖြစ်လာစေရန် အမြဲအလိုရှိခဲ့တယ်။ ဒါပေမယ့် ဒီနတ်ဆိုး သားရဲက အလွန်တရာမှ ရက်စက်ကြမ်းကြုတ်တယ်။ ဘိုးဘေးနတ်ဘုရားတောင်မှ သူ့ကို တံဆိပ်ခတ်ရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ဘူး။ ဒီရှေးခေတ် ကြေးအိုးကြီးထဲမှာ အဲဒါကို စည်းတံဆိပ်ခတ်ထားဖို့ ငါ မမျှော်လင့်ထားဘူး" ခွေးဝါကြီးက ပြောလိုက်သည်။

လူတိုင်း ထိုစကားကိုကြားတော့ အသက်ရှုကြပ်သွားပြန်သည်။

ဘိုးဘေးနတ်ဘုရားတောင် သူ့ကို့ ဘာမှ မလုပ်ပေးနိုင်သေးဘူး။ ဒီပြိုင်ဘက်ကင်း ရက်စက် ကြမ်းကြုတ်တဲ့ ဒီသားရဲက ဒီလောက် ကြောက်စရာကောင်းတာလား။

"ဒါဆို နတ်ဘုရားဘုရင်ဆေးလုံးကော။ နတ်ဘုရားဘုရင်ဆေးလုံးကို ဘိုးဘေးနတ်ဘုရား က သိမ်းဆည်းသွားပြီလား?" ကျိုးဟုန်ရွှဲ့သည် တိုးမြင့်လာသော သူမသံသယတွေကို ထုတ်ပြောလိုက်သည်။

ချင်ယွင်နှင့် လျှိုဘိုတို့ ရှေ့မှာ ဆွေးနွေးခဲ့သည့် အကြောင်းအရာတွေကို သူမ မသိသည့် အတွက် သူမသည် ထိုမေးခွန်းကို မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။

သို့သော်, အကယ်၍, သူမ မမေးမြန်းဘူးဆိုလျှင်ပင် တခြားလူတွေအားလုံးက ဝေခွဲမရ ဖြစ်နေတုန်းပင်။

အဝေးမှ လုပ်ကြံသတ်ဖြတ်သူ သုံးယောက်သည် မျက်မှောင်ကြုတ်နေကြပြီး, သူတို့သည် ဘာတွေ ဆက်ဖြစ်နိုင်မလဲဆိုသည်ကို တွေးဆနေကြသည်မှာ သိသာလှသည်။

"ဘိုးဘေးနတ်ဘုရားက အဲဒီဆေးလုံးကို ယူသွားပြီလို့ ငါထင်တယ်။ ဒီလိုမှမဟုတ်ရင်၊ နတ်ဘုရားဘုရင်ဆေးလုံးက ဒီရှေးခေတ် ကြေးအိုးကြီးထဲမှာပဲ ရှိနေသင့်တယ်" ခွေးဝါကြီးက ပြောပါသည်။

လူတိုင်း ထိုစကားကိုကြားသောအခါတွင် အားလုံးက နှမြောသတ အမူအရာများကို ဖော်ပြလာကြသည်။

ဘေးထွက်နေသည့် လုပ်ကြံသတ်ဖြတ်သူ သုံးယောက်သည် ခွေးဝါကြီး၏စကားများ ဖြစ်နိုင်သည်ဟု သိသာထင်ရှားစွာ ခံစားမိကြပြီး၊ သူတို့အားလုံးလည်း ခေါင်းယမ်းကာ သူတို့နှလုံးထဲတွင် သက်ပြင်းကိုယ်စီ ချလိုက်ကြပါသည်။

ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါတွင်၊ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက်တွင်၊ သူသည် ရှေးခေတ် ကြေးအိုးကြီး၏ ဦးတည်ရာဆီသို့ လျှောက်သွားတော့သည်။

သူ့လုပ်ရပ်များက ချက်ချင်းပင် လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။

အထူးသဖြင့် ချင်ယွင်ကိုကြည့်နေကြသည့် လုပ်ကြံသတ်ဖြတ်သူ သုံးယောက် ဖြစ်သည်။ သူတို့သည် ချင်ယွင်၏ လုပ်ရပ်ကို သိသာစွာ သိချင်နေကြသည်။

သို့သော်, ချင်ယွင်သည် လူအုပ်ကြီး၏ အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှုကာ ယဇ်ပလ္လင်ဆီသို့ လျှောက်သွားပြီး လက်ကိုဝှေ့ယမ်းကာ၊ နတ်ဘုရားဘုရင်ရုပ်ခန္ဓာကိုယ်နှင့် အတူ ရှေးခေတ်ကြေးအိုးကြီးကို ဆွဲယူပြီး သူ့ကနဦးစကြာဝဠာထဲသို့ တိုက်ရိုက် ပစ်သွင်းလိုက်သည်။

“မင်း ဘာလုပ်နေတာလဲ။ မင်း ဘာလို့ ရှေးခေတ် ကြေးအိုးကြီးကို သိမ်းသွားရတာလဲ" ဟေးယွမ်က အေးစက်စွာ မေးလိုက်သည်။

ဘိုင်ဟန်နှင့် ဝေဖန်းတို့သည် ချင်ယွင်ကို ဂရုတစိုက် ကြည့်နေကြသည်။

ချင်ယွင်က ပြုံးပြီး ပြန်လှည့်ကာ ပြောလိုက်သည် "မင်း လိုချင်လား? မင်းလိုချင်ရင် ငါ ပြန်ပေးလို့ရတယ်!"။

ချင်ယွင်၏စကားကိုကြားတော့ ဟေးယွမ်သည် ချက်ချင်းပင် ပါးစပ်ကိုပိတ်ကာ နောက်ထပ် မေးခွန်းများ မမေးတော့ပေ။

All Chapters